အခန်း(၂၃) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(3)
ချောင်အင်ဟောင်သည် လူဂျင်နန်၏ နှုတ်ခမ်းများကို ထိမိခြင်းမှ သူမ၏ စိတ်အာရုံကိုပြန်မရခင် အထိ အချိန်အတန်ကြာခဲ့သည်။ သူသည်ကာ အဖျားကျဆေး အရှိန်ကြောင့် ငြိမ်သက်စွာ အိပ်နေခဲ့သည်။
ချောင်အင်ဟောင်သည် သူအားစောင်ခြုံပေး၍ ဆေးအညွှန်းစာကို စတင် ဖတ်ရှု နေသည်။ စာတွင် ၄နာရီကြာတွင် အဖျားဆက်လက်ဖြစ်ပွားနေပါက နောက်ထပ်ဆေးတစ်မျိုး သောက်သင့်ကြောင်း ဖော်ပြထားသည်။
နောက်၄ နာရီ အကြာသည် မနက်၃နာရီထိုးဖြစ်သည်။
ချောင်အင်ဟောင်သည် နိုးစက်ပေးထားချင်သော်လည်း လူဂျင်နန်၏ အိပ်စက်ခြင်းကို အနှောက်အရှက် ပေးမည် စိုးရိမ်သောကြောင့် သူမကိုယ်သူမ နိုးနေစေရန်ဆုံးဖြတ်ခဲ့သည်။
သူစောင့်ကြည့်နေစဉ်အတွင် လူဂျင်နန်၏ နဖူးကို အကြိမ်ပေါင်းများစွား စမ်းခဲ့ပြီး သူ၏ အပူချိန်ကျဆင်းနေသည်ဟု ခံစားခဲ့ရသည်။လေးနာရီထိုးပြီးနောက် မနက်သုံးနာရီဖြစ်ခဲ့သည်။သူသည် ကိုယ်အပူချိန်သိပ်မများသော်လည်း ဖျားနေဆဲဖြစ်သည်။
ချောင်အင်ဟောင်သည် လူဂျင်နန်ကိုယ်ထပ်ပူလာမည်ကို စိုးရိမ်သောကြောင့် အရင်နည်းလမ်းအတိုင်းဆေးထပ်တိုက်ခဲ့သည်။
ပထမတစ်ခါ ဆေးတိုက်ပြီးသည်နှင့် သူမ၏ ခေါင်းကို ချက်ချင်း တွန်းထုတ်ခဲ့သည်။သို့သော်သည်တစ်ကြိမ် သူမခေါင်းကို တွန်းထုတ်လိုက် သည်နှင့် တစ်စုံတစ်ခုက သူမခေါင်းကိုဆွဲချနေသည်ဟု ခံစားလိုက်ရသည်။သူမ၏ နှုတ်ခမ်းသည် လူဂျင်နန်နှင့် နောက်တစ်ဖန် နက်နက်ရှိုင်းရှိုင်းထိကပ်မိသွားသည်။
လူဂျင်နန်သည် သူ၏ အဖျားက သူကို အားအင်ကုန်ခန်းစေသည် ဟု ခံစားလိုက်ရသည်။ထိုအချိန်တွင် သူကို တစ်ယောက်ယောက်က ဂရုစိုက် နေသည်ဟု ခံစားလိုက်ရတယ်။အဲဒီခံစားချက်က အိပ်မက်တစ်ခုလိုဘဲ။ သူကို တစ်စုံတစ်ဉီး က သူ၏ ပါးစပ်ထဲသို့ ခါးသီးပြီး ခြောက်သွေ့သော ပစ္စည်း များထည်နေသည်ဟုလည်း ခံစားလိုက်ရတယ်။ ၎င်းသည်ခါးသီးပြီးခြောက်သွေ့သောကြောင့် ၎င်းကိုပြန်လည်ထွေးထုတ်သောမည်အချိန်တွင် သူ၏ နှုတ်ခမ်းကို ပိတ်ဆိုထားသော နူညံသိပ်မွေ့သည် နှုတ်ခမ်း အားခံစားလိုက်ရတယ်။
သည်ခံစားချက်ဟာ အကျွမ်တဝင်ရှိခဲ့တယ်။
ချောင်အင်ဟောင်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး သူမရဲ့စိတ်ဟာ လွတ်သွားခဲ့သည်။သူမပြန်သတိရချိန်တွင် သူတို့သည် နမ်းရှုပ်နေပြီဖြစ်သည်။