Chereads / Bringing the nation's husband home (myanmar translate) / Chapter 3 - အခန်း(၂) Nation's Husband ကို အိမ်သို့ယူလာခြင်း (၂)

Chapter 3 - အခန်း(၂) Nation's Husband ကို အိမ်သို့ယူလာခြင်း (၂)

အခန်း(၂) Nation's Husband ကို အိမ်သို့ယူလာခြင်း (၂)

ထိုအချိန်တွင် လူဂျင်နန်သည် တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရနေပုံပေါ်သည်။သူ၏မျက်လုံးများ တစ်ဖြည်းဖြည်း မှေးမှိန် လာပြီး ချောင်အင်ဟောင် ၏မေးစေ့ကို ခွန်အားအနည်းငယ်စိုက်ထုတ်ကာ ဆွဲတင်လိုက်သည်။ထို့နောက်သူ၏ လက်ကိုလွှတ်ကာ သူမ၏မျက်လုံးကို ဆိုက်ကြည့်ရင်း ရေခဲကဲ့သို့ အေးစက်သော အသံဖြင့် မေးလိုက်သည်"ချောင်အင်ဟောင် ငါမှန်ကန်စွာမှတ်မိမယ်ဆိုရင် မင်္ဂလာဉီးညမှာ မြင့်မြတ်သော မိန်းမလို ပြုမူပြီး မင်းကိုမထိဖို့ ငါ့ကိုပြောခဲ့တယ်မလား အခုဘယ်လိုဖြစ်တာလဲ လက်ထပ်ပြီး နှစ်လကြာတော့ ငါ့ရဲ့ အိပ်ယာပေါ်တတ်ဖို့ မစောင့်နိုင်တော့ဘူးလား။"

လူဂျင်နန်၏မျက်နှာသည် အအေးနှင့်လျစ်လျူရှူမှု တို့နှင့်ပြည့်နေသည်။ သူမလည်ပင်းပေါ်ရှိ လက်မောင်းသည်လည်း တဖြည်းဖြည်း တင်းကျပ်လာပြီ အခန်းထဲတွင် အေးစက်သော လေထု ဖြစ်ပေါ်လာသည်။

လူဂျင်နန် ၏မေးမြန်း မှု အပြီးတွင် ချောင်အင်ဟောင် ၏စိုးရိမ်ပူပန်မှုသည် ပိုမိုပြင်းထန်လာပြီး သူမ၏ခြေထောက်များတောင် တုန်ခါနေခဲ့သည်။ အချိန်အတန်ကြာ တုန်လှုပ်နေခဲ့ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ သူမ၏နှုတ်ခမ်းများ ကိုကိုက်ထားလိုက်သည်။

လူဂျင်နန် လည်းစကားမပြောဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေပုံ ရသည်။

အခန်းထဲတွင်တိတ်ဆိတ် မှု ကကြီးစိုးသွားပြီး လူဂျင်နန် သည် သူမ၏လှပသော မျက်နှာကို ဆက်လတ် စောင့်ကြည်နေသည်။ ချောင်အင်ဟောင် တွင်အတွေး များစွာဖြစ်ပေါ်နေပြီး သူမ၏ အတွေးများကို လူဂျင်နန် က ဖတ်နေသည်ဟုခံစားလိုက်ရသည်။ သူမ၏နှလုံး အပြင်းအထန်လှုပ်ရှားသွားပြီး ဖြစ်ပေါ်နေသော ဖိအားကို မခံစားနိုင်သည်အချိန်တွင် လူဂျင်နန်သည် တိတ်ဆိတ်မှုကို ချိုးဖြတ်ပြီး သူမကိုပြောခဲ့သည်မှာ"ဒါမှမဟုတ် မင်းအမြဲတမ်း ငါ့နဲ့အတူအိပ်ချင်နေတာလား။"

ချောင်အင်ဟောင် ထိတ်လန့် တုန်လှုပ်သွားသည်။သူသည် သူမ၏ခံစားချက်မျာကို သိခဲ့ပါသလား?

ထိတ်လန့်တုန်လှုပ်မှုဖြင့် သူမ၏မျက်လုံးများကို မှိတ်ကာခံစားချက်များကို အသည်းအသန် ဖုံးကွယ်ရန် ကြိုးစားပြီး နောက် သူမက" 'To the End of Time' ဆိုတဲ့ ရုပ်ရှင်မှာ အခန်းကဏ္ဍ တစ်ခုကို ကိုကျွန်မ လိုချင်ခဲ့တာ။"

လူဂျင်နန် သည် ဝါကျ အလယ်တွင် ရပ်တန့်ပြီး ဆက်လက်မပြောနိုင်ခဲ့ပါ။

ချောင်အင်ဟောင် မြန်ဆန်စွာဖြေဆိုမှုက သူ၏ လက်ခံနိုင်စွမ်းကိုပျောက်ဆုံးစေသည်။ သူသည်အချိန် အတော်ကြာ တိတ်ဆိတ် သွားခဲ့သည်။

ချောင်အင်ဟောင် သည်သူမ နှလုံး သည် လည်ချောင်ထဲမှ ခုန်ထွက်လုနီးပါ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။လူဂျင်နန် ၏ ချောမောသော မျက်နှာကို ကြည်ကာ ငြိမ်သက်အေးဆေးစွာနေနိုင်အောင် ကြိုးစားရင် ဆက်လက်ပြောသည်မှာ" မင်းသိတဲ့ အတိုင်းဘဲ ငါဟာ စတင်ကတည်းက နှစ်ဝက်လောက် ကြာခဲ့ ရတယ်၊ ဒါပေမယ့် ငါဟာ ဘယ်အရေးပါတဲ့ အခန်း ကဏ္ဍ မှမပါဝင်ခဲ့ဘူး၊မင်းဟာ သည်လုပ်ငန်းနယ်ပယ်မှာ အခွင့် အာဏာ အများကြီး ပိုင်ဆိုင်ထားတာကြောင့်'To the End of Time' မှာ ငါ့ရဲ့ အခန်းကဏ္ဍကို စကားလုံးတစ်လုံးပြောလိုက်တာနဲ့ ရရှိသွားမှာပါ "။

ချောင်အင်ဟောင် သည်ပြန်လည်တတိတ်ဆိတ် သွားသည်။ငါးစက္ကန့် လောက်ကြာပြီးနောက် ဆက်ပြောရန် သူမကိုယ်သူမ အတင်အကြပ်ဖိအားပေးခဲ့သည်။သူမ ဖြည်းဖြည်းချင် ပြောခဲ့သည်မှာ" မနေ့ညက ကျွန်မ ရဲ့ ပေးချေ မှု ဘဲ"။

သူမ၏ စကားလုံးများကို ကြားပြီးနောက် လူဂျင်နန် ၏ မျက်ခုံးများ သိသိသာသာ ကျုံသွားခဲ့သည်။သူ၏အမျက်ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း သူမလည်ပင်းပေါ် တင်ထားသော လက်များက သိသိသာသာတုန်ခါနေခဲ့သည်။ထိုနောက် ရယ်မောကာ သူက"ချောင်အင်ဟောင် မင်းငါနဲ့ ကစားဖို့ ကြိုးစားနေတာလား"။

လူဂျင်နန် ၏အပြုံး မပျောက်ကွယ်မီ ရေတွက်မှု နှစ်ခု ထက်မပိုသော ရယ်မောခြင်းကို ရယ်မောလိုက်သည်။ထို့နောက် သူမကို သိသိသာသာ ငေးစိုက်ကြည်လိုက်ပြီး နှင်းခဲတို စိုစွတ်နေသော အသံနှင့် "မင်းငါနဲ့ ကစားချင်တာလား"။