အခန်း(၂၇) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(7)
ချောင်အင်ဟောင်၏ နှလုံးသားနှစ်မြုပ်သွားသည်။
အစပိုင်းတွင် သူမသည် ဇာတ်ကောင်နေရာအတွက် တောင်းဆိုခဲ့သော်လည်း သူမသည် သူအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို သူသိသွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ယခုမူကာ၊သူသည် သူမအား ထိုကဲ့သောမိန်းမလို ထင်မှတ်သွားသည်။
ချောင်အင်ဟောင်သည်သူ၏ မျက်လုံးကိုမှိတ်ကာ တိတ်ဆိတ်စွာနေခဲ့ သည်။
လူဂျင်နန်သည် ချောင်အင်ဟောင် စကားပြောဆိုရန် စောင့်ဆိုင်းသော်လည်း အကြောင်းမပြန်ခဲ့သောကြောင့် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ"ဘာလိုဘာမှမပြောတာလဲ၊ငါ့အတွက်ဆေးယူလာပေးတာ ၊ငါကိုဂရုစိုက်ပြီးပြုစုတာ ပြီးတော့ သည်နေရာကိုတောင်ရှာခဲ့သေးတယ်၊ ဒါတွေအားလုံးက အကျိုးကျေးဇူးတွေပိုရဖို့ မဟုတ်ဘူးလား။"
"မင်းငါနဲ့အတူအိပ်ဖို့ မျော်လင့်မထားခဲ့ဘူးလို့ မင်းပြောခဲ့တယ်.."
လူဂျင်နန်သည် သူနားလည်မှုလွဲနေသည်ဟု ထင်ကာရပ်တန့်လိုက်သည်။သူသည် တိတ်ဆိတ်သွားကာ တံတွေးကို မျိုချလိုက်သည်။ချောင်အင်ဟောင်၏ မျက်လုံးကို ကြည့်ကာ သူမ၏ အတွေးကို ဖတ်ရန်ကြိုးစားလိုက်သည်။ထိုနောက်သူက စိတ်လှုပ်ရှားမှုကင်းမဲ့သောလေသံဖြင့် "မင်းဒီကို အကျိုးကျေးဇူးရဖို့လာတာ မဟုတ်ရင်"
ချောင်အင်ဟောင်သည် သူမ၏ အတွေးကို အလွယ်ကူ ရှာဖွေနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။သူမသည် သူမ၏ လက်ကိုတင်းတင်းဆုတ်ကိုင်ကာ စိတ်အေးအေးထားရန်ကြိုးစားပြီး"လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဟွမ်ရင် ဖျော်ဖြေရေး ကုမ္ပဏီကိုသွားပြီး ' Alluring Time' ရဲ့ ဒုတိယ ခေါင်းဆောင်နေရာအတွက် စစ်ဆေးမှုမှာ ကျရှုံးခဲ့တယ်။"
ချောင်အင်ဟောင်သည် သူမ၏ ခံစားချက်များကိုဖုံးကွယ်ရန်အတွက် အရောင်းအဝယ်သဘောမျိုးအသုံးပြုရလိမ့်မည်ဟု ဘယ်တော့မှမထင်ခဲ့ပါ။ သူမ၏ လက်ဖဝါးမှ နာကျင်မှုကိုခံစားနေရသော်လည်း နာကျင်သည် လက္ခဏာကို မပြခဲ့ပါ။သူမက "ဒီရုပ်ရှင်အတွက် ကြယ်ပွင့်တွေတန်းစီနေပြီးပြသမှု မစတင်ခင်ပင် အာရုံစူးစိုက်မှုကို ရရှိခဲ့တယ်။မင်းဆုချချင်တယ်ဆိုရင် ငါကို ဒုတိယ ခေါင်းဆောင်နေရာပေးပါ" လိုပြောလိုက်သည်။
လူဂျင်နန်သည် ချောင်အင်ဟောင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးနစ်မြှပ်သွားသည်။သူသည် စောင်ကိုဆွဲဖယ်ကာ အိပ်ရာပေါ်မှ ခုန်ချလိုက်ပြီး ချောင်အင်ဟောင်၏ လက်ကောက်ဝတ်ကို ကြီးမားသောခွန်အားဖြင့် ဆွဲကိုင်ကာ အိပ်ခန်းထဲမှ အောက်ထပ် တံခါးပေါက်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။ထို့နောက် တွန့်ဆုတ်ခြင်းမရှိဘဲ တံခါးအပြင်ဘက်သို့ တွန့်ပို့လိုက်သည်။ပြီးနောက်တံခါးကို "ဒုန်း" ဟုကျယ်လောင်စွာ စောင့်ပိတ်လိုက်သည်။
လူဂျင်နန်၏ လုပ်ဆောင်မှုသည် လျင်မြန်ပြီး မမျော်လင့်ထားသောကြောင့် ချောင်အင်ဟောင်သည် မည်သို့မှမတုန့်ပြန်နိုင်ခဲ့ပါ။သူမ သတိရချိန်တွင် လူဂျင်နန်၏ အိမ်မှနှင်ထုတ်ခြင်းခံလိုက်ရသည်။
သို့သော်သူမ၏ ပစ္စည်းများအားလုံးသည် အပေါ်ထပ်တွင် ကျန်ခဲ့သည်။