အခန်း(၁၂) ချစ်ခြင်းမေတ္တာဆိုင်ရာ လုပ်ရပ်ငယ်များ(2)
ချောင်အင်ဟောင်သည် မိမိ၏ အကြည့်ကို ရှောင်ရှားခဲ့ပြီး ခေါင်းကိုငုံကာ မှန်တင်ခုံရှေ့သို့လျှောက်လှမ်းသွားသည်။
မှန်တင်ခုံသည် အိပ်ယာ၏ မျက်နှာချင်းဆိုင် တွင်ရှိသည်။ချောင်အင်ဟောင်သည် မှန်ထဲတွင်ပေါ်နေသော လူဂျင်နန်ကို ခိုးကြည့်နေမိသည်။အစတွင်မူ ချောင်အင်ဟောင်သည် ခဏသာ အလျင်အမြန်ကြည့်သော်လည်း လူဂျင်နန်သည် တစ်ကြိမ်မှ မျက်လုံးမဖွင့့််ဘဲ အိပ်ပျော်နေကြောင်း သိလိုက်သော အခါ ရဲတင်းစွာ ကြည့်မိသည်။
ချောင်အင်ဟောင်၏ စိတ်ထဲတွင် လူဂျင်နန်၏ ပုံရိပ်ကို စွဲမြဲစွာ ပုံနိပ်ထားသည်။သူမမျက်လုံး ပိတ်ထားခဲ့ရင်တောင် သူ၏မျက်နှာ အသေးစိတ် ကိုမှတ်မိနေသည်။လွန်ခဲ့သော ၁၃ နှစ်မှ စ၍ သူ၏ မျက်နှာကို ကြည်တိုင်း လိပ်ပြာ မလုံခြင်း တစ်ခါမှ မဖြစ်ပေါ်ခဲ့ပါ။
အိပ်ပျော်နေသော လူဂျင်နန်၏ မျက်နှာသည် အေးစက်မှုတို့ လျှော့နည်း သွားဟန်ရှိသည်။သူဆီမှ အေးဆက်နေသော အော်ရာထုတ်လွှင့်မှု လည်းရပ်တန့် နေပြီး ကြည်ရသည်မှာ နူညံသိမ်မွေ့ နေသည်။
လူဂျင်နန်ကိုငေးကြည့် နေမိသော ချောင်အင်ဟောင်သည် မိန်းမောတွေဝေ သွားပြီး လက်ထဲတွင်ကိုင်ထားသော လိုးရှင်း ဘူးသည် အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ဒါဟာသူမရဲ့ တစ်ဖက်သတ် ချစ်ခြင်းဆိုရင်တောင်မှ သူ၏ မျက်နှာကို ယခုလို ကြည့်ရှုနေခြင်းက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရှိ ဆဲလ်များအားလုံးကို ပျော်ရွှင်မှုနှင့် နွေးထွေးမှု ကို ဖြစ်ပေါ်စေသည်။
အကယ်၍ သူ၏မျက်လုံးများဖွင့်နေမည်ဆိုပါက ချောင်အင်ဟောင်သည် ယခုကဲ့သို့ ဘယ်တော့မှ မကြည့်ရဲပါ။သူမသည် သူ၏ ငြိမ်သက်နေသော မျက်နှာကို ငေးကြည့် နေမိရင် သူမ၏ စဉ်းစားနိုင်စွမ်းတို့ ပျောက်ဆုံးသွားပြီး လူဂျင်နန် အပေါ်ထားရှိသော သူမ၏ ခံစားချက်များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
သူ၏ နူးညံနေသော ပုံစံကို ငေးကြည်နေမိရင် ချောင်အင်ဟောင် ၏ စိတ်တို့သည်လည်း ပျော့ပြောင်းလာခဲ့ကာစိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ မှန်၌ ပေါ်နေသော လူဂျင်နန်၏ မျက်နှာကို ထိတွေ့မိလိုက်သည်။သူ၏လက်ချောင်းများသည် နှာတံပေါ်မှ ရွှေလျားသွားပြီး နှုတ်ခမ်းဆီသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။
လွန်ခဲ့သော သုံးလက ထိုနှုတ်ခမ်း ကိုနမ်းခဲ့စဉ်က ခံစားရသော ခံစားချက်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။သုံးလ ကြာမြင့်ခဲ့ ပြီဖြစ်သော်လည်း သူ၏နွေးထွေးသော နှုတ်ခမ်းကို' မှတ်မိနေသေးသည်။
ချောင်အင်ဟောင်၏ နှလုံးခုန်နှုန်းသည် ပိုမို မြန်ဆန်လာပြီး သူမ၏ လက်ချောင်းများကလည်း မှန်တွင်ပေါ်နေသော လူဂျင်နန်၏ နှုတ်ခမ်း ကို အဆက်မပြတ်ထိတွေ့ နေမိသည်။
သူမသည် သူမ၏ တစ်ဖက်သတ် ချစ်ခြင်းမေတ္တာနှင့် သူမ၏ ကိုယ်ပိုင်အတွေးများတွင် နှစ်မျောနေသည့် အချိန်တွင် ဖုန်းမှ မက်ဆေ့ဝင်လာကြောင်း အသိပေးသံ ထွက်ပေါ်လာသည်။
လူဂျင်နန်၏ နဖူး သည် အနည်းငယ်တွန့်သွားပြီး ဖုန်းသံကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားပုံရသည်။ချောင်အင်ဟောင်လည်း ဖုန်းသံကြောင့် တုန်လှုပ်သွားပြီး သူ၏ လက်ကို အလိုလို ရုပ်ကာ အစောက ပြုတ်ကျသွားသောလိုးရှင်းဘူး ကို ကောက်ယူလိုက်သည်။