Chereads / Bringing the nation's husband home (myanmar translate) / Chapter 26 - အခန်း(၂၅) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

Chapter 26 - အခန်း(၂၅) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

အခန်း(၂၅) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

ဖုန်းကို ဘေးဖယ်ခြင်းမပြုမီ ချောင်အင်ဟောင်သည်ဓာတ်ပုံကို သိမ်းဆည်းလိုက်သည်။ထို့နောက် သူမ၏ ခေါင်းကိုစောင်းကာ လူဂျင်နန်အားကြည့်လိုက်သည်။

သူအိပ်ပျော်နေချိန်တွင်လူတို့နှင့် အပြန်အလှန်ဆက်ဆံရမည်ကို မုန်းတီးသကဲ့သို့ အထီးကျန်ခံစားချက်ကို ထုတ်ဖော်ခဲ့သည်။

သူမသည် လူဂျင်နန်၏ မျက်နှာသို့ ရောက်ရှိသည်အထိ ကြာမြင့်စွာငေးမောကြည့်ရှု လိုက်သည်။သူမ၏ လက်ချောင်းများ တုန်ခါနေပြီး သူမရဲ့နှလုံးဟာလည်း လျင်မြန်စွာ ခုန်နေခဲ့သည်။ သူမသည် သူမ၏ နှလုံးခုန်သံကိုမထိန်းချုပ်နိုင်ခဲ့ပါ။

လူဂျင်နန် နိုးနေခဲ့လျင်သူမသည် ဤသို့သော အမှုကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ချောင်အင်ဟောင်သည် အတွေးထဲကျရောက်သွားခဲ့သည်။သူတို့နှစ်ဉီး သည် ရုပ်ပိုင်းဆိုင်အရနီးကပ်နေသော်လည်း တကယ်တမ်း ကမ္ဘာနှစ်ခုခြားနား နေခဲ့သည်။

သူမသည် လူဂျင်နန်အပေါ်ထားရှိသော သူမ၏ အချစ်ကို စဉ်းစားမိသည်။တစ်ဖက်သတ်ချစ်ခြင်းမေတ္တာပေါ် ဆယ်နှစ်ကျော်ထားရှိခြင်းသည်မယုံနိုင်စရာဖြစ်သည်။

၁၃ နှစ်အရွယ်နုံအသော မိန်းကလေးမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဖြစ်လာသည် အထိ သူမ၏ အချစ်ကိုလူဂျင်နန်အပေါ်ထားရှိပြီး သူမ၏ တန်ဖိုးရှိသောအချိန်ကို ကုန်ဆုံးခဲ့သည်။ယုံမှားသံသယရှိခြင်း၊ တွန့်ဆုတ်ခြင်းမရှိဘဲ သူမရဲ့အချစ်တွေ အားလုံး သူကိုပေးအပ်ခဲ့သည်။

သူမဟာ သူမရဲ့နာကျဉ်ဖွယ်ကောင်းသော တဖက်သတ်ဆက်ဆံရေး ကို စဉ်းစားမိကာ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့တယ်။သူမသည် မျက်ရည်များကြားမှ လူဂျင်နန်အား ပြောလိုက်သည်" လူဂျင်နန် မင်းသိလား၊အိမ်မက်ထဲမှာ ငါမင်းကို ဝန်ခံခဲ့တယ်၊ငါမင်းကို ချစ်တယ်လို အိမ်မက်ထဲမှာ ပြောခဲ့တယ်"။

ဖြေညှင်စွာ မျက်လုံးပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက်လူဂျင်နန်လက်မောင်းကို ဆွဲထုတ်ပြီး အိပ်ရာမှ ထွက်သွားခဲ့သည်။

သူမသည် သူ၏ လက်မောင်းကို ဖယ်ထုတ်လိုက် သည်နှင့် သူမ၏ ကိုယ်ခန္ဓာ အအေးမိနေသည်ဟု ခံစားမိသည်။

သူမသည် လူဂျင်နန်၏ အဝတ်လဲခန်းထဲသို့ဝင်သွားလိုက်သည်။ သို့သော် သူတွင် မိန်းကလေးအဝတ်များမရှိသောကြောင့် ပတ်ပတ်လည်သို့ ရှာဖွေရင်း ရိုးရှင်းသော တီရှပ် ကိုသာ ရွေးချယ်ခဲ့သည်။

လူဂျင်နန်သည် သူမထက်ပိုမို ရှည်လျားသောကြောင့် သူ၏ ရှပ်အင်္ကျီကို ဝတ်ဆင်ရာတွင် ရှည်လျားခဲ့သည်။

ချောင်အင်ဟောင်သည် အစောကကဲ့သို့ ထပ်မံဖြစ်ပေါ်မည်စိုးသောကြောင့် သူမသည် ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် အနားယူခဲ့သည်။

ချောင်အင်ဟောင်သည် ပင်ပန်းသောကြောင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့သည်။နေရောင်သည် သူမမျက်နှာကိုထိမိချိန်တွင် အိပ်မောကျနေသော ချောင်အင်ဟောင်သည် နိုးလာခဲ့သည်။သူမသည် မျက်လုံးများကို ပွတ်သပ်ပြိး အိပ်ရာသို့ လှမ်းကြည့်ရာ လူဂျင်နန်သည် အိပ်ပျော်နေဆဲဖြစ်သည်။

ချောင်အင်ဟောင်သည် အိပ်ရာဆီသို့သွားကာ သူမလက်ကို ဆန့်၍ လူဂျင်နန်တွင် အဖျားရှိမရှိစမ်းသပ်ရန်နဖူးကိုထိစမ်းရန် ပြင်လိုက်စဉ် သူမလက်ကိုကြမ်းတမ်းစွာဆုတ်ကိုင်ခံလိုက်သည်။သူမသည် မျက်လုံးပွင့်လာသော လူဂျင်နန်အား ငေးကြောင်ကာ ရပ်ကြည့်နေမိသည်။