အခန်း(၁၁) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(1)
ချောင်အင်ဟောင် သည် ဆိုဖာမှ မထမီ မိမိကိုယ် တည်ငြိမ်စေရန် စောင့်ဆိုင်းခဲ့သည်။ထို့နောက် အဝတ်အစား တစ်စုံကို ထုတ်ယူကာ ရေချိုး ခန်းဆီသို သွားခဲ့သည်။ရေချိုးခန်းအတွင်း ရှိမှန်တင်ခုံရှေ့တွင် ရပ်ကာ လိမ်းထားသော မိတ်ကပ်များ ကိုဖျက်လိုက်သည်။သွားတိုက်တံပေါ်တွင် သွားသန့်ဆေးကို ညှစ်ထည့်လိုက်ပြီး သွားတိုက်တော့မည့် အချိန်တွင် ရေချိုးခန်း အပြင်ဘက်ဆီမှ ခြေသံကို ကြားလိုက်ရသည်။
သူမခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး လက်ထဲရှိ သွားတိုက်တံကို တင်းကြပ်စွာ ဆုတ်ကိုင်ထားမိလိုက်သည်။ ရေချိုးခန်း ထဲတွင် အတန်ကြာ ရပ်နေပြီးနောက် အားတင်းကာ ရေချိုးခန်းတံခါးကို ဆွဲဖွင့် ၍ အပြင်ဘက်သို့ ကြည်လိုက်ရာ ဆိုဖာခုံပေါ်တွင် ထိုင်နေသော လူဂျင်နန် အားတွေ့လိုက်ရသည်။
သူပြန်လာ ၊ မလာကို မသိသောကြောင့် ချောင်အင်ဟောင် သည် တစ်ညလုံး စိတ်မသက်မသာ ခံစားနေရပြီး ညတစ်နာရီကျော် ပြန်လာဖို့ အချိန်ကျော်လွန်မှသာ စိတ်လျှော့နိင်ခဲ့သည်။ယခုအခါ ရုတ်တရတ် ပြန်ရောက်လာမည် မထင်ထားမိသောကြောင့် ချောင်အင်ဟောင်သည် သူနှင့် မျက်နှာချင်း ဆိုင်ရန် မိမိစိတ်ကို ပြင်ဆင်မထားမိခဲ့ပါ။သူမရဲ့ နှလုံးသားတစ်ခုလုံး တုန်ခါနေပြီး ကြောက်ရွှံမှုနှင့် စိုရိမ်ပူပန်မှုတို့ က သူမပေါ် လွှမ်းမိုးလာခဲ့သည်။
ရေချိုးခန်းတံခါး ဖွင့်သံ ကြားလိုက်ရသောလူဂျင်နန်သည် ခေါင်းကို စောင်းကာ ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ချောင်အင်ဟောင် အားကြည့်လိုက်သည်။
သူ၏ အကြည့်ကိုမြင်တွေလိုက်ရသော ချောင်အင်ဟောင်သည် သူမရင်ထဲတွင် တုန်လှုပ်သွားကာ ခေါင်းကို ငုံလိုက်မိသည်။သူမသည် သူမပြောမည် စကားကိုလျစ်လျူရှုခံရမည် ကိုသိသော်လည်း သူမက" မင်းပြန်လာပြီ" ဟု နွေထွေးစွာ ပြောလိုက်သည်။
သူမ သူနှင့် မတွေ့ဆုံချင်ခဲ့ပါ။
လူဂျင်နန်သည် နှုတ်ခမ်းကို စေ့ကာ အေးခဲနေသော မျက်လုံး တစ်စုံဖြင့် သူမအား တစ်ချက် ကြည့်လိုက်သည်။ချောင်အင်ဟောင် ပြောသောစကား ကို လျစ်လျူရှု ပြီး သူ၏ ဝတ်စုံကို ချွတ်ရန်အတွက် လက်ကို မြှောက်လိုက်သည်။
လူဂျင်နန်သည် ချောင်အင်ဟောင်အား အမြဲလျစ်လျူရှု သော်လည်း သည်တစ်ကြိမ်တွင်မူ လွန်ခဲ့သော သုံးလက အဖြစ်အပျက်များ ကြောင့် သူဆီမှ အေးစက်မှုများ ပိုမိုထွက်ပေါ်လာသည်ဟု ခံစားမိသည်။သူမ၏ စိုးရိမ်ပူပန်မူတို့ ကလည်း တဖြည်းဖြည်း ပိုမို ကြီးထွာလာပြီး ဖိအားကို မခံနိုင်သည် အဆုံးတွင် သူမ၏ သွားတိုက်တံကို တင်းတင်း ဆုတ်ကိုင်ကာ သူဆီမှလွတ်မြောက်ရန် အကြောင်ပြချက်ဖြင့် သူမက " ငါရေချိုးသင့် နေပြီ၊ငါရေသွားချိုးတော့မယ်" ဟု ပြောလိုက်သည်။
လူဂျင်နန်သည် ချောင်အင်ဟောင် အားပြန်လည် မတုန်ပြန်ဘဲ သူ၏ဝတ်စုံကို ချွတ်ကာ ဆိုဖာပေါ် ပစ်တင်လိုက်ပြီး အခန်းထဲမှထွက်ခွာသွားခဲ့သည်။
လူဂျင်နန်ထွက်ခွာပြီး မကြာခင်မှာပင် ချောင်အင်ဟောင် လည်း ပြန်လည်သတိရကာ မျက်လုံးကို တင်းကြပ်စွာမှိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ရေချိုးခန်းသို့ ဉီး တည်သွားခဲ့သည်။
အကယ်၍သူမတတ်နိုင်မည်ဆိုပါက လူဂျင်နန် မင်းရှူး ဥယျာဉ်မှ ထွက်ခွာသည်အထိ ရေချိုးခန်းတွင် ပုန်းအောင်းနေချင်မိသည်။ သိုသော်လည်း သူမထွက်လာခဲ့သည်။
သူမရေချိုးခန်းတံခါးကို ဖွင့်လိုက်သော အချိန်တွင် လူဂျင်နန်၏ ပုံရိပ်သည် သူမမျက်လုံးထဲတွင် ပေါ်လာခဲ့သည်။သူသည် ရေချိုးထားပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီး အိပ်ယာပေါ်တွင် မျက်လုံးကိုမှိတ် လှဲလျောင်းကာ အနားယူနေသည်။