``သောက်ကျိုးနည်း။ငါတို့က လက်နက်လေးတစ်ခုရဖို့ ဆေးရွက်တွေခူးပြီး ပိုက်ဆံစုနေရတဲ့အချိန်မှာ ဒီကစားသမားယွမ်က ဂိမ်းရဲ့အဆုံးသတ်ကို ရောက်နေပြီ။"
"ဂိမ်းက ထွက်တာ တစ်ပတ်ပဲရှိသေးတယ်။သူက လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာကြာမှ ရိတ်သိမ်းနိုင်မယ့် ပစ္စည်းတွေကိုတောင်ရပြီးနေပြီ"
"သူ့ကို အခုအချိန်မှာ ကစားသမားလို့ ယူဆလို့ရသေးရဲ့လား။သူက ကစားသမားအနည်းငယ်တောင်မဟုတ်ဘူး၊ ကစားသမားထုတစ်ခုလုံး ရှေ့ကို ကြိုရောက်နေပြီ"
"ဒီနှုန်းအတိုင်းဆို သူက ကစားတွေအားလုံးကို အုပ်စိုးနိုင်တော့မှာ မလား။"
"ဒီငရှုပ်ကောင်က ညစ်ဆော့နေတာဖြစ်မယ်။ဒါဟာတွေအားလုံးကို ခဏလေးအတွင်း ပိုင်ဆိုင်နိုင်ဖို့ ဖြတ်လမ်းမရှိတာသေချာတယ်။ အခုလက်ရှိအကောင်းဆုံး ကစားသမားတွေထဲမှာ တောင်မှ သူနဲ့နီးစပ်တဲ့လူမရှိဘူး။ သူ့လို နာမယ်မရှိတဲ့ကစားသမားတစ်ဦးက ညစ်မဆော့ဘဲ လူတိုင်းရဲ့ ရှေ့ကိုကြိုရောက်နိုင်တယ်ဆိုတာ ငါမယုံဘူး"
"ဟုတ်တယ်။သူက ပီပီပြင်ပြင်ကို ညစ်ဆော့နေတာပဲ။ ဂိမ်းရဲ့ တာ၀န်ရှိသူတွေ၊ ဂိမ်းဖန်တီးသူတွေ ဘယ်ရောက်ကုန်တာတုန်း။ သူကို အပစ်ပေးဖို့လိုနေပြီ။"
"သူက အဆံချောင်နေတာလား ဒါမှမဟုတ် ဦးနှောက်ပဲမရှိတာလား ဒီလို ပြောင်ကျကျ ညစ်ဆော့ရင် သူများသံသယ၀င်ခံရမှာကို နည်းနည်းလေးတောင် မစဥ်းစားမိဘူးလား"
ယွမ်ဆိုတဲ့ ကစားသမားညစ်ဆော့တဲ့အကြောင်းဟာ တောမီးလိုပဲ အင်တာနက်တစ်ခုလုံးတွင် စတင်ပျံနှံ့လာသည်။
အခုခေတ် ရေပန်းစားတဲ့ ဂိမ်းတွေမှာ ညစ်ဆော့တဲ့သူတွေက ဘယ်သူကမှ လက်တွေ့တားဆီးဖို့ မကြိုးစားဘဲ ရှုံ့ချရုံပဲ ရှုံချခံရတဲ့ အရင်အချိန်တွေတုန်းကလို မဟုတ်ပဲ အခုခေတ်မှာ ပြင်းပြင်းထန်ထန် အပစ်ပေးခံရပါတယ်။
ထပ်ပြောရမယ်ဆိုရင် တစ်ယောက်ယောက်ကသာ မင်းညစ်ဆော့တာကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင် ဆယ်နှစ်စာ အိမ်ငှားခထက်ပိုတဲ့ ဒဏ်ငွေကို ပေးဆောင်ရပါလိမ့်မယ် တစ်ချို့တွေဆိုရင် ၄နှစ်တိတိ ထောင်ချခံရတာမျိုးတွေ အထိပြစ်ဒဏ်ခံရပါတယ်
စွန့်စားရမယ့်ကိစ္စမျိုးကို ဘယ်သူမှ မပြုလုပ်ချင်ကြပါဘူး ဒါ့ကြောင့် တကယ်ကို ချမ်းသာပြီး ဘာမှဂရုစိုက်စရာ မလိုတဲ့ လူချမ်းသာတွေလောက်ပဲ ညစ်ဆော့ကြပါတယ် ဒါ့ပေမယ့် သူလိုလူတွေတောင် ပွင့်ပွင့်လင်းလင်း ညစ်မဆော့ရဲပါဘူး ဒါ့ကြောင့် ယွမ်ရဲ့ကိစ္စကို ပြောရမယ်ဆိုရင် ကမ္ဘ့ာပေါ်ပြူလာ အဖြစ်ဆုံးဂိမ်းမှာ ပြောင်ပြောင်တင်းတင်း ညစ်ဆော့ပြတာဟာ တကယ်ကို ဉာဏ်ထိုင်းရာကျပါတယ်
"ဟမ် ညစ်ဆော့တာလား ကြာဖြူလေး မင်းကော ညစ်ဆော့တယ်ဆိုတာ ယုံလား ဒီကစားသမားယွမ်ကို ဘယ်လိုယူဆလဲ" ခရမ်းရောင်၀တ်ရုံနဲ့ ခန့်ညားတဲ့အသွင်အပြင်ရှိတဲ့ လူငယ်ဟာ ခေါင်းဖြတ်ထားခံထားရတဲ့ မြေခွေးရဲ့ခေါင်းကို ဘေးကို ကန်ထုတ်လိုက်ပါတယ် သူ့လက်ထဲမှာတော့ အနက်ရောင် လက်ကိုင်ရှိတဲ့ သံမဏိဓားကို ကိုင်ထားပြီး ဓားသွားမှာ အပြာရောင်လျှပ်စီးမြွေတွေက မကြာခဏ ရစ်ခွေလာတက်ပြီး သွေးတွေတစ်စက်စက် စီးကျနေပါတယ်
သူ့ဘေးမှာ လူနှစ်ယောက်ရပ်နေပြီ နှစ်ယောက်လုံးက မိန်းမလှလေးတွေပါပဲ
သူ့ဘေးနားက ကျော့ရှင်းတဲ့ ပုံစံရှိတဲ့ မိန်းမလှလေးက ကောင်းကင်ေပါ်က ကြေငြာချက်ကို ငေးမောကြည့်နေပါတယ် "သူဘာသူ ညစ်ဆော့ဆော့ မဆော့ ငါ့အလုပ်မဟုတ်ဘူး" သူမက တစ်ခဏကြာပြီးနောက် ပြန်ပြောလိုက်ပါတယ် သူမရဲ့ အကြည့်ကတော့ ကြေငြာချက်ကနေ သူမအနားက ကြောင်နက်ကြီးပေါ်ကို ပြောင်းလဲသွားပါတယ် "ဒါပေမယ့် နတ်ဘုရားအဆင့် အစေခံက ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာကို တော့ စိတ်၀င်စားမိတယ်"
သူမရဲ့ အမြှီးနှစ်ခွကြောင်က အဆင့်သတ်မှတ်ထားတာမရှိဘဲ သာမန်မွန်းစတားတစ်ကောင်ပါ ဒါပေမယ့် သူမှာ လျင်မြန်တဲ့လှုပ်ရှားမှုရှိပြီး တိုက်ခိုက်မှုတွေက စွမ်းအားပြည့်၀ပါတယ် ကျင့်ကြံသူတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အဆင့်၄ ၀ိညာဥ်စဦးကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှပါတယ်
"ဒီနတ်ဘုရားအဆင့် အစေခံနဲ့ဆိုရင် သူ့ရဲ့လွှမ်းမိုးနိုင်မှုက ပြင်ပကမ္ဘာမှာရော ဂိမ်းထဲမှာပါ ဘယ်သူမှ မငြင်းဆန်နိုင်အောင် ပြင်းထန်လာလိမ့်မယ် သူရဲ့ လုပ်ဆောင်ချက်တွေက ကမ္ဘာပေါ်ကို ကြီးကြီးမားမား အကျိုးသက်ရောက်စေလိမ့်မယ် "
"ဘာလဲ အမွေခံအဆင့် ၃ ရှိတဲ့ မိုးကြိုးအင်ပါက အမည်မရှိကစားသမားစီက ဖိအားတွေ ခံစားရနေတယ်လို့တော့ လာမပြောနဲ့နော်" အခြား အမျိုးသမီးတစ်ဉီးကဆွဲဆောင်မှုရှိရှိ ရယ်မောရင်းပြောလိုက်သည်
"ငါတို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာမှမခံစားရဘူးလား မီးတောက်ဘုရင်မ" မိုးကြိုးအင်ပါယာက လေးနက်တဲ့ အမူအရာနဲ့မေးလိုက်တယ်
"ဒါက နောက်စရာမဟုတ်ဘူးနော် ငါ့အကြောင်းခဏမေ့ထားလိုက်အုံး ဒီအမွေခံအဆင့်သတ်မှတ်ချက်တစ်ခုလုံးက ယွမ်ဆိုတဲ့ ကစားသမားကြောင့် ရှုပ်ထွေးသွားမယ်လို့တော့ မပြောနဲ့"
"ငါဒီကစားသမားနဲ့ပတ်သတ်ပြီး စိတ်မ၀င်စားဘူးလို့ ပြောရင်လိမ်ပြောရာကျမယ် ဒါပေမယ့် အမွေခံအဆင့်တစ်ခုလုံးနဲ့ လား ဒါက ပုံကြီးချဲ့နေတာပဲ သူကနောက်ထပ်ညစ်ဆော့တဲ့ လူညစ်တစ်ယောက်ဖြစ်ရုံပါပဲ "
"ဒါပေမယ့် သူက ကံကောင်းပြီး အစွမ်းအစရှိတဲ့ အမှန်အကန်ကစားသမားဆိုရင် မင်း ဘာဆက်လုပ်မှာလဲ"
သူ့မေးခွန်းအဆုံးတွင် မီးတောက်ဘုရင်မ ၏ ဆွဲဆောင်မှုရှိသောမျက်နှာသည် လေးနက်လာပြီး "ဒါဆိုရင် ငါလုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့ သူ့ကိုငါ့ဘက်ပါရောက်အောင် စည်းရုံးရမယ်"
"ဟ ဟ မင်းတစ်ယောက်ထဲအဲ့လိုအတွေးရှိတာလား အခုလက်ရှိ နံပါတ်၁ဖြစ်နေတဲ့ ဖုန်းမိသားစုကို ထားလိုက်ပါဦး အမွေခံအဆင့်သတ်မှတ်ချက်ထဲက မိသားစု၀င်တိုင်းက ငါတို့စကားပြောနေတဲ့ အချိန်မှာတောင် သူ့ကို ရှာဖွေနေကြတယ်"
"ချီး အဲ့လိုဖြစ်မယ်လို့ ငါထင်သားဘဲ ဘာပဲဖြစ်ဖြစ် ငါသာသူ့ကို အရင်ဆုံး ရှာတွေ့ပါစေ သူ့ကငါ့ဘက်တော်သားဖြစ်လာမှာ သေချာတယ် "
မိုးကြိုးအင်ပါယာက သူမကို နှာခေါင်းရှုံးပြသည် "မင်းကို ပြောရတာ လေကုန်တာပဲ အဖတ်တင်တယ်"
"ငါတို့ကဒီ.. အရိုးသင်္ချိုင်းကိုရောက်ပြိ။ " မိုးကြိုးအင်ပါယာကသူ့ဓားကိုဆွဲကိုင် လိုက်ပြီး ပတ်၀န်းကျင်ကို သတိထားနေသည်
လက်ရှိထိပ်တန်းကစားသမားသုံး ဦး ၏ရှေ့မှောက်၌ အရိုးစုများစွာသည် တောင့်တင်းသောလှုပ်ရှားမှုများရှိသောသစ်သားရုပ်သေးများကဲ့သို့ အရိုးစုသင်္ချိုင်းဂူကြီးထဲတွင် လမ်းပတ်လျှောက်နေကြသည်။
"ဒါကိုမြန်မြန် အဆုံးသတ်ကြရအောင်။ မင်းရောက်လာကတည်းက ငါ့ခံစားချက်တွေ မကောင်းတော့ဘူး" မီးတောက် ဘုရင်မက ပြောလိုက်သည်
"မင်းပဲ ငါတို့နောက်ကိုလိုလိုလားလားလိုက်တာလေ ... "
"ငါတို့အတူတူ တာ၀န်တစ်ခုထဲကိုပဲ လက်ခံဖို့ဖြစ်လာလို့လေ။ "
"ချီးပဲ ။ သွားကြစို့။ ငါတို့ကိုသတိထားမိသွားပြီ။ " မီးတောက်ဘုရင်မသည်သူမ၏လက်နက်ဖြစ်သည့် ကြာပွတ်အရှည်ကြီးဖြင့် ပြန်လည်နောက်ဆုတ်ခဲ့သည်။ ကြာဖြူလေးသည် နောက်မှလိုက်လာခဲ့ပြီး သူမရှေ့တွင်ပုံမှန်ဓားတစ်လက်ကို ထုတ်ဖော်ထားသည်။ ထိပ်တန်းကစားသမားများဖြစ်သော်လည်း တစ် ဦး တစ်ယောက်မျှအဆင့်အတန်းမြင့် လက်နက်များရရှိရန် အခွင့်အရေးတစ်ခုတစ်လေမျှမရှိခဲ့ပါ၊ ထို့ကြောင့်သာမန်လက်နက်များကိုသာ ကိုင်ဆောင်ထားနိုင်သည်။ "လိှပ်စီးဓာတ်သဘာ၀။ " မိုးကြိုးအင်ပါယာသည်ဓားကို ရမ်းလိုက်သောကြောင့်လျှပ်စီးမြွေများ ထွက်ပေါ်လာကာ ဓားသွားပေါ်တွင် လှည့်ပတ်နေကြသည်။
"ခန္ဓာကိုယ်မြှင့်တင်မှု - အမြန်နှုန်း။ " မီးတောက်ဘုရင်မ၏ပျော့ပျောင်းသောခန္ဓာကိုယ်သည်အပြာရောင်တောက်ပလာသည်။တစ်ချိန်ထဲမှာပင် သူမ၏ခန္ဓာကိုယ်သည်အလေးချိန်မရှိတော့ဘဲ ငှက်အမွေးအတောင်များကဲ့သို့ ပေါ့ပါးသလိုခံစားနေရသည်။
"ရွှီဟေး" ကြာဖြူလေး ကဖြည်းညင်းစွာပြောလိုက်သည်နှင့် ကြောင်မည်းကြီးသည်သူမ၏ရှေ့တွင်ရပ်နေသည်။
"သွားကြရအောင်!" မိုးကြိုးဧကရာဇ်သည်သူ၏ခြေထောက်ကို ကန်၍ အရိုးစုများဆီသို့ အမြန်ဆုံးပျံသန်းလိုက်သည်။ "ငါ့ကို အမိန့်လာမေပးနဲ့!" မီးတောက်ဘုရင်မသည်လည်းရှေ့သို့ပြေးထွက်သွားပြီးနောက်တွင် ကြာဖြူလေးနှင့်သူမ၏ ကျွန်တို့ နောက်မှလိုကက်လာသည်။
-
" ရှောင်ဟွာ …မင်းက …" ယွမ်ဟာသူမရဲ့အဆင့်အတန်းကိုမြင်တော့အရမ်းအံ့အားသင့်သွားတယ်။ သူသည် ၎င်းဖော်ပြချက်များက ဘာကိုဆိုလိုသည်ကိုသူနားမလည်သော်လည်း ၎င်းအချက်အလက်များသည် သာမန်မဟုတ်ကြပါ။
"ဂိမ်းအစမှာ ဒီလောက်အစွမ်းထက်အဖော်ရှိနေတာက ... နည်းပညာပိုင်းအရဆိုရင် ညစ်ဆော့နေသလိုပဲ" ယွမ်သည်အခြားကစားသမားအားလုံးနှင့် ယှဥ်လျှင် သူ၏လက်ရှိအားသာချက်ကိုသတိပြုမိသည်။ သို့သော်သူသည်ပြိုင်ဆိုင်ရန် ကစားခြင်းမဟုတ်သောကြောင့်၎ င်းအားသာချက်ကိုအသုံးပြုရန် အစီအစဉ်မရှိပေ။
"ရှောင်ဟွာရေ ငါ့ကိုဖြေပါဦး ၀ိညာဏ်စဦးကျင့် ကြံသူတစ်ယောက်နဲ့ယှဥ် ကြည့်မယ်ဆိုရင် ၀ိညာဥ်အရှင်သခင်တစ်အနေနှင့် ဘယ်လောက်တောင် ပိုပြီးအားကောင်းလဲ" သူကသူမကိုမေးလိုက်သည်။
"... " ရှောင်ဟွာ ကသူ့ကို" အဆပေါင်းတစ်ထောင်…တစ်သောင်း...အစ်ကိုယွမ်၊ သူတို့ကို နှိုင်းယှဉ်လို့တောင်မရနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ကွာခြားချက်က အရမ်းကြီးမားနေလို့" ဟု မဖြေခင် သူ့ကိုခဏကြည့်လိုက်သည်။ "ဒီခြားနားချက်က ဘယ်လိုတောင်အရမ်းကျယ်ပြန့်နေရတာလဲ။ "
"Hmmm ... အဲဒီတောင်ကုန်း…ကို ရှောင်ဟွာကတိုက်ခိုက်မှုတစ်ခုထဲနဲ့ပျောက်ကွယ်သွားအောင်လုပ်နိုင်တယ်။ " သူမသည်မိုးကုပ်စက်ဝိုင်းရှိကြီးမားသောတောင်ကိုညွှန်ပြကာပြောဆိုခဲ့သည်။ "တစ်ခါတည်းတိုက်ခိုက်ပြိီးပျောက်ကွယ်သွားမှာလား?" သူမ၏ယုံကြည်မှုရှိသောစကားလုံးများကိုကြားရသောအခါ ယွမ်၏ မျက်လုံးများပြူးကျယ်လာသည် အကယ်၍ သူမပြောခဲ့သည့်စကားမှန်လျှင် သူမက အဏုမြူစွမ်းအင်နှင့်တူသောအဖျက်စွမ်းအားရှိသည့်လမ်းလျှောက်နေသောဗုံးတစ်လုံးဖြစ်နေမည်မဟုတ်ပါလော အကြိမ်ပေါင်းများစွာအသုံးပြုနိုင်တဲ့ဗုံးတစ်လုံး? သူမသည် သာမန်ကျွန်တစ် ဦး မည်သို့ဖြစ်နိုင်မည်နည်း။ သူမ၏တည်ရှိမှုသည် ဂိမ်းအတွက်မျှတမှုမရှိဘူးလို့ သတ်မှတ်နိုင်တယ်မဟုတ်ဘူးလား ဒါမှမဟုတ် အခြားကျင့်ကြံသူတွေလည်း သူတို့သာ အဆင့်တစ်ခုကိုရောက်ရင် သူတို့လည်း ဒီလိုအင်အားကြီးလာမှာလား။
ယွမ်ကသူမကဲ့သို့သောမိန်းကလေးငယ်အားဤမျှစွမ်းအားများပေးခြင်းသည်အလွန်ကောင်းသောအကြံအစည်ဖြစ်မည်ဟုထင်သော ဂိမ်းဖန်တီးသူများမည်သို့တွေးနေကြသည်ကို စဥ်းစားမိသည်။
"Xiao Hua၊ မင်းရဲ့အစွမ်းတွေကို မဆင်မခြင်မသုံးပါနဲ့။ အိုကေ မင်းက မြို့တစ်မြို့ဒါမှမဟုတ် မြေတစ်ကွက်ကိုမတော်တဆ ဖျက်ဆီးလိုက်တာမျိုးကို ငါမမြင်ချင်ဘူး။ " သူသည် ရုတ်တရက် မြေအတ်ကြောင်းကြီးကို သတိပြုမိသွားသည်
"ရှေ... ရှောင်ဟွာ ... မင်းလုပ်ခဲ့တာလား" ဤအတ်ကြောင်းကို ဖန်တီးသူသည် တိုက်ခိုက်ခဲ့သူနှစ် ဦးမဟုတ်ဟုခံစားရပြီးနောက် သူကသူမကို မေးခဲ့သည်။
"အန်း ။ " သူမက ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်စွာခေါင်းညိတ်လိုက်သည်။
"အိုက်းယားး!" ယွမ်သည်ကျယ်လောင်စွာသက်ပြင်းချလိုက်သည်။
"မင်းတစ်ယောက်ယောက်ကိုအဲဒီလိုမျိုး မတော်တဆထိခိုက်မိရင် ဘယ်လိုလုပ်မလဲ။ ရှောင်ဟွာရေသေချာ နားထောင်ပါ၊ ငါ ခွင့်ပြုချက်မပေးရင်မင်းရဲ့အစွမ်းတွေကို ရှောက်မသုံးပါနဲ့။ အိုကေလား?"
"အင်း ။ " သူမသည် သူ၏တောင်းဆိုမှုကို အလွယ်တကူလက်ခံခဲ့သည်။ "ကောင်းပြီ "ယွမ်သည်သူ၏မျက်နှာပေါ်တွင်ခါးသီးစွာ ပြုံးလိုက်ပြီး မထွက်ခွာခင် ကမ္ဘာအတ်ကွဲကြောင်းကိုနောက်ထပ်တစ်ဖန် လှည့်ကြည့်ခဲ့သည်။
" သွားကြစို့၊ ရှောင်ဟွာရေ ။ တစ်ယောက်ယောက်ကငါတို့ကိုဒီမှာလာတွေ့ရင်မကောင်းဘူး။"
ထို့ကြောင့်သူတို့နှစ် ဦး သည် အခင်းဖြစ်ပွားရာနေရာမှ ထပ်ခွာ၍ လမ်းလျှောက်လာကြသည်။
-
"ရှောင်ဟွာရေ, မင်းက ငါ့ရဲ့အစေခံဖြစ်လာပြီဆိုတော့ ဘာဆက်လုပ်မှာလဲ" ယွမ်က သူမအား ဤဂိမ်းတွင်အစေခံများထားရခြင်း၏ ရည်ရွယ်ချက်ကို မသေချာသော်လည်းမေးမြန်းခဲ့သည်။
"ရှောင်ဟွာက အကိုယွမ်သွားတဲ့နေရာတိုင်းကို လိုက်လာမှာေပါ့" ဟုသူမကလျင်မြန်စွာဖြေဆိုခဲ့သည်။
"ပြီးတော့ သူမကမင်းကို နောက်ထပ်ဘုံတစ်ခုကို ပို့ဆောင်ပေးဦးမယ်"
"ဟမ်? ငါ့ကို နောက်တစ်ဘုံဆီ ဦး ဆောင်ပို့ပေးမှာလား?"
"အင်ူ။ "
"အင်း ... ဒါကို ထားလိုက်ပါဦး။ မင်းမိသားစုက မင်း ငါ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး သူတို့ဘာမှမပြောကြဘူးလား"
"အစ်ကိုယွမ်ဟာ ရှောင်ဟွာရဲ့မိသားစုပဲလေ။ ဒါကြောင့်ပြဿနာမရှိဘူး။ " သူမသည်တောက်ပသောမျက်လုံးများဖြင့်သူ့ကိုကြည့်ရှုခဲ့သည်။
" ဒီလိုယူတချက်က အလုပ်ဖြစ်လိမ့်မယ်လို့တော့ မထင်ထားဘူး။ " သူသည် ခေါင်းကိုခါလိုက်ပြီး သူမကိုဘယ်လို လုပ်ရမှန်းမသိဖြစ်နေသည်။
လွန်ခဲ့သောရက်အနည်းငယ်ကမှ သူနှင့်တွေ့ဆုံခဲ့သည့် ကလေးကို သူမမိသားစုမှ ခွဲခွာစေခြင်းသည် တကယ့်ကမ္ဘာမှာဆိုလျှင် မရေမတွက်နိုင်သောပြဿနာများဖြစ်ပေါ်စေနိုင်သည်၊ သို့သော် ယွမ်သည် သူက လက်ရှိတွင် ဂိမ်းထဲမှာဖြစ်ကြောင်း အမှတ်ရလိုက်ပြီး သူမသည် NPC သာဖြစ်သောကြောင့် ပြသနာမရှိလောက်ဟု ယူဆလိုက်သည်။
"ကောင်းပြီး ရှောင်ဟွာရေ မင်းငဘောအတိုင်းပါပဲ"ဟု ယွမ်က နောက်တုံးတွင် အတင်းပြုံး၍ ပြောလိုက်သည်။