အခန်း(၁၅) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(5)
ချောင်အင်ဟောင်သည် လူဂျင်နန်၏ လှောင်ပြောင်ပြောဆိုမှုကို ခံလိုက်ရပြီး သူမ၏ မျက်နှာသည် သွေးဆုတ်ကာဖြူလျော့နေသည်။ လွန်ခဲ့တဲ့သုံးလက ဖြစ်ပျက်ခဲ့ရာများပြီးနောက် သူမအပေါ်သူ၏ ထင်မြင်ချက်သည် ပျက်ဆီးသွားခဲ့သည်။သူမက ရှင်းပြဖို့ ကြိုးစားခဲ့ရင်တောင်မှ သူက နားထောင်မှာ မဟုတ်ဘူး။
နာကျင်မှုကိုလျစ်လျူရှုကာ သူမတိုးတိုးလေးပြောလိုက်သည်။
"သည်ဟာမရည်ရွယ်ဘူး"
"မရည်ရွယ်ဘူး ဟုတ်လား" လူဂျင်နန်သည် အေးစက်စွာရယ်မောလိုက်ပြီး မျက်လုံးများက မှေးမှိန်သွားသည်။သူ၏ မှတ်ချက်က အကြင်နာကင်းမဲ့ပြီး ရက်စက်ခဲ့သည်။
"အလှမယ် ချောင်၊မင်းရဲ့ အလိမ်အညာစကားတွေက တခြားသူရဲ့ အားသာချက်ကို အသုံးချနိုင်လောက်အောင်ကောင်းလိမ်မယ်လို့ ငါမမျော်လင့်ခဲ့ဘူး။သေချာတာက ငါအရက်မူးနေတဲ့အချိန် ငါ့အိပ်ယာပေါ်တတ်လာတဲ့သူက မင်းဘဲ၊ငါမှတ်မိတာ မမှားဘူဆိုရင် မင်းကငါနဲ့အတူအိပ်ဖို့ အတော်လေးစိတ်အားထက်သန် နေခဲ့တာဘဲ"။
သူ၏စကားလုံးများက သူကနှလုံးသားကိုထိုးဖောက်ခဲ့သည်။ စကားတစ်လုံးစီက သူမရင်ကို ပိုမိုနက်ရှိုင်းစွာခံစားရပြီး သူမမျက်လုံးများကို နီရဲစေခဲ့သည်။
အဲ့ဒီညအတွက်သူမ သူကို တကယ်တောင်းပန်တယ်။ဒါပေမယ့် သူမလည်း အရက်မူးနေခဲ့တာဘဲ၊အဲ့ဒီညက သူမအိမ်မက် လို့ထင်ပြီး သူမကသူကို"ငါမင်းရဲ့ မိန်းမဖြစ်လို့ရမလား"ဟုငြင်သာစွာမေးမိခဲ့သည် ။
ချောင်အင်ဟောင်သည် လူဂျင်နန်ဟာ ထိုညမှ ဖြစ်ရပ်များကို လှောင်ပြောင်ပြောဆိုလိမ့် မည်ဟု ဘယ်တော့မှ မမျော်လင့်ခဲ့ပါ။သူမ၏မျက်နှာသည် နက်ရှိုင်းသော အနီရောင်အရိပ်နှင့် ဖုံးလွမ်းနေသည်။နာကျဉ်မှုနှင့်အရှက်ကွဲခြင်းတို့ကြောင့်သူမကိုယ်သူမ ဆိတ်လိုက်မိသည်။သူမလက်ချောင်းထိပ်မှ နာကျင်မှုက လူဂျင်နန်၏ စကားကြောင့် နာကျဉ်မှုကိုဖုံးလွှမ်းသွားမှ သူမသည် သူမကိုယ်သူမ အေးဆေးတည်ငြိမ်စွာရှင်းပြခဲ့သည် " ငါမင်းကိုသွေးဆောင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး၊ငါအိပ်ပျော်တဲ့ အခါ မတော်တဆ မင်းကိုထိမိတာပါ"။
"အဲ့လိုဆိုပိုကောင်းတာပေါ့၊မင်းဒီဂိမ်းကို စတင်ခဲ့ရင်တောင်မှ ထိန်းချုပ်သူက ငါဘဲ၊မင်းရဲ့ခန္ဓာကိုယ်နဲ့ ငါ့ဆီကနေ အကျိုးကျေးဇူးတွေရနိုင်တယ်၊ဒါပေမယ့် ငါမင်းနဲ့အိပ်ဖို့စိတ်ဝင်စားမှ" လူဂျင်နန်က ခဏနားလိုက်ပြီး စကားလုံးတိုင်သည် မောက်မာစော်ကားစွာဖြင့် ရက်စက်စွာဆက်လက်ပြောဆိုခဲ့သည် "တကယ်လို့ ငါမင်းကိုစိတ်မဝင်စားဘူးဆိုရင် ပထမအကြိမ်ကလို ငါလက်ချောင်းတစ်ချောင်းတောင်ထိဖို့ ခွင့်မပြုနိုင်ဘူး"။
လူဂျင်နန်၏ စကားလုံးတိုင်း ကချောင်အင်ဟောင် ရဲ့ မျက်နှာကို သွေးဆုတ်ဖြူလျော့စေသည်။
သူမသည် သူ၏ အမူအရာကို မကြည့်ရဲဘဲ ခေါင်းကို ငုံထားသည်။
လူဂျင်နန် ပြောလိုပြီးသောအခါ ချောင်အင်ဟောင်၏ လက်အား အေးစက်စွာ လွှတ်လိုက်ပြီး အခြားအခန်းသို့သွားခဲ့သည်။
သူထွက်သွားသောအခါ ချောင်အင်ဟောင်သည် သူထားခဲ့သည့် အတိုင်းအိပ်ရာ ပေါ်တွင် ရှိနေခဲ့သည်။ သူမသည်ပါးလွှာကာပျက်ဆီးလွယ်သကဲ့သို့ ဖြစ်နေပြီး ကျောင်းသားများအပြစ်ပေးခံရသကဲ့သို့ ခေါင်းကိုငုံ့ထားသည်။ မီးအိမ်မှိန်မှိန်ကြားတွင် သူမသည် ငယ်ရွယ်ပြီး အပြစ်မဲ့ပုံ ပေါက်သည်။
လူဂျင်နန်သည် အခန်းပေါက်ဝတွင်ရပ်ကာ ချောင်အင်ဟောင်အား တိတ်တဆိတ် စောင့်ကြည့် နေခဲ့ကာ ခဏကြာမှာတော့ သူ၏မျက်လုံးကို လျှောချလိုက်ပြီး အခန်းထဲမှလှည့်ထွက်သွားခဲ့သည်။