အခန်း(၁၄) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(4)
လူဂျင်နန်၏ ရံဖန်ရံခါ ဖုန်းကိုပွတ်နေသော အသံကို ကြားနေရသည်။အချိန်အတန်ကြာပြီးနောက် သူသည် ဖုန်းကို သော့ခတ်ကာ စားပွဲပေါ်သို့ တိတ်ဆိတ်စွာချလိုက်သည်။
ချောင်အင်ဟောင်သည် မသက်မသာ အနေအထားတွင်ရှိနေသော်လည်း များစွာရွှေ့လျားခြင်းမရှိခဲ့ပါ။သူမသည် ဂရုတစိုက်နှင့် ပိုမိုအဆင်ပြေသော အနေအထားသို့ လှည့်လိုက်သည်။သူမ ၏ လုပ်ရပ်များက မည်မျှပင်သေးငယ်ပါစေ လူဂျင်နန်ကို သတိထားမိ နေဆဲ ကာ သူမသည် ဆက်လက်မလှုပ်ရှားရဲတော့ပါ။
လူဂျင်နန် သည် တစ်စုံတစ်ခုကြောင့် စိတ်ဆိုးနေပုံရသည်။သူသည် အိမ်မောကျခြင်းမရှိဘြ လူးလိမ့်နေသည်။ချောင်အင်ဟောင်လည်း သူကိုအာရုံစိုက်နေသောကြောင့် အိပ်ပျော်နိုင်ခြင်းမရှိပါ။
ရုတ်တရတ်လူဂျင်နန်သည် စောင်ကိုဘေးဖယ်ပြီး ထထိုင်လိုက်သည်။ ချောင်အင်ဟောင်လည်း သူ၏အပြုအမူကြောင့် ကြောက်ရွှံ့ တုန်လှုပ်သွားသည်။
သူမသည် မျက်လုံးကိုဖွင့်ကြည်ရန် မရဲခဲ့ပါ။ထို့နောက်သူမသည် ပေါ့ပါးသော ခြေသံကိုကြားလိုက်ရသည်။ခဏကြာသော် အခန်းထဲတွင် စီးကရက် အနံများတဖြည်းဖြည်း ပျံနှံ့လာသည်။
ချောင်အင်ဟောင်မှတ်မိ သလောက် လူဂျင်နန်သည် ဆေးလိပ်မသောက်တတ်ပါ။သူတို့နှစ်ဉီးလက်ထပ်သည် ပထမဆုံးနေ့၌ သူသည် သူမရှေ့တွင် ဆေးလိပ်သောက်ခဲ့သည်။သူဘယ်အချိန်မှာ ဆေးလိပ်စသောက်တတ်သွား သလဲ သူမသိချင်မိသည်။
လူဂျင်နန်သည် သူမထက် ပိုကြီး သောဝက်ဝံရုပ်ကိုဖက်၍ နှုတ်ဆိတ်နေသောချောင်အင်ဟောင် ကို ကြည့်ကာ ပါးစပ်အပြည် နှစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ၏ခေါင်းကို လှည့်ကာ လသာဆောင်သို့ လျှောက်သွားပြီး ပြတင်ပေါက် ကိုဖွင့်လိုက်သည်။
စီးကရက်နံများ အခန်းတွင်းမှ အကုန်ပျောက်ကွယ်သွားသည် အထိစောင့်နေပြီးမှ ကုတင်ဘက်သို့ ပြန်လာခဲ့သည်။
လူဂျင်နန်၏ စဉ်ဆက်မပြတ်လှုပ်ရှားမှုများ မရှိဘဲနှင့်တောင် သူမ၏ အာရုံကြောများသည် အလုပ်များနေခဲ့သည်။သို့သော် သူမသည် သူတို့နှစ်ဉီးကြားရှိဝက်ဝံရုပ်ကိုဖက်၍ အာရုံများမှုကို ကျော်လွှားနိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့်သူမသည် အနားယူလာနိုင်ပြီး နက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ ကျရောက်သွားသည်။
ချောင်အင်ဟောင် ဘယ်လောက်ကြာကြာအိပ်ခဲ့သည်ကို မသိပါ။ရုတ်တရက် သူမလက်ကို ကြမ်းတမ်းစွာ ဆုတ်ကိုင်နေသည်ဟု ခံစားမိမှ နိုးလာခဲ့သည်။ နာကျင်မှုက သူမတစ်ကိုယ်လုံး ပျံနှံ့ သွားပြီး သူမ၏ နဖူးကြုံလိုက် ပြီး မျက်လုံးဖွင့်လိုက်သည်။ထိုအချိန်တွင် လူဂျင်နန်သည် ဝက်ဝံရုပ်ဘေးတွင် ထိုင်ကာ သူမအေးစက်စက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ငါအိပ်ပျော်နေတဲ့အချိန် သွေးဆောင်ဖြားယောင်ဖို့ ကြိုးစားနေတာလား" ဟုသူက အော်လိုက်သည်။
ချောင်အင်ဟောင်သည် အိပ်ချင်စိတ်တို့ပျောက်ကွယ် သွားပြီး သိချင်စိတ်နှင့်ကြည့်မိလိုက်သည်။သူမသည် ဝက်ဝံရုပ်ကိုကျော်ပြီး လူဂျင်နန်၏ ဘေးတွင် မသိလိုက်လဲ ရောက်ရှိနေသည်ကို သဘောပေါက်လိုက်သည်။
သူမသည်အလိုအလျောက်လက်ကို ပြန်ဆွဲရန်ကြိုးစားသော်လည်း လူဂျင်နန်က မလွတ်ပေးဘဲ ပိုမိုတင်းကြပ်စွာချုပ်ကိုင်ခဲ့သည်။ သူက"ဘာလဲ၊မင်းခန္ဓာကိုယ်ကိုရောင်းပြီးသွားပြီဆိုတော့ အခုက နောက်အခန်းကဏ္ဍတစ်ခုအတွက် ထပ်ရောင်းမလိုလား"။