Chereads / Bringing the nation's husband home (myanmar translate) / Chapter 17 - အခန်း(၁၆) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(6)

Chapter 17 - အခန်း(၁၆) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(6)

အခန်း(၁၆) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(6)

လုဂျင်နန် ထွက်ခွာသွားပြီး အချိန်အတန်ကြာသော် ချောင်အင်ဟောင်သည် အိပ်ရာပေါ် လှဲချကာ အိပ်ရာဘေးသို့ကြည့်လိုက်တယ်။ဝက်ဝံရုပ်ကို ဖယ်ကာ သူအိပ်သွားသော အိပ်ရာပေါ်သို့ ခေါင်းကိုမြှုပ်ကာ သူ၏ကျန်ရစ်ခဲ့သော ရနံကိုခံစားရှူရှိုက်ပြီးနွေးထွေးမှုကို ခံစားခဲ့သည်။

ချောင်အင်ဟောင်သည် စောင်ကိုခေါင်းမှီခြုံကာ ခပ်ပြင်းပြင်း အသက်ရှူလိုက်တယ်။သူမသည် သူမ၏ စိတ်နှလုံးထဲတွင်ခါးသီးမှုတို့ ပြည်နှက်နေခဲ့တယ်။

သူကကို ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စကားတွေပြောခဲ့ရင်တောင်မှ သူအားမမုန်းနိုင်ခဲ့ပါ။မနေ့ည ပါတီပွဲမှာ ဇောင်မင်း ပြောခဲ့တာမှန်တယ်။ အရင်ကသူတို့ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ပါ။

အဲ့ဒီအချိန်က လူဂျင်နန်က ယောင်္ကျားလေးတွေနှင့်သာ ရင်းနှီးပြီး မိန်ကလေးတွေကိုရှောင်ကြဉ်ခဲ့တယ်။သူမသည် သူနှင့်စကားပြောဆိုခဲ့သော မိန်းကလေးများ အနက်တစ်ဉီး ဖြစ်ခဲ့တယ်။

သို့သော်သူမကို အထူးပြောဆိုသောကြောင့် မဟုတ်ဘဲ ရှုချောင်မူ ကြောင့် ပြောဆိုခဲ့ခြင်းဖြစ်တယ်။ရှုမိသားစုနဲ့ ချောင်မိသားစု တို့သည် အလွန်ရင်းနှီးကြသည်။သူမနှင့် ရှုချောင်မူတို့သည် အတူတူကြီးပြင်လာခဲ့ကြတယ်။လူဂျင်နန်နှင့် ရှုချောင်မူသည် အဖေတူ အမေကွဲညီအကိုများဖြစ်သည်။လူဂျင်နန်သည် ရှုမိသားစု၏ တရာဝင်သား တစ်ဉီးဖြစ်သည်။

သူတို့နှစ်ဉီးသည် ယခင်မျိုးဆက်များ၏ ပြဿနာကြောင့် ထိခိုက်ခြင်းမရှိဘဲ ကောင်းမွန်သောဆက်ဆံရေးရှိကြသည်။

ချောင်အင်ဟောင်သည် ရှုချောင်မူ မှတဆင့် လူဂျင်နန်အားစကားပြောဆို ခဲ့သည်။

သိုသော်သူတို့ပြောဖြစ်သော စကားအများစုမှာ"Hello" နှင့် "Good Bye" စသောနှုတ်ဆက်စကားများသာ ဖြစ်သည်။

သူမငယ်စဉ်ကတည်းက စိုးရိမ်ပူပန်မှုများ မရှိခဲ့ပါ။သူမသည် သူမ၏ ချစ်ခြင်းအတွက်အမြဲတက်ကြွနေခဲ့သည်။သူမသည် ယောင်္ကျားလေး တစ်ယောက်အား ရဲဝံ့စွာ ဝန်ခံခြင်း ၊ရည်စားစာများရေးသားခြင်း၊ချစ်သူအတွက် ချောကလတ်များပေးသော မိန်းကလေးမျိုးမဟုတ်ခဲ့သော်လည်း သူ၏ နောက်သို့ လျှို့ဝှက်စွာ လိုက်ပါခဲ့သည်။တစ်ခါတစ်ရံ ကျောင်းကွင်းပြင်၌ ဖြစ်စေ အိမ်သာသွားရာ လမ်း၌ဖြစ်စေ သူနှင့် တွေဆုံတိုင်း မိမိခံစားချက်များကို ဖိနိပ်ကာ သူအား နှုတ်ဆက် လိမ့်မည်။သူက နှုတ်ဆက်စကားအား ပြန်လည်ဖြေကြားခဲ့လျှင် သို့မဟုတ် ခေါင်းလေးငြိမ်ပြခဲ့လျှင်တောင် သူမသည် ပျော်ရွှင်စွာ ခံစားနေရတယ်။

သူနှင့်သူမ၏ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့သော်လည်း သူအားဝန်ခံရန် တစ်ခါမှ သတ္တိမရှိခဲ့ပါ။ထို့ကြောင့် သူမစိတ်နှလုံးတွင် နက်ရှိုင်းစွာဝှက်ထားသော ခံစားချက်များသည် နေ့စဉ်တိုးပွားလာပြီး သူတို့နှစ်ဉီး၏ ဆက်ဆံရေသည် ဆက်လတ်တည်မြဲခဲ့သည်။

သူမတက္ကသိုလ် တတ်သောအခါ သူမမသိသော အကြောင်းပြချက်ဖြင့် သူမအားသူစိမ်းဆန်စွာ စတင်ဆက်ဆံလာခဲ့သည်။အစပိုင်းမှာ သူမသည် သူမ၏ အချစ်ကြောင့် ခံစားလွယ်နေခြင်းသာဖြစ်သည်ဟုထင်ခဲ့သည်။

Latest chapters

Related Books

Popular novel hashtag