အခန်း(၅) Nation's Husband ကို အိမ်သို့ယူလာခြင်း(၅)
သူမ၏စိတ်ထဲတွင် လွန်ခဲ့တဲ့ သုံးလက ဖြစ်ပေါ်ခဲ့သော မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။သူမသည် သူ၏အိပ်ယာပေါ်တတ်ပြီး နောက် လူဂျင်နန် ၏ လည်ပင်ညှစ် ခြင်းခံခဲ့ရပုံကို ပြန်လည် အမှတ်ရလာသည်။
"ချောင်အင်ဟောင် မင်းငါနဲ့ ကစားဖို့ကြိုး စားနေတာလား "
"ကောင်းပြီ ချောင်အင်ဟောင် မင်း ကစားချင်တယ်ဆိုရင် ငါအဆုံးထိ ကစားပေးမယ်"
သူပြောခဲ့သော စကားများပြန်လည် ကြားယောင်လာပြီး သူမခေါင်းတစ်ခုလုံး ချာချာ လည်နေခဲကာ သူမ၏ နှလုံးသားတစ်ခုလုံး ထိတ်လန့် တုန်လှုပ် နေခဲ့သည်။လွန်ခဲ့တဲ့ သုံးလ လုံးလုံး သူနှင့်မတွေမိစေရန် ရှောင်ပုန်းနေခဲ့သော်လည်း အဆုံး၌သူနှင့် တွေ့ဆုံခဲ့ရသည်။
လူဂျင်နန် သည် အနက်ရောင်ဝတ်စုံကို ကောင်းမွန်စွာဝတ်ဆင်ထားပြီး သူ၏ရှည်လျားသောအရပ်အမောင်းနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားရှိခဲ့သည်။စားသောက်ခန်းအတွင်းမှ အလင်းရောင်သည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသော အခါ သွယ်လျသောနှာတံ ၊ ပိရိသေသပ်သော နှုတ်ခမ်း နှင့် လက်ရာမြောက်သော မျက်နှာသည် ပိုမို ထင်ရှားလာခဲ့သည်။
ပါတီပွဲတွင်လှပသော လူများနှင့် ပြည့်နှက်နေပြီး လူအုပ်ထဲမှကျပန်းလူတစ်ယောက်ကို အလွယ်တကူရွေးထုတ်နိုင်သည်။ သိုသော် အများနှင့် မတူသည် အချက်မှာ လူဂျင်နန်သည် ချောမောရုံသာမက အခြားသူများ၏ အာရုံကို ဖမ်းစားနိုင်သည့် ထူးခြားသော ဆွဲဆောင်မှု ကိုပိုင်ဆိုင်ထားပြီး မည်သည့်နေရာတွင်မဆို သူကိုဗဟိုအဖြစ်ဖြစ်ပေါ်စေသည်။
သူရောက်ရှိလာသောအခါ ပွဲခန်းမ တစ်ခုလုံတိတ်ဆိတ် သွားသည်။'To the End of Time' ရုပ်ရှင်၏ ဒါရိုက်တာ သည် အရင်ဆုံအသိဝင်လာပြီး ဝိုင်ခွက်ကို ကိုင်ကာ "မစ္စတာလူ"ဟုခေါ်ပြီး အားတတ်သရောနှုတ်ဆက်လိုက်သည်။
ဒါရိုက်တာနှုတ်ခွန်းဆက်စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတွင်လေထု သည်တဖြည်းဖြည်း ပူနွေးလာသည်။လူတိုင်းသည် သူတို့၏ နှုတ်ဆက်စကားကို ပြန်လည် ဖြေကြားမည်မဟုတ်မှန် သိကြသော်လည်း နှုတ်ဆက်ခြင်းကို မရပ်တန့်ခဲ့ကြပါ။
လူဂျင်နန်သည် မည်သည်စကားမှမဆိုဘဲ ထိုင်ခုံသို ဉီးတည်လျှောက်လှမ်းသွားသည်။၎င်းသည်တိုတောင်းသော လျှောက်လှမ်းမှုတစ်ခုသာဖြစ်သော်လည်း သူမ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ဒါရိုက်တာလည်း ဝိုင်ခွက်ကို ကိုင်ဆွဲကာ နောက်မှ လိုက်သွားခဲ့သည်။လှမ်းလျှောက်နေစဉ်အတွင်း လူဂျင်နန်၏ မျက်နှာသည် တစ်ချက်ပြုံးလိုက်သည်။
ချောင်အင်ဟောင် သည် ထိုင်ခုံပေါ် ထိုင်ကာ မိမိ အစားအသောက်များကိုစားသောက်နေသည်။အစတွင်မူ သူမသည် လူအုပ်၏ အကာအကွယ်ကို ယူကာ သူကိုကြည့်ရန်သတ္တိရှိခဲ့သော်လည်း တဖြည်းဖြည်း သူမနှင့် နီးကပ်လာသည်နှင့် အမျှ ရံဖန်ရံခါသာ ခိုးကြည်ဝံသည်။နောက်ဆုံး လူဂျင်နန် သူမနှင့် နီးကပ်လာသော အခါ သူမ၏ ခေါင်းကိုပင် မမော့ရဲတော့ ပါ။သူမသည် ထိုင်ခုံတွင်နေရာမရွှေဘဲ ဆက်လက်ထိုင်နေခဲ့သည်။
"ဥက္ကဌလူ မင်းလာမဲ့အကြောင်းကို ဘာလို ငါ့ကို ကြိုတင်အကြောင်းမကြားတာလဲ ငါသာသိမယ်ဆိုရင် တစ်ယောက်ယောက်ကို လာကြိုခိုင်းမှာပေါ့"
ဒါရိုက်တာပြောလိုက်သော စကားကို ချောင်အင်ဟောင်ကြားလိုက်သောအခါ လူဂျင်နန်သည် သူမဆီသို နီးကပ်စွာလျှောက်လှမ်းလာကြောင်း သတိပြုမိလိုက်သည်။ မိမိကိုယ်ကို သတိအပြည့် ဖြင့်နေကာ အစားအစာ ကိုပင်နှေးကွေးစွာ စားခဲ့သည်။
လူဂျင်နန်သူမကို ကျော်ဖြတ်သွားပြီး သူမနောက်ကျောဘက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်မှန်းသိလိုက်ရမှသာ သက်ပြင်းချလိုက်မိသည်။