အခန်း(၄) Nation's Husband ကို အိမ်သို့ယူလာခြင်း (၄)
ရှည်လျားသော လေယာဉ်ခရီးစဉ်နှင့် ကြာရှည်သောအစည်း အဝေးပြီးနောက် လူဂျင်နန်သည် ပင်ပန်းနွမ်းနယ်ပုံပေါက်နေသည်။ရုံးခန်းတွင်ထိုင်နေပြီး သူ၏လက်ထောက်ဖတ်ပြနေသော အချိန်ဇယားကိုနားထောင်နေစဉ် တိတ်ဆိတ် စွာရှိနေသော ဖုန်းကိုအမှတ််တမဲ့ထုတ်ယူလိုက်သည်။ ဖုန်းကိုပိတ်တော့မည်အချိန်တွင် မက်ဆေ့တစ်ခုဝင်လာသည်။ လူဂျင်နန်သည် ဖုန်းကိုပွတ်ဆွဲလိုက်ပြီး မက်ဆေ့ကိုဖွင့်လိုက်သည်"To the End of the Time'ရုပ်ရှင်ဇာတ်ကား ပြီးဆုံခဲ့ပြီးဂျင်ချန် ဟော်တယ် ည၈နာရီ တွင် အောင်ပွဲခံ ပါတီ ကျင်းပမည်။မင်းမှာ အချိန်ရှိရင် လာခဲ့ပါအုန်း။"
လူဂျင်နန်သည် မျက်နှာမလွဲမီ သတင်းကို ၅စက္ကန့်လောက်ကြည့်လိုက်သည်။သူသည် အစီရင်ခံစာ ဖတ်ပြနေသောလက်ထောက်ကို ခေါင်းငြိမ်ပြလိုက်သည်။လူဂျင်နန်၏ လက်ထောက်သည် သူ့အတွက်နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် သူဌေး၏ ပင်ကိုယ်စရိုက် ကို အကျွမ်းတဝင်ရှိခဲ့သည်။
"မစ္စတာလူ လေယာဉ်မထွက်ခွာမီ ၆နာရီခန့် အချိန်ရသေးတယ်၊မြို့ထဲမှာ ဒါမှမဟုတ် လေဆိပ်မှာ ညစာ စားချင်ပါသလား"။
လူဂျင်နန် က "မြို့ထဲမှာ" သူ၏လက်ထောက်က တည်နေရာကို မမေးမြန်မီ "ဂျင်ချန် ဟိုတယ်"ဟုဆက်ပြောသည်။
လူဂျင်နန်နှင့် သူ၏လက်ထောက်တို့ ဟိုတယ်တွင် ညစာစားပြီးသည် အချိန်တွင် ည ၈နာရီခွဲ ပြီဖြစ်သည်။သူတို့သည် ထွက်ပေါက်တံခါးသို့ ရောက်သောအခါ လူဂျင်နန် သည် ရုတ်တရတ် ရပ်တန့်လိုက်သည်။
သူရဲ့လက်ထောက်က ချက်ချင်းဘဲ "မစ္စတာလူ တစ်ခုခုမှားလို့လား"။ လူဂျင်နန်သည် အနည်းငယ် တိတ်ဆိတ် စွာနေပြီး သူ၏လက်ထောက်အား "ကားထဲမှာ ငါ့ကိုစောင့်နေပါ ၊ ငါအပေါ်ထပ်မှာ လုပ်စရာတစ်ခုခုရှိတယ်"။
သူသည် ဓါတ်လှေကားသို့ မသွားမှီ အဓိကဝင်ပေါက်နားတွင် စက္ကန့်အနည်းငယ် ရပ်နေသည်။
ပါတီပွဲတွင် လူတိုင်းကဒါရိုက်တာကို အာရုံစိုက်နေသောကြောင့် ချောင်အင်ဟောင် ကို ဘယ်သူမှ သတိမထားမိကြပါ။သူမသည် သူမ၏မန်နေဂျာ ဇောင်မင်းနှင့် လူအုပ်ထဲတွင်ရပ်တန့်ကာ လည့်ပတ်ကြည့်ရှုနေသည်။ဒါရိုက်တာ၏ မိန့်ခွန်းတိုအပြီးတွင် ပါတီပွဲကိုတရားဝင်ကျင်းပကြသည်။ထိုသိုသောပွဲများတွင် လူမှုရေးအရအရက်သည် အမြဲပါရှိသော ထုံစံဖြစ်သည်။
ချောင်အင်ဟောင်သည် ရုပ်ရှင်လုပ်ငန်းတွင် စူပါစတား မဟုတ်သော်လည်း သူမ၏လှပသောမျက်နှာ ၊ စုံလင်သောပုံ၊ကောင်းသောစရိုက်နှင့် အဟောအပြော ကောင်းခြင်းက သူမကိုတောက်ပ စေခဲ့သည်။
ချောင်အင်ဟောင်သည် လူတိုင်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေသည် အချိန်တွင် သူမ၏ မန်နေဂျာ ဇောင်မင်းလက်ကိုဆွဲကာ အစားသောက်ဆီသို့သွားခဲ့သည်။ သူမသည်တွန့်ဆုတ်ခြင်းမရှိဘဲ ဇောင်မင်း ကိုဘူးဖေ နေရာသို့ ဆွဲခေါ် သွားကာ ကျပန်းပြတင်းပေါက်နားတွင် မထိုင်မီ သူမ၏ ပန်ကန်ကိုအပြည့်ဖြည့်ခဲ့သည်။အနည်းငယ် စားပြီးသည့် အချိန်တွင် မူလက ဆူညံနေသော ပါတီပွဲသည် ရုတ်တရတ် တိတ်ဆိတ်သွားသည်။
ချောင်အင်ဟောင်သည်အစားစားနေရင်း သိချင်စိတ်နှင့် ခေါင်းကို မော့ကြည့်လိုက်သည်။ လူအုပ်ကိုဖြတ်ကျော်ပြီး သူမ၏ အကြည့်သည် လူဂျင်နန် ကိုတွေ့ရှိလိုက်သည်။