Chereads / Bringing the nation's husband home (myanmar translate) / Chapter 27 - အခန်း(၂၆) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(6)

Chapter 27 - အခန်း(၂၆) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(6)

အခန်း(၂၆) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(6)

လူဂျင်နန်သည် အိပ်မောကျနေရာမှနိုးလာခဲ့ပြီး အံ့ဩသွားသည်။ သူဆုတ်ကိုင်ထားသော ချောင်အင်ဟောင်၏ လက်အားနှစ်စက္ကန့်လောက် ငေးကြောင်ကြည့်နေမိသည်။သူမ ဘာလို ငါကိုလာထိရတာလဲဟု စဉ်းစားကာ သူမအား အေးစက်သော အသံဖြင့် "မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ဟုမေးလိုက်သည်။

ထိုအချိန်တွင် လူဂျင်နန်သည် သူရီတောင်ရှိစံအိမ်သို့ သွားခဲ့ကြောင်း သတိရကာ ပတ်ပတ်လည်သို့ သံသယဖြင့်ကြည့်လိုက်ပြီး ရီတောင်ရှိစံအိမ်တွင် ရှိနေကြောင်း အတည်ပြုခဲ့သည်။သူက "ဒီနေရာကို မင်းဘယ်လိုသိတာလဲ၊မင်းကိုဘယ်သူ ဝင်ခွင့်ပြုလိုက်တာလဲ" ဟု ချောင်အင်ဟောင်ကို ကြည့်ကာမေးလိုက်သည်။

သူမေးလိုက်ပြီးနောက် သူမသည်သူ၏ ရှပ်အင်္ကျီကို ဝတ်ဆင်ထားကြောင့် သတိထားမိလိုက်သည်။သူသည် ခြုံထားသော စောင်အောက်ထဲ၌ ဘာမှမဝတ်ထားကြောင်း သဘောပေါက်လိုက်သော အခါ မျက်မှောင်ကြုံလိုက်သည်။အိပ်ရာပတ်ပတ်လည်သို့ ကြည့်ကာ ချောင်အင်ဟောင်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။သူမ၏ ကြွေကဲ့သို့ ဖြူဖွေးသောအသားအရေ၌ အနမ်းအမှတ်အသားကို တွေလိုက်ရသည်။

လူဂျင်နန်သည် ချောင်အင်ဟောင်၏လက်ကို ဆုတ်ကိုင်ထားသော သူ၏လက်ကို ပိုမိုတင်းကြပ်ပြီး" မနေ့ညက…"။

ထိုစကားကို ကြားလိုက်ရသောအခါ ချောင်အင်ဟောင်သည် အေးခဲသွားသည်။သူမသည်သူအား အလျင်အမြန်ရှင်းပြလိုက်သည်" မင်းနေမကောင်းဘူးဆိုတာ ငါကြားလို့ ဆေးပေးရအောင်လာခဲ့တာ"။

သူသည် စကားအလည်၌ ရပ်တန့်သွားကာ မည်သို့ဆက်ပြောရမည်ကိုမသိတော့ပါ။

လူဂျင်နန်သည် အံ့ဩသွားပြီးဖြစ်ပျက်ခဲ့သည်များကို ခန့်မှန်းနိုင်ခဲ့သည်။သူ၏ ပါးစပ်မှ ခါးသောအရာသည် ဆေးဝါးဖြစ်ပြီး သူထွေးထုတ်ခြင်းမှ ရပ်တန့်ရန် သူမသည်သူကို နမ်းခဲ့သည်။လူဂျင်နန်၏ နှုတ်ခမ်း များလှုပ်ကာ သူ၏ အေးစက်သော ခံစားချက်မျာသည် အနည်းငယ် နွေးထွေးသွားသည်။

လူဂျင်နန် စကားမပြောဘဲတိတ်ဆိတ်စွာ နေခြင်းက ချောင်အင်ဟောင်အား ထိတ်လန့်တုန်လှုပ်စေသည်။သူမသည် အနည်းငယ်တွန့်ဆုတ်ပြီးနောက် " မနေ့ညက ထိုသို့ဖြစ်လိမ့်မယ်လို မမျော်လင့်ထားဘူး"

ချောင်အင်ဟောင် ပြီးဆုံးအောင်မပြောမှီ လူဂျင်နန်က သူမရဲ့လက်ကို ကြမ်းတမ်းစွာ လွတ်လိုက်သည်။သူ၏ ခွန်အားကြောင့် သူမနောက်သို့ဆုတ်သွားသည်။သူမကိုယ်သူမတည်ငြိမ်အောင်မလုပ်မီ သူက မာနထောင်လွှားသော အသံဖြင့် "မင်းဘာလိုချင်တာလဲ"။

ထိုစကားထွက်လာချိန်တွင် ချောင်အင်ဟောင်သည် စကားများပျောက်ဆုံးကာ သူမသည် သူကိုကြည့်ရင်း စိတ်ရှုတ်ထွေးနေသည်။

လူဂျင်နန်သည်သူမ အသုံးအနှုံးကိုကြည့်ပြီး" အရင်က ' To the End of Time' ရဲ့ ဇာတ်ကောင်နေရာအတွက် ငါအိပ်ရာပေါ်တတ်ခဲ့တယ်၊ အခုငါမင်းနဲ့ အိပ်မိသွားပြီ၊အဲ့ဒီအတွက်ဘာပြန်လိုချင်လဲ" ဟုပြောလိုက်သည်။