အခန်း(၁၈) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(8)
တပတ်ခန့်ကြာသော် လူဂျင်နန်၏ ဇာတ်ကား သစ်ကြော်ငြာသည် ဖျော်ဖြေရေးမဂ္ဂဇင်းများတွင် ဖော်ပြခြင်းခံခဲ့ရသည်။ထိုအချိန်တွင် ချောင်အင်ဟောင်သည် သူရောမမြို့တွင် ဇာတ်ကားသစ် ရိုက်ကူးနေသေးကြောင်း သိလိုက်ရတယ်။
နေ့ရက်များ တည်ငြိမ်အေးဆေးစွာ ကုန်ဆုံးပြီးနောက် …
ချောင်အင်ဟောင်သည် သရုပ်ဆောင်လောကသို့ ဝင်ရောက်ပြီး နှစ်ဝက်ခန့် ကြာမြင့်ခဲ့သော်လည်း ဇာတ်ကားများစွာတွင် မပါဝင်ခဲ့သလို ကျော်ကြားမှုလည်းမရှိခဲ့ပါ။'To the End of Time'တွင် လူဂျင်နန် ကြောင့် ပါဝင်ခွင့် ရခဲ့သော်လည်း ဇာတ်ကားသည် တည်းဖြတ်ဆဲဖြစ်ပြီး ရုံတင်ခြင်းမရှိသေးပါ။ကြော်ငြာပြသရာတွင်တွင် နာမည်ကြီးသရုပ်ဆောင်များဖြင့်သာ ပြသခဲ့သည်။ချောင်အင်ဟောင်သည် မည်သည့် ထောက်ခံချက်များ သရုပ်ဆောင်ကမ်းလှမ်းချက်များကို မရရှိဘဲ သူမ၏ အချိန်သာ ကုန်ဆုံးသွားခဲ့သည်။
မည်သို့ပင်ဖြစ်နေကာမူ သူမ၏ မန်နေဂျာဇောင်မင်းသည် တာဝန်ကျေသော မန်နေဂျာကောင်းတစ်ယောက်ဖြစ်သည်။သူမသည် ဇွဲမလျှော့ဘဲ ဇာတ်ကားသစ်ရရှိရေးအတွက် ဆောင်ရွတ်နေသည်။
ဖျော်ဖြေရေး လုပ်ငန်းသည် အမြဲရှုပ်ထွေးခဲ့ပြီး လှပသောအသွင်အပြင် နှင့် ကောင်းမွန်သော စွမ်းဆောင်ရည်ရှိခြင်းသည် အမြဲ အဓိက အခန်းမှ ပါဝင်မည်မဟုတ်ပေ။ထိုကြောင့် ပြီးခဲ့သောလက ချောင်အင်ဟောင်သည် သည် စစ်ဆေးမှု ၈ ခုတွင် အားလုံးကျရှုံးခဲ့ပြီး ယနေ့ ၉ကြိမ်မြောက်စစ်ဆေးမှုလည်း ပျက်ကွက်ခဲ့သည်။
"ချောင်ချောင်၊ တစ်လ ပြည့်သွားပြီး၊ မင်းက မျက်နှာမပြရတဲ့ အရံ ဇာတ်ကောင်နေရာတောင်မရခဲ့ဘူး။သည်အတိုင်းသာဆို ငါတို့ထမင်းငတ်တော့မယ်။"
ဇောင်မင်း၏ ဒေါသထွက်နေပုံနှင့် မတူဘဲ ချောင်အင်ဟောင်သည် အေးဆေးတည်ငြိမ်ခဲ့သည်။သူမသည် သူမသူငယ်ချင်း ဘေးထိုင်ခုံတွင်ထိုင်ကာ ဖုန်း ကိုပွတ်နေပြီး "ငါတို့အရင်တုန်းကလည်း အဆင်မပြေခဲ့ဘူးလား" ဟုပြောလိုက်သည်။
သူမပြောပြီးသည်နှင့်တိုက်ဆိုင်စွာ 'လူဂျင်နန်"၏ ပုံကို သူမ weibo ထိပ်တွင် တွေ့လိုက်ရသည်။ခဏသာ ရပ်တန့်ပြီးနောက် ဘာမှမဖြစ်သလို သူမက " ငါတို့ငတ်ရင်တောင် မှ ငါမင်းကို အငတ်မထားပါဘူး" ဟုဆက်ပြောလိုက်သည်။
"မင်းအလုပ်မရတောင် ငါကို ဆက်ပေးနေအုန်းမယ်ဆိုတာ ငါသိတယ်၊ဒါပေမယ်ချောင်ချောင် သည်နှုန်းအတိုင်ဆို မင်းမိဘတွေ ထားခဲ့တဲ့ အမွေတွေ အားလုံးကုန်သွားလိမ့်မယ်" ဟုဇောင်မင်းက ချောင်အင်ဟောင်ကို ပြောကြားခဲ့သည်။
ဇောင်မင်းသည်သူမ၏ ဖုန်း၌ လူဂျင်နန်၏ ပုံကို တွေ့လိုက်သည်။သူမက "ချောင်ချောင်၊ မင်းဘာလို လူဂျင်နန်ကို နောက်ထပ် ဇာတ်ကား အတွက်မတောင်းဆိုကြည့်တာလဲ၊သူမင်းကို သည်လောက်ဆိုးဆိုးရွားရွားဆက်ဆံတာ ၊ မင်းသူကို အပြည့်အဝ အသုံးချသင့်တယ်။ဒါအပြင် မင်းအတွက် ဘာမှ အကုန်အကျခံခဲ့တာမဟုတ်ဘူး၊ဒါမှမဟုတ် မင်းမိဘတွေဆုံးပြီး ကတည်းက မင်းဉီး လေး လက်ပေါ်မှာ ကြီးပြင်လာခဲ့တာ အခုချိန်သူနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး မင်းဉီးလေးဆီသွားပါလား။"