Chereads / Bringing the nation's husband home (myanmar translate) / Chapter 30 - အခန်း(၂၉) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(1)

Chapter 30 - အခန်း(၂၉) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(1)

အခန်း(၂၉) အဖွဲ့သို့ တရားဝင် ဝင်ခြင်း(1)

လူဂျင်နန်၏ စံအိမ်မှထွက်ခွာလာပြီးနောက် ချောင်အင်ဟောင်သည် မင်းရှူးဥယျာဉ်သို့မောင်းသွားခဲ့သည်။အိမ်ထဲမှအိမ်ပြင်မထွက်ဘဲ ၄ရက်နေခဲ့သည်။သည် လေးရက်လုံးလုံး လူဂျင်နန်အိမ်ကိုပြန်မလာခဲ့ပါ။ တစ်ညတွင် သူမသည် နေခင်းဘက်အိမ်မောကျသွားပြီး ညအချိန်တွင်နိုးလာခဲ့သည်။ဖုန်းမှနာရီကိုကြည့်လိုက်ရာ ည ၁၂နာရီထိုးပြီဖြစ်သည်။ထိုနောက်သူမသည် အိပ်ရာ၏ အခြားထက်ဝက်ကို ကြည့်ကာ " သူဒီညပြန်မလာတော့ဘူး" ဟုစဉ်းစားမိသည်။ တကယ်လို့ သူပြန်လာခဲ့ရင် သူမစိုးရိမ်ပူပန်ရလိမ့်မယ်။

ချောင်အင်ဟောင်သည် စောင်ကို ဆွဲဖယ်ပြီး အိပ်ရာထဲမှထွက်ခဲ့တယ် ။လသာဆောင်ရှေ့တွင်ရပ်ကာ တိတ်ဆိတ်သော ညကို ငေးကြည့်ရင်း သူမမျက်နှာသည် အထီးကျန်နေပုံရသည်။

သူ၏ နှလုံးသားတွင်သူမကို တစ်ခါမှဇနီးတစ်ဉီး အဖြစ် မမြင်ခဲ့ဖူးဘူး။လွန်ခဲ့သော ငါးလလုံးလုံး သူမသည် အခန်းလွတ်ထဲတွင် တစ်ယောက်ထဲနေခဲ့ရတယ်။

ဖုန်းမြည်သံကြားမှ သူမအခန်းထဲပြန်လာခဲ့သည်။ ဖုန်းကိုကြည့်လိုက်သော အခါ မရင်းနှီးသော နံပတ်ကို တွေ့လိုက်သည်။ ထိုသို့နောက်ကျသော အချိန်တွင်သူမကို မည်သူဖုန်းခေါ်မည်နည်း။ အနည်းငယ်တွန့်ဆုတ်ပြီးနောက် သူမသည်နူးညံသော အသံဖြင့် " ဟဲလို၊ ဘယ်သူလဲမသိဘူး" ဟုမေးလိုက်သည်။

ဖုန်းခေါ်သူက သူမ၏ မေးခွန်းကို လျစ်လျူရှုလိုက်ပြီး " နောက်အပတ် 'Alluring Time' မှာ ဒုတိယခေါင်းဆောင် အဖြစ် တရားဝင် ခန့်လိုက်ပြီ"။

သူမသည် ဖုန်းကို တင်းကြပ်စွာဆုတ်ကိုင် ထားမိသည်။သူမသည် လူဂျင်နန်ကိုယ်တိုင် အကြောင်းကြားလိမ့်မည်ဟု မမျော်လင့်ခဲ့ပါ။ အသက်ပြင်းပြင်းရှူပြီး သူမက " ငါနားလည်တယ်၊ ကျေးဇူးတင်ပါတယ်…..လူ" သူမသည် သူ၏ နာမည် အပြည်အဝကို ပြောရန်ကြိုးစား နေပေမယ့် သူမကိုယ်ကို သူမ ရပ်လိုက်ပြီး "မစ္စတာလူ" ဟုပြောလိုက်သည်။

သူမ၏ စကားသည် ပင်လယ်ထဲသို့ ဝင်သွားသကဲ့သို့ မည်သည် ပြန်ကြားချက်မှမကြားခဲ့ပါ။ဖုန်းမှဆူညံနေသော အသံကြောင့် မဟုတ်လျှင် ဖုန်းချလိုက်သည်ဟု ထင်မှတ်မိမည်။

အချိန်ကြာမြင့်လာသောအခါ သူမသည် ဖုန်ချသင့် မချသင့် စဉ်းစားမိသည့် အချိန်တွင် လူဂျင်နန်၏ စိတ်လှုပ်ရှားမှု ကင်းမဲ့သော အသံကို ကြားလိုက်ရသည်။

"ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊မစ္စချောင်က သည်နေရာအတွက် ခန္ဓာကိုယ်နဲ့ လဲလှယ်ခဲ့တယ်၊မင်းရဲ့ခန္ဓာကိုယ်က 'Alluring Time' မှာ ဒုတိယခေါင်းဆောင်နေရာရဖို့ တန်ဖိုးရှိပါတယ်။"

လူဂျင်နန်တွင်ပြောစရာများစွာ ရှိသော်လည်း ရပ်တန့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော်ဖုန်းကျသွားသောကြောင့်ဖြစ်သည်။