Chereads / Bringing the nation's husband home (myanmar translate) / Chapter 20 - အခန်း(၁၉) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(9)

Chapter 20 - အခန်း(၁၉) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(9)

အခန်း(၁၉) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(9)

ဇောင်မင်းသည်အဆိုးမြင်သမား မဟုတ်ဘဲ လက်တွေ့ကျသူဖြစ်သည်။ချောင်အင်ဟောင်အတွက် အကောင်းဆုံးဖြစ်နိုင်သည်ကို သူမကိုယ်စား စဉ်စားပေးနေသည်။

သူမအနေဖြင့် လူဂျင်နန်၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ငန်းတိုးတတ်လာပြီး အနာဂတ်တွင် သူကို စွန့်ခွာသွားလျင်ပင် သက်သောင့်သက်သာနေနိုင် လိမ့်မည်ဟု မျော်လင့်ခဲ့သည်။အမျိုးသမီးတစ်ဉီး အနေဖြင့် မိမိကိုယ်ကို စဉ်စားခြင်းသည် မမှားပါ။

ချောင်အင်ဟောင် အနေဖြင့် သူမ၏ အကြံသည် ဂုဏ်သိက္ခာမရှိခဲ့ပါ၊ထိုပြင် လူဂျင်နန်၏ မုန်းတီးမှုသည် အလွန်ပြင်းထန်သောကြောင့် သူမသည် သူကို ထိရန်စိတ်မဝင်စား ခဲ့ပါ။

သူမသည် မျက်လုံးကိုမှိတ်ကာ နှုတ်ခမ်းကို အနည်းငယ်ကွေးပြီး "သူရောမမှာ ဇာတ်ကားသစ်ရိုက်ကူးနေတာ မသိဘူးလား၊မင်းငါကို ရောမထိလိုက်ပြီးသူနဲ့ အိပ်ဖို့ မျော်လင့်နေတာလား"။

ဇောင်မင်း သည် အေးခဲသွားသည်။

ချောင်အင်ဟောင်၏ နဖူးတွန့်သွားပြီး သူမအားမေးလိုက်သည်" ဘာမှားနေလိုလည်း"။

"ချောင်ချောင်၊ မင်းမသိဘူးလား"

"ဘာကိုသိရမှာလဲ"

အချိန်ခဏကြာပြီးနောက် ဇောင်မင်းက"လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက လူဂျင်နန် ရောမက ပြန်လာခဲ့ပြီ၊သူအိမ်ကို ပြန်မလာခဲ့ဘူးလား"ဟု မေးလိုက်သည်။

သူပြန်လာသည်ကို သူဇနီးတစ်ဉီး အနေဖြင့် သူမမသိခဲ့ပါ။

ချောင်အင်ဟောင် ခဏအေးခဲသွားပြီး နောက် ဘာမှမဖြစ်သကဲ့သို့"သူပြန်မလာတာ ပုံမှန်ပါဘဲ၊ ငါတို့ သုံးလ မတွေဆုံဘဲနေခဲ့သေးတာဘဲ၊အခုက လတစ်ဝက်တောင်မရှိခဲ့ဘူး"

ဇောင်မင်းသည် ပြန်မပြောဘဲကားကို ရပ်လိုက်ပြီးသူမအား "ချောင်ချောင် ၊ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက လူဂျင်နန် ရောမက ပြန်လာပြီး အစည်းအဝေး ခန်းမှာ အားပျက်လဲကျသွား လို့ ဆေးရုံ အမြန်ပို့လိုက်ရတယ် လို့ ဟွမ်ရင် ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဉီး စီက ကြားခဲ့ရတယ်"။

ချောင်အင်ဟောင်သည် ကြားလိုက်ရသောသတင်းကို အစာကြေရန်စောင့်ဆိုင်းပြီး "အို" လိုပြောလိုက်တယ်။

"ပြီးတော့ ဘုတ်အဖွဲဆီက ငါထပ်ကြားခဲ့ရတာတော့ ၊သူရဲ့ ကိုယ်အပူချိန်က အလွန်မြင့်တတ်နေပြီး ဆရာဝန်စစ်ဆေးမှုကို လက်မခံဘဲ ဆေးရုံဆင်းဖို့ဘဲ ပြောနေတယ်တဲ့။ပြီးတော့ ဖျားနေရက်နဲ့ တစ်ယောက်ထဲကားမောင်ထွက်သွားတယ်တဲ့"။ဇောင်မင်းသည် မရပ်တန့်နိုင်ဘဲဆက်ပြောမိသည်"သူဆေးကုသမှု မခံဘဲ ဆေးရုံက ထွက်သွားခဲ့တာ၊ သူအဆင်ပြေမယ်လိမ့်မယ်လိုမင်းထင်လား"။

ဇောင်မင်းက ချောင်အင်ဟောင်သည် ဂရုမစိုက်ဟု ထင်ခဲ့သော်လည်း အင်္ကျီအစွန်းအား တင်းတင်းဆုတ်ကိုင်ထားသော လက်ကို မမြင်တွေခဲ့ပါ။

ဇောင်မင်းသည် ရှေ့သို့ ဆက်လက်မောင်းနှင်ခဲ့သည်။အချိန်အတန် ကြားပြီးနောက် သူမက" ချောင်ချောင်၊မင်းသူဆီသွားမှာလား" ဟုမေးလိုက်သည်။

ချောင်အင်ဟောင်သည် အတန်ကြာတိတ်ဆိတ် နေပြီးနောက် သူမ၏ ခေါင်းကိုခါကာ "ငါတို့ အခြားတစ်ယောက်ရဲ့ လုပ်ငန်းမှာ ဝင်မစွက်ဖက်ဖို့ သဘောတူထားတယ်" ။

ဇောင်မင်းက "အို" ဟုဆိုကာ ကားကို မောင်းနှင်၍ ပြန်လည် တိတ်ဆိတ် သွားသည်။