အခန်း(၁၇) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(၇)
တစ်နေ့မှာ ရှုချောင်မူ က ချောင်အင်ဟောင်အား လူဂျင်နန်တွင် ကြိုက်နေသော ကောင်မလေး ရှိသည်ဟု မတော်တဆ ပြောဆိုမိခဲ့သည်။ ထိုကြောင့် သူမသည် သူနှင့်တွေ့ဆုံသောအခါ သူမ မည်သူဖြစ်ကြောင်းမေးမြန်း ခဲ့သည်။
လူဂျင်နန်သည် သူမအား အကြိမ်ပေါင်းများစွာ စိတ်အနှောက်အယှက် ဖြစ်သည့် ပုံစံများ ပြသခဲ့သော်လည်း ထိုနေ့နှင့် တူခြင်းမရှိခဲ့ပါ။နှစ်ပေါင်းများစွာ ကြာပြီးနောက်ပင် သူမသည် ထိုအချိန်ကို မှတ်မိ နေဆဲဖြစ်သည်။သူက" ငါကြိုက်တဲ့သူကို မင်းဘာလိုဂရုစိုက်နေရတာလဲ၊အဲ့လူက မင်းမဟုတ်ဘူး"
ချောင်အင်ဟောင်သည် နောက်ဆုံး၌ လူဂျင်နန် သူမအားမုန်းနေကြောင်း နားလည်ခဲ့သည်။
သူမကိုမုန်း ရသည်အကြောင်းကို မသိရှိသော်လည်း ထိုနေ့မှစ သူမသည် သူအားရှောင်းရှားခဲ့သည်။
ဇောင်မင်းပြောခဲ့သလို သူတို့နှစ်ဉီး၏ အပြန်အလှန်ဆက်ဆံရေးသည် ထိုနေမှစ ရပ်တန့်သွားခဲ့သည်။သူတို့တွေဆုံသည် အကြိမ်တိုင်း စကားသိပ်မပြောဖြစ်ခဲ့ကြပါ။စကားပြောဆိုတိုင်း သူ၏ စကားများက သူမကိုနာကျဉ်စေခဲ့တယ်။
အဘယ်ကြောင့်ဆိုသော်သူမသည်သူ၏ စကားလုံးတိုင်းကို အာရုံ စူးစိုက်ခဲ့သည်။သူမသည်သူအပေါ် အလွန်ချစ်သောကြောင့် သူမ၏ အားနည်းချက်များကို အလွယ်တကူ ထိခိုက်နိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ သူနှင့် အတူရှိနေခြင်းကို ကြောက်ရွံ့လာပြီး သူနှင့်စကားပြောဆိုရန်ကြောက်ရွံ့ခဲ့သည်။ သူပြောလိုက်တဲ့ စကားလုံးတိုင်းက သူမရင်ကို နာကျဉ်စေခဲ့သည်။
သူမသည် သူနှင့် အပြန်အလှန်မဆက်ဆံသရွှေ တစ်နေ့၌ သူတို့ နှစ်ဉီးသည် သူစိမ်းများဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။သိုသော် ကံကြမ္မာက သူတို့နှစ်ဉီးအား စုံတွဲတစ်တွဲ ဖြစ်လာစေခဲ့သည်။
သူတို့ လက်ထပ်ရမည် ကို သိလိုက်သောအခါ သူမ မည်မျှပျော်ရွှင် ခဲ့ကြောင်း ကောင်းကင်သာ သိသည်။
လူဂျင်နန်သည် သူမအား မုန်းနေကြောင်းနားလည် ခဲ့သည်။ထိုကြောင့် သူတို့၏ မင်္ဂလာဉီး ညမှာ သူမသည် သူ၏ ဘဝကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်းရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီး သူတို့၏ ဆက်ဆံရေးကိုလည်း အခြားသူအား အသိမပေးစေခဲ့ပါ။
လွန်ခဲ့သောသုံးလက သူမအရက်မူးကာ သူနှင့် အတူအိပ်မိခဲ့သည်။
"သူက ငါ့ကို တော်တော်မုန်းတီးနေမှာဘဲ ၊ ဒါကြောင့် အတူအိပ်ပြီး နောက် ငါကိုဒေါသ ထွက်ခဲ့တာပဲ။"
To the End of Time အတွက် အခန်းကဏ္ဍတစ် ခုရရန် သူမ၏ ရည်ရွယ်ချက်မဟုတ်သော်လည်း သူမတွင်ရွေးချယ်စရာမရှိခဲ့ပါ။သူမ၏ လုပ်ရပ်များကို ရှင်းပြရန်အတွက် ဈေးပေါသော အကြောင်းပြချက်တစ်ခုကိုသာ သုံးနိုင်ခဲ့တယ်။
ဘာလိုလဲဆိုတော့ သူကြိုက်တဲ့သူက သူမမဖြစ်နိုင်ခဲ့လိုပါ။
လူဂျင်နန်ထွက်ခွာသွားပြီးနောက် သူမသည် ပင်ပန်းကာ အိပ်ပျော်သွားခဲ့သည်။
လာမည်ရက်အနည်းငယ်အတွင်း သူမ သူဆီက စကားသံကို မကြားချင်တော့ ပါ။