အခန်း(၇) Nation's Husband ကို အိမ်သို့ယူလာခြင်း (၇)
"မယုံနိုင်စရာကောင်းသောအချက်မှာ ဟွမ်ရင် ဖျော်ဖြေရေးကုမ္ပဏီဟာ ပြဿနာပေါင်းစုံနှင့် ကြုံတွေ့နေရပြီး ဒေဝါလီ ခံရခါနီး အချိန်တွင် သူစုဆောင်းထားသမျှ အရာအားလုံးနဲ့ ဝယ်ယူခဲ့တယ်။လူတိုင်းက သူနှင့် အတူကုမ္ပဏီ ပြီးဆုံးလိမ့်မည်ဟု ထင်ခဲ့ ကြသော်လည်း ၃ နှစ်အကြာတွင် ဟွမ်ရင်ကို အမြင့်ဆုံးသို့ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။အခုအခါ ဟွမ်ရင်သည် တိုင်းပြည်၏ အကြီးမားဆုံး ဖျော်ဖြေရေးကုမ္ပဏီထဲက တစ်ခုဖြစ်လာပြီ။"
"ဒါပေမယ့် သူမှာက သီးသန့်ဆန်တဲ့ ကိုယ်ရေကိုယ်သွေး ရှိပြီး အခြားသူများနှင့် ဝေးကွာစေသည်။သူကအခြားသူများနှင့် အပြန်အလှန်မဆက်ဆံချင်ဘူး။အရာရာတိုင်းကိုသူကိုယ်တိုင်သာလုပ်ချင်တယ်။ဒါပေမယ့် သူရဲ့အသွင်အပြင် ၊စွမ်းဆောင်ရည်နှင့် သရုပ်ဆောင်နိုင်စွမ်းအရ သူဟာထိပ်ဆုံးမှာရှိနေတယ်။ ဒါကြောင့်လူအများက သူကို ' Nation's Husband 'ဆိုတဲ့ခေါင်းစဉ်ကို ပေးအပ်ခဲ့ကြတယ်။ဒီ'Nation's Husband' ဟာ အဆုံးမှာဘယ်သူကိုလက်ထပ်မလဲဆိုတာသိချင်မိတယ်။"
"အခုမင်းပြောမှသတိထားမိတယ် သူအသက် ၁၈ နှစ်တုန်းက ပွဲဉီးစထွက်ခဲ့ပြီး အခုဆို အသက် ၂၈ နှစ် ရှိပြီ သူမိန်းမ မရသေးရင်တောင် ကောင်မလေးကတော့ ရှိသင့်တယ်။"
"ဟုတ်တယ် ၊အခုသူဘေးမှာ ရင်းနှီးတဲ့ကောင်မလေးတောင်မရှိဘူး ၊ဒါဟာတကယ်ထူးဆန်းတယ်၊ဒါမှမဟုတ်သူ မိန်းကလေးတွေကိုမကြိုက်တာလား မသိဘူး။"
သူတို့၏ အဆုံးမဲ့ဆွေးနွေးသံများက ဇောင်မင်း၏ သိလိုစိတ်ကို နိုးဆွပေးခဲ့သည်။သူမသည်ခေါင်းကိုမြှောက်ကာ သူမရှေ့တွင်ထိုင်နေသော ချောင်အင်ဟောင်အား "သူဘာလို ဘေဂျင်းကို ပြန်လာတာလဲ၊ သူ ရောမမှာ ဇာတ်ကားသစ်ရိုက်ကူးနေတာ မဟုတ်ဘူးလား" ဟုမေးမြန်လိုက်သည်။
သူတို့နှစ်ဉီး၏ အိမ်ထောင်ရေးကို လူမသိစေရန် လျှိုဝှက်ထားသော်လည်း သူမ၏ မန်နေဂျာလည်းဖြစ်သလို သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သောသူမအား ပြောပြထားခဲ့သည်။ထို့ကြောင့် ဇောင်မင်းက လူဂျင်နန်ဟု မဖော်ပြသော်လည်း သူအကြောင်းမေးမြန်နေသည်ကို ချက်ချင်းသဘောပေါက်လိုက်။သူမသည် ကော်ဖီကိုင်ထားသော လက်ကို ရပ်တန့်လိုက်ပြီး" ငါမသိဘူး"ဟု ရိုးရိုးသားသား ဖြေကာ ခေါင်းငုံလိုက်သည်။
"မင်းမသိဘူး" ဇောင်မင်းသည် သူမအား မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်မိလိုက်သည်။"ချောင်အင်ဟောင် မင်းကသူ့ဇနီလေ သူရောမက ပြန်လာမဲ့ အကြောင်း ဖုန်းမဆက်ဘူးလား"
"သူ မဆက်ဘူး" ဟု ခေါင်းကိုခါကာဖြေလိုက်သည်။
ထိုအချိန်မှ ဇောင်မင်းသည် လူဂျင်နန်ဝင်လာချိန်တွင် ချောင်အင်ဟောင်အား တချက်မှ ကြည့်မသွားကြောင်း သတိပြုမိလိုက်သည်။ အစက သူတို့နှစ်ဉီး လက်ထပ်မှုကိုဖုံး ကွယ်ရန် ဟန်ဆောင်နေခဲ့ကြသည်ဟု ထင်မိခဲ့သော်လည်း ယခုအခါ သူမထင်သည်မှာ မမှန်ကြောင်း သဘောပေါက်လိုက်သည်။ ဆက်လက်၍ ဇောင်မင်းက " မင်းနဲ့ မင်းယောင်္ကျားသည်လိုမျိုး သီးသန့် နေကြတာလား၊မင်းတို့ တစ်ယောက်နဲ့တစ်ယောက် စကားရောပြောဖြစ်ကြလား"။
ချောင်အင်ဟောင်သည် ပြန်လည်ဖြေဆိုခြင်းမရှိဘဲ ခေါင်းကိုသာငုံလိုက်သည်။သူနှင့်လူဂျင်နန်တို့သည် သီးသန့် မဆက်ဆံကြပါ….သူတို့လက်ထပ်ပြီး ၅ လသာ အတွင်း သုံးကြိမ်သာ စကားပြောဆိုခဲ့သည်။နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သော သုံးလက သူနှင့် လူဂျင်နန် တို့၏ ဆူပူမှုများ ဖြစ်သည်။
သူမသည် နှုတ်ခမ်း ကို အထက်သို့ အနည်းငယ်ကွေးကာ စဉ်စားပြီး ဇောင်မင်း ၏ ပထမမေးခွန်းကို လျစ်လျူရှုကာ " ငါတို့ သုံးလတာအတွင်း စကားမပြောဖြစ်ကြဘူး"ဟုဖြေလိုက်သည်။