Chereads / Bringing the nation's husband home (myanmar translate) / Chapter 21 - အခန်း(၂၀) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(10)

Chapter 21 - အခန်း(၂၀) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(10)

အခန်း(၂၀) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(10)

ချောင်အင်ဟောင်သည် ဇောင်မင်းရှေ့တွင် အကြင်နာကင်း မဲ့ပုံ ပြုမူခဲ့ သော်လည်း သူမရဲ သူငယ်ချင်းထွက်ခွာသွားပြီးနောက် အနည်းငယ်တွန့်ဆုတ်ကာ သူမ၏ ကိုယ်ပိုင်ကားကို မောင်းပြီး သူဆီထွက်ခွာလာသည်။

တချိန်က ရှုချောင်မူက သူမအား လူဂျင်နန်သည် တောင်ပေါ်မြို့ မြောက်ဖက်ခြမ်းတွင် ကိုယ်ပိုင်စံအိမ်တစ်လုံးရှိကြောင်းပြောခဲ့ဖူးသည်။ လူဂျင်နန်နေမကောင်းတိုင်း ထိုစံအိမ်တွင် ပုန်းအောင်းတတ်ကြောင်း ရှုချောင်းမူ ဆီမှ သိခဲ့ရသည်။

ထိုအချိန်က လူဂျင်နန်သည် နေမကောင်းသော်လည်း ဆေးကုသမှု ခံယူရန်ငြင်းဆန်သောကြောင့် ရှုချောင်မူ သည် မကြေမနပ် ညည်းညူ ခဲ့သည်။သိုသော် ချောင်အင်ဟောင်သည် နောင်တွင် အသုံးပြုရန် သူမစိတ်ထဲတွင် လျှိုဝှက်စွာ မှတ်သားထားသည်။

သူမသည် ထိုအိမ်ကြီးသို့ရောက်မည် မသေချာသော်လည်းကံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

သူမသည် အိမ်သို့မသွားမီ ဆေးဆိုင်တွင်ရပ်လိုက်သည်။သူမသည် သူ၏ ရောဂါ အကြောင်းသေချာမသိသောကြောင့် အဖျားကျဆေးအချို့ ကို ကျပန်းဝယ်ယူခဲ့သည်။

ချောင်အင်ဟောင်သည် ထိုအိမ်ကို တစ်ခါမှမရောက်ဖူးသော်လည်း ရှုချောင်မူ၏ ဖော်ပြချက်အရ စံအိမ်သည် ရီတောင်ထိပ်ပေါ်တွင် တည်ရှိကြောင်းသိသည်။သူမသည် GPS မှတဆင့် ရှာကြည့်ရာ မြို့တော်မြောက်ပိုင်းတွင် ရီ တောင်တန်းတည်ရှိကြောင်း သဘောပေါက် လိုက်သည်။ထိုနောက် GPS ညွှန်ပြသည်အတိုင်းကားကို မောင်းနှင်လာခဲ့သည်။

ကံကောင်းစွာဖြင့် ရီတောင်ကုန်းသည် သိပ်မကြီးဘဲ တောင်ပေါ်၌ အိမ်တစ်လုံးသာ ရှိသည်။ချောင်အင်ဟောင်သည် တောင်ထိပ်သို့ မောင်းနှင်လာပြီး အထီးဆန် စံအိမ်ရှေ့တွင်ရပ်လိုက်သည်။

ချောင်အင်ဟောင်သည် ညနေ ၃နာရီခန့်က ထွက်လာခဲ့ပြီး ညနေ ၅နာရီ ခန့်တွင် ရီတောင်ကုန်းသို့ ရောက်ခဲ့သည်။သူမသည် နေဝင်ချိန်အမှီတွင် ရောက်ရှိခဲ့ပြီး ရွှေဝါရောင် အလင်းက စံအိမ်ပေါ်သို့ ကျရောက်နေပြီး ကြည့်ရသည်မှာ ရဲတိုက်ကဲ့သို့ ခန့်ငြားကာ လှပနေသည်။

စံအိမ်၏ တံခါးသည် တင်းကျပ်စွာပိတ်ထားသည်။ ချောင်အင်ဟောင်သည် သူမရဲ့ကားကို ခြံရှေ့တွင်ရပ်လိုက်ပြီး ပတ်ပတ်လည်သို့ ကြည့်လိုက်ရာ နိမ့်ကျနေသော ခြံစည်းရိုးကိုတွေ့လိုက်သည်။

ခြံစည်းရိုးကိုကျော်တတ်ကာ စံအိမ်သို့သွားလိုက်သည် ။ သူမတွင် သော့မရှိသောကြောင့် တံခါးခေါက်သော်လည်း မည်သူမှ မဖွင့် ပေးခဲ့ပါ။သူမသည် ပြတင်းပေါက်မှချောင်းကြည့်လိုက်သော်လည်း လူဂျင်နန်ကို မမြင်မိပါ ။ထို့ကြောင့် စံအိမ်ပတ်ပတ်လည်သို့ လျှောက်ကြည်ရင်း စံအိမ်နောက်ဖက်တွင် တံခါးတစ်ဝက်ဖွင့်ထားသည်ကို တွေ့လိုက်သည်။သူမသည် အနည်းငယ်တွန့်ဆုတ်ပြီးနောက် တံခါးကိုအပြည့်အဝဖွင့်၍ အိမ်ကြီးထဲသို့ ဝင်ခဲ့သည်။

အိမ်ကြီးတွင်ဇိမ်ခံပစ္စည်းများ စုံစုံလင်လင်ရှိသည်။သူမသည် ပထမ တစ်ထပ်လုံး ရှာသော်လည်း လူဂျင်နန်အား မတွေ့သေးပါ။ထိုနောက်သူမသည် ဒုတိယထပ်သို့တတ်လိုက်သည် ။စံအိမ်တွင် သူမ၏ ခြေသံသာ ကြားနေရပြီး သူမပတ်ပတ်လည်းလမ်းလျှောက်ခြင်းအတွက်မဟုတ်လျင် တိတ်ဆိတ်စွာနေလိမ့်မည်။

ချောင်အင်ဟောင်သည် ဒုတိယထပ်တွင် ဆက်လက် ကြည့်ရှုနေပြီးလူဂျင်နန်အား စင်္ကြံအဆုံး ရှိအခန်းတစ်ခန်းထဲတွင် တွေ့လိုက်သည်။

သူသည်ဝတ်စုံပြည့် ဝတ်ဆင်ကာ အိပ်ရာပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။အဝေးမှကြည့် လျှင်သူသည် အိပ်မောကျနေပုံပေါ်သည်။

ချောင်အင်ဟောင်သည် တံခါးကိုလက်ဖြင့် ခေါက်ကာအိပ်ရာသို့ လှမ်းကြည့်လိုက်သည်။သူဆီမှ မည်သည့်တုန်ပြန်မှုမှ မရဘဲ ငြိမ်သက်နေလေသည်။သူမသည် မျက်မှောင်ကြုံကာ အိပ်ရာဆီသို့ အလျင်အမြန်သွားခဲ့သည်။