Chapter 16 - 13

ဓားပျံဂိုဏ်း

"ဒါ ဒါ.. "မိုကျိုးသည် အခုမ စကားသင်သည့် ကလေးတစ်ယောက်ကဲ့သို့ စကားတစ်နေသည်။မီးပုတ်သင်သည် ၎င်း၏ မထိုးဖောက်နိုင်သော အကာအကွယ်ကြောင့် လူသိများရာ ယခုကဲ့ သို ့တစ်ချက်ထဲဖြင့် အသတ်ခံရလိမ့်မည်ဟု မျှော်လင့်မထားပေ။

ယွမ်သည် ​လက်တစ်ဖက်ကမ်းပေးပြီးနောက် " ဒါဆို အဆုံးသတ်က သိသာနေတာကို ဘာလို့ဆက်တိုက်နေရတာလဲ" ​မတ်တပ်ထရပ်လာသော မိုကျိုးကို မေးမြန်းလိုက်သည်။

မိုကျိုးသည် ၏အမူအရာသည် တောင့်တင်းသွားပြီး "မီးတောက်ပုတ်သင်ရဲ့ အမြုတေကို မရရင် ငါအသတ်ခံရလိမ့်မယ်။ဒါ့ကြောင့်ကြိုးစားရင်း သေသွားတာကပိုကောင်းမယ်ထင်တယ်" သူသည် ၀မ်းနည်းစွာ သက်ပြင်းချလိုက်သည်။

"အဲ့ဒါမရတာနဲ့ ဘာလို့သေပေးရမှာလဲ" ယွမ်သည် အခြေအနေကို သိချင်နေသည်။

မိုကျိုးသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်"ဘာလို့လဲဆိုတော့ ဂိုဏ်းရဲ့ အရွေးချယ်ခံကို နှောက်ယှက်မိလို့လေ"

"အရွေးချယ်ခံ... အဲ့တာက ဘာလဲ"

မိုကျိုးသည် ဘယ်လိုလူမျိုးကမြန်း ရွေးချယ်ခံဆိုတာကို တောင် မသိရတာလဲဆိုသည့် ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လာသည်။

"ရွေးချယ်ခံဆိုတာ အထက်ကောင်းကင်ရဲ့ မျက်နှာသာပေးတာကို ခံရတဲ့သူတွေပဲ။သူတို့က ပါရမီမြင့်မားစွာ မွေးဖွားလာပြီး လူတိုင်းက သူတို့ကို လေးစားကြရတယ်"

"ကောင်းကင်ရဲ့ကောင်းချီးပေးခံရတဲ့သူတွေလား"ယွမ်က ခေါင်းငြိမ့်လိုက်သည်။"ဒီတော့ မင်းဆိုလိုတာက မင်းက အရွေးချယ်ခံတစ်ယောက်ကို ပစ်မှားမိတယ်ပေါ့လေ။မင်းက ဘာလုပ်ခဲ့တာလဲ။သူ့မိဘတွေကို သတ်ခဲ့တာလား"

သူ့စကားအဆုံးမှာ မိုကျိုးဟာ အပြင်းအထန်ခေါင်းရန်းလိုက်သည်။"ငါလုပ်ခဲ့တာက စီနီယာအမရှင်းကို ပိုးပန်းဖို့ ကြိုးစားခဲ့တာပဲ။ဒါပေမယ့် စီနီယာအကိုရန် ကလည်း အမရှင်းကို သဘောကျနေတာကြောင့် ငါ့လုပ်ရပ်က သူ့ကိုဒေါသထွက်စေခဲ့တယ်"

"သူတို့နှစ်ယောက်က တွဲနေကြတာလား"

"မဟုတ်ဘူး"

"အိုင်းယား.."ယွမ်က သူ့ပေါင်သူပြန်ရိုက်လိုက်သည်

"မင်းက သူထက်အရင်ဖွင့်ပြောခဲ့လို့ သူက ဒေါသထွက်တာပေါ့လေ။မင်းရဲ့ စီနီယာအကိုရန်က ဘယ်လောက်တောင် အကျိုးအကြောင်းမဆီလျော်လိုက်သလဲ"

သူ့စကားများကို ကြားရသောအခါ မိုကျိုးသည်စွံ့အသွားသည်။

"အမြဲတမ်း ဒီလိုပဲဖြစ်နေကျတာလား"ယွမ်က သူ့ဟာသူတွေးနေသည်။

"မင်း အဲ့ဒါကိုလိုအပ်နေတယ်မလား " ယွမ်က မီးတောက်ပုတ်သင်၏အလောင်းကို ကြည့်ရင်း မေးလိုက်သည်

"ယူလိုက်ပါ"

"အမ်" မိုကျိုးသည် အလွန်အံ့အားသင့်သွားသည်။မီးတောက်ပုတ်သင်၏ အမြုတေသည် ဂိုဏ်းအကြီးအကဲများကပင် အလိုရှိသော ရတနာတစ်ခုဖြစ်သည်။သို့သော် အခုမှတွေ့သော ဒီလူငယ်လေးက သူ့ကိုပေးချင်နေသည်။

"တကယ်လား" သူက မယုံတ၀က်ယုံတ၀က်ဖြင့် မေးလိုက်သည်။"ဒါပေမယ့် မင်းသတ်ခဲ့တဲ့ဟာလေ"

"ကောင်းပြီလေ ဒါဆိုငါပဲ ယူသွားလိုက်တော့မယ်" ယွမ်သည် ပြောနေရင်းဖြင့် အလောင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။

"နေအုံး။ငါယူလိုက်မယ် မဟုတ်သေးဘူး ငါ့ကိုယူခွင့်ပေးပါ။ ဓားပျံဂိုဏ်းရဲ့ မိုကျိုးက မင်းရဲ့အ​ကျွေးကို တစ်သက်လုံးပေးဆပ်သွားပါမယ်"

ရှောင်ဟွာသည် မိုကျိုး၏ ဒူးထောက်တောင်းပန်မှုကို ကြည့်ရင်း သူမဖာသူမစဥ်းစားနေသည်။

"တကယ်လို့ ကယ်တင်ရှင်ကြီးက တစ်ခုခု အလိုရှိခဲ့ရင် ဒီမိုကျိုးက မဖြစ်ဖြစ်ဆောင်ရွက်ပေးပါ့မယ်" မိုကျိုးသည် ငိုယိုတောင်းပန်ရင်း ပြောလိုက်သည်။

တစ်ခါမှ ဒီလိုအခြေအနေမျိုးမကြုံဖူးတာကြောင့် ယွမ်က ဘယ်လိုတုန့်ပြန်ရမှန်းမသိဖြစ်နေသည်

"အရမ်းနှိမ့်ချဖို့ မလိုပါဘူး။တကယ်လို့ ဒီအမြုတေက လူတစ်ယောက်ကိုကယ်တင်နိုင်မယ်ဆိုရင် ဘာလို့မပေးနိုင်ရမှာလဲ"

"ကျေးဇူးပါ ကျေးဇူးအရမ်းတင်ပါတယ်" မိုကျိုးသည် ဆက်လက်ဒူးထောက်နေရင်း "မင်းက ငါ့ကို မီးတောက်ပုတ်သင်ရဲ့လက်ထဲကနေ ကယ်ခဲ့ရုံတင်မကဘဲ အချိန်တိုအတွင်းမှာပဲ မီးပုတ်သင်ရဲ့အမြုတေပေးပြီး ငါ့ကိုနောက်တစ်ကြိမ်ကယ်တင်ခဲ့တယ်။ ငါမင်းအပေါ် အသက်ကျွေးနှစ်ကြိမ်တင်နေပြီ။ဒါကို ငါ့ရဲ့ ကျေးဇူးတင်မှုအဖြစ်လက်ခံပေးပါ"

"အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်က ဒီလိုပုံစံကြီးနဲ့ ငိုနေတာ ကြည့်လို့မကောင်းဘူး။မြန်မြန်ထပါအုံး"

-

တစ်လဏ ကြာပြီးနောက် မိုကျိုးသည် ပြန်လည်တည်ငြိမ်သွားသည်။

"ငါမင်းနာမယ်ကို မသိရသေးဘူးပဲ"

"ငါ့ကို ယွမ်လို့ ခေါ်နိုင်ပါတယ်"

"ဒါဆိုလည်း တာအိုရောင်ရင်းယွမ် ထပ်ပြီးတော့မိတ်ဆက်ပါရစေ။ငါမိုကျိုးက ဓားပျံဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ပါ" သူကလက်ဆန့်၍ နှုတ်ဆက်လိုက်သည်။

"ဘာလဲ!ဓားပျံဂိုဏ်းလား။ထပ်ပြီး ဒီဂိုဏ်းဆိုတာဘာကြီးလဲ" ယွမ်သည် ဒီကမ္ဘာကို သူရောက်ခါစက ဂိုဏ်း၏ အဓိပ္ပာယ်ကို ကြားဖူးကြောင်း မေ့လျော့နေသည်။

မိုကျိုးသည် သူ့မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားသည်။

ရှောင်ဟွာက "အကိုယွမ် ဂိုဏ်းဆိုတာ ကျင့်ကြံသူတွေက စုပေါင်းတည်ထောင်ထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ကျင့်ကြံသူတွေဖြစ်လာအောင် သင်ကြားပေးတဲ့နေရာပဲ" ရှင်းပြလိုက်သည်။

"ဒါဆို ကျင့်ကြံသူတွေရဲ့ကျောင်းပေါ့ "ယွမ်က မိုကျိုးကိုကြည့်ရင်း ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

"ဟေး မိုကျိုး ဒါဆိုရင် မင်းရဲ့ ဓားပျံဂိုဏ်းကို လျှောက်ပြပေးပါလား။မင်းလည်း သိတဲ့အတိုင်းပဲ ငါတစ်ခါမှ ဘယ်ဂိုဏ်းကိုမှ မရောက်ဖူးဘူး "

မိုကျိုးသည် သူ့အကြည့်ကြောင့် တုန်လှုပ်သွားသည်။"ဒါဆို မင်းက ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ဦးပေါ့" သူက မယုံကြည်သည့်ပုံဖြင့် တီးတိုးပြောဆိုလိုက်သည်။

"ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ"

ယွမ်က သူခေါင်းပေါ်တွင် ကော်ရှင်မက်ခ်(?)အကြီးကြီးပေါ်လာသည့် ပုံစံဖြင့်ရှောင်ဟွာကို ကြည့်လိုက်သည်။

"သူတို့က ဘယ်ဂိုဏ်းကိုမှ၀င်မထားတဲ့ လွတ်လပ်တဲ့ကျင့်ကြံသူတွေကိုပြောတာ"

"အိုး ငါနားလည်ပြီ ဒါပေမယ့်ဘာလို့ မင်းကအရမ်းအံ့သြနေရတာလဲ" သူက မိုကျိုးကို ကြည့်လိုက်သည်။

"တာအိုရောင်းရင်းယွမ်က ၀ိညာဥ် စတင်ကျင့်ကြံသူ အဆင့်၉မှာ ရှိတာသေချာပေမယ့် ၀ိညာဥ်စစ်သည်အဆင့်၃ တစ်ယောက်တောင် နိုင်ဖို့မသေချာတဲ့ မီးပုတ်သင်ကို အလွယ်တကူ သတ်လိုက်နိုင်တယ်"

"သူဆိုလိုချင်တာက အကိုယွမ်က ဂိုဏ်းရဲ့အထောက်အပံ့မရှိဘဲနဲ့တောင် အရမ်းစွမ်းတယ်လို့ပြောချင်တာ" ရှောင်ဟွာက ရှင်းပြလိုက်သည်။

သူမက စွံ့အနေသည့် မိုကျိုးကို ကြည့်လိုက်ရင်း "အကိုယွမ်က အရမ်းထူးခြားတယ်။သူ့ကို အဲ့ဒီအရွေးချယ်ခံတွေဆိုတဲ့ ဂျီးနီးယပ်တွေတွေတောင် မယှဥ်နိုင်ဘူး"

"မင်းရဲ့ အဲ့လို၀င့်ကြွားတဲ့ စကားလုံးတွေက ငါ့ကိုရှက်အောင်လုပ်နေတယ် " ယွမ်၏မျက်နှာသည်နီရဲနေပြီး သူကတိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

"မဟုတ်ဘူး ၀င့်ကြွားတယ် ထင်ရပေမယ့် ဒီစကားလုံးတွေက လုံး၀ကို မှန်တယ် တာအိုရောင်ရင်းယွမ်က အစစ်အမှန်ဂျီးနီးယစ်ပဲ" သူက လေးလေးနက်နက်ပြောလိုက်သည်"ဂိုဏ်းကို လည်ပတ်ဖို့အတွက်ကတော့ ဂိုဏ်းချုပ်ဆီက ခွင့်ပြုချက်ရှိမှရမယ်"

"ဒါဆိုရင် စောင့်နေမယ်လေ" ယွမ်က လက်တွေ့ကမ္ဘာတွင် သူမတက်ခဲ့ရသော ကျောင်းအစား ဂိမ်းထဲက ကျောင်းကို လေ့လာရတော့မည်ဖြစ်ကြောင်း သိရသောအခါ ပျော်ရွှင်စွာဖြေကြားလိုက်သည်။

"ခဏလေး ငါ အရင်မွန်းစတားအမြုတေကိုထုတ်ယူလိုက်အုံးမယ်" မိုကျိုးသည် မေ့လုနီးပါးဖြစ်နေသောကြောင့် အလျင်စလိုလှုပ်ရှားလိုက်သည်။

chapter 13