Chereads / Bringing the nation's husband home (myanmar translate) / Chapter 14 - အခန်း(၁၃) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(3)

Chapter 14 - အခန်း(၁၃) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(3)

အခန်း(၁၃) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(3)

သူမသည် လူဂျင်နန်အား မှန်ထဲမှတစ်ဆင့် ထပ်မံ မကြည့် ဝံတော့ပါ၊ အဲ့ဒီအစား သူမသည် ထိုင်ခုံတွင် ဖြောင့်မတ်စွာထိုင်ပြီး စတင်ကာ လိုးရှင်းလူးခဲ့သည်။

ချောင်အင်ဟောင်သည် တကယ်လို့ လူဂျင်နန် နိုးလာခဲ့လျှင် သူပြန်လည် အိပ်ပျော်သည် အထိ ဖြေးညင်းစွာလိမ်းမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

သူမ၏မျက်နှာကို ဂရုတစိုက်လိမ်းခဲ့သည်။သူမလိမ်းပြီးသောအခါ လူဂျင်နန်အား မှန်ထဲမှ ကြည့်လိုက်ရာ သူသည် အိပ်ယာပေါ်လှဲလျောင်း လျက် ဖုန်းအားကြည့်နေသည်ကို တွေ့လိုက်ရသည်။သူမသည် ထိုင်ခုံမှထရပ်လိုက်ပြီး အိပ်ခန်းမီးအားပိတ်ရန် အခန်း နံရံဘေးသို့ တိတ်တဆိတ် သွားလိုက်သည်။ထို့နောက်သူမသည် ခြေလှမ်းကို ဖြေးညင်းစွာလှမ်းကာ အိပ်ယာနံဘေးသို့ ရောက်ရှိလာသည်။

အိပ်ယာပေါ်တတ်၍ လှဲလျောင်ရန် စောင်ကို ဆွဲမလိုက်သည် အချိန်တွင် တစ်စုံတစ်ခု ကိုအမှတ်ရပြီး အဝတ်လဲခန်း သို့ ထွက်သွားသည်။ အဝတ်လဲခန်းမှ ပြန်ထွက်လာသော အခါ လူတစ်ရပ်ခန့်ရှိသော ဝက်ဝံရုပ်ကို သယ်ဆောင်လာခဲ့သည်။

ချောင်အင်ဟောင်သည် ဝက်ဝံရုပ်ကြီးနှင့် အိပ်ယာသို့ ပြန်လာသည်။လူဂျင်နန်သည် သူမကို အေးစက်တောက်ပနေသော မျက်လုံးဖြင့်ကြည့်လိုက်ရာ ချောင်အင်ဟောင် ၏ နှလုံးသည် မထိန်းချုပ်နိုင်သည် အထိ ထိန့်လန့်တုန်လှုပ်သွားပြီး အသက်ကို မဝံ့မရဲရှူကာ ဝက်ဝံရုပ်ကို တင်းတင်း ဆုပ်ကိုင်၍ အိပ်ယာဘေးသို့ အလျင်အမြန်သွားခဲ့သည်။သူမနှင့် လူဂျင်နန်ကြားတွင်ဝက်ဝံရုပ်ကို ထားလိုက်ပြီးမှသာ အနားယူနိုင်ခဲ့သည်။

သူမသည် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး အိပ်ရာထဲတွင် သက်သောင့်သက်သာ ရှိသော အနေအထားနှင့်လှဲလျောင်းရန် ပြင်ဆင်လိုက်သည်။ သူမနှင့်လူဂျင်နန် နှစ်ကြိမ် အတူအိပ်ပြီးနောက် သူမသည် ဤဝက်ဝံရုပ်ကို ဝယ်ယူခဲ့သည်။

သူမသည် လူဂျင်နန်နှင့် နီးကပ်သည် အချိန်တိုင်း သူမ၏ ရဲ့နှလုံးက မြန်ဆန်စွာ ခုန်လာပြီး စိတ်လှုပ်ရှားမှုနှင့် စိုးရိပ်စိတ်တို့ဖြစ်ပေါ်လာသည်။ သူမစတင်အိပ်သည့် အချိန်တွင် ကိုယ်အနေအထားတင်းကျပ်ခဲ့သော်လည်း သူမအိပ်ပျော်ပြီးနောက် သူမကိုယ်ဟန်နေအထားသည် မြက်ပင်ကဲ့သို့ ဖြစ်လာသည်။သတိမထားမိသည့် အချိန်တွင် သူမသည် လူဂျင်နန်နှင့် ထိမိခဲ့သည်။ထိုညတွင်ပင် သူသည် သူမကို ရန်လိုစွာမောင်းထုတ်ခဲ့သည်။ ဒုတိယညတွင်လည်း သူမအိပ်ရာ ပေါ်မတတ်ရသေးခင် ပင် မောင်းထုတ်ခြင်းခံခဲရသည်။

ထိုည ပြီးနောက် သူမသည် သူ၏ စိတ်သဘောထား ကို သဘောပေါက်လိုက်သည်။သူမသည် မရည်ရွယ်ဘဲ သူနှင့် ထိတွေ့မှုကို ရှောင်းရှားနိုင်ရန် အတွက် နောက်တစ်နေ့တွင် ၁.၈ မီတာရှိသော ဝက်ဝံရုပ်ကို ဝယ်ယူခဲ့သည်။နောက် တစ်ည အတူအိပ်သောအခါ မရည်ရွယ်ဘဲ မထိမိစေရန်အတွက် သူမနှင့် သူ ကြားတွင် ဝက်ဝံရုပ်ကိုထားခဲ့သည်။

အိပ်ခန်းရဲ့ မီးရောင်က မှေးမှိန်ပြီး လူတစ်ယောက်ကို အမြင်အာရုံ ကိုမှုန်ဝါးစေပြီး တိတ်ဆိတ်နေသော အခန်းက အကြားအာရုံကိုပိုမို ကောင်းမွန်လာစေသည်။

ချောင်အင်ဟောင်သည် ဝက်ဝံရုပ် တခြားဘက်၌ အိပ်ခဲ့သည်။ သိုသော် သူမ အိပ်မပျော်ခဲ့ပါ။ လူဂျင်နန်မှ ထွက်လာသော လတ်ဆတ်သော ရနံက သူမရင်ကို အခုန်မြန်စေခဲ့သည်။

Latest chapters

Related Books

Popular novel hashtag