Chereads / Bringing the nation's husband home (myanmar translate) / Chapter 7 - အခန်း(၆) Nation's Husband ကို အိမ်သို့ယူလာခြင်း(၆)

Chapter 7 - အခန်း(၆) Nation's Husband ကို အိမ်သို့ယူလာခြင်း(၆)

အခန်း(၆) Nation's Husband ကို အိမ်သို့ယူလာခြင်း(၆)

ချောင်အင်ဟောင်သည် လူဂျင်နန်အား ပထမဆုံး ချစ်မိသော အချိန်တွင် သူမတွင်စိတ်ကူးအိမ်မက်များနှင့် ပြည်နှက်နေသည်။ တဖြည်းဖြည်း အချိန်ကုန်လာသည်နှင့် အမျှ သူကိုမြင်တွေ့ရန်ကြောက်ရွံ့လာသည်။ သူအနားသို့ ကပ်လာတိုင်း စိုးရိမ်ပူပန်မူ တို့နှင့် ပြည်နှက်လာသည်။လွန်ခဲ့တဲ့သုံးလက ဖြစ်ပျက်မှုအပြီးတွင် သူမ၏ ခံစားချက်များသည် ပိုမို ပြင်းထန်လာသည်။

ထိုအချိန်တွင်လူဂျင်နန်သည် သူမအနောက်ဘက်ထိုင်ခုံတွင် ထိုင်နေသည်။သူမသည် သူ၏ အသက်ရှူသံနှင့် စကားပြောဆိုသံတို့ကို ကြားနေရသည်။ သူမ၏ စိတ်လည်း ပိုမို ရှုတ်ထွေးလာပြီး စိုးရိမ်ပူပန်မူတို့ ဖြင့် သူမ၏ လက်သည် ချွေးဖြင့် စိုစွတ်နေခဲ့သည်။

လူဂျင်နန်နှင့် ဒါရိုက်တာတို့သည် ရုပ်ရှင်ရိုက်ကူးမှု အကြောင်း ပြောဆိုနေကြသည်။လူဂျင်နန်၏ အသံကြားလိုက်တိုင်းသည် သူမရင်ကို တုန်လှုပ်စေခဲ့သည်။

ဖြစ်ပေါ်နေသောဖိအားကိုမခံနိုင်သည် အဆုံးတွင် ချောင်အင်ဟောင်သည် ဇောင်မင်းအား အိမ်သာသွားရန် ပြောဆိုပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။သူမထရပ်လိုက်သည့် တစ်ချိန်တည်းမှာဘဲ လူးဂျင်နန်လည်းထိုင်ခုံမှ ထရပ်လိုက်သည်။

ဒါဟာ တိုက်ဆိုင်မှု တစ်ခုလား သူမမသိခဲ့ပါ။

ချောင်အင်ဟောင် ၏ နောက်ကွယ်တွင် မီးဖိုခန်းနှင့် လူဂျင်နန်၏ နောက်ကွယ်တွင် အခန်းထွက်ပေါက် ရှိသည်။သူမသည် နောက်သို့လှည်လိုက်သည်နှင့် တပြိုင်နက် လူဂျင်နန်လည်း လှည့်လိုက်ပြီး နှစ်ဉီးသား အကြည့်ချင်း တွေ့ဆုံမိသည်။

လူဂျင်နန်အား တွေလိုက်ရသောအခါ သူမ၏ ဉီးခေါင်း တစ်ခုလုံး ထုံနေပြီး သူမသည် သူ၏ မျက်လုံး အကြည့် များမှ ရှောင်ရှားမိလိုက်သည်။

သူတို့နှစ်ဉီးလက်ထပ်ခဲ့သည် မှာ ၅လကြာမြင့် ခဲ့ပြီဖြစ်သော်လည်း လက်ထပ်ခြင်းကို အများပြည်သူသို့ တစ်ခါမှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ အခြားသူများ၏ ရှေ့မှောက်တွင် တစ်ဉီးနှင့်တစ်ဉီး သူစိမ်းများဖြစ်ကြသည်။

ချောင်အင်ဟောင်သည် လျင်မြန်စွာခုန်ပေါက်နေသော သူမ၏ နှလုံးသားကို တည်ငြိမ်စေရန် လက်ကို တင်းတင်းဆုတ်လိုက်ပြီး အခြားသူများကဲ့သို ပြုမူကာ သူအား နှုတ်ဆက်လိုက်သည်။

လူဂျင်နန်သည် သူမ၏ နှုတ်ဆက်စကားကို မကြားသကဲ့သို့ ပြူမူကာ သူ၏ ရှည်လျားသော ခြေထောက်များဖြင့် ပါတီပွဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။သူသည်ချောင်အင်ဟောင်အား လွန်ခဲ့တဲ့ ၅လက လက်ထပ်ခဲ့သော ဇနီးမဟုတ်သကဲ့သို့ တစ်ချက်မျှပင်မကြည့်ခဲ့ပါ။

လူဂျင်နန်တွင် အေးဆေးတည်ငြိမ်သော ကိုယ်ရေကိုယ်သွေး ရှိပြီး အခြားသူများနှင့် ရင်နှီးမှုရရှိရန် ခက်ခဲစေသည်။ဖျော်ဖြေရေး ကဏ္ဍ၌ သူ၏ အခွင့်အာဏာသည် အခြားသူများအား ကြောက်ရွှံမှု တိုးပွားစေပြီး သူနှင့်ပတ်သတ်ရာတွင် ဂရုတစိုက်ပြုမူစေခဲ့သည်။

လူဂျင်နန် ပါတီပွဲမှ ထွက်လာပြီး မကြာမီ အခန်းထဲတွင်း ယခင်အခြေအနေ အတိုင်း ပြန်လည်ဆူညံလာခဲ့သည်။သူ ရောက်ရှိလာမှုကြောင့် အခြားလူများသည် လူတို့၏ သဘောသဘာဝ အတိုင်း သူ၏ အကြောင်း အတင်းပြောကြလေသည်။

"လူဂျင်နန်က ရုပ်ရှင်လောကရဲ့ ဒဏ္ဍာရီတစ်ခုဘဲ"

"သူက ဒဏ္ဍာရီ တစ်ခုမျှသာ မကပါ မယုံကြည်နိုင်စရာ အံဖွယ်တစ်ခုလည်းဖြစ်တယ်၊ သူပွဲဉီးထွက်ကတည်းက ယခုအချိန်အထိ ၁၈ နှစ်လုံးလုံး မည်သည် မကောင်းသတင်းနှင့် အတင်းအဖျင်းမှ မရှိခဲ့ပါ"

"သူသည် သူရဲ့ ကုမ္ပဏီကို သူကိုယ်တိုင်စတင် တည်ထောင်ခဲ့ပြီး သည်လုပ်ငန်းနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ချိန်တွင် မည်သည်နောက်ခံမှမရှိသော ဆင်းရဲသော ကောင်းလေးအဖြစ် စတင် ဝင်ရောက်ခဲ့သည် ဟုဆိုကြသည်။၄ နှစ်အကြာတွင် သူရဲ့ အောင်မြင်မှု တဟုန်ထိုး တိုးတတ်လာပြီး ၆ နှစ်ဆက်တိုက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုကို ဆွတ်ခူးရရှိခဲ့သည်။အွန်လိုင်းတွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၁၀ကား ရွေးချယ်ရာတွင် ၆ ကားတွင်သူသည် ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကျန်နှစ်ကားတွင်သာ ခေါင်းဆောင်အဖြစ် မပါဝင်ခဲ့ပါ။"

Latest chapters

Related Books

Popular novel hashtag