အခန်း(၃၃) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(5)
ချောင်အင်ဟောင်တောင်မှ သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချူပ်နိုင်ခဲ့ ပါ။ ရုပ်ရှင်တစ်ကားတွင် ဒုတိယ မင်းသားနှင့် ဒုတိယ မင်းသမီးတို့မှာ အပြန်အလှန်ဆက်စပ်နေသော်လည်း သူမယခုထိ ထိုသူမည်သူ ဖြစ်ကြောင်းမသိခဲ့ပါ။
လူတိုင်းသည် စိတ်ဝင်စားသော မျက်နှာများနှင့် ရှိနေကြသည်။ ထုတ်လုပ်သူသည် သူမည်သူဖြစ်ကြောင့်ဖော်ထုတ်ရန် ပြင်နေချိန်တွင် ခန်းမတံခါးပွင့်လာပြီး လူတိုင်းသည် တံခါးရှိရာသို့ အလိုလို ကြည့်မိလိုက်သည်။ထုတ်လုပ်သူလည်း မတ်တပ်ရပ်လိုက်ပြီး သူပြောမည့် စကားများကို ရပ်တန့်လိုက်သည်။
ထုတ်လုပ်သူ၏ လုပ်ရပ်များကို သတိပြုမိလိုက်ကြပြီး ခန်းမ တစ်ခုလုံး တံခါးရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ထုတ်လုပ်သူဆန်းက စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး " မစ္စတာလူ မင်းရောက်လာပြီ၊ ဒီမှာလာထိုင်" ဟုပြောလိုက်သည်။
တခြားသူများလိုဘဲချောင်အင်ဟောင်လည်းလှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မရောက်ခင်တွင် ထုတ်လုပ်သူ၏ စကားများကို ကြားလိုက်ရသည်။သူမ၏ နှလုံးတုန်လှုပ်သွားပြီး ထုတ်လုပ်သူ၏ စကားမပြီးခင်ပင် လူဂျင်နန်ကို တွေ့လိုက်ရသည်။
ချောင်အင်ဟောင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိပြီး လူအုပ်၏ တီးတိုးပြောဆိုသံများကို ကြားနေရသည်။
"ရုပ်ရှင်လောကရဲ့ ဘုရင်က ဒုတိယ ဉီးဆောင်သူ"
" အိုး အံ့ဩစရာ ကောင်းလိုက်တာ၊ သည်သတင်းကို ဖုံးကွယ်ထားတာ မထူးဆန်းပါဘူး"
လူဂျင်နန်သည် သရုပ်ဆောင်အနေဖြင့် စတင်ခဲ့သော်လည်း ယခုတွင် ဟွမ်ရင် ဖျော်ဖြေရေးကုမ္ပဏီ၏ စီအီးအို ဖြစ်သည်။ စားသောက်ခန်းအတွင်းရှိ သရုပ်ဆောင် ၉၀ ရာခိုင်နှုန်းကျော်သည် ဟွမ်ရင် တွင် လက်မှတ်ထိုးထားကြပြီး ' Alluring Time' ၏ အဓိက ရင်းနှီးမြှပ်နှံသူမှာ လည်း လူဂျင်နန်ဖြစ်သည်။
ထုတ်လုပ်သူ၏ ဉီးဆောင်မှုအောက်မှာ လူတိုင်းသည် ထရပ်လိုက်ကြသည်။ထုတ်လုပ်သူနှင့် ဒါရိုက်တာသည် စားသောက်ပွဲမစတင်ခင် သူအား စောင့်ဆိုင်းနေသည်မှာ အံ့ဩစရာမဟုတ်ပါ။
အလွန်များသော အတင်းအချက်အလက်များကြောင့် ချောင်အင်ဟောင်သည် လူတိုင်ထရပ်နေသော်လည်း ထိုင်ခုံတွင်ထိုင်နေမိသည်။ သူမ၏ မန်နေဂျာ ဇောင်မင်း သည် သူမဘာဖြစ်နေသည်ကို မသိသော်လည်း သူမ၏လက်ကို ဆွဲထူလိုက်သည်။
လူဂျင်နန်သည် စိတ်ခံစားမှု ကင်းမဲ့သောမျက်နှာနှင့် သူ၏ နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ လူဂျင်နန်နှင့် တွဲလုပ်ဖူးသူတိုင်း သူ၏ လုပ်ရပ်များကို အကျွမ်းတဝင်ရှိခဲ့ကြသည်။
ထုတ်လုပ်သူက စားပွဲထိုးထံမှ မီနူးကို တောင်းယူကာ လူဂျင်နန်အားလက်ဆင့်ကမ်းလိုက်ပြီး "မစ္စတာလူ မင်းဘာစားချင်လဲ" ဟုမေးလိုက်သည်။ လူဂျင်နန်က " ဘာဘဲဖြစ်ဖြစ် " ဟု မီနူးကိုစိတ်ရှုတ်ထွေးစွာကြည့်ရင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လူဂျင်နန်၏ မျက်နှာ မှာအေးစက်နေသော်လည်း ထုတ်လုပ်သူ၏ စိတ်အားထက်သန်မှုကို မယိမ်းယိုင်ခဲ့ပါ။သူ၏ မျက်နှာအပေါ်တွင်အပြုံးဖြင့် မီနူးကို ဖွင့်ကာ အမြင့်ဆုံးသော ဟင်းလျာများကို မှာယူလိုက်သည်။
ဟွမ်ရင် ဖျော်ဖြေရေး၏ သူဌေးရှေ့မှောက်၌ မည်သူမှ အစားအစာ မှာယူရန်သတ္တိမရှိပါ။သူတို့၏ ရှေ့မှောက်သို့ မီနူးရောက်ရှိလာချိန်တွင် လူတိုင်းသည် ယဉ်ကျေးစွာ ငြင်းဆန်ခဲ့သည်။