အခန်း(၂၁) ဘယ်သူက မင်းကိုလာခိုင်းလို့လဲ(1)
သူမအိပ်ရာနားသို့ ရောက်သောအခါ လူဂျင်နန်အိပ်ရာပေါ် လဲနေကြောင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။သူမ၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး မသိစိတ်ဖြင့် သူ၏ နဖူးအားစမ်းလိုက်သည်။သူရဲ့ ကိုယ်က မီးကဲ့သို့ ပူနေပြီး သူမတံခါးခေါက်တုန်းက မတုန်ပြန်သကဲ့သို့ သူမ၏ လက်ကိုလည်း မည်သည်တုန်ပြန်ချက်မှမပြပါ။သူသည် အဖျားကြောင့် အားကုန်နေပုံရသည်။
ချောင်အင်ဟောင်သည်သူမ အစောက ဝယ်ခဲ့သော အဖျားကျဆေးကို အမြန်ထုတ်ယူကာ အိပ်ရာအစွန်းတွင်တွေ့သော ရေပုလင်းဖြင့် သူ၏ ပါးစပ်ထဲသို့ ဆေးကိုအားစိုက်ကာ ထည့်ခဲ့သည်။ဤအချိန်တွင် အဖျားကြောင့် သတိလစ်နေပြီး ဆေးကိုသောက်ရန်မဖြစ်နိုင်ခဲ့ပါ။ ချောင်အင်ဟောင်လည်ဆေးထည့်ရင်ချွေးများပြန်လာခဲ့သည်။
သူမသည်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းသူက ဆေးကို ပြန်လည်ထွေးထုတ်ခဲ့သည်။သူ၏ ကိုယ်အပူချိန်မှာ ပတ်ဝန်ကျင်ပူနွေးသည် အထိ တဖြည်းဖြည်း မြင့်တတ်လာသည်။
သူသည်ဆေးများကို ဆက်လက်ငြင်းဆန်သောကြောင့် ချောင်အင်ဟောင်သည် စတင်ထိတ်လန့်လာသည်။သူမ ဆရာဝန်တစ်ဉီး ကို ဖုန်းခေါ်ရင်တောင် သည်ရောက်သည်အထိ အချိန်အတော်ကြာလိမ့်မည်။
အဲ့ဒီအချိန်မှာ ချောင်အင်ဟောင်က အဖေအဖျားတတ်နေတုန်း သူမ အမေ ရေခဲအသုံးချ ပုံကို ပြန်အမှတ်ရသွားသည်။သူမသည် ရေခဲယူရန် ဆေးနှင့်ရေကို အိပ်ရာစားပွဲပေါ်တင်လိုက်သည်။ ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်ရာ တွေလိုက်ရသည်မှာ ရေအေးများသာဖြစ်သည်။
ခဏစဉ်းစားပြီးနောက် ရေအေးကို အပေါ်ထပ်သို့ယူလာသည်။သူမ သည် ရေအေးတွင် ပုဝါကိုစိမ်ကာ ခြောက်သွေ့အောင်ရေညှစ်ပြီး လူဂျင်နန်၏ နဖူးတွင်တင်လိုက်သည်။သူမသည် အခက်အခဲများစွာဖြင့် သူ၏ဝတ်စုံကို ချွတ်ပြီး သူ၏ ကိုယ်အပူချိန်ကျဆင်းရန် အဝတ်စိုဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို သုတ်ပေးလိုက်သည်။
ရေပတ်တိုက်ပေးခြင်းကြောင့် မီးကဲ့သို့ ပူနေသော လူဂျင်နန်အား သက်သာရာရစေသည်။ချောင်အင်ဟောင်သည်သူ၏ ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ်သုတ်ပေးနေစဉ် သူ၏ တင်းမာနေသောနဖူးသည် ဖြေလျှောလာသည်။တဖြည်းဖြည်းသူသည် အိပ်မောကျသွားသည်နှင့် တပြိုင်နက် သူ၏ အသက်ရှုမှုသည်လည်း အေးဆေးတည်ငြိမ်လာခဲ့သည်။
သူ၏ အပူချိန် လျှော့ကျသွားသည်ကို မြင်မှ ချောင်အင်ဟောင်သည် အတွင်းမှ သက်ပြင်းချလိုက်သည်။ သူမသည် အိပ်ရာနားတွင်ထိုင်ကာ သူအားစောင့်ရှောက်ကာနေလေသည်။သူမ၏ အကြည့်များ က သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာခြင်းကို မတားဆီးနိုင်ပါ။
သူ၏ နှုတ်ခမ်းများသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖြူလျော်နေပြီး သူ၏ မျက်နှာသည်လည်း ပင်ပန်းနွယ်နယ်နေသည်။ ထိုအခြေအနေမှာတောင် သူသည်ရင်သက်ရှုမောဖွယ် ကောင်းနေသေးသည်။