အခန်း(၉) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၉)
လူဂျင်နန်ဆီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာပြီးနောက် သူ၏ လက်ထောက်သည် အသေးငယ်ဆုံးသောအသုံးအနှုန်းများ ပေါ်တွင် အခြေခံ၍ သူ၏ ခံစားချက်များကို အလွယ်တကူ ဆုံးဖြတ်နိုင်သည်။
သူ၏နှုတ်ခမ်းများတင်းတင်းစေ့ထားသည့် အချိန်တွင် သူ၏ စိတ်အခြေအနေသည် အကောင်းဆုံး အနေအထားတွင် ရှိမနေပါ။
'သူ ညစာ စားနေတုန်းက အဆင်ပြေနေပါသေးတယ်၊အခုဘဲ တစ်ခုခုဖြစ်ပျက်ခဲ့တာလား' ဟုတွေးလိုက်သည်။
သူ၌ သံသယ များစွာရှိသော်လည်း ၎င်းကိုမေးမြန်းရန် သတ္တိမရှိခဲ့ပါ။ လက်ထောက်က " မစ္စတာလူ လေဆိပ်ကို တိုက်ရိုက်သွားချင်ပါ သလား"။
လူဂျင်နန်သည် ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါ။ကားတစ်စီးလုံး တိတ်ဆိတ် သွားလေသည်။
လူဂျင်နန်၏ အကျင့်စရိုက်သည် အေးစက်ပြီး အခြားသူ များက အလွယ်တကူ မချဉ်းကပ်နိုင်ပါ။ယခုအခါ သူဆီမှ အေးစက်သောလေထု ထွက်ပေါ်လာပြီး ကားအတွင်းရှိလေထုသည် ဖိနိပ်ချုပ်ခြယ်မှုနှင့် ပြည့်နှက်လာသည်။
လက်ထောက်သည် စိုးရိမ်စိတ်များဖြင့် လမ်းကိုသာအားရုံစိုက်ပြီး ရှေ့သို့ ဆက်လက်မောင်းနှင်နေခဲ့သည်။ကားသည် ဒုတိယ လမ်းကြောင်းမှ တတိယလမ်းကြောင်းသို့ ရောက်သောအခါ ကြည်လင်နေသော ရာသီဥတုသည် ရုတ်တရတ်ပြောင်းလဲသွားသည်။
လက်ထောက်သည် ကားအတွင်းရှိလေထုကို သက်သာစေရန် "မိုးရွာနေတယ်" ဟုပြောလိုက်သည်။ပြောပြီးသည်နှင့် မိုးသည် ပိုမိုသည်းထန်စွာ ရွာသွန်းလာပြီး ကားခေါင်မိုးအပေါ်မှ စည်းချက်သံများထွက်ပေါ်လာသည်။
လူဂျင်နန်သည် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။ဒုတိယအကြိမ်ငြင်းခံ လိုက်ရပြီးနောက် လက်ထောက်သည်လည်း ပါးစပ်ပိတ်လိုက် သည်။
သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ရှေ့ မှမြင်ကွင်းကို မှုန်းဝါးသွားစေပြီး ကားအရှိန်ကို နှေးကွေးသွားစေသည်။ကားသည် လေဆိပ်သိုရောက်ခါနီး တွင် လူဂျင်နန်က "ကားကိုရပ်လိုက်ပါ" ဟုရုတ်တရက်ပြောလာသည်။
သူ၏အသံသည် မကျယ်သော်လည်း လက်ထောက်ကြားစေရန်လုံလောက်သည်။ လက်ထောက်သည် ချက်ချင်းဘဲ ဘရိတ်ကိုနင်း လိုက်ပြီး ကားကိုရပ်တန့်လိုက်သည်။
လက်ထောက်က လူဂျင်နန်ဆီသို့ လှည်ကာ" မစ္စတာ လူ တစ်ခုခုဖြစ်လို့လား"။
လူဂျင်နန်သည် တိတ်ဆိတ်စွာ နေပြီး မျက်လုံးနှစ်လုံးက ယူနီဖောင်း ဝတ်ဆင်ထားသော ကျောင်းသားနှစ်ဉီး ကို ကားမှန်ပြတင်ပေါက်မှတဆင့်ကြည့်နေသည်။ကောင်လေးနှင့် ကောင်မလေး သည် မိုးရွာထဲတွင် အလျင်အမြန်ပြေးလာကြပြီး အဆောက်အအုံတစ်ခုအောက်တွင် မိုးဝင်ခိုကြသည်။ နှစ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ဉီးသည် တက္ကစီတစ်စီးနှင့် ထွက်ခွာသွားကြသော်လည်း လူဂျင်နန်၏ အကြည့်မှာအဆောက်အဉီး အောက်နေရာကို စွဲမြဲနေခဲ့သည်။
လက်ထောက်လည်းရှုတ်ထွေးသွားခဲ့သည်။"မစ္စတာ လူ " လက်ထောက်သည်ထပ်မံမေးမြန်းခဲ့သည်။
သို့တိုင် လူဂျင်နန်သည် တိတ်ဆိတ်လျက်ရှိနေသည်။သူသည် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာမှ အကြောင်းအရာများကို ပြန်လည် အမှတ်ရနေပုံပေါ်သည်။ထိုနေ့တွင် မိုးသည်းထန်စွာရွားသွန်ပြီး သူနှင့် ချောင်အင်ဟောင်သည် အမိုးအကာအတွက် အဆောက်အအုံဟောင်း တစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။ဤသည်မှာ သူတို့နှစ်ဉီး ပထမအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။သူတို့နှစ်ဉီးလုံးသည် မည်သည်စကားမှမပြောဆိုခဲ့ကြသော်လည်း သူတို့၏ ကျောင်းယူနီဖောင်းများသည် ကျောင်းတစ်ခုတည်းမှဖြစ်သောကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။
"မစ္စတာ လူ"
အချိန်ကြာမြင့်စွာ ကုန်ဆုံးပြီးနောက် လက်ထောက် ၏ အသံသည်ပြန်လည် ထွက်ပေါ်လာသည်။လူဂျင်နန်၏ နဖူးသည် အနည်းငယ်လှုပ်ခါသွားပြီး ခေါင်းကိုလှည်လိုက်သည်။သူ၏နက်ရှိုင်းသော မျက်လုံးများသည် အေးဆေးတည်ငြိမ်ပြီး စိတ်လှုပ်ရှားမှုကင်းမဲ့နေသည်။