Chereads / Bringing the nation's husband home (myanmar translate) / Chapter 9 - အခန်း(၈) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၈)

Chapter 9 - အခန်း(၈) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၈)

အခန်း(၈) Nation's Husband ကို အိမ်သို့ ယူလာခြင်း(၈)

"ဘာ သုံးလ" ချောင်အင်ဟောင်၏ စကားများက ဇောင်မင်း ကိုအံအားသင့် စေခဲ့သည်။"ချောင်အင်ဟောင် မင်းကသူဇနီးလား သူအမြှောင်မယားလား ၊ မဟုတ်ဘူး၊ မင်းရဲ့အခြေအနေက အမြှောင်မယားထက် ပိုဆိုးတယ်၊အမြှောင်မယားတောင် မိန်းမတစ်ယောက်ရဲ့ အကျိုးခံစားခွင့်ကို ရသေးတယ်၊ အခုမင်းဘာတွေရခဲ့လည်း၊ဂဏန်း ၅ လုံးထက်မပိုတဲ့ဟာလား၊

သူရဲ့ အခွင့်အာဏာနဲ့ 'TO the End of the Time' ဇာတ်ကားအတွက် သရုပ်ဆောင်နေရာတစ်ခုလား"။

ချောင်အင်ဟောင်သည် တိတ်ဆိတ်စွာနေခဲ့သည်။ ဇောင်မင်း၏ ကြမ်းတမ်းသောစကားများက သူမ၏ ရင်ကို ခါးသီးစေခဲ့သည်။အမှန်တိုင်းပြောရရင်သူမရဲ့ အခြေအနေက အမြှောင်မယားထက်ပိုဆိုးတယ်၊အနည်းဆုံး အမြှောင်မယားသည် ယောင်္ကျားနှင့် ပျော်ရွှင်စွာ အတူအိပ်ပျော်ကြသော်လည်း သူမ မှာမူ သူနှင့် အတူအိပ်ပျော်ပြီးနောက် သူကိုဒေါသထွက်စေခဲ့သည်။

ချောင်အင်ဟောင်သည် ကော်ဖီကိုသောက်လိုက်ပြီး သူမ၏ ခါးသီးသော စိတ်ကိုမျှောချလိုက်သည်။သူမသည် အခြားသူ တစ်ယောက်အကြောင်းပြောဆိုနေသကဲ့သို့ အေးဆေးစွာဖြင့်" ငါတို့ လက်ထပ်ဖို့ အတင်းအကြပ်စေခိုင်းခံရတယ်ဆိုတာ မင်းသိသင့်တယ်"ဟုဖြေလိုက်သည်။

ဇောင်မင်းနှင့်ချောင်အင်ဟောင် တို့သည်ငယ်စဉ်ကတည်းက သိကျွှမ်းခဲ့ကြပြီး စိတ်ဝင်စားမှု နှင့် ဝါသနာ မတူညီကြသော်လည်းတစ်ဉီးနှင့်တစ်ဉီး ရင်နှီးသော ဆက်ဆံရေးရှိကြသည်။ထိုကြောင့် ဇောင်မင်း သည် ချောင်အင်ဟောင်နှင့် ပတ်သတ်သော ကိစ္စရပ် များကိုသိရှိနားလည်ထားသည်။သူမသည် တိတ်ဆိတ်စွာဖြင့် အေးဆေးစွာနေနိုင်သော ချောင်အင်ဟောင်အား ငေးကြည့်နေမိသည်။နောက်ဆုံးတွင်သူမသည် အသက်ပြင်းပြင်း ရှူကာ "ချောင်ချောင် ၊အလယ်တန်း နဲ့ အထက်တန်းတုန်းက သူနဲ့ စကားပြောဆိုနိုင်တဲ့ မိန်းကလေး အနည်းငယ်သာ ရှိပေမယ့် မင်းကသူတို့ထဲက တစ်ယောက်ပါ ၊ သူက မင်းကိုကောင်းမွန်စွာ ဂရုစိုက်ခဲ့တယ်၊ အားလပ်ချိန်တွေမှာလည်း မင်းနဲ့အတူကစားဖို့ ထွက်ခွာခဲ့တယ် ။ဘာကြောင့် ကောလိပ်တတ်တော့ သူနဲ့ ရုတ်တရတ် အဆက်အသွယ် ရပ်တန့်သွားတာလဲ၊ ဘာကြောင့် တစ်ခါမှ မတွေ့ဘူးတဲ့ တစ်စိမ်းတစ်ယောက်လို ဆက်ဆံခဲ့တာလဲ၊ အကြိမ်ပေါင်းများစွာသူက သူရဲ့စကားကိုအလေးအနက်မထားဘဲ စိတ်မရှည်သလို ဆက်ဆံရတာလဲ။ဘာတွေအတိအကျ ဖြစ်ပျက်ခဲ့ကြတာလဲ"။

'ဘာတွေဖြစ်ပျက်ခဲ့တာလဲ'ချောင်အင်ဟောင်စိတ်ထဲ မေးမိလိုက်သည်။သူမလက်ထဲတွင် ကိုင်ထားသောကော်ဖီခွက်ကို ဖြေးညင်းစွာ လှုပ်ခါပြီး မသောက်မီကြာမြင့်စွာစိုက်ကြည်မိသည်။ ထိုနောက် ဖြေးညင်းစွာဖြင့်"ငါလည်းသည်တစ်လျှောက်လုံး အဲ့ဒီနှစ် ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာ အတိအကျ သိချင်နေခဲ့တာ"လို့ တိုးတိုးလေး ပြောလိုက်သည်။

လူဂျင်နန်သည် ဂျင်ချန်ဟိုတယ် မှ ထွက်ခွာလာချိန်တွင် သူ၏လက်ထောက်သည် ဟိုတယ်ရှေ့တွင် ကားကို အသင့် ရပ်ထားပြီးဖြစ်သည်။ သူ၏လက်ထောက်သည် သူကိုမြင်လိုက်သည်နှင့်ချက်ခြင်း ကားထဲမှထွက်လာပြီး တံခါးဖွင့်လိုက်သည်။

လူဂျင်နန်သည် မည်သည်စကားမှမဆိုဘဲ ကားထဲချက်ခြင်းဝင်ထိုင်လိုက်သည် ။သူ၏လက်ထောက်သည် ကားတံခါးပိတ်ချိန်တွင်သူ၏ အမူအရာကို အကဲခတ်လိုက်ရာလူဂျင်နန်၏ မျက်နှာမှာ တင်းမာနေပြီး မျက်ခုံးများသည်လည်း မျဉ်းဖြောင့် တစ်ကြောင်းကဲ့သို့ ဆုံနေကြောင်းတွေ့လိုက်ရသည်။လက်ထောက်သည် သူကို ထိုကဲ့သို့သော အမူအယာဖြင့် မျှော်လင့် မထားခဲ့ပါ၊ သူသည်ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်တံခါးကို အလျင်အမြန် ပိတ်ကာ ကားအားချက်ချင်းစတင်နိုးလိုက်သည်။

Latest chapters

Related Books

Popular novel hashtag