အခန်း(၂၂) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(2)
လူဂျင်နန်ရဲ့ မျက်နှာကို ငေးကြည်နေရင်ချောင်အင်ဟောင်၏ အတွေး များ ပျောက်ဆုံးသွားသည်။သူမပြန်သတိရချိန်တွင် မိုးကောင်းကင်သည်မှောင်မိုက်သွားပြီ ဖြစ်၍ တိတ်ဆိတ်နေသော နေရာသည် ပို၍ တိတ်ဆိတ်သွားပုံရပြီး သစ်တောမှ အကောင်ပလောင် သံများကို ကြားနေရသည်။
အိပ်ခန်းလည်းမှောင်နေပြီး အမှောင်ထုဖုံးလွှမ်းနေသောအခန်းတွင် ချောင်အင်ဟောင်သည် ဖုန်းမှအလင်းကို အသုံးပြု၍ မီးခလုပ်အား နှိပ်လိုက်သည်။ထိုနောက်သူမသည် လူဂျင်နန်၏ နဖူးအားထိလိုက်သည်။သူ၏ အပူချိန်သည် ကျဆင်းသွားသော်လည်း နွေးနေသေးသည်ဟု ခံစားမိသဖြင့် နဖူးပေါ်ရှိ ရေစိုဝတ်အား အသစ်တစ်ခုနှင့် အစားထိုးလိုက်သည်။
သူမသည်အိပ်ချင်စိတ်ကို ချိုးနှိမ်ကာ အိပ်ရာဘေးတွင်သူအာ ဆက်လက်စောင့်ရှောက်ခဲ့သည်။သူ၏ နဖူးရှိပဝါအား တစ်ကြိမ်ပြီးတစ်ကြိမ် အစားထိုးခဲ့သည်။ည၁၁ နာရီထိုးတွင်သူ၏ အပူချိန်သည် ကျဆင်းမှ ချောင်အင်ဟောင်သည် အနားယူနိုင်ခဲ့သည်။ သူမသည် ကြမ်းပြင်၌ထိုင်ကာ အိပ်ရာကို ကျောမှီရင်း အိပ်ပျော်သွားခဲ့သည်။
အိပ်ပျော်နေသော ကိုယ်နေဟန်ထားကြောင့် ခဏကြာမှာသူမ နိုးထခဲ့သည်။သူမသည် လူဂျင်နန်၏နဖူးအားစမ်းကြည့်ရာ အဖျားပြန်တတ် လာကြောင့် တွေလိုက်သောကြောင့် သူ၏ နဖူးတွင်တင်ရန် တခြား အအေးခံ ပုဝါကို မြန်မြန်ဆန်ဆန် ပြင်ဆင်ခဲ့သည်။သူ၏ အပူချိန်မြင့်တတ်လာမှုကြောင့်သူသည် သတိလစ်နေစဉ် တိုတိုးလေးညည်းလိုက်သည်။
မျက်နှာသုတ်ပုဝါသည် ယာယီဖြေရှင်းနည်းဖြစ်သည်။ အဖျားပျောက်ရန်အတွက် ဆေးသောက်ရန်လိုအပ်သည်။
ချောင်အင်ဟောင်သည် ပို၍စိုးရိမ်ပူပန်လာသည်။သူမသည် ဆုံးဖြတ်ချက်မချမီ လူဂျင်နန်အား စိုက်ကြည့်နေတယ်။သူမထရပ်လိုက်ပြီး စားပွဲပေါ်မှဆေးကို ယူလိုက်သည်။သူမသည် လူဂျင်နန်၏ ပါးစပ်ထဲသို့ ရေကိုအတင်း ထည်လိုက်သည်။ထို့နောက်သူမ၏ နှုတ်ခမ်းကို လူဂျင်နန်ဆီသို့ ချဉ်ကပ်လာခဲ့သည်။
သူမသည် သူမ၏ ဉီးခေါင်းကို လျှော့လိုက်သကဲ့သို့ လူဂျင်နန်၏ ခေါင်းအား မြင့်တင်လိုက်သည်။သူမသည်သူ၏ ရှူရှိုက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာနေပြီး လူဂျင်နန်ခေါင်းဘေးနားတွင်ရှိသော လက်နှစ်ချောင်ဟာလည်း အိပ်ရာကို တင်းတင်းဆုတ်ကိုင်ထားတယ်။သူ၏ နှုတ်ခမ်းဘေးမှာ သူမ၏ နှုတ်ခမ်းကို ထားလိုက်သောအခါ သူမရင်ထဲတုန်လှုပ်သွားတယ်။
ချောင်အင်ဟောင်က သူမရဲ့နှလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိဟု ခံစားလိုက်ရတယ်။လွန်ခဲ့သော သုံးလက အဖြစ်အပျက်ပြီးလျှင် သူတို့နှုတ်ခမ်းခြင်းထိတာ ဒုတိယအကြိမ်ဖြစ်တယ်။
သူမအသက်ရှူရပ်ကာ သူမ၏ ပါးစပ်အတွင်းရှိရေကို လူဂျင်နန်ဆီသို့ ဖြည်းဖြည်းချင်း လွှဲပြောင်းရင်း အဖျားကျဆေးကို ရေနှင့်အတူ မျောကျစေရန် သူမပါစပ်ဖြင့် တွန်းပို့လိုက်သည်။သူသည် ဆေးနှင့် ရေများ မျိုချမိသည်ဟု ခံစားမိသည်နှင့် သူမသည် မိမိကိုယ်ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။သူမ၏ နှလုံးသား ကျယ်ကျယ်လောင်လာင် ဆူညံနေပြီး သူမ၏ လက်ကို မြှောက်ကာ သူမနှုတ်ခမ်းကို ထိလိုက်သည်။