"သွေးထွက်သံယိုဓားချက်!"
အနီရောင်အလင်းတန်းတစ်ခုသည် သစ်တောထဲတွင် ဖြတ်သန်းသွားပြီး ၃မီတာရှည်သော မျောက်၀ံကြီးကို သတိမပြုမိဘဲ ခေါင်းပြတ်သွားစေခဲ့သည်။
«သွေးထွက်သံယိုဓားချက်နှင့်ပတ်သတ်ပြီး သင်၏နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားသည်» «သွေးထွက်သံယိုဓားချက်အဆင့် (၁) → (၂)သို့ အဆင့်မြှင့်သွားသည် » «သွေးထွက်သံယိုဓားချက်» «အဆင့် - မြေကြီးအဆင့်» «ကျွမ်းကျင်မှုအဆင့် - ၂ » «ဖော်ပြချက်: ချီ90,000 လိုအပ်သည်။ အသက်သွင်းရန် ဓားကိုကိုင်ဆောင်ထားရမယ်။ သွေးဂိုဏ်းမှ နည်းစနစ်တစ်ခုဖြစ်သည်။ »
ယွမ်သည် ကျွမ်းကျင်မှုအဆင့်တစ်ခုတိုးလာသည်နှင့် ချီသုံးစွဲမှု အဆ၁၀၀လောက်မြင့်တက်သွားသည်ကို သတိပြုမိသောအခါ သူ၏မေးရိုးများပြုတ်ကျသွားသည်။ သူ၏ ကောင်းကင်ခွင်းဓားချက် သည်ဤနှုန်းဖြင့်ဆိုလျှင် ကျွမ်းကျင်မှုအဆင့် ၂ သို့ရောက်ရှိပါကအသက်သွင်းရန် ချီ တစ်သန်းလိုအပ်မည်မဟုတ်ပါလော။
" တာအိုရောင်ရင်းယွမ်ကိုတကယ်ကို…လိုက်မမှီနိုင်ဘူး…" မိုကျိုး သည်ကျင့်ကြံခြင်းအခြေခံ မြင့်မားသောမိကျောင်းများ ယွမ်၏လွယ်ကူစွာ သတ်ဖြတ်ခြင်းခံသည်ကို စောင့်ကြည့်ရင်းတုန်လှုပ်သွားခဲ့သည်။
"ဒီအဆင့်မြင့် စဦးဝိညာဥ်ကျင့်ကြံခြင်းအခြေခံရှိတဲ့ နွားရိုင်းမျောက်၀ံ တောင်မှ ဓားချက်တစ်ခုထဲနဲ့ အသေခံသွားရတယ် ... "
သူနှင့်တွေ့ဆုံပြီး ဓားပျံဂိုဏ်းသို့သွားရောက်ရန်ဆုံးဖြတ်ပြီးချိန် မှစ၍ ယွမ်သည်သူတို့လမ်းကြောင်းပေါ်ရှိ မွန်းစတားများအားလုံးကို လိုက်လံသုတ်သင်ပြီး နောက်ထပ် မွန်းစတားအမြုတေ များကိုစုဆောင်းခဲ့သည်။
"နောက်ထပ်၁၁ခုပဲ ဟဟ"
ယွမ်သည်သူရရှိသော မွန်းစတားအမြုတေများကို ရေတွက်နေပြီး၊ ယွမ်၏ဆုပ်ကိုင်မှုကြောင့် တောက်ပနေသောအမြုတေများသည် မိုဂျူးအားလေလံအိမ်သို့ ရောက်ရှိနေသလိုခံစားရစေသည်။
"များလိုက်တဲ့ အမြုတေတွေ!" မိုကျိုးကကျယ်လောင်စွာအသံထွက်၍ အော်ဟစ်လိုက်သည်။ မွန်းစတားအမြုတေများသည် တန်ဖိုးရှိသည့်အရင်းအမြစ်များဖြစ်ပြီး ကျင့်ကြံသူများအား သူတို့၏ကျင့်ကြံခြင်းကို များစွာအထောက်အကူပြုစေသည်။
အဆင့်တိုင်းမှ ကျင့်ကြံသူတိုင်းက ၎င်းတို့ကို အလွန်လိုချင်ကြသည်။ ထို့ပြင် အမြုတေတွေကိုအဆင့်မြင့်မွန်းစတားတွေဆီကနေသာ ရယူနိုင်တဲ့အတွက် သူတို့ဟာ ရှားပါးပြီး ၀ယ်ယူရန်ခက်ခဲသည်။ ယခုမူကား သူ့မျက်မှောက်၌ အမြုတေတစ်ဒါဇင်ခန့်သည် လူတစ် ဦး ၏လက်ဖ၀ါးပေါ်သို့ စုရုံးရောက်ရှိနေကြသည်။
" မင်းက ဒါကို များတယ်လို့ စဉ်းစားနေတာလား။ ဒါတွေအားလုံးစားလိုက်ရင်တောင် ဒါတွေက ငါ့အတွက် သွားကြားတောင် မညပ်လောက်ဘူး။"
"ဘာ?" မိုကျိုး သည်သူ့စကားများ နောက်ကွယ်ရှိအဓိပ္ပာယ်ကိုနားမလည်ခဲ့ပါ၊ သို့သော်သူသိလျှင်နောင်တရလိမ့်မည်ဟုခံစားရသည့်အတွက် ၎င်းကိုလျစ်လျူရှုထားရန် ဆုံးဖြတ်ခဲ့သည်။
" ငါတို့တွေ တစ်ချိန်လုံး အဆင့်မြင့်မွန်းစတားတွေနဲ့ချည်းတွေ့နေတယ်မဟုတ်လား။ ဒါကခြောက်ကြိမ်မြောက်ပဲ" မိုကျိုး သည် နောက်ထပ်အဆင့်မြင့်မွန်းစတားတစ်ကောင် မြေပေါ်သို့ ခေါင်းပြတ်ကျသွားသည်ကို တွေ့မြင်ရသောအခါ တွေးလိုက်မိသည်။
"မင်းက ခေါင်းဖြတ်ရတာကိုကြိုက်တဲ့ပုံပဲ။ "
"ဒီလိုလုပ်ရတာက ထိရောက်ပြီးလွယ်ကူတယ်လေ။ " ယွမ်ကပေါ့ပေါ့တန်တန်ပြုံးလိုက်ပြလိုက်သည်။
"ကျစ်..ဒီတစ်ကောင်က အမြုတေမရှိသေးဘူး"
"ဟေး .. လွယ်တယ်ပေါ့" မိုကျိုးသည် ယွမ်အားသူ၏ဂိုဏ်းအတွင်းရှိ ရွေးချယ်ခံ နှင့်နှိုင်းယှဉ်ကြည့်သည်။ ထိုသို့ ၀င့်ကြွားသောစကားလုံးများကိုသူတို့ အလွယ်တကူပြောနိုင်မည်လား။ သူတို့သည် အဆင့်မြင့်မွန်းစတားများကို လွယ်ကူစွာ ခေါင်းဖြတ်နိုင်မည်လား။ သေချာတာပေါ့ သူတို့လုပ်နိုင်မှာမဟုတ်ပါဘူး။ မိုကျိုး၏ခေါင်းတွင်ရုတ်တရက်အတွေးတစ်ခုပေါ်လာသည်။ 'သူက လွတ်လပ်တဲ့ကျင့်ကြံသူတစ် ဦး ဆိုတော့ သူ့ကိုငါ့ရဲ့ဓားပျံဂိုဏ်းကို ဝင်ခိုင်းဖို့အခွင့်အရေးရှိတယ် မလား။ ' ဓားပျံဂိုဏ်းသည် သူကဲ့သို့သောပါရမီရှိသူတစ် ဦးက သူတို့၏ဂိုဏ်းအတွင်းသို့ ၀င်ရောက်လာပါက သူတို့သည်အလွန်ဝမ်းမြောက်လိမ့်မည်။ သောက်ကျိုးနဲ, သူတို့က သူ့ကိုအနာဂတ် ဂိုဏ်း ခေါင်းဆောင်တစ်ဦးအဖြစ်တောင် ထည့်သွင်းစဉ်းစားရင် စဥ်းစားဦးမှာပဲ!
"တာအိုရောင်ရင်း ယွမ် ပြောခွင့်ပြုပါဦး။ မင်း ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ဖို့စဉ်းစားဖူးလား" သူကသူ့ကိုမေးရန်ဆုံးဖြတ်ခဲ့သည်။ ယွမ်သည် ခဏစဉ်းစားပြီးနောက် ခေါင်းကိုခါလိုက်သည် -
" ဒီ 'ဂိုဏ်း' တွေဆိုတာကို ဒီနေ့မှကြားဖူးတာပဲ၊ ဒါကြောင့် ငါအဲဒီအကြောင်းကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး "
"အဲ့လိုဆိုရင် ... မင်းက ငါ့ရဲ့ဓားပျံ ဂိုဏ်းနဲ့ပူးပေါင်းဖို့ စိတ်ဝင်စားလား။ဂိုဏ်းက မင်းကို နွေးနွေးထွေးထွေးကြိုဆိုမှာ သေချာတယ်"
"... " ယွမ်စဉ်းစားစဉ် ရှောင်ဟွာသည် ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်
" အစ်ကိုယွမ်က ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ဖို့မလိုဘူး၊အဲ့ဒါက အကို့ရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်စေ လိမ့်မယ်။အကိုယွမ်သာ ရှောင်ဟွာနဲ့အတူ လွတ်လပ်တဲ့ကျင့်ကြံသူတစ်ဦးအဖြစ်ရှိနေမယ်ဆိုရင် ပိုပြီးသန်မာလာမှာသေချာတယ်။" ရှောင်ဟွာ ရဲ့စကားကို ကြားပြီးနောက် မိုကျိုး၏ မေးရိုးများပြုတ်ကျသွားသည်။ သူမသည်တိတ်ဆိတ်စွာနေထိုင်ခဲ့သောကြောင့် သူသည်သူမကိုသိပ်ဂရုမစိုက်ခဲ့ပါ။ သူက သူတို့နှစ်ယောက်၏ဆက်ဆံရေးအကြောင်းကို အခုမှတွေးမိသည်။
"အကယ်၍ ငါသာ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်မယ်ဆိုရင်ပျော်စရာကောင်းမှာပဲ။ " ယွမ်က ဆက်ပြောလိုက်သည်
"သို့ပင်မယ့်လည်း ငါ့အတွက်ဂိုဏ်းတစ်ဂိုဏ်းကို ၀င်ဖို့ဆိုတာစောလွန်းသေးတယ်။ ဒါ့ကြောင့်ယခုကမ်းလှမ်းချက်ကို ငြင်းဆန်ပါရစေ"
"ဒါဆိုဒီလိုပေါ့…"
ယွမ်က သူ၏ကမ်းလှမ်းချက်ကိုငြင်းပယ်လိုက်သောကြောင့် စိတ်ဓာတ်ကျနေစဉ်၊ မိုကျိုးသည် အနာဂတ်တွင် ယွမ်သည် ဓားပျံဂိုဏ်းသို့ ဝင်ရောက်ရန် မျှော်လင့်ချက်ရှိသေးကြောင်း သူနားလည်လာခဲ့သည်။
"မင်းသာ အနာဂတ်မှာ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ချင်တယ်လို့ခံစားရရင် ငါ့ရဲ့ ဓားပျံဂိုဏ်းကိုလာခဲ့ပါ။ "
"ငါ့ စိတ်ထဲမှာမှတ်ထားပါတယယ်။ "
-
နောက်ထပ်နာရီအနည်းငယ်လမ်းလျှောက်ပြီး နောက်ဆုံးတွင် မြင့်မားသောတောင်များဝန်းရံထားသည့် ကျယ်ပြန့်သောချိုင့်ဝှမ်းတစ်ခုသို့ရောက်ရှိလာခဲ့သည်။
"ဒါကပျံဓားဂိုဏ်းလား?" ချိုင့်ဝှမ်းအထက် ၊လေထဲတွင်ပျံဝဲနေသောဓားတစ်ထောင်၏မြင်ကွင်းက ယွမ်ကိုအံ့အားသင့်သွားစေပြီး ထိုနေရာတွင် ဓားနှင့်ပြုလုပ်ထားသောခေါင်မိုးတစ်ခုရှိနေသည်ဟုပင် ထင်ရသည်။
"ဒါဟာ ဓားတစ်သောင်းအစီအရင်ဖြစ်ပြီး ကောင်းကင်အဆင့် တိုက်ပွဲ၀င်အစီအရင်တစ်ခုဖြစ်တယ်။ သူ့ကို အသက်သွင်းလ်ုက်မယ်ဆိုရင် ဓားမိုးရွာသလိုပဲ သူတို့က တစ်ပြိုင်နက်တည်းတိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်မှာ သူ့ကိုနောက်ဆုံးအသုံးပြုခဲ့တာပဲ ။ " မိုကျိုး သည်ယွမ်အားဂိုဏ်း၏အင်အားကို နက်နက်နဲနဲထင်မြင်စေလိုပြီး ၎င်းသည်သူ၏ဂိုဏ်းသို့ဝင်ရောက်ရန်အခွင့်အလမ်းများ တိုးလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ မိုကျိုး ၏စကားလုံးများနှင့်ခမ်းနားထည်ဝါသောမြင်ကွင်းသည် ယွမ်၏စိတ်တွင် အလွန်စွဲမှတ်သွားစေခဲ့သည်။ ရှောင်ဟွာက တော့ အကြည့်မလွှဲခင် စက္ကန့်ပိုင်းမျှသာ ကြည့်ခဲ့သည်။ "မင်းကို ဧည့်သည်အဖြစ်ပတ်ပတ်လည်လိုက်ပြဖို့ ခွင့်ပြုချက်သွားတောင်းမှာမို့လို့ ဒီနေရာမှာ ခဏစောင့်ဦး။ "
"အင်းပါ ။ " ယွမ်ကခေါင်းတညိတ်ညိတ်နဲ့သူ့ကိုအပြင်မှာစောင့်နေသည်။
__
" ပါရမီရှိတဲ့ အလွတ်တန်းကျင့်ကြံသူတစ်ဦးလား, မင်းပြောတာ?" လူအိုကြီးတစ်ယောက်သည် သစ်သားကုလားထိုင်ပေါ်တွင်ထိုင်နေရင်း သူ့ရှေ့တွင်ရပ်နေသော လူငယ်ကို စိုက်ကြည့်နေမသည်။
"အကြီးအကဲကို ပြောခဲ့တဲ့အတိုင်းပဲ။ သူဟာ ဓားတစ်ချောင်းနဲ့ ကျင့်ကြံခြင်းအခြေခံမြင့်မားတဲ့ မီးတောက်ပုတ်သင်ကိုသတ်နိုင်ခဲ့တယ်၊ မီးတောက်ပုတ်သင်ရဲ့ ထိုးဖောက်လို့မရတဲ့သံမဏိအကြေးခွံတွေကိုတောင် ထိုးဖောက်နိုင်ခဲ့တယ်!" မိုကျိုးသည် ယွမ်နှင့်အတူဖြတ်သန်းခဲ့သည့် သူ၏အတွေ့အကြုံများကို သူ့ရှေ့က လူအိုအား ပြန်လည်မျှဝေခဲ့သည်။
ထိုလူကြီးသည် ဂိုဏ်းအုပ်အုပ်ချုပ်ရေးတွင် တာဝန်ယူထားသော ဓားပျံဂိုဏ်း၏ အကြီးအကဲကျန်း ဖြစ်သည်။
"အကယ်၍ ဒီလူငယ်က မင်းသူ့ကို ချီးကျူးခဲ့တဲ့အတိုင်းတကယ်အရည်အချင်းရှိတယ်ဆိုရင် ငါလည်း သူ့နဲ့တွေ့ကြည့်ချင်တယ်။ "အကြီးအကဲ ကျန်းသည် မတ်တပ်ရပ်၍ တံခါးဆီသို့ လျှောက်သွားခဲ့သည်။
"မင်းဘာကိုစောင့်နေတာလဲ" "ဟုတ်ကဲ့!" မိုကျိုးကအကြီးအကဲ ကျန်း ကို ယွမ်နှင့် ရှောင်ဟွာ တို့စိတ်ရှည်စွာစောင့်ဆိုင်းနေသည့် ဂိုဏ်းအပြင်သို့ ဦး ဆောင်ခေါ်လာခဲ့သည်။
"တာအိုရောင်ရင်းယွမ်၊ သူငယ်ချင်းလေး ... စောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... umm ... "
"အဟမ်း …အဆင့်၉ဝိညာဉ်စဦးကျင့်ကြံသူလေး ... မင်းအသက်ဘယ်လောက်ရှိပြီလဲ။ " လူအိုကြီးကျန်း သည်ယွမ်၏ ကျင့်ကြံခြင်းအခြေခံကို အကြည့်တစ်ချက်တည်းဖြင့် ပြောနိုင်သည်။
" မင်းက မိုကျိုးရဲ့အသက်အရွယ်လောက်ပဲရှိသေးတယ်၊ အလွတ်တန်းကျင့်ကြံသူတစ်ယောက်အနေနဲ့သင့်တော်တဲ့ လမ်းညွှန်မှုမပါဘဲ ကျင့်ကြံခဲ့တာဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ " သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားက ... ?"
"ဒါက အကြီးအကဲကျန်း ပါ။ သူကဂိုဏ်းရဲ့အပြင်ဘက်တပည့်တွေအတွက် တရားစီရင်ဖို့တာဝန်ရှိတယ်။ "မိုကျိုးမှအကြီးအကဲကျန်း ကို ယွမ်နှင့်မိတ်ဆက်ပေးခဲ့သည်။
" ကျုပ် နားလည်ပြီ။ ခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ်။" အကြီးအကဲ ကျန်း သည်သူ၏မုတ်ဆိတ်ဖြူကို ညင်ညင်သာသာနူးညံ့စွာပွတ်သပ်လိုက်ပြီး "လိုရင်းကိုပဲ ပြောတော့မယ်၊မင်း ငါ့ရဲ့ ဓားပျံဂိုဏ်းကို တပည့်တစ် ဦး အနေနှင့် ၀င်ရောက်ချင်လား။ ဂိုဏ်းကို ၀င်ရောက်ခဲ့မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံမှုအခြေခံက ယခင်ကထက်ပိုမိုမြန်ဆန်စွာ မြင့်တက်လာလိမ့်မယ်။ တစ်နေ့ကျရင် မင်းက အတွင်းစည်း တပည့်တစ် ဦး ဖြစ်လာဖို့ အရည်အချင်းပြည့်မီကောင်း ပြည့်မီနိုင်တယ်။ "
"အတွင်းစည်းတပည့်?" အတွင်းစည်းမှ တပည့်များသည် အထက်တန်းလွှာလူတန်းစားနှင့် အတူတူပဲလားဆိုတာ ယွမ်က သိချင်ခဲ့သည်။ "မင်း ... "
အကြီးအကဲကျန်းက မိုကျိုး ကိုမျက်ေမှာင်ကျုပ်ပြီး ကြည့်လိုက်သည်။ မိုကျိုး က
" အကြီးအကဲကျန်း တွေ့တဲ့အတိုင်းပဲ… တာအိုရောင်ရင်း ယွမ်ဟာ ဒီကနေ့အထိ ဂိုဏ်းတည်ရှိမှုကိုလုံး၀မသိခဲ့ဘူး၊ ဒါကြောင့် သူက ကျွန်တော်တို့ရဲ့ဓားပျံဂိုဏ်းကို လာရောက်လည်ပတ်ချင်တာပါ" ဟု မိုကျိုး က သူ့ကိုခါသီးစွာ ပြုံး၍ ရှင်းပြခဲ့သည်။
"ဘာ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" အကြီးအကဲ ကျန်း သည်သူ၏စကားများကို သံသယဝင်လာခဲ့သည်။ အရူးတစ်ယောက်တောင် ဒီထက်ပိုကောင်းတဲ့ဆင်ခြေပေးတက်သေးတယ် မဟုတ်လား။
အကြိီးအကဲကျန်းက ယွမ် ကိုပြန်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "ဘာပဲဖြစ်ဖြစ်။ မင်းရဲ့အခြေအနေတွေကိုငါဂရုမစိုက်ဘူး။ ကောင်းပြီ မင်းရဲ့အဖြေကဘာလဲ။ မင်းသဘောတူရင် ဒီကနေ့မှာ အပြင်စည်း တပည့်တစ်ယောက်အနေနဲ့ မင်းကိုငါလက်ခံမယ်။ " မိုကျိုး သည်အခွင့်အရေးကိုမြင်ပြီး ယွမ်ကိုတွန်းအားပေးခဲ့သည်။
"တာအိုရောင်ရင်းယွမ်၊ ခင်ဗျားတကယ် ကံကောင်းတယ်။ ပုံမှန်အခြေအနေတွေမှာ တပည့်တစ်ယောက်အနေနဲ့ဂိုဏ်းကို မဝင်ခင် ဝင်ခွင့်စာမေးပွဲကို အရင်ဖြေရတယ်။ ဒါပေမယ့် အကြီးအကဲကျန်းမှာ အဲ့လိုလုပ်စရာမလိုပဲ တပည့်အဖြစ်လက်ခံနိုင်တဲ့ အခွင့်အာဏာရှိတယ်။ဒါက တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အခွင့်အလမ်းပဲ။တခြားသူတွေက ဒီအခွင့်အရေးအတွက် အသက်နဲ့ လဲဖို့တောင် ဆန္ဒရှိနေကြတယ်" သူကစိတ်လှုပ်ရှားစွာ ပြောသည်။ "... " ယွမ်သည် တစ်ခဏတာ တိတ်ဆိတ်သွားသော် လည်း သွေးဆောင်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။
" အဖိုးတန် ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ကျွန်တော်ငြင်းပယ်ရလိမ့်မယ်။ "
"ဘာ့ကြောင့်လဲ?!" မိုကျိုးက အံ့အားသင့်စွာမေးမြန်းခဲ့သည်။ မည်သူတစ် ဦး တစ်ယောက်ကမှ ဤသို့သော အခွင့်အလမ်းကိုဖြုန်းတီးပစ် မည်မဟုတ်ပေ။ ၎င်းသည် ဓားပျံဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခု၏ အတွင်းစည်းတပည့်တစ် ဦး ဖြစ်လာနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။ မိုကျိုးကဲ့သို့သော အပြင်စည်းမှတပည့်များအားလုံး အသေအလဲလိုချင် နေသောအရာတစ်ခု ဖြစ်သည်။
" ငါပြောခဲ့သလိုပဲ ငါက ဂိုဏ်တွေထဲကို ၀ င်ရောက်ဖို့အဆင်သင့် မဖြစ်သေးဘူး။ ငါက တစ်ယောက်ယောက်ကိုလတ်တလောမှာ စောင့်ဆိုင်းနေရသေးတယ်။ သူမ မရောက်ခင်အထိ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေ ချမှာမဟုတ်ဘူး။"
လူတစ်ယောက်ကို စောင့်နေတယ်လို့ ပြောတဲ့အခါရှောင်ဟွာက ယွမ် ကိုကြည့်လိုက်သည်။ "ဒီလူကဘယ်သူလဲ"
"... "
"... "
"... ကောင်းပြီ ... " အကြီးအကဲ ကျန်းသည် မျက်လုံးမှိတ်၍ ပြောလိုက်သည် -
"ဒါက မင်းရဲ့ဆုံးဖြတ်ချက်ပဲဖြစ်မှာပေါ့။ ဒါပေမယ့် တစ်ရက်ကျမှ ပြန်လာပြီး ငါ့ရက်ရောမှုကို ထပ်ခါတလဲလဲ တောင်းပန်ပြီး ပြန်ရဖို့မကြိုးစားနဲ့။ဘာလို့လဲဆိုတော့ မင်းရဲ့အခွင့်အရေးကို ဆုံးရှုံးခဲ့ပြီးပြီမို့လို့ပဲ"
မိုကျိုးသည် သက်ပြင်းချလိုက်သည်။ သူ၏ကြိုးစားအားထုတ်မှုအားလုံးသည် အချိန်တိုအတွင်း အလဟသ ဖြစ်သွားပြီဖြစ်သည်။ အကြီးအကဲကျန်းသည် ယွမ်ကိုစည်းရုံးရန်အစစ်အမှန်ကြိုးစားမှု မပြုခဲ့ရခြင်းအကြောင်းမှာ - ယွမ်သည်အတွင်းစည်းတပည့်များပင် လိုက်မှီနိုင်ခြင်းမရှိသော ပါရမီရှင်တစ်ဦးဖြစ်သည် ဆိုသော မိုကျိုး၏ စကားလုံးများကို မယုံကြည်ခြင်းကြောင့် ဖြစ်သည်။
"အင်း ... ဒီခရီးနဲ့ပတ်သက်ပြီးမင်းရဲ့ဂိုဏ်းကို ငါလိုက်ကြည့်ခွင့်ရသေးလား။ " ယွမ်သည်အလိမ်မာစကားသုံး မေးမြန်းခဲ့သည် ; သူငြင်းပယ်ပြီးတာတောင်မှ သူကအတွင်းပိုင်းကိုကြည့်ချင်နေဆဲဖြစ်သည်။ မိုကျိုး ကအဖြေကိုစောင့်နေရင်းမျက်လုံးထောင့်မှ အကြိီးအကဲကျန်းကို လှမ်းကြည့်သည်။ အကြီးအကဲ ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး "သူ ဘာအခွင့်အရေးတွေနဲ့ လွဲသွားလဲဆိုတာကို ကြည့်ခိုင်းလိုက်ပါ ဦး ။ " ပြောရင်းထွက်သွားလိုက်သည်။
"... "
ယွမ်ဟာပြောစကားကင်းမဲ့သွားသည်။ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ခြင်းက အကြီးအကဲကျန်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
မိုကျိုး ကထပ်မံသက်ပြင်း ချ၍ တောင်းပန်စကားပြောလိုက်သည်" တာအိုရောင်ရင်းယွမ် စိတ်မပူပါနဲ့။ မင်းကိုအကြီးအကဲကျန်းနဲ့ မရည်ရွယ်ဘဲမင်းနဲ့စကားပြောစေခဲ့တာ ငါ့အမှားပါ။ငါ့သာ မင်းကို တပည့်အဖြစ်လက်ခံစေဖို့ ချဲ့ကားမပြောခဲ့ဘူးဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။ " ယွမ်က စိတ်ထဲမထားဘဲ ပြောလိုက်သည် "ငါ စိတ်ထဲမထားပါဘူး။ သူက မျက်နှာထားဆိုးတဲ့ လူအိုကြီးတစ်ယောက်ပဲလေ"
" မျက်..မျက်နှာထားဆိုးတဲ့လူအိုကြီး ... တာအိုရောင်ရင်းယွမ် ... သူရှေ့မှာမင်းဒီလို ပြောခဲ့တာကို တစ်သက်လုံးမသိပါစေနဲ့။ မဟုတ်လို့ကတော့ မင်းချက်ချင်း အသတ်ခံရလိမ့်မယ်" မိုကျိုး ကကြောက်လန့်တကြားဖြင့် လူအိုကြီးကျန်း ကြားမကြားကိုသိရန်လှည့်ကြည့်ခဲ့သည်။ယွမ်အားမကြားတာသေချာမှ မိုကျိုးက သက်ပြင်းချလိုက်သည်။
"သူ့အကြောင်းကိုမေ့လိုက်ကြရအောင်။ အမြန် သွားကြစို့။ ငါဓားတစ်သောင်းဖွဲ့စည်းမှုကိုအတွင်းပိုင်းကနေ ကြည့်ချင်တယ်!" ယွမ်က အားတက်သရောပြောလိုက်သည်။
မိုကျိုး က ခါးသီးစွာပြုံးလိုက်ပြီး" ကောင်းပြီ…ငါ့နောက်လိုက်ခဲ့" ဟု ပြောလိုက်၏။ သူသည် တပည့်များစည်ကားနေသောနေရာများကို လှည့်ပတ်ပြီး လူနှစ်ယောက်အား အတွင်းဖက်သို့ခေါ်ဆောင်သွားသည်။
" ၀ိုး…သူတို့အားလုံးဓားတွေ ကိုင်ဆောင်ထားကြတယ်…" ယွမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ သူဟာ အခုထက်ပိုပြီး စိတ်မလှုပ်ရှားနိုင်မှာတော့ပါဘူး။ သူ့မျက်လုံးထဲတွင် ဤနေရာသည် သူ့အားစူးစမ်းရန်ဖိတ်ခေါ်နေသော နေရာတစ်ခုပင်ဖြစ်နေတော့သည်။
chapter 14