Chapter 17 - 12

[ကစားသမား မီးတောက်နီ၊ကစားသမား အဆိပ်မိစ္ဆာ၊ကစားသမား မတ်ဒေါ့နှင့် ကစားသမား ငါတစ်ချီပြီးသွားပြီတို့သည် လောင်းကျွမ်းခြင်းဂူကို ရှင်းလင်းနိုင်သည့် ကမ္ဘာ့ ပထမဆုံး ကစားသမားများဖြစ်လာကြသည်။ ဂုဏ်ယူပါတယ် ]

ကြေငြာချက်သည် တိမ်တိုက်များကြားတွင် ချိတ်ဆွဲထားပြီး ယွမ်သည် လက်ထဲမှဓားဖြင့် တင့်တယ်စွာ လှုပ်ရှားရင်း အနီးအနားရှိ ငွေမြေခွေး၄ကောင်ကို မြေပေါ်တွင် ပုံကျနေအောင် သုတ်သင်ထားသည်။ ယွမ်က ရပ်တန့်ရန်မကြိုးစားပဲ ထွက်ပြေးရန်ကြိုးစားနေသော မြေခွေနှစ်ကောင်ကို လက်ထဲမှဓားဖြင့် သေသပ်စွာ အဆုံးသတ်ပေးလိုက်သည်။

အ​ေ၀းတစ်နေရာမှ စောင့်ကြည့်နေသော ရှောင်ဟွာသည် ကျွမ်းကျင်သူတစ်ယောက်က လမ်းဘေးတိုက်ပွဲတစ်ခုကို စောင့်ကြည့်နေသကဲ့သို့ လက်ခုပ်တီးလိုက်ပြီး "အကိုယွမ်က ရေမြှပ်တစ်ခုလိုပဲ သူရဲ့ အားသာချက် အားနည်းချက်တွေအားလုံးကို ကောင်းစွာ သဘောပေါက်ပြီး အလျင်အမြန် တိုးတက်လာနိုင်တယ်။ နာရီအနည်းငယ် အတွင်းမှာပဲ အကို့ရဲ့ ချီထိန်းကျောင်းမှုနဲ့ ဓားရေးပညာက အရမ်းကို ကျွမ်းကျင်လာတယ်"

သို့သော် သူမ၏အကြည့်များသည် နောင်တတရားများဖြင့်ပြည့်နှက်လာသည်"တကယ်လို့ အကိုယွမ်သာ ချီအရည်အသွေးကော ပမာဏပါ နိမ့်ကျတဲ့ အောက်ဘုံမီာမဟုတ်ပဲ အထက်ဘုံမှာသာမွေးဖွားခဲ့မယ် ဆိုရင်"

စကားမဆုံးခင်ပင် ယွမ်သည် နောက်ဆုံးမြေခွေးအားသတ်ဖြတ်လိုက်ပြီ ဒီတစ်ခါရိတ်သိမ်းမှုတွင် ရရှိလိုက်သော မွန်းစတားအမြုတေများကို စုဆောင်းလိုက်သည်။

"မွန်းစတား တစ်ဒါဇင်လောက် သတ်ခဲ့တာတောင် အမြုတေက ၇ခုပဲရတယ်" ယွမ်သည် အချိန်နှင့် အားထုတ်မှု အမြောက်အမြားသုံး၍ အမဲလိုက်ပြီးနောက် ရရှိလာသော မွန်းစတားအမြုတေ အနည်းငယ်ကို ကြည့်၍ သူ့စိတ်တွင် ကျိတ်ပြီးမျက်ရည်ကျမိသည်။

"အမြုတေ၇ခုဆိုရင် အတော်လေးရခဲ့တာပဲ" ယွမ်၏ စိတ်ဓာတ်ကျမှုကို တွေ့မြင်ပြီးနောက် ရှောင်ဟွာက ပြောကြားလိုက်သည်။"မဆိုးဘူး ကောင်းကောင်း အသုံးချမယ်ဆို အမြုတေ၇ခုနဲ့ တစ်လလောက်ကျင့်ကြံလို့ရတယ်"

"ဒါပေမယ့် အကိုယွမ်အတွက်က.."

"ဒါတွေက ငါ့အတွက် တစ်လမပြောနဲ့ တစ်မိနစ်တောင် မခံနိုင်ဘူး" ပြောပြီးတာနဲ့ ယွမ်ဟာ ချိုချဥ်လိုမျိုး တစ်ခုပြီးတစ်ခု ပါစပ်ထဲ ပစ်ထည့်လိုက်ရင်း ရှောင်ဟွာကို ထပ်မံ ထိတ်လန့်သွားစေပါတယ်။

<ကောင်းကင်ကိုသန့်စင်သောခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပါပြီ>

<ငွေရောင်မြေခွေး၏အမြုတေမှ ချီ ၅၆၀၀၀၀ကို စုပ်ယူပြီးပါပြီ>

<သင်သည် နောက်တစ်ဆင့်ချိုးဖောက်ရန်လုံလောက်သောချီကို စုဆောင်းပြီးပါပြီ>

<သင်သည် ၀ိညာဥ်ကျင့်ကြံခြင်း အဆင့်၉သို့ ရောက်ရှိသွားသည်>

<အချက်အလက်အားလုံး +၅၀၀ >

<1,519,395/3,840,000>

-

"အကိုယွမ်...မင်း" သူမသည် ယွမ်ကို တစေတစ်ကောင်ကို မြင်တွေ့ရသလိုမျိုး တုန်လှုပ်ပြီး သိချင်စိတ်ပြင်းပြနေသော မျက်၀န်းများဖြင့် ကြည့်လာသည်။

"ချိုချဥ်လိုပဲ သူတို့ ကျောက်စိမ်းဖားပြုတ်ရဲ့ ဟာလောက်မများပေမယ့် ငါ့အတွက်တော့ နောက်တစ်ဆင့်ချိုးဖောက်ဖို့ လုံလောက်ပါတယ်"

"အအ. အကိုယွမ်....."နာမယ်ခေါ်ပြီးနောက် သူမသည် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ" ယွမ်က ဘာဖြစ်နေမှန်း နာမလည်နိုင်သည့် အင်နိုးစန့် အကြည့်လေးဖြင့် မေးလာသည်။

"ကျင့်ကြံသူတစ်ယောက်က မွန်းစတားအမြုတေတွေဆီက ချီစွမ်းအင်ကို စုပ်ယူမယ်ဆိုရင် အမြုတေရဲ့ အရည်အသွေးပေါ်မူတည်ပြီး အနည်းငယ်ပဲစုပ်ယူနိုင်တယ်။အဆင့်မြင့် မွန်းစတားအမြုတေတွေ ဆိုရင်တောင် အများဆုံး၅၀%ပဲ စုပ်ယူနိုင်ပြီး ကျန်တာတွေက ကမ္ဘာ့ပေါ်မှာပြန်လည်ပျောက်ကွယ်သွားတယ်။ဒါက ကောင်းကင်ဘုံရဲ့ စီးမျဥ်းဖြစ်ပြီး ဘယ်သူမှမလွန်ဆန်နိုင်ဘူး။ဖြစ်နိုင်တာက အစ်ကိုယွမ်ရဲ့ ကောင်းကင်ကိုသန့်စင်နိုင်တဲ့ ခန္ဓာကိုယ်က ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တာဖြစ်မယ်"

"ကောင်းကင်ကို အန်တုတာလား" သူရဲ့ အစစ်အမှန်ခန္ဓာကိုယ်သာ ဒီလိုစွမ်းခဲ့မယ်ဆိုရင် ယွမ်က စိတ်ထဲတွင်ကျိတ်ပြီး သက်ပြင်းချမိသည်။

ရုတ်တရက် ရှောင်ဟွာသည် မျက်မှောင်ကျုပ်လိုက်သည်။"အကိုယွမ် ငါတို့နားမှာ လူတွေရောက်နေတယ်"

`ဟမ် လူလား NPC လား။ဂိမ်းကစားကတည်း ကရှောင်ဟွာ အပြင်ပထမဆုံး တခြားလူတွေနဲ့ တွေ့ရတာပဲ´

"လူ၃ယောက်ရှိတယ်။ ၂ယောက်က ကျင့်ကြံခြင်းအဆင့်၇မှာ ရှိပြီး ကျန်တစ်ယောက်က အဆင့်ရှစ်မှာပဲ။သူတို့က အထွပ်အထိပ်အဆင့်မှာရှိတဲ့ မီးပုတ်သင်ကို တိုက်ခိုက်နေတယ်"

"စိတ်၀င်စားစရာပဲ"ယွမ်က ပြောလိုက်သည်။

"သွားကြည့်ရအောင်"

"အင်း"

-

လူ၃ယောက် အမျိုးသား၂ယောက်နှင့် အမျိုးသမီး၁ယောက်တို့သည် အနီရောင်ကြေးခွံများ ဖုန်းလွှမ်းနေပြီး မိုးကြိုးပစ်ခံထားရသကဲ့သို့ အနက်ရောင်အစင်းကြောင်းများဖြစ်နေသော မီးတောက်ပုတ်သင်ကြီးကို တိုက်ခိုက်နေကြသည်။ သူတို့၏အကြည့်များသည် ကြောက်ရွံမှု တုန်လှုပ်မှုများနှင့် ပြည့်နှက်နေပြီး အ၀တ်အောက်က ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးများဖြင့် စိုရွဲနေသည်။မိနစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သော်လည်း မည်သူကမှ ပုတ်သင်ကြီး၏ အကာအကွဟ်ကို ချိုးဖောက်နိုင်ခြင်းမရှိပေ။၎င်း၏ မျက်နှာပြင်ပေါ်တွင် ခြစ်ရာများသာ ကျန်ရစ်ခဲ့သည်။"ငါလက်မခံနိုင်ဘူး" သူက ရုန်တရက်အော်ဟစ်လိုက်သည်။

"စီနီယာအကိုကြီးမို " သူ၏ခေါင်းမာမှုကို တွေ့မြင်လိုက်ရသောအခါ ကျန်နှစ်ယောက်သည် စိတ်ပူလာသည်။

"မင်းတို့နှစ်ယောက်သွားလို့ရပြီ။ငါကတော့ နေခဲ့ရမယ် ငါတို့နှစ်ဦးထဲမှာ တစ်ဦးပဲကျန်ရစ်တဲ့အထိ ငါ့အသက်က မီးတောက်ပုတ်သင်ရဲ့ အမြုတေအပေါ်မှာမူတည်နေတယ်" မိုကျိုးသည် စိတ်ပိုင်းဖြတ်ထားသောအမူအရာဖြင့် မျက်မှောင်ကျုပ်ထားပြီး သူနှုတ်ခမ်းကို သွေးထွက်လာသည့် တိုင်အောင်တင်းတင်းကျပ်ကျပ် စေ့ထားသည်။"ဒီမှာသေတာပဲဖြစ်ဖြစ် ဂိုဏ်းကိုပြန်ပြီး အသတ်ခံရတာပဲဖြစ်ဖြစ် ဘယ်လိုနေနေ ငါကသေရမှာပဲ ဒါ့ကြောင့် ငါ့အသက်ကို အခုအချိန်မှာပဲပုံအောထားလိုက်ပြီ "

"ဒါဆိုလည်း ဒီမှာပဲသေလိုက်တော့ ငါ့တို့နှစ်ယောက်က မင်းကို သနားလို့ ကူညိီခဲ့တာ" လူနှစ်ယောက်ထဲမှ တစ်ယောက်သည် ပြောပြီးပြီးချင်း တိုက်ပွဲထဲမှ ချက်ချင်းထွက်ပြေးသွားသည်။

"ရှင်သာ စီနီယာအကိုရန်ကို မစော်ကားခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး" အမျိုးသမီးသည် ပြောပြီးသည်နှင့် တိုက်ပွဲမှ စွန့်ခွာသွားသည်။သူတို့သည် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သော်လည်ူ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အတွက် သူတို့ဘ၀ကို မစွန့်စားလိုကြချေ။

မိုကျိုးသည် သူ့ဂျူနီယာညီမ၏ စကားဆုံးသောအခါ သက်ပြင်းချမိသည်။"ဂျူနီယာညီမလင်း ပြောတာမှန်တယ်။ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါ့နှလုံးသားကို မငြင်းဆန်နိုင်ဘူးဒါ့ကြောင့် အရွေးချယ်ခံလူတစ်ယောက်က်ို စော်ကားမိမယ်ဆိုတာ သိခဲ့ရင်တောင်မှ.." သူသည် ဓားကို ပြန်လည်တည့်မတ်လိုက်ပြီး မီးပုတ်သင်နှင့် ထပ်မံရင်ဆိုင်လိုက်ပြန်သည်။

"လာခဲ့စမ်း အမှိုက်ကောင်"

-

"ဟမ် မင်းပြောတော့၂ယောက်ဆို ဘယ်လိုလုပ်၁ယောက်ထဲဖြစ်နေရတာလဲ" သူက မီးပုတ်သင်နှင့် တိုက်နေသောမိုကျိုးကို ညွှန်ပြရင်းမေးလိုက်သည်

"၂ယောက်က ငါတို့မရောက်ခင်လေးက ထွက်သွားတာဖြစ်မယ်" သူမက တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

"ဘယ်လိုလဲ။သူနိုင်မယ်ထင်လား"

"သူ့ကျင့်ကြံခြင်းက ခြောက်ကပ်နေပြီ မကြာခင် ပြိုလဲသွာဖို့ အချိန်တစ်ခုပဲလိုတယ်"

"သူက မင်းအပြင် ငါပထမဆုံးတွေ့ဖူးတဲ့ လူပဲ ဒီတိုင်းသေခွင့်ပြုလိုက်ရမှာ ရှက်စရာပဲ" ပြောရင်းဖြင့် ယွမ်သည် ဓားကို​ေ၀ှ့ရမ်းပြီး ၀င်ရောက်တိုက်ခိုက်လိုင်သည်။

"သွေးထွက်သံယိုဓားချက်"

ဓားသည် သံမဏိကဲ့သို့ မာကျောသော ပုတ်သင်၏အရေခွံကို ထိုးဖောက်သွားပြီး နှလုံးကို တစ်ခါတည်း ဖြတ်သန်းသွားသည်။ ယွမ်သည် မီးတောက်ပုတ်သင်ကို တစ်ကွက်ထဲဖြင့်သတ်ဖြတ်လိုကသည်။

"အဆင်ပြေရဲ့လား"

သူသည် ကြောင်အနေသော မိုကျိုးအား လှည့်ကြည့်ရင်းမေးလိုက်သည်။

chapter 12