Chereads / Bringing the nation's husband home (myanmar translate) / Chapter 25 - အခန်း(၂၄) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

Chapter 25 - အခန်း(၂၄) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

အခန်း(၂၄) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(5)

လူဂျင်နန်၏ နောက်လုပ်ရပ်ကိုချောင်အင်ဟောင်သည် တိတ်တဆိတ် ခန့်မှန်းခဲ့သည်။သူမခေါင်းကိုလှည်၍ သူ၏ မျက်နှာကို ကြည့်လိုက်ရာ သူသည် အဖြစ်အပျက်တစ်ခုလုံးကို အိပ်မက်အနေဖြင့် ပြုလုပ်နေပုံရသည်။

လွန်ခဲ့သောသုံးလမှ မှတ်ဉာဏ်များသည် ချောင်အင်ဟောင်၏ စိတ်ထဲ တပ်တလဲလဲ ပြန်လည်ပေါ်ပေါက်လာသည်။သူနှင့် မတော်တဆ မှားယွင်း ပြီးနောက် မနက်ရောက်သောအခါ သူသည် စိတ်ဆိုးဒေါသ ထွက်ကာ သူမရဲ့လည်ပင်းကို ညှစ်ပြီး သေစေချင်ခဲ့သည်။

ချောင်အင်ဟောင်၏ ကျောရိုးကို တုန်ခါသွားခဲ့သည်။သူသည် လူဂျင်နန်ကိုအလျင်အမြန် မောင်းထုတ်ခဲ့သည်။လူဂျင်နန်သည် မျက်မှောင်ကြုံကာ သူမလက်ကို တင်းတင်း ဆုတ်ကိုင်ရင်း ငြိမ်နေစေခဲ့သည်။

ချောင်အင်ဟောင်သည် အပြင်းအထန်ရုံးကန်သော်လည်း သူ၏ ချုပ်ကိုင်မှုမှ မလွတ်ခဲ့ပါ။သူမမောပန်းလာချိန်တွင် ရုံးကန်မှုကို ရပ်တန့်ခဲ့သည်။

သူက သူမနှင့် အိပ်ရန်စိတ်မဝင်စားသည်မှာ သေချာသည်။သိုသော် အဖျားအရှိန်ကြောင့် သူမအား သူအနားသို့ ဆွဲခေါ်မိခြင်းဖြစ်လိမ့်မည်။

အကယ်၍ လွန်ခဲ့သော သုံးလက အဖြစ်အပျက်ကို ထပ်မံကြုံတွေ့ ရသည်ဆိုပါက...

ချောင်အင်ဟောင်သည် သူမရဲ့ အတွေးကို ရပ်တန့်လိုက်ပြီး ဆက်လက် မတွေးရဲပါ။နောက်ဆုံးတွင် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လူဂျင်နန်လုပ်ချင်သမျှကို လုပ်ခွင့်ပေးလိုက်သည်။

စိတ်ကြေနပ်မှုအပြည့်အဝရသွားသော လူဂျင်နန်သည် နက်ရှိုင်းစွာ အိပ်ပျော်ခင် ချောင်အင်ဟောင်အား သူ၏လက်မောင်းဖြင့် ပွေ့ဖက်လိုက်သည်။

ချောင်အင်ဟောင်သည် ပင်ပန်းနေသော်လည်းမအိပ်နိုင်ခဲ့ပါ။သူမ၏ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပထမဆုံးစဉ်းစားသည်မှာ သူ၏ လက်မောင်းမှ ရုန်းထွက်ရန်ဖြစ်သည်။

သူမသည် ထိုနေရာတွင်ခဏ နေလိုပြီး သူအားဖက်ထားရန် အလွန်တောင့်တခဲ့သော်လည်း သူသည် သူမနှင့် မသက်ဆိုင်ကြောင်းကိုသိသည်။ သူ၏ လက်များက သူမအတွက်မဟုတ်ခဲ့ပါ။ အဖျားကြောင့် သူ၏ အတွေးများ ရောထွေးသွားသောကြောင့်သာ သူမအားဖတ်ထားခြင်းဖြစ်လိမ့်မည်။

ဒီအရာအားလုံးသည် အမှားတစ်ခုသာ ဖြစ်သည်။

ချောင်အင်ဟောင်သည် လူဂျင်နန်၏ လက်မောင်းအားဖယ်ထုတ် ရန်ပြင်လိုက်ချိန်တွင် သူမမျက်လုံးထောင့်က သူမ၏ ဖုန်းကိုမြင်လိုက်သည်။သူမသည် အနည်းငယ်တွန့်ဆုတ်ကာ သူမ၏ ဖုန်းကိုလှမ်းယူပြီး ကင်မရာကို ဖွင့်၍ သူနှင့်သူမ၏ ပုံကို ဓာတ်ပုံရိုက်ခဲ့သည်။

ပုံတွင်သူသည်သူမကို ပွေ့ဖက်နေသော်လည်း သူ၏ ရည်ရွယ်ချက်အစစ်အမှန်မဟုတ်ခဲ့ပါ။သိုတိုင်သူမ ထိုတွင်နေလိုခဲ့သည်။ သူမသည်ထိုအခိုက်အတန့်တွင် သူသည် မိမိ လက်မောင်းပေါ်၌ အမှန်အကန်အိပ်ချင်နေသည်ဟု ယုံကြည်ရန်ကြိုးစားကာ ဓာတ်ပုံကိုကြည့်ပြီး သူမကိုယ်သူမ ပျော်မွေ့စေရန်အတွက် တွေးတောလိုက်မိသည်။

Latest chapters

Related Books

Popular novel hashtag