Chereads / Bringing the nation's husband home (myanmar translate) / Chapter 4 - အခန်း(၃) Nation's Husband ကို အိမ်သို့ယူလာခြင်း(၃)

Chapter 4 - အခန်း(၃) Nation's Husband ကို အိမ်သို့ယူလာခြင်း(၃)

အခန်း(၃) Nation's Husband ကို အိမ်သို့ယူလာခြင်း(၃)

လူဂျင်နန်သည် ချောင်အင်ဟောင် အား သတ်ဖြတ်လိုသော အကြည့်ဖြင့် ငေးကြည့်နေမိသည်။သူ၏သွားများကို ကြိတ်ကာ သူမလည်ပင်းမှ လက်ကိုမဖယ်မီနောက်ဆုံးဝါကျကို ပြောဆိုခဲ့သည်။ထိုနောက် နောက်ပြန်လှည်ကြည်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့သည်။

'မင်းမသေမှီတိုင်အောင် ကစားပါ'

ချောင်အင်ဟောင် ၏မျက်နှာပေါ်ရှိမျက်တောင်များက တဆက်ဆက်တုန်ခါနေသည်။ကျယ်လောင်သော တံခါပိတ်သံ မကြားမချင်း သူမသည် နံရံကိုကပ်ထားဆဲ ဖြစ်သည်။ သူထွက်သွားပြီးနောက် တင်းတင်းစေ့ထားသော သူမနှုတ်ခမ်း နောက်ကွယ်တွင်ဖြစ်တည်လာသော တံတွေးကိုမျိုချလိုက်သည်။ ထိုနောက်သူမ မောပန်းလာပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ မျက်ရည်များ စီးကျလာခဲ့သည်။

'To the End of Time' မှကဏ္ဍတစ်ခုရရှိရန် သူမသည် သူ၏ အိမ်ယာပေါ်သို့ အဘယ်ကြောင့် တတ်ရမည်နည်း။သူမ၏ ခံစားချက်များကို ဖုံးကွယ်ရန် ဆင်ခြေတစ်ခု အဖြစ်သာ အသုံးပြုလိုက်ခြင်းဖြစ်သည်။

သူမ၏ခံစားချက်များကို သူမရင်ထဲတွင်သာ သိမ်းဆည်းထားရမည်။ငါသူကိုချစ်တယ်။

ငါသူကိုချစ်ခဲ့တယ်၊သူမသည် သူအပေါ်၌ လွန်ခဲ့တဲ့ တစ်ဆယ့်သုံးနှစ် ကတည်းက လျှိုဝှက်စွာ ချစ်မြတ်နိုးခဲ့သည်။

သူမသည်သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားပါက အရာအားလုံး အဆင်ပြေသွားလိမ်မည်ဟု မျော်လင့်ခဲ့သည်။သိုသော်သူမသည် တစ်ညတွင်မူးယစ်ကာ မိမိ၏ လျှိုဝှက်ချက်များ ကိုဖော်ထုတ် လိမ့်မည်ဟု မထင်ခဲ့မိပါ။သူမသည် သူမ၏ ပင်ကိုယ်စွမ်းရည်ကို အလွန်အမင်း ခန့်မှန်းခဲ့ ပုံရသည်။

ချောင်အင်ဟောင်သည်လူဂျင်နန် ၏အိပ်ယာပေါ်သို့ ဒေါသထွက်စွာတတ်သွားသည် ။နောက်သုံးရက်အကြာတွင် 'To the End of Time'အတွက် စစ်ဆေးမှုသို့ သွားရန် အကြောင်းကြားစာရရှိခဲ့သည်။

ထိုစစ်ဆေးမှုသည် ဒါရိုက်တာ၏ ဆုံးဖြတ်ချက်လား ၊ လူဂျင်နန် ၏ အမိန်လား မသိခဲ့ပါ။

သူမ၏ ရုပ်ရှင်အတွက် ပါဝင်သောအခန်းသည် သိပ်မများလွန်း၊မနည်းလွန်းပါ။၎င်းသည်အဓိကဇာတ်ဆောင်နေရာမဟုတ်သော်လည်း ဖြည့်စွက်ခြင်းလည်းမဟုတ်ပါ။၎င်းသည် သူမ၏ ယခင် အခန်းကဏ္ဍထက် အဆတစ်ထောင်မကပိုမိုကောင်းမွန်သည်။အခန်းကို နိမ့်ကျသောနည်းလမ်းများဖြင့် ရရှိခဲ့ခြင်းကြောင့် စစ်ဆေးမှုသည် ပုံမှန်သာ ဖြစ်ခဲ့သည်။စစ်ဆေးမှုပြီးဆုံးသောအခါ သူမသည် စာချုပ်တွင် ချက်ချင်းလက်မှတ်ထိုး ခဲ့သည်။

သုံးရက်အကြာတွင် ချောင်အင်ဟောင် သည်သူမအဖွဲ့သားများနှင့်တွေ့ဆုံခဲ့သည်။ နောက်တစ်ရက်တွင် လူဂျင်နန်သည် သူ၏ ဇာတ်ကားသစ် ရိုက်ကူးမှု အတွက် ရောမသို့ ထွက်ခွာသွားခဲ့သည်။အတူတူ ရိုင်းဆိုင်းတဲ့ ညနက်ကုန်ဆုံး ပြီး နှစ်လ အကြာတွင် စုံတွဲနှစ်တွဲသည် သီခြားနည်းလမ်း တွေနဲ့ ထွက်ခွာသွားခဲ့ကြတယ်။

သုံးလအကြာတွင်....

''To the End of Time' ရုပ်ရှင်ကို သုံးလ ကြာရိုက်ကူးပြီးနောက် ဇာတ်လမ်းတွဲသည် ဒေါ်လာသန်းသုံးဆယ်တန်းဖိုးရှိ အငှားအိမ်တစ်ခုတွင်အောင်မြင်စွာပြီးဆုံးခဲ့သည်။ အဖွဲ့သားတစ်စုလုံးပျော်ရွှင်စွာခုန်ပေါက်ခဲ့ပြီး အပျော်ရွှင်ဆုံးမှာ ဒါရိုက်တာဖြစ်သည်။ သူသည် ဖုန်းကိုဖွင့်၍ ဂျင်ချန် ဟိုတယ်ကိုကြိုတင်ဘိုကင်ချိတ်ကာ ဟိုတယ်ထိပ်ဆုံးထပ် ထမင်းစားခန်း၌ ဂုဏ်ပြုညစာ စားပွဲပြုလုပ်ပေးခဲ့သည်။

မွန်းလွဲသုံးနာရီခန့်တွင် 'To the End of Time' ရုပ်ရှင်ဇာတ်ကား ပြီးဆုံးခဲ့သည်။နည်းပညာဆိုင်ရာဝန်ထမ်း များသည်း၎င်းတို့၏ ပစ္စည်း ကိရိယာများကို သိမ်ဆည်းရန် လိုအပ်ပြီး သရုပ်ဆောင်များ သည်လည်း သူတို့၏ အဝတ်အစားများကိုပြောင်းလဲရန် လိုအပ်သောကြောင့် ည ၈နာရီတွင် ပါတီပွဲကိုစီစဉ်ခဲ့သည်။

လူဂျင်နန်သည် သူ၏ရုပ်ရှင်သစ်ရိုက်ကူးမှုကြောင့် ရောမသို့ ရောက်ရှိခဲ့သည်။နှစ်ရက်တာကာလ အကန့်အသတ်ရှိသည့် သူ၏ တင်းကျပ်သောအချိန် ဇယားကို အသုံးချ၍ သူ၏ကုမ္ပဏီ ၏ ပြဿနာများကို ဖြေရှင်းရန် တိုင်းပြည်သို့ ပြန်လာခဲ့သည်။

လူဂျင်နန်သည် အချိန်ကန့်သတ်ချက်ကြောင့် ရှည်လျားသော လေယာဉ် ခရီးစဉ်မှ အနားယူရန် အချိန် မရှိသလောက်ပင်ဖြစ်သည်။ဘေဂျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သည်နှင့်ချက်ချင်းပင် ကုမ္ပဏီ သိုသွားခဲ့သည်။

ဘုတ်အဖွဲ့သည်သူလာမှာကို သိရှိပြီးဖြစ်သောကြောင့် ကြိုတင်စောင့်ဆိုင်းနေကြသည်။အချိန်ဖြုန်းခြင်းမရှိဘဲအစည်းအဝေးကို စတင်ခဲ့သည်။

အစည်းအဝေးသည်နေ့လည် ၃နာရီမှ ညနေ ၆နာရီ အထိ ကြာမြင့်ခဲ့သည်။အစည်းအ‌ဝေးပြီးနောက် လူဂျင်နန် နှင့် သူ၏လက်ထောက်သည် ရုံးခန်း သို့ဝင်ရောက်ခဲ့သည်။

ည ၁၂နာရီတွင် ရောမမြိုသို့ လေယာဉ်ခရီးစဉ်ကို ကြိုတင်မှာကြားပြီးသားဖြစ်သည်။