အခန်း(၂၈) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(8)
ချောင်အင်ဟောင်သည် သူမပစ္စည်းများကို ပြန်ယူရန် တံခါးခေါက်သင့် မခေါက်သင့် စဉ်းစားနေစဉ် ပိတ်ထားသောတံခါးသည် ပွင့်သွားခဲ့သည်။ထို့နောက် သူမ၏ ပစ္စည်းများတံခါးမှ လွှင့်ပျံလာခဲ့သည်။ သူမမတုန်ပြန်ခင် တံခါးကို ပိတ်သွားသည်။
သူမ၏ အိတ်သည် ဇစ်ဖွင့်လျက်သာဖြစ်နေပြီး ပစ္စည်းများ မြေပေါ်ပျံကျဲနေသည်။ခဏအံအားသင့်စွာရပ်နေပြီးနောက် ဒူးထောက်ကာ သူမပစ္စည်းများကို တစ်ခုချင်းကောက်ယူလိုက်သည်။
ပစ္စည်းအားလုံးထုတ်ပိုးပြီးသည်အခါ တင်းတင်းစေ့ထားသော တံခါးကို နောက်ဆုံးကြည့်လိုက်တယ်။သူမနှုတ်ခမ်းကို တင်းတင်းစေ့ကာ နောက်လှည့်၍ တိတ်ဆိတ်စွာလျောက်လှမ်းသွား၏။
လူဂျင်နန်သည် သူ၏ အခန်းသို့ပြန်လာကာ အိပ်ရာစာပွဲပေါ်မှ စီးကရက်ကို ရှာနေစဉ် ချောင်အင်ဟောင်သူ့အတွက်ဝယ်လာသော အဖျားကျဆေးဘူးကို စာပွဲပေါ်တွင် တွေ့လိုက်သည်။လူဂျင်နန် မျက်လုံးများမှေးမှိန်သွားပြီး ဆေးဘူးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ ထို့နောက် ပြတင်ပေါက်ဆီသို့လမ်းလျှောက်ကာ စီးကရက်ကိုပြင်းပြင်းရှိုက် လိုက်သည်။
သူသည် ထွက်ခွာသွားသော ချောင်အင်ဟောင်၏ နောက်ကျောဘက်မြင်းကွင်းကိုတွေ့လိုက်သည်။တုန်ခါနေသောသူ၏ လက်ချောင်းဖြင့် စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ကာ မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့ကြောင့်တုန်ခါနေသော ချောင်အင်ဟောင်၏ ပုံရိပ်သည် ကားထဲသို့ဝင်နေကြောင်းတွေ့လိုက်ရသည်။မိနစ်ဝက်ခန့်အကြာတွင် ကားသည် စတင်ထွက်ခွာသွားခဲ့သည်။
ချောင်အင်ဟောင်၏ကားမြင်ကွင်းမှပျောက်ကွယ်သွားသည် အထိစောင့်ကြည့်ကာ သူ၏ စီးကရက်ကို ဆေးလိပ်ပြာခွက်တွင် မီးငြိမ်သက်ခဲ့သည်။သူသည် လသာဆောင်တွင် ခဏရပ်နေပြီးနောက်သူ၏ ဖုန်းကိုယူရန် အိပ်ခန်းထဲသို့ လှည့်ပြန်ခဲ့တယ်။ထို့နောက် ဖုန်းဖွင့်ကာ နံပတ်တစ်ခုကိုရိုက်ထည့်လိုက်ပြီး ပြန်ကြားချက်ကြားသောအခါ "Alluring Time" အတွက် ဒုတိယအမျိုးသမီး ခေါင်းဆောင်နေရာကို ငါ့အတွက်ချန်ထားပါ၊တစ်စုံတစ်ယောက်ကို ငါ့စိတ်ထဲမှာ ရှိတယ်။"
"ဒါအပြင် ငါ့ရဲ့ အချိန်ဇယားကို ရှင်းထားပါ ၊'Alluring Time' ဒုတိယခေါင်းဆောင်နေရာအတွက်ငါသရုပ်ဆောင်မယ်။"
"ဘာမှမမှားဘူး၊ခေါင်းဆောင်နေရာအတွက် အချိန်အကြာကြီး သရုပ်ဆောင်ခဲ့ပြီးပြီ၊ဒုတိယခေါင်းဆောင်နေရာဟာ အပြောင်းအလဲကောင်း တစ်ခုဖြစ်လိမ့်မယ်၊ဒါအပြင် အခြားရုပ်ရှင် ရိုက်ဖို့ငါစိတ်မဝင်စားဘူး။"
"အိုကေ၊ ငါပြောတဲ့အတိုင်းအခုလုပ်လိုက်ပါ"
တဖက်လူအား ပြန်လည်ပြောဆိုခွင့်မပေးဘဲ လူဂျင်နန်သည် ဖုန်းချလိုက်သည်။
ဖျားနာပြီးနောက်သူ၏ ခန္ဓာကိုယ်သည် အပြည့်အဝပြန်လည်မကျန်းမာသေးပါ။သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ဖုန်းကိုချလိုက်ပြီး အိပ်ရာပေါ်လှဲလိုက်သည်။တစ်နည်းနည်းဖြင့် သူ၏ မျက်လုံးက ဘေးနာရှိအမှိုက်ပုံးကို အာရုံစိုက်နေမိသည်။
လူဂျင်နန်သည် အမှိုက်ပုံးအား အချိန်အတန်ကြာကြည့်နေပြီးနောက် အမှိုက်ပုံးထဲရှိဆေးဘူးကိုကောက်ယူလိုက်သည်။