Chereads / Bringing the nation's husband home (myanmar translate) / Chapter 11 - အခန်း(၁၀) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၁၀)

Chapter 11 - အခန်း(၁၀) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၁၀)

အခန်း(၁၀) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၁၀)

"မစ္စတာလူ နောက်နှစ်နာရီအကြာမှာလေယာဉ်က ထွက်ခွာမှာ။ ကျွန်တော်တို့ အမြန်သွားဖို့လိုတယ်"

လက်ထောက်ကသူ၏ ဝါကျမပြီးဆုံးမီပင် လူဂျင်နန်က "အနီးဆုံး အငှားယာဉ်နဲ့ ထွက်သွားလိုက်ပါ"

"ဟမ်" အဆိုပါလက်ထောက်သည်ထိန့်လန့်သွားပြီး ပြန်လည်မေးမြန်တော့မည် အပြု လူဂျင်နန်က" ငါဒီနေ့ ရောမမြို့ကို မသွားတော့ဘူး ၊မနက်ဖြန် မနက်ကိုပြောင်းလိုက်ပြီ" ဟုပြောလိုက်သည်။

သူ့လက်ထောက်ထွက်သွားသည်နှင့် တပြိုင်နက် လူဂျင်နန်သည် ယာဉ်မောင်းထိုင်ခုံသို့ ပြောင်းလိုက်သည်။လူဂျင်နန်သည် ကားလက်ကိုင်ကို ကိုင်ကာ သော့ကိုလှည်လိုက်ပြီး စက်စတင်နိုးကား မြိုလယ်ခေါင်၌ စတင်မောင်းနင်ခဲ့သည်။

'To the End of time' အတွက်ကျင်းပသော ညစာစားပွဲအပြီးတွင် ဇောင်မင်းသည် ချောင်အင်ဟောင်အား မင်းရှူး ဥယျာဉ်သို့မောင်းပို့ခဲ့သည်။

ထိုနေရာသည် တောင်များဝိုင်ရံထားပြီး ဘေဂျင်းရှိ ဂုဏ်သတင်းကြီးမားသော ခရိုင်တစ်ခုဖြစ်သည်။မြေတစ်လက်မတိုင်းသည် အကုန်အကျများပြီး အလွန်အဖိုးတန်သည်။လူဂျင်နန်နှင့် ချောင်အင်ဟောင်တို့၏ နေအိမ်သည် ထိုနေရာတွင် တည်ဆောက်ထားသည်။

ဇောင်မင်းသည် သူမ၏ ကားကို ဝင်ပေါက်ရှေ့တွင်ရပ်လိုက်သည်။ လမ်းဘေးရှိဖုန်များ သည်မိုးရွာသွန်းမှုကြောင့် ရှင်းလင်းသွားပြီး မိုးသည်လည်းရပ်တန့်သွားသည်။အဝါရောင်မီးတိုင်များမှအလင်းသည် လမ်းပေါ်မှရေအိုင်သို့ရောက်ရှိလာသောကြောင့် လမ်းမတစ်ခုလုံးသည် ရောင်ပြန်ဟပ်နေသည်။

ချောင်အင်ဟောင်သည် နှုတ်ဆက်စကားပြောပြီးနောက် အိတ်ထဲမှ ဝင်ပေါက်တံခါးသော့ကိုရှာဖွေနေစဉ်ဇောင်မင်းသည် ထွက်ခွာသွားခဲ့သည်။

အစောပိုင်းမိုးရွာသွန်းပြီးနောက် ပန်ခြံအတွင်းရှိ ဖူးပွင့်နေသော ပန်းများအားလုံး၏ အမွှေးရနံများသည် သင်းပျံလိုနေသည်။

ဝင်ပေါက်နှင့် ဗီလာ သည် မဝေးသောကြောင့် ချောင်အင်ဟောင်သည် လမ်းလျှောက်သွားခဲ့သည်။

'လူဂျင်နန်သည် ရောမမြို့မှပြန်ရောက်လာပြီဖြစ်သောကြောင့် သူသည်ည ပြန်လာမှာလား ဒါမှမဟုတ်သူဗီလာထဲမှာရောက်နှင့်နေပြီလား' ဟုတွေးတောနေမိသည်။

လွန်ခဲ့တဲ့ သုံးလက အဖြစ်အပျက်ပြီးနောက် ချောင်အင်ဟောင်သည် သူနှင့်မျက်နှာချင်းမဆိုင်ရဲပါ။သူနှင့်တွေ့ဆုံရန် စဉ်စားမိခြင်းက သူမကို ကြောက်ရွံ့မှုနှင့် တုန်လှုပ်စေသည်။

ချောင်အင်ဟောင်သည် အိမ်တံခါးဝတွင်ရပ်၍ မျက်စိကိုမှိတ်ကာ တံခါးသော့မဖွင့်မီ အသက်ပြင်းပြင်း ရှူလိုက်သည်။အချိန်ပိုင်းအလုပ်သမား နှစ်ဉီးမှလွဲ၍ အခြားအလုပ်သမားများ မရှိသဖြင့် ဗီလာတစ်ခုလုံး အလွန်တိတ်ဆိတ်နေသည်။

သူမသည်ဝင်ပေါက်တွင်ရပ်ကာ ဧည့်ခန်းတွင်းသို့ ကြည့်လိုက်သည်၊ အထဲတွင် မည်သူမှ မရှိကြောင်း အတည်ပြုပြီးမှ သူမသည် အိမ်စီးဖိနပ်ကိုဝတ်ဆင်ကာ အပေါ်ထပ်သို့ ဖြေညင်းစွာ တတ်သွားလိုက်သည်။အပေါ်ထပ်တွင်လည်း ဘယ်သူမှမရှိကြောင်းသေချာမှ သူမအတွင်း၌သက်ပြင်းချကာ အနားယူနိင်တော့သည်။

'သူဟာဗီလာမှာမရှိခဲ့ဘူး၊ဒါပေမယ့် ဒီညပြန်လာမှာလား'

သူတို့လက်ထပ်ပြီး သုံးလအတွင်း လူဂျင်နန်သည် မင်းရှူးဥယာဉ်သို့ ပြန်လာရန် အချိန်သတ်သတ်မှတ်မှတ် မရှိခဲ့သော်လည်း တစ်ခါမှ မနက် တစ်နာရီထက် နောက်မကျခဲ့ပါ။

'အခု ည ၁၂နာရီ ရှိပြီ၊ဒါကြောင့် နောက်တစ်နာရီနေလို့မှ ပြန်မလာရင် သူဒီည ပြန်လာမှာမဟုတ်ဘူးလို့ ထင်တယ်။'

အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားပြီး ချောင်အင်ဟောင်၏ စိတ်နှလုံးသည်လည်း မသက်မသာခံစားနေရသည်။မနက်တစ်နာရီရောက် မှသာ သူမ၏ တင်းမာနေသော ခန္ဓာကိုယ်ကို ဖြေလျော့ပေးခဲ့သည်။သူမသည် တစ်နေ့လုံးဖိအားများခဲ့ပြီး ပင်ပန်းနွမ်းနယ်ကာ ယခုအခါမှသာ ဆိုဖာပေါ်တွင်ထိုင်ကာ အနားယူနိုင်ခဲ့သည်။

"နံနက် ၁ နာရီကျော်ပြီ၊ဒီည သူပြန်လာမှာမဟုတ်ဘူး"

Latest chapters

Related Books

Popular novel hashtag