Chapter 12 - Ch 7

"ရှောင်ဟွာရေ, မင်းဘယ်မှာလဲ။ မင်းသဘောအကျဆုံးအစ်ကိုကြီးကမင်းနဲ့ကစားဖို့ဒီမှာရောက်နေတယ်" ယွမ်သည် ဂိမ်းထဲသို့ ရောက်သည့်အချိန်တွင် တောထဲ၌ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ "အား... ငါဘာတွေလုပ်မိနေတာလဲ" သူကနောက်ဆုံးတွင် ထိုင်ချလိုက်ပြီး သူ၏လက်သည်လည်ပင်းတစ်ဝိုက်ရှိလည်ဆွဲနားသို့ရောက်လာသည်။ သံမဏိဖြင့်ပြုလုပ်ထားပြီးကျောက်စိမ်းတုံးလေး ချိတ်ဆွဲထားပုံရသောလည်ဆွဲလေးသည်အလေးချိန်မရှိသောအမွေးကဲ့သို့ ပေါ့ပါးနေသည်။

« ရှောင်ဟွာ ရဲ့လည်ဆွဲ»

«အဆင့် - ??? »

«ဖော်ပြချက် - ရှောင်ဟွာထံ မှရရှိသည်။ »

"သူမကသူမကိုခေါ်တဲ့နေရာမှာသုံးဖို့ပြောပေမယ့်ငါဘယ်လိုသုံးမှာလဲ" သူကစဉ်းစားနေစဉ် လည်ဆွဲကိုလျှောက်ဆော့ကြည့်ခဲ့သည်။ သူကလည်ဆွဲကို ထိကြည့်သည်၊ပွတ်သပ်ကြည့်သည်၊ ဖွင့်ရန်အမိန့်ပေးကြည့်သည်၊ ဒါတင်မက လျှာဖြင့်ပါလျက်ကြည့်လိုက်သေးသည်။သို့သော် လည်ဆွဲသည်ပြောင်းလဲခြင်းမရှိပေ။ မိနစ်များစွာနှင့် အကြိမ်များစွာကုန်ဆုံးပြီးနောက် ယွမ်သည် လည်ဆွဲစစ်ဆေးရန်ကြိုးပမ်းမှုကိုရ ပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်။

"အိုး, ရှောင်ဟွာရေ။ မင်းက ရှုပ်ထွေးတဲ့အရာတစ်ခုကို သူ့ရဲ့အသုံးပြုပုံတွေအကြောင်း မရှင်းပြဘဲဘယ်လိုလုပ် ပေးနိုင်ရက်တာလဲ" သူကကျယ်လောင်စွာသက်ပြင်းချလိုက်သည်။ ရုတ်တရက် ကောင်းကင်သည်ပင်သူ၏သက်ပြင်းချသံကိုကြားလိုက်ရသကဲ့သို့ မြေကြီးသည်လှုပ်ခါသွားသည်။

သတ္တုချင်းထိပ်တိုက်တွေ့သံ နောက်တွင် အသံကျယ်ကျယ်ဖြင့်ကျိန်ဆဲနေသံသည် ကပ်လျက်လိုက်ပါလာသည်။

"မင်း ခွေမသား, ငါ့ ရဲ့ချုပ်နှောင်ဓါးချက်ကို မြည်းကြည့်လိုက်စမ်း!"

"သေမင်းနဲ့သွားတွေ့လိုက်!"

ဘွမ်း!! အနီးအနားတွင် ကျယ်လောင်သောပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ယွမ်ကို တုန်လှုပ်စေခဲ့သည်။ ဘာဖြစ်တာလဲ ကမ္ဘာမြေကြီးက အခုခေတ်မှာ ဘာ့ကြောင့်တုန်ခါသွားတာလဲ။ တစ်ယောက်ယောက်ကဗုံးကျဲချတာလား။ ခလွမ်! သတ္တုချင်းတိုက်ခိုက်သံများထပ်မံထွက်ပေါ်လာပြီး ရုတ်တရက်လေပြင်းတိုက်ခတ်သဖြင့်ယွမ်သည်လေထဲသို့မြှောက်သွားသည်။

"မကောင်းဆိုး၀ါး မန်လိ! ဒီနေ့ မင်းကိုငါမသတ်နိုင်ရင်ငါ ကျန်းရွှယ်ကန်း မဟုတ်တော့ဘူး!"

"ဟား ဟား ဟား! မင်းလို ၀ိညာဏ်အရှင်သခင်အဆင့်လောက်ကို ခြေလှမ်းတစ်၀က်ပဲရောက်နေတဲ့သူကများ ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား? မင်းဘယ်လောက်တောင် ရူးမိုက်လိုက်သလဲဆိုတာ ငရဲကိုရောက်မှ သဘောပေါက်လာလိမ့်မယ်။ "

ထန်! ခလွမ်! ခလွမ်!

ပြင်းထန်သောစွမ်းအားများဖြင့်ပြည့်နှက်နေသော အားလှိုင်းများသည်တိုက်ပွဲအတွင်း ကောင်းကင်ထက်သို့လျင်မြန်စွာပျံ့နှံ့သွားပြီး တချို့တ၀က်သည် ယွမ်၏အနားမှ ဖြတ်သွားတိုင်း သူ၏ကျောရိုးကို အေးစိမ့်သွားစေသည်သွားသည်။

"တကယ်ကို လူနှစ်ယောက်တိုက်ခိုက်နေရုံနဲ့ ဒီလိုမြင်ကွင်းကိုဖြစ်ပေါ်စေတာပဲ။ ! " အနည်းဆုံးတော့ ပြောရမယ်ဆိုရင် ယွမ်ဟာတုန်လှုပ်သွားပါတယ်။ "အခြာလူ တစ် ဦး ရဲ့ဥယျာဉ်တော်မှာ တိုက်ခိုက်နေတာ ဘယ်လောက်တောင်လေးစားမှုမရှိလိုက်သလဲ!"

မကြာခင်မှာပဲ ပုံရိပ်နှစ်ခုက ယွမ်ရပ်နေတဲ့နေရာကနေ တိုက်ခိုက်မှုကိုမြင်နေရသည်အထိ နီးကပ်လာပါတယ်။ တစ်ယောက်က အနီရောင်ဆံပင်ရှည်ရှိပြီး နောက်တစ် ဦး ကအနက်ရောင်ဆံပင်အရှည်နဲ့ဖြစ်ပါတယ်။ သူတို့ဟာအပြန်အလှန်ပျံသန်းနေပြီး တစ် ဦး ကိုတစ် ဦး ပြင်းပြင်းထန်ထန်ဓားထိုးပြီး တိုက်ခိုက်တာကြောင့် ပတ်၀န်းကျင်ကိုဂယက်ထစေပါတယ်။

"သူတို့ကအဲဒီလူအိုကြီးလိုပဲပျံသန်းနေကြပြီ!" ယွမ်က သူနှင့်အခြားကစားသမားထောင်ပေါင်းများစွာကိုဓားပျံပေါ်တွင်ရပ်နေရင်း ဤကမ္ဘာနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းပြခဲ့သောလူအိုကြီးစုန့် အားပြန်​မြင်ယောင်မိသည်။ လေထဲရှိတိုက်ပွဲသည်တစ်ဖက်နှင့်တစ်ဖက်အားသာချက်မရှိဘဲမိနစ်များစွာကြာရှည်ခဲ့သည်။ သူတို့က လက်ရည်ညီနေသလိုပါပဲ။ သို့သော်သူတို့က ယွမ် တည်ရှိရာနေရာနှင့်နီးကပ်သထက် နီးကပ်လာသည်နှင့်အမျှသူတို့၏ ဓားတိုက်ပွဲများကြောင့်ဖြစ်ပေါ်လာသော အပျက်အစီးများ​သည် ယွမ်ကိုအလွန်အမင်းနာကျင်စေခဲ့သည်။ တိုက်ပွဲနှင့် သိပ်မဝေးသော်လည်း ယွမ်သည် သူအတွက်အသက်ရှူဖို့ရန်ပင် ခက်ခဲစေသောလွှမ်းမိုးမှုဖိအားကိုခံစားခဲ့ရပြီးသူ၏ကိုယ်ခန္ဓာသည် ကျောက်တုံးကြီးတစ်တုံးကို သယ်ဆောင်ထားသကဲ့သို့ခံစားခဲ့ရသည်။

"ငါ့အတွက်သေလိုက်တော့။ ဟဟဟဟ! အရမ်းအားနည်းတယ်၊ အရမ်းအားနည်းတယ်၊ သွေးယိုစိမ့်ဓားချက်!" ယခင်ထက်သာလွန်သော စွမ်းအင်လှိုင်းများရိုက်ခတ်မှု​သည် မိုးကုပ်စက်ဝိုင်းကို မမြင်နိုင်တော့သည် အထိ မွှေနှောက်သွားခဲ့သည်။

အဟွတ်! ယွမ်သည် ထိုဖိအားကိုခုခံတွန်းလှန်နိုင်ခြင်းမရှိဘဲသွေးအန်သွားသွားသည်။ "သောက်ပဲ!ဒါကတကယ်ကို ပြင်းထန်တာပဲ!" သူက ပြောရင်းဆိုရင်း မာလက်ဖြင့်သူ၏ပါးစပ်မှသွေးများကိုသုတ်လိုက်သည်။" ငန်ကျိကျိ သွေးရဲ့အရသာကိုငါမြည်းစမ်းလိုက်ရတာဘဲ " ယွမ်သည်ယခုအခိုက်အတန့်တွင် လုံး၀နှစ်မြှုပ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းနာကျင်မှုသည် ဤဂိမ်း၏လက်တွေ့ဆန်သည့် လုပ်ဆောင်ချက်များကြောင့် ၎င်းကိုဂိမ်းတစ်ခုသာဖြစ်ကြောင်း မေ့သွားစေခဲ့သည်။ "သူတို့နဲ့သာပိုမိုနီးကပ်လာရင်ငါဟာ ကြားထဲကနေ သေတော့မှာသေချာနေတယ်" သူက ဒီလူနှစ်ယောက်နားကနေ ထွက်ပြေးလာပေမဲ့သူတို့အချင်းချင်းကြားက တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာသည်။

"ကမ္ဘာကိုးခုဓါးချက်!"

"သွေးမကောင်းဆိုး၀ါး!" ထန်! သစ်ပင်များလဲကျပြီးမိုးတိမ်များပြန့်ကျဲသွားသည်။ ယွမ် သည် သစ်ပင်တစ်ပင်ဆီသို့လွင့်ထွက်သွားပြီး တစ်ခဏတာ​မေ့မြောသွားခဲ့သည်။

-

"ဟားဟားဟား! ကျန်းရွှယ်ကန်း ဘာဖြစ်သွားတာလဲ။ ငါ့ကို မင်းကို ဒီနေ့ပဲ သတ်ပစ်မယ်လို့ မပြောခဲ့ဘူးလား" လူတစ်ယောက်သည် လက်မောင်းတစ်ဖက်ပျောက်ဆုံးနေသောအခြားလူတစ်ယောက်ကိုညွှန်ပြရင်းပြုံးနေသည်။ " ရှေးဟောင်းဓားဂိုဏ်း၏အဓိကတပည့်မက မင်းရဲ့ဂျူနီယာညီမလိုပဲ။ဟဟားဟား အရမ်းအရမ်းကောင်း--- "

"ငါမင်းကိုသတ်မယ်။ " ကျန်းရွှယ်ကန်းသည် ဟိန်းဟောက်လိုက်၏၊ သူ့မျက်လုံးနီရဲသွားပြီး သူ၏ကျင့်ကြံမှုအခြေခံသည် ရုတ်တရက်သိသိသာသာတိုးပွားလာသည်။

"ဘာ!?"

မကောင်းဆိုး၀ါးမန်လိ၏ မျက်လုံးက တုန်လှုပ်သွားသည်။ " မင်း…ငါတို့ရဲ့တိုက်ပွဲအလယ်မှာပဲ နောက်တစ်ဆင့်ချိုးဖြတ်သွားတာလား?!"

"ငါ့ရဲ့ခြေလက်အင်္ဂါလေးခုလုံးဆုံးရှုံးပြီး မသန်မစွမ်းဖြစ်လာရမယ်ရင်တောင် မင်းကိုဒီနေ့အတွင်း ရအောင်သတ်ပစ်ပြိီး ဂျူနီယာညီမရှ အတွက်လက်စားချေမယ်" သူ၏မျက်လုံးများနှင့်နှာခေါင်းများမှသွေးများထွက်ကျလာပြီးသူ၏ကိုယ်ခန္ဓာတစ်ခုလုံးတွင်သွေးပြန်ကြောများ ထောင်လာခဲ့သည်။ "သူမ မင်းရဲ့ ချစ်သူလား။ မင်းမသေခင် အရေးကြီးတဲ့ အရာတစ်ခုပြောပြပါရစေ။ သူမခန္ဓာကိုယ်ဟာအံ့သြစရာပဲ။ သူမက သူမကိုယ်သူမ အလျင်အမြန်သတ်သေခဲ့တဲ့အတွက်စိတ်မကောင်းစရာပဲ။မဟုတ်ရင် ငါသူမရဲ့ခန္ဓာကိုယ်ကိုပိုပြီးတောင်ခံစားရမှာပဲ။ ဟား ဟား ဟာူ ! "

"သေလိုက်တော့ မန်လိ !!!!" ကျန်းရွှယ်ကန်းဆုပ်ကိုင်ထားသည့် အပြာရောင်ဓားသည် အပြာရင့်ရောင်အလင်းရောင်တောက်ပနေပြီး တိမ်တိုက်များကိုကျော်လွန်၍ သတ်ဖြတ်လိုမှုများမြင့်တက်လာခဲ့သည်။

"ဝိညာဉ် ဓားသွား!"

" ငါ့ကိုမင်းနဲ့အတူခေါ်ဆောင်သွားဖို့ကြိုးစားနေတာလား။ မင်းက ငါ့လိုဝိညာဏ်အရှင်သခင်ဖြစ်လာတာနဲ့ပဲ ငါနဲ့တို့တန်းတူဖြစ်သွားပြီထင်နေတာလား။မင်းက အရူးပဲ" မန်လိ၏အနီရောင်ဆံပင်သည်ငရဲမှတကယ့်နတ်ဆိုးနှင့်တူပြီး သူ၏မျက်လုံးများသည်ကတ္တီပါနီရောင် တောက်ပလာသည်။

"ငရဲမီးတောက်"

သူတို့နှစ် ဦး သည်သူတို့၏နည်းစနစ်များကိုထုတ်လွှင့်ပြီး မတိုက်ခိုက်မီရုတ်တရက်၊ အနီရောင်အင်္ကျီဖြင့် ၀ တ်ထားသောမိန်းကလေးတစ် ဦး သည် သူတို့အနားတွင် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ပေါ်ပေါက်လာသည်။ သူမ၏ဆုပ်ကိုင်ထားသည့် လက်ထဲတွင် လက်ဆက်သောသွေးများဖုံးလွှမ်းနေသည့် လည်ဆွဲတစ်ခုရှိနေသည်။

" ငါပိုက်နက်ရဲ့တည်ငြိမ်အေးချမ်းမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့အတွက်၊ မင်းတို့ရဲ့ကျင့်ကြံခြင်း အခြေခံဟာဖျက်ဆီးခံရလိမ့်မယ်။ " မိန်းမငယ်လေးက သူ့လက်များကိုဝှေ့ယမ်းလိုက်ပြီး မန်လိနှင့် ကျန်းရွှယ်ကန်းတို့သည်တစ်ခဏအတွင်း သူတို့၏ကျင့်ကြံမှုအခြေခံတစ်ခုလုံး ပြိုလဲသွားသည်ဟုခံစားလိုက်ရသည်။ ၎င်းတို့ကိုထောက်ပံ့ရန်မည်သည့် ကျင့်ကြံမှုမှမရှိသောကြောင့် သူတို့နှစ် ဦး သည် တိုက်ခိုက်မှုများကိုထိန်းချုပ်နိုင်ခြင်းသို့မဟုတ်ပျံသန်းခြင်းမရှိတော့ဘဲမြေကြီးပေါ်သို့ တစ်ဖြောင့်တည်းကျသွားကာ ​အရိုးအဆစ်များစွာကိုကျိုးပဲ့စေခဲ့သည်။

"မင်းက ဘယ်သူလဲ?!" မန်လိသည်မြေပေါ်တွင်လဲလျောင်းနေရင်း ကျယ်လောင်စွာအော်ဟစ်နေကာသူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင်ကြီးမားသောနာကျင်မှုကိုခံစားခဲ့ရသည်။ ၀ိညာဥ်အရှင်သခင်တစ်ယောက်ကို လက်တစ်ဖက်​ေ၀ှ့ရုံဖြင့် မသန်မစွမ်းဖြစ်စေရာ သူမ၏နောက်ခံသည်ထိတ်လန့်ဖွယ်ရာဖြစ်လိမ့်သည်။

ကျန်းရွှယ်ကန်း ကတော့သူ့မျက်လုံးကိုပြူးပြီး လေထဲရှိမိန်းကလေးကိုကြည့်နေရုံသာ တက်နိုင်သည်။ သူသည် ဘာမှမစဉ်းစားနိုင်လောက်အောင် အလွန်အမင်းအံ့အားသင့်နေသည်။

"ငါတို့ မင်းကို ဘယ်လိုနှောင့်ယှက်ခဲ့မိလို့လဲ? ငါ့ကိုဖြေပါ!" မန်လိသည် သူမထံမှ အဖြေမရသည့်နောက်တွင်ထပ်မံအော်ဟစ်ခဲ့သည်။ သို့သော်ကောင်မလေးကသူ့ကိုလျစ်လျူရှုပြီးကောင်းကင်ထက်မှ အနီးအနားရှိသစ်ပင်ပေါ်သို့သက်ဆင်းသွားပြီးယွမ်၏သတိမဲ့နေသည့် ခန္ဓာကိုယ်ရှိရာနေရာဆီသို့သွားခဲ့သည်။ မန်လိသည်ယွမ်၏ တည်ရှိမှုကို သတိပြုမိပြီးသူတို့ကို စောင့်ကြည့်နေကြောင်း သူသိသည်။ သို့သော် သူသည် သူတို့ကိုအနှောက်အယှက်ပေးရန် အားနည်းလွန်းသောကြောင့် မန်လိ သည်ပုရွက်ဆိတ်လိုဆက်ဆံပြီး သူ့ကိုလျစ်လျူရှုခဲ့သည်။ ကျန်းရွှယ်ကန်း မှာလည်းအလားတူပင်။ ယွမ် ၏နှုတ်ခမ်းများမှသွေးများကိုသုတ်ပေးရန် ကောင်မလေးသည်ဒူးထောက်လိုက်ပြီး သူမ၏လက်များအနည်းငယ်တုန်ရင်နေသည်။

"သူ့ကိုနာကျင်အောင်လုပ်တာကြောင့်မင်းကိုသေဒဏ်ပေးရမှာပဲ ... " ယွမ်၏နှုတ်ခမ်းများမှသွေးကို သုတ်ပစ်ပြီးနောက် ကလေးမလေးသည် မတ်တပ်ရပ်ပြီး မြေပြင်ပေါ်ရှိပုံရိပ်နှစ်ခုနှင့်မျက်နှာချင်းဆိုင်ရောက်ရှိလာပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များမြင့်တက်လာသည်။

"ကောင်းကင်ဖြိုခွင်းဓါးချက် ... " ကမ္ဘာကြီးသည် ရုတ်တရက်တုန်ဟီးလျက် ကောင်းကင်သည် ညအမှောင်ထုသို့လှည့်ပြောင်းသွားသည်။ ကလေးမလေး၏လက်ထဲမှဓားတစ်ချောင်းထွက်လာသည်ကိုတွေ့လိုက်ရသည်။ "ကောင်းကင်ဖြိုခွင်းဓားချက်?! မဖြစ်နိုင်ဘူး! အောက်ဘုံမှာမင်းဘာလုပ်နေလဲ?" ကျန်းရွှယ်ကန်း သည် တွေ့မြင်လိုက်ရသည့်နည်းစနစ်ကိုအသိအမှတ်ပြုခဲ့ပြီး သူ၏စိတ်နှလုံးသည် ထိတ်လန့်ခြင်းကြောင့် ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။ ကောင်မလေးကသူ့မေးခွန်းကို လျစ်လျူရှုပြီးရုတ်တရက် ဓားဖြင့်ခုတ်ချလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်သည်နှစ်ခြမ်းကွဲသွားပုံရသည်။ BOOM! ကြီးမားသောငလျင်သည် အရှေ့ဘက်တိုက်ကြီးတစ်ခုလုံးကိုလှုပ်ခါစေခဲ့ပြီး၊ တိုက်ကြီးအတွင်းရှိကျွမ်းကျင်သူများစွာကိုထိတ်လန့်စေခဲ့ပြီးကမ္ဘာတဝှမ်းရှိရှေးဦးပညာရှင်များစွာကိုပင်သတိထားမိစေခဲ့သည်။

-

ယွမ်သည်သူ၏မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပြီး သူသတိပြုမိလိုက်သည်မှာမြေကြီးကိုထက်ဝက်ကွဲသွားစေသည့်အလားအဆုံးသတ်ကို မမြင်နိုင်သည့်ကြီးမားသောမြေကြီးအက်ကွဲကြောင်းကြီးဖြစ်သည်။

" ဟိုလူနှစ်ယောက်က ဒါကြီးကို ဖြစ်ပေါ်စေခဲ့တာလား။ ဒါကရယ်စရာကောင်းလိုက်တာ!" ယွမ်၏နောက်ကျောသည် အဆုံးမဲ့ပုံပေါက်နေသည့် အတ်ကြောင်းကြီးကိုမြင်သောအခါ ချွေးအေးစို့လာသည်။ ဤမျှကြီးမားသော ပျက်စီးခြင်းကို ဖြစ်စေရန်လိုအပ်သော စွမ်းအားကိုသူ မခန့်မှန်းနိုင်ပါ။ ဤကမ္ဘာ​့အတ်ကြောင်းသည် ကမ္ဘာကြီး၏ပထဝီအနေအထားကို ပြောင်းလဲရန်လုံလောက်သည် ထက်ပိုသည်။ ရုတ်တရက်ယွမ်၏ နှလုံးသည် ခုန်ပေါက်သွားသည်။ သူသည် တဖြည်းဖြည်းခေါင်းကိုလှည့်ကြည့်လိုက်သည်။ဒီခဏလေးတွင် သူဟာမိန်းကလေးတစ်ယောက်ရဲ့ နူးညံ့သောပေါင်ပေါ်မှာ အိပ်နေမှန်း သိလိုက်ရသည်။ "ရှောင်ဟွာ!" သူ့အနားမှာထိုင်နေတဲ့ သူမကိုတွေ့လိုက်ရပြီး သူ့ကိုသူမရဲ့ပေါင်ပေါ်မှာအိပ်ခွင့်ပေးထားတာကြောင့် သူအံ့အားသင့်သွားသည်။ "ဘယ်နေရာမှာ နာနေသေးလဲ"

ယွမ်သည် သူမတွင် ထိခိုက်ဒဏ်ရာရမှုမရှိသောကြောင့်စိတ်သက်သာရာရခဲ့သည်။

ရှောင်ဟွာက ရုတ်တရက်သူ့ခေါင်းကိုသူမပေါင်ပေါ်သို့ဆွဲချလိုက်သည်။

" သခင်၊ မင်းသိပ်မလှုပ်ရှားသင့်ဘူး။ မင်းဒဏ်ရာရနေတယ်"

"အို?" ယွမ်သည်အံ့အားသင့်သွားသည်။

"မင်းငါ့ကိုဘာလို့ခေါ်တာလဲ။"

"သခင်။ "

"အခု ငါတို့ဘယ်လိုဂိမ်းမျိုးကစားနေတာလဲ"

"ဒါကဂိမ်းမဟုတ်ဘူး။ ရှောင်ဟွာ ကအစ်ကိုယွမ်ကို သူ့မရဲ့သခင်အဖြစ်လက်ခံခဲ့တယ်။ " သူမသည် သွေးတွေဖုံးနေသော လည်ဆွဲကို လေးနက်စွာ ထုတ်ပြလိုက်သည်။

" ဒါကမင်းငါ့ကိုပေးခဲ့တဲ့ လည်ဆွဲပဲ။ အို…ဒါဆိုမင်းဆိုလိုတာက မင်းကိုကျွန်အဖြစ်ခေါ်ဖို့…ဒီလည်ဆွဲကိုအသုံးပြုရမယ်လို့ဆိုလိုတာလား" သူကသူမ၏စကားများ၏နောက်ကွယ်ရှိအစစ်အမှန်အဓိပ္ပာယ်ကိုနားလည်သဘောပေါက်သွားသည်။

" ရှောင်ဟွာ …မင်း… အိုင်းယား!" သူကကျယ်လောင်စွာသက်ပြင်းချလိုက်သည်။

"ရှောင်ဟွာ ကို လက်မခံဘူးလား" သူမ၏ ပုံစံကဝမ်းနည်းနေသည်။

" ရှောင်ဟွာက လူဆိုးမလေးမို့လို့လား?"

" အဲ့လို မဟုတ်ဘူး။ ငါမင်းကိုတကယ်ပဲ သဘောကျပါတယ်၊ ဒါပေမယ့်မင်းကို အစေခံတစ်ယောက်အနေနဲ့ဆက်ဆံဖို့က နည်းနည်း..၊ မလိုအပ်တဲ့နားလည်မှုလွဲမှားတာတွေ ဖြစ်စေလိမ့်မယ်"

"နားလည်မှုလွဲမှားတာလား။ ရှောင်ဟွာကစိတ်ထဲမထားဘူး။ "

'ဒါပေမယ့်ငါစိတ်ထဲထားတယ်လေ!' ယွမ်သည်သူ၏ စိတ် အတွင်း၌ပြန်လည်ဖြေကြားခဲ့သည်။ ခဏကြာတိတ်ဆိတ်ပြီးနောက် ယွမ်က" အစ်ကိုယွမ်" ဟုပြောလိုက်သည်။

"ဟမ်?" ရှောင်ဟွာက သူမျက်နှာကိုရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ခဲ့သည်။ " မင်းကငါ့ကို အစ်ကိုယွမ်လို့သာမန်အတိုင်းခေါ်နေသမျှကာလပတ်လုံးနားလည်မှုလွဲမှားခြင်းရှိမှာမဟုတ်ဘူး။ " သူကသူမ၏ရှင်းပြလိုက်သည်။

"အဲ့ဒါဆိုရင်... " သူမ၏မျက်စိများစတင်တောက်ပလာခဲ့သည်။ "အစ်ကိုယွမ်!" သူမသည် ရုတ်တရက်သူ့ကိုဖက်လိုက်ပြီးမျက်နှာပေါ်၌​ ပွင့်ပွင့်လင်းလင်းပြုံးပြလာသည်။

« ရှောင်ဟွာ ကို သင့်ရဲ့အစေခံအဖြစ်လက်ခံလိုက်ပါပြီ။ »

နာမည်: ရှောင်ဟွာ

အဆင့် - နတ်ဘုရား အဆင့်

သခင် - ယွမ်

ကျင့်ကြံခြင်း: တတိယအဆင့်ဝိညာဉ်ဘုရင်အဆင့်

နိုင်ငံသား - ရှေးဦးကောင်းကင်ဘုံ

သွေးမျိုးဆက်: နတ်ဘုရားအဆင့်

ခန္ဓာကိုယ် : ခရမ်းရောင်မြူနှင်းခန္ဓာကိုယ်

-

« ကောင်းကင်ဘုံ၏လျှို့၀ှက်ပညာရပ်» «အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၄ »

« ကောင်းကင်ရဲ့ပထမဆုံးလျှို့ဝှက်အနုပညာ - ကောင်းကင်ကို၀ါးမျိုခြင်း » «အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၅ » - «ကောင်းကင်ဘုံ၏ဒုတိယလျှို့ဝှက်အနုပညာ - ကောင်းကင်ဖြိုခွင်းဓားချက်»

«အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၄ » - «ကောင်းကင်၏တတိယလျှို့ဝှက်အနုပညာ - ကောင်းကင်ဘုံပိုက်နက်» «အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်မှုအဆင့် - ၂ » -

« ကောင်းကင်၏တတိယအနုပညာ - ကောင်းကင်ဘုံတံဆိပ်ခတ်ခြင်း» «အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၁ »

« ပျံသန်းခြင်း »

«အဆင့် - ကမ္ဘာမြေအဆင့်»

« မြင့်မားသော အာရုံခံနိုင်မှု »

«အဆင့် - ကောင်းကင်အဆင့်»

« ချီပြန်ပြည့်နှုန်း »

«အဆင့် - ကမ္ဘာမြေအဆင့်»

«ခရမ်းရောင်မြူ»

«အဆင့်: နတ်ဘုရားအဆင့်»

«ဂုဏ်ယူပါတယ်! ကစားသမားယွမ်သည် ကမ္ဘာ့ပထမဆုံး နတ်ဘုရားအဆင့် အစေခံကျွန်ကိုရရှိခဲ့သည်။ »

ဤကြေငြာချက်ကို ကောင်းကင်ပေါ်တွင်ကြေငြာလိုက်သောအခါ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် အံအားသင့်နေသော စကားသံများထွက်ပေါ်လာခဲ့ပြီး တစ်ဆက်တည်းမှာပင် ကစားသမားယွမ်ဟာလိမ်လည်ကစားသူ(cheater)အဖြစ် ကောလဟာလများ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာခဲ့သည်။