ကျောက်စိမ်းဖားပြုတ်က ငြိမ်သက်နေပြီး သူ့ကို ကြည့်ဖို့တောင် စိတ်မ၀င်စားတဲ့ ရှောင်ဟွာကို သူမျက်လုံးတွေ စိတ်ရှုပ်ထွေးစွာ စူးစမ်းနေပါတယ်။ ဒီဘာမှ မထူးခြားတဲ့ ကောင်မလေး သေးသေးလေးက ဘယ်လိုလုပ်ပြီး သူ့ရဲ့လေးလံတဲ့ အလေးချိန်နဲ့ အဖိခံရတာတောင် ဘာလို့ဘာမှ မဖြစ်ရတာလဲ။
ယွမ်က တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး သူ့မျက်လုံးတွေက ကျောက်စိမ်းဖားပြုတ်ပေါ်ကိုပဲ အာရုံစိုက်ထားပါတယ်။ သူက တစ်ခါမှ မတိုက်ခိုက်ဖူးပေမယ့် ထူးဆန်းစွာနဲ့ပဲ ပုံမှန်အတိုင်း တည်ငြိမ်နေပါတယ်။
သူက ဖားဆီကို တစ်ဟုန်ထိုးပြေး၀င်သွားပြီး သူ့အလျှင်က ကမ္ဘာ့အမြန်ဆုံးလူထက်တောင် ပိုမြန်နေပါတယ် မျက်တောင်တသ်ခတ်အတွင်းမှာပဲ သူက ကျောက်စိမ်းဖားပြုတ်ရှေ့ကို ရောက်သွားပါတယ်
"မြင်တွေ့ မှတ်သား သင်ယူ သတ်ဖြတ်" လူနှစ်ယောက် တိုက်ခိုက်နေတဲ့ မြင်ကွင်က အလိုလို သူ့မျက်လုံးထဲမှာ ပေါ်ပေါက်လာပြီး သူ့လက်တွေက အလိုလျှောက် လှုပ်ရှားသွားပါတယ်
ဆလက်ရှ်! လက်ထဲက ဓားက ကျောက်စိမ်းဖားပြုတ်ရဲ့ အစာအိမ်ကနေ ပိုင်းဖြတ်သွားပြိီး သွေးများပန်းထွက်လာသည် ဖားပြုတ်သည် နာကျင်စွာ မြည်ကျွေးလိုက်ပြီး နောက်သို့ ဆုတ်ခွာသွားသည်။
ရှောင်ဟွာ၏ မျက်လုံးများသည် သူ့ရှေ့က မြင်ကွင်းကြောင့် ပြူးကျယ်လာသည်။
"ဓားချက်က မကျွမ်းမကျင်နဲ့ သာမန်ဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ ဒါက ဓားကွက်တစ်ခုပဲ"
ယွမ်သည် ကျောက်စိမ်းဖားပြုတ်ကို လိုက်မဖမ်းပဲ လက်ထဲက ဓားကို စိုက်ကြည့်လိုက်သည် သူ့မျက်လုံးများက မကျေနပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်"ချီးပဲ သူတို့ချသလို တစ်ထေရာထဲ လိုက်လုပ်ကြည့်တာပဲ ဒါပေမယ့် တစ်ခုခုမှားနေသလို ခံစားရတယ်"
"အကိုယွမ်..မင်း "သူမက အံ့အားသင့်သွားသည် သိသာထင်ရှားစွာပင် ဓားကွက်သည် သူမသတ်ခဲ့သော လူနှစ်ယောက်ထဲမှ တစ်ယောက်၏ ဓားကွက်ဖြစ်သည် သူက ဒီခဏလေးအတွင်းမှာ လိုက်ကြည့်ပြီး သင်ယူခဲ့တာလား။
တစ်စုံ တစ်ယောက်သည် ကြည့်ရှုသင်ယူပြီး တစ်ခဏအတွင်း အသုံးပြုနိုင်ဖို့ ဆိုတာ ပါရမီရှင်တွေမှ လုပ်နိုင်တာပါ
"ငါ အတိအကျ လှုပ်ရှားပြီး ပစ်မှတ်ကို ထိခဲ့ပေမယ့် တစ်ခုခုလိုနေတယ်" ယွမ်က စဥ်းစားနေသည် ဖြစ်နိုင်တာက ချီစွမ်းအင် လိုနေတာလား?
သူက ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရပြီး တုန်ရင်နေသောကျောက်စိမ်း ဖာူပြုတ်ကို ယုံကြည့်မှု အပြည့်ဖြင့် ပြောလိုက်သည် "ဒီတစ်ကြိမ်တော့ မင်းကို အသေသတ်ပစ်မယ်"
ဖားပြုတ်သည် စိတ်ရှုပ်ထွေးနေသည်။ဒီလူက အားနည်းတာသေချာပါတယ် ဒါပေမဟ့် သူ့လက်ထဲ ဓားရောက်လညတဲ့ အချိန်က စပြီး သူ့အော်ရာက ဓားတစ်ချောင်းလို ထက်မြိလာပြိီး သူ့အကြည့်က ပြတ်သားလာက သူ့ပုံစံက လွှမ်းမိုးနိုင်စွမ်းအပြည့်နဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်။ ဘာကများ သူ့ကို ပြောင်းလဲသွားစေတာပါလိမ့်။
ရှောင်ဟွာတောင်မှ ေ၀ခွဲမရဖြစ်သွားပါတယ်။ လောကကြီးအကြောင်း ဘာမှမသိတဲ့ သေမျိုးတစ်ယောက် အဖြစ်ကနေ ရုတ်တရက် ကျွမ်းကျင်ဓားသမားအဖြစ် ပြောင်းလဲသွားသလိုပါပဲ။
သူက အံ့အားသင့်နေတဲ့ ဖားပြုတ်ဆီ ပြေး၀င်သွားပြီး သူ့လက်ကဓါးကို ယခင်ကလိုပဲ ေ၀ှ့ရမ်းလိုက်ပါတယ် ဒါပေ့မယ် ပိုမိုမြန်ဆန်ပြီး ခန့်မှန်းရခက်လာပါတယ်
<သွေးထွက်သံယိုဓားချက်>
ရွှက် ..ကျောက်စိမ်းဖားပြုတ်က ခုန်ရှောင်လိုက်ပေမယ့် ယွမ်ရဲ့ဓားချက်ထက် နှေးကွေးနေတာကြောင့် အလယ်တည့်တည့်ကနေ ပိုင်းဖြတ်ခံလိုက်ရပြီး အတွင်းအင်္ဂါတွေ ထွက်ကျလာပါတယ်။
<သင်သည် သွေးထွက်သံယိုဓားချက်ကို သင်ယူခဲ့ပါသည်>
<သွေးထွက်သံယိုဓားချက်>
<မြေကမ္ဘာအဆင့်>
<ကျွမ်းကျင်မှု : အဆင့်၁ >
<အသက်သွင်းရန် ချီ၉၀၀ လိုအပ်သည်။ ဓားကိုေ၀ှ့ရမ်း၍ အသုံးပြုနိုင်သည်။သွေးဂိုဏ်းမှ ဓားကွက်တစ်ကွက်ဖြစ်သည်။>
<ကစားသမားယွမ်သည် မြေကမ္ဘာအဆင့်စကေးကို သင်ယူနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကစားသမားဖြစ်လာသည်>
<ကစားသမားယွမ်သည် အငယ်တန်းအဆင့်ဘော့စ်(ကျောက်စိမ်းဖားပြုတ်)ကို ရှင်းလင်းနိုင်သည့် ကမ္ဘာ့ပထမဆုံး ကစားသမားဖြစ်လာသည်>
ကြေငြာချက်နှစ်ခုသည် ကမ္ဘာကြီးတစ်ခုလုံး တွေ့မြင်နိုင်ရန် ရှေ့ဆင့်နောက်ဆင့်ပေါ်ပေါက်လာခဲ့သည်။
-
ကျောက်စိမ်းဖားပြုတ်ကို သုန်သင်ပြီးနောက် ရှောင်ဟွာသည် သူ့ဆီသို့ ပြေး၀င်လာပြီး မေးမြန်းခဲ့သည် "အကိုယွမ် အဲ့ဒီဓားချက်ကို ဘယ်ကသင်ယူခဲ့တာလဲ"
ရှောင်ဟွာ၏ အသံကို ကြားလိုက်ရသော အခိုက်အတန့်တွင် ယွမ်၏ထက်ရှသော အော်ရာသည်ပျောက်ကွယ်သွားသည်။"အိုး အဲ့ဒါလား ဆံပင်အနီနဲ့လူသုံးသွားတာလေ"ယွမ်က သာမန်ကာလျံကာ ပြန်ဖြေလိုက်သည်။
ရှောင်ဟွာသည် လေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် တိတ်ဆိတ်စွာကြည့်ရှုလိုက်သည်"ကောင်းကင်ဘုံရဲ့ လျှို့၀ှက်ပညာရပ်ကို အချိန်တိုအတွင်းနားလည် သဘောပေါက်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး"သူမကို သူမ တီးတိုးရေရွတ်လိုက်သည်
"ဘာပဲဖြစ်ဖြစ် ငါအခု ပိုသန်မာလာတယ်လို့ ခံစားရတယ် ငါ့ခန္ဓာကိုယ်ကို အခုလိုသုံးကြည့်တော့လည်း ပျော်ဖို့ကောင်းသားပဲ"ယွမ်က ရယ်မောလိုက်သည်
"ငါက ချတဲ့နေရာမှာပါရမီပါလာတာများလား ဟဟ"
"အစ်ကို ယွမ်က ပါရမီရှင် တစ်ယောက်ပဲ သံသ၀င်စရာ မလိုဘူး" ရှောင်ဟွာက ခေါင်းငြိမ့်ပြပြီး အလေးအနက် ချီးကျူးလိုက်သည်။
"ရပ်လိုက်..မင်းအဲ့လို မြှောက်ပင့်နေတာ ငါ့အတွက်ရှက်ဖို့ကောင်းတယ်"
"ငါက မြှောက်ပင့်နေတာ မဟုတ်ဘူး အကိုယွမ်ရဲ့ နားလည်နိုင်စွမ်းက သရဲသဘတ်ကျအောက် မြင့်မားလွန်းတယ် ဒီလို အရည်အချင်းမျိုးက အောက်ဘုံကို ထားလိုက်အုံး အထက်ဘုံမှာတောင် အရပ်ရှားတယ်"
ယွမ်က ခေါင်းရမ်းလိုက်သည်"ငါ အဲ့ဖားကို အလွယ်တကူ အနိုင်ယူနိုင်တာက မင်းပေးတဲ့ဓားကြောင့်ပဲ ကျေးဇူးပါရှောင်ဟွာ"သူက သူမခေါင်းကို ပုတ်ရင်းပြောလိုက်သည်
"ဒါဆိုရင် အကိုယွမ်ပို အစွမ်းထက်လာရင် ရှောင်ဟွာက ပိုပြီးစွမ်းတဲ့ လက်နက်တွေပေးမယ်" သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။
"မင်းမှာ ဒီထက်ပိုစွမ်းတဲ့ ဓားတွေရှိသေးတယ်ပေါ့ မင်းကဘာလဲ လမ်းလျှောက်နေတဲ့ လက်နက်တိုက်ကြီးများလား"
"အင်း အကိုယွမ်က အရမ်းအားနည်းလွန်းတယ် တခြားဓားတွေကို ဝှေ့ရမ်းဖို့တောင် အားမရှိဘူး ဒါ့ကြောင့် ရှောင်ဟွာက ဒီဓားကိုပဲ ပေးနိုင်တယ် အကိုယွမ်ပိုသန်မာလာပြီး ဓားကို မပေါက်ကွဲပဲ ဝှေ့ရမ်းနိုင်တဲ့အချိန်ထိစောင့်နေမယ်"
"ပေါက် ပေါက်ကွဲပြီးသေတယ် ဟုတ်လား" ယွမ်သည် သူမ၏ ရက်စက်သောစကားလုံးများကြောင့် ထိတ်လန့်သွားသည်။
"မင်းနောက်နေတာမလား"
"သာမန် အဆင့်သတ်မှတ်ချက်မရှိတဲ့ လက်နက်တွေလို မဟုတ်ပဲ ၀ိဥာဏ်အဆင့်နဲ့ အထက် လက်နက်တွေကို စိတ်၀ိဥာဏ်လက်နက်လို့ခေါ်ပြီး သူတို့မှာ ကိုယ်ပိုက်အသိစိတ်ရှိတယ်။ တစ်စုံတစ်ယောက်က သူတို့ထက် အစွမ်းထက်တဲ့ စိတ်၀ိဥာဏ် လက်နက်ကို ကိုင်ဆောင်ဖို့ကြိုးစားမယ်ဆိုရင် လက်နက်ရဲ့စိတ်သဘော ထားအပေါ်မူတည်ပြီး အဲ့ဒီလူကို သတ်ပစ်နိုင်တယ်။"ရှောင်ဟွာက ရှင်းပြလိုက်သည်။
"ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ ကြည့်ရတာ ဂိမ်းထဲက အရာအားလုံးက မင်းသာ အရမ်းအားနည်းနေမယ်ဆိုရင် အသတ်ခံရဖို့ စီစဥ်ထားသလိုပဲ"
"လက်နက်၊မွန်းစတား၊ လူ ဘာပဲဖြစ် ဖြစ်မင်းသာ စွမ်းအားရှိရင် အရာအားလုံးကို လွှမ်းမိုးနိုင်တယ်။ဒါ့ကြောင့် အစ်ကို ယွမ်က သန်မာလာမှရမယ်။ ဒါမှ တစ်ခြားသူတွေအနိုင်ကျင့်တာ မခံရမှာ"
"ဒါပေမယ့် ရှောင်ဟွာလေးရှိနေမှတော့ အဆင်ပြေသွားပြီမလား" ယွမ်က သူမကို မြှောက်ပင့်ရန်ကြိုးစားလိုက်သည် သို့သော်သူမအမူအရာက ၀မ်းနည်းသွားသည်
"အကိုယွမ် ရှောင်ဟွာက အောက်ဘုံမှာပဲ အစွမ်းထက်တာ အထက်ဘုံမှာဆိုရင် တကယ့်ကျွမ်းကျင်သူတွေနဲ့ ယှဥ်လိုက်ရင် ပုရွက်ဆိတ်သာသာပဲရှိတယ် " သူမက သက်ပြင်းချလိုက်သည်
"ပုရွက်ဆိတ်လောက်လား" ရှောင်ဟွာက တောင်တစ်လုံးလုံးဖြတ်ဆီးနိုင်ပြီး အောက်ဘုံတစ်ခုလုံး လွှမ်းမိုးနိုင်သည့် အချိန်တွင် ထိုကျွမ်းကျင်သူများက မည်မျှအစွမ်းထက်မည်ကို ယွမ်က မခန့်မှန်းနိုင်ပေ။
ရှောင်ဟွာက ရုတ်တရက် ကျောက်စိမ်းဖားပြုတ်အသေကောင်ဆီသို့ လမ်းလျှောက်သွားလိုက်သည်
"မင်းဘယ်သွားနေတာလဲ" ယွမ်က သူမနောက်မှလိုက်လာသည်။
"မွန်းစတားတွေသေရင် တချို့က မွန်းစတားအမြုတေတွေကျန်ရစ်ခဲ့တယ်"ရှောင်ဟွာက သူမလက်မောင်းကို အသေကောင်ဆီသို့ ထိုးသွင်းလိုက်ပြီး တခဏကြာသောအခါ သလင်းကျောက်အသေးလေးတစ်ခုကို ဆွဲထုတ်လာသည်။
"မွန်းစတားအမြုတေတွေက ကျင့်ကြံသူတွေရဲ့ ချီစုဆောင်းမှုကို တိုးမြှင့်ပေးနိုင်တာကြောင့် အရမ်းအရေးပါတယ်"
"ဒီမှာ အကိုယွမ်" သူမက သူ့လက်ထဲ ထဲ့ပေးလိုက်သည်။
"မင်းရော အစွမ်းတွေ တိုးလာဖို့မလိုအပ်ဘူးလား"
"ဒီထဲက ချီက အ ရမ်းနည်ူပါးလွန်းတာကြောင့် ရှောင်ဟွာအတွက် အကျိုးမရှိဘူး ဒါ့ကြောင့် အကိုယွမ်ပဲ သုံးသင့်တယ်"
ယွမ်သည် ခေါင်းငြိမ့်လိုက်ပြိီးနောက် တုံ့ဆိုင်းမှုမရှိဘဲ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်
"ချိုချဥ်လိုပဲ" သူကတွေးလိုက်သည်။
"အကိုယွမ်" ရှောင်ဟွာက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တစ်ချိန်ထဲမှာပဲ ယွမ်ရဲ့ မွန်းစတားအမြုတေကို ချိုချဥ်လို ပါးစပ် ထဲပစ်ထည့်လိုက်သည့် မြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားသည်
"ဟမ်..ဘာဖြစ်လို့လဲ" သူက သူမကို ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။
"မွန်းစတားအမြုတေက အဲ့လိုမြိုချရတာ မဟုတ်ဘူး မြန်မြန်ထွေးထုတ်လိုက်"
"အရမ်းနောက်ကျသွားပြီ ဒါပေမယ့် မျိုချလိုက်ရင်ဘာဆက်ဖြစ်မှာလဲ"
ရှောင်ဟွာသည် ဒူးထောက်ကျသွားပြီး ရှင်းပြလိုက်သည်"မွန်းစတား အမြုတေထဲမှာ ပိုင်ရှင်ကျင့်ကြံခဲ့သမျှ စွမ်းအင်တွေအားလုံး စုပုံနေတယ် တကဟ်လို့ တစ်ယောက်ယောက်ကသာ မျိုချလိုက်ရင် ပြင်းထန်လွန်းတဲ့ စွမ်းအင်တွေကြောင့်ပေါက်ကွဲပြိီး သေလိမ့်မယ်"
"ထပ်ပြီးပေါက်ကွဲပြိီးသေတာပဲလား" ယွမ်သည်အံ့သြလွန်း၍ မေးယိုးများ ပြုတ်ကျသွားသည်။ ဒီဂိမ်းထဲမှာ သူ့ကို ပေါက်ကွဲပြီး သေစေမယ့် အရာတွေက များလှချည်လား။
ရုတ်တရက်
<ကောင်းကင်ကို၀ါးမြိုသောခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပါပြီ>
< ကျောက်စိမ်းဖားပြုတ်၏ အမြုတေဆီမှ ၁၂၈၀၀၀၀ချီ ကိုသန့်စင်ပြီးပါပြီ >
<သင်သည် နောက်တစ်ဆင့် ချိုးဖောက်ရန်လိုအပ်သောချီကို စုတောင်းပြီးပါပြီ>
<သင်သည် ၀ိညာဥ်စတင်ကျင့်ကြံသူအဆင့်၈သို့ ရောက်ရှိပါပြီ>
<အချက်အလက်အားလုံး +450>
".. "
"..."
"..."
"အကိုယွမ် အခုလေးတင် နောက်တစ်ဆင့်ချိုးဖြတ်သွားတာလား " ရှောင်ဟွာသည် အချိန်အကြာကြီးတိတ်ဆိတ်ေနပြိီးနောက် မေးလိုက်သည်။သူမ၏ အသံသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တယ်..."ယွမ်က ထူးဆန်းသောအပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
chapter 10