Chapter 3 - Chapter(1)B

သူမက သူ့အကိုရဲ့ခေါင်းကိုငြင်သာစွာ ပြန်ချပေးပြီးတဲ့နောက်မှာတော့ လူငယ်လေးက

"ကျေးဇူးတင်ပါတယ်" လို့သူရဲ့ ပြာအက်အက်အသံနဲ့ ပြန်ပြောလိုက်ပါတယ်။

သူစိတ်အနှောင့်အယှက်မဖြစ်အောင်လို့ သူ့ဆံပင်တွေကိုကြင်နာစွာပွတ်သပ်ပေးပြိီး

ကောင်မလေးကပြုံးလိုက်ပါတယ်။

"အကို ဒီတစ်ပတ်လုံးကျောင်းမှာ အလုပ်များမှာဆိုပေမယ့် နောက်အပတ်ကျရင် ကျိန်းသေပေါက် မင်းနဲ့ကစားပေးမှာပါ"

"အန်.."

"သိပ်မကြာခင်ပြန်လာမှာ မို့လို့ အဲဒီမတိုင်ခင်အထိ ကောင်းကောင်းဆော့ထားပါ"

စကားပြောပြီးတဲ့နောက်မှာတော့ ကောင်မလေးက ဟဲလ်မတ်ဘေးက ခလုတ်ကိုနှိပ်ပြီး ကောင်လေးကို တစ်ယောက်တည်းထားမသွားခင်အထိ ခဏလေးစောင့်ကြည့်နေခဲ့ပါတယ်။

ခလုတ်ကိုနှိပ်ပြီးတာနဲ့ လူငယ်လေးအတွက် အိပ်ပျော်သလိုမျိုးအခြေအနေကိုရောက်ဖို့ စက္ကန့်အနည်းငယ်ဘဲကြာပါတယ်။သူဟာ သူ့အခန်းရဲ့အငွေ့အသက်ကိုမရတော့သလို သူ့အပေါ်ဖိထားတဲ့စောင်ရဲ့အလေးချိန်ကိုလည်း မခံစားရတော့ပါဘူး။အဲ့အစား သူဟာ သူကိုယ်တိုင်မတ်တပ်ရပ်နေသလိုခံစားရပါတယ်။နှစ်ပေါင်းများစွာကြာအောင် သူဟာဒီလိုမျိုးခံစားချက်ကို တစ်ခါမှမခံစားရဖူးပါဘူး။

သူ့ရှေ့က ကမ္ဘာကြီးက ကြယ်မရှိတဲ့ညကကောင်းကင်ယံလိုဘဲ မှောင်မိုက်နေပါတယ်။သူ့ခေါင်းပေါ်မှာတော့ အဖြူရောင်နံပါတ်လေးတွေက တဖြည်းဖြည်းရေတွက်နေပါတယ်။

<10:01>

<10:00>

<09:59>

"ငါမသန်မစွမ်းမဟုတ်တော့ဘူး...မြင်လည်းမြင်နိုင်တယ်...ခြေလက်တွေလည်းလှုပ်ရှားလို့ရပြီ" အမှောင်ထဲမှာ လူငယ်လေးကပြိုလဲသွားပါတယ်။ သူက စိတ်လှုပ်ရှားလွန်းလို့ ဒူးထောက်ကျသွားတာပါ။

သူဟာ ကုမရအောင်ဖျားနာခဲ့ပြီး အသက်၅နှစ်မှာဘဲ မျက်မမြင်ဖြစ်သွားတာပါ။ဒါတင်မကသေးဘဲ၁၃နှစ်အရွယ်မှာတော့ မလှုပ်ရှားနိုင်တော့ဘဲ မသန်မစွမ်းဖြစ်လာပါတယ်။ သူ့အသက်က၁၈နှစ်ဖြစ်ပြီး လွန်ခဲ့တဲ့၅နှစ်လုံးလုံး အိပ်ယာပေါ်မှာဘဲလှဲနေခဲ့ရတာပါ။လှဲနေရုံကလွဲပြီးဘာမှမလုပ်ခဲ့နိုင်ပါဘူး။ဒါက ဘယ်သူမှသူတို့ကိုယ်သူတို့ မစဥ်းစားကြည့်ချင်လောက်အောင် ထိတ်လန့်စက်ဆုပ်ဖွယ်ရာ ဘ၀ကြီးဖြစ်ပါတယ်။

ဒါပေမယ့် သူ့ဘ၀ရဲ့အချိန်တစ်၀က်လောက်ကို အမှောင်ကမ္ဘာကြိီးထဲမှာကုန်ဆုံးခဲ့ရတဲ့ ဒီလူငယ်လေးကတော့ စိတ်မပျက်ဘဲနေထိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သူ့ညီမလေးက နေ့တိုင်းသူ့ကို အားပေးခဲ့ပြိီး တစ်ခါမှမငြိီးငြူခဲ့ပါဘူး။

" ဒါဆို ဒီဟာက ကမ္ဘ့ာပထမဆုံးVRMMPROGဂိမ်းရဲ့ ရာနှုန်းပြည့်လွှမ်းမိုးခြင်းပေါ့..ဟဟ"

သူပထမဆုံးအကြိမ် ဒီဂိမ်းအကြောင်းကို သူ့ညီမလေးပြောပြတုန်းက သိပ်မယုံကြည်ခဲ့ပါဘူး။

လူတစ်ယောက်ရဲ့စိတ်ထဲကိုသက်ရောက်နိုင်ပြီး အဲ့ဒီလူကိုတစ်ချက်မှရွေ့စရာမလိုဘဲ တခြားကမ္ဘာထဲမှာ ရောက်နေစေပါတယ်။ဒီလိုမျိုးအံ့အားသင့်စရာကောင်းလောက်အောင် အဆင့်မြင့်တဲ့နည်းပညာမျိုးရှိတယ်ဆိုတာကို ဘယ်သူကယုံကြည်မှာလဲ။ဒီအဆင်မြင့်နည်းပညာဟာ သာမန်လူတန်းစားတွေအကုန်အကျခံနိုင်တဲ့ပမာဏမှာပဲဆိုတာ ကြေငြာစရာတောင်မလိုပါဘူး။

ဒါဟာ ပထမတော့မယုံကြည်နိုင်စရာပါပဲ။ဒါပေမယ့် ကိုယ်တိုင် ခံစားရတဲ့အခါမှာတော့ ယုံကြည်ဖို့ဘဲ တက်နိုင်ပါတယ်။

<02:19>

<02:18>

လူငယ်လေးဟာ သူ့ခြေထောက်တွေလှုပ်ရှားရတာနဲ့ပတ်သတ်ပြီး အလေ့အကျင့်ရလာတဲ့ အချိန်မှာ ရေတွက်နေတဲ့အချိန်တွေလဲ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ပထမဆုံးအကြိမ်က ခက်ခဲပေမယ့် အနည်းငယ်ရွေ့လျားပြီးတဲ့အခါမှာ သူ့ခန္ဓာကိုယ်နဲ့ပြန်ပြီး လိုက်လျောညီထွေဖြစ်လာပါတယ်။

၃ စက္ကန့် အလို

၂ စက္ကန့် အလို

၁ စက္ကန့် အလို

၀ စက္ကန့် အလို

<အွန်လိုင်းကျင့်ကြံခြင်းဂိမ်းမှကြိုဆိုပါတယ်!>

စနစ်ကအသိပေးချက်ပေါ်လာတာနဲ့ တဖြည်းဖြည်းတောက်ပလာပြိီး အဖြူရောင်အခန်းထဲမှာရောက်နေပါတယ်။လူငယ်လေးရဲ့ရှေ့တည့်တည့်မှာတော့ ဖန်ပြတင်းကိုခွဲလိုက်သလိုမျိုး လေထုထဲမှာပါးလွှာတဲ့ အတ်ကြောင်းလေးတွေဖြစ်လာပါတယ်။

ခရတ်...ခရတ်...ခရတ်

အတ်ကြောင်းတွေက လူကြီးတစ်ယောက်စာ၀င်လို့ရတဲ့အထိ ကျယ်လာပါတယ်။ရုတ်တရတ်အတ်ကြောင်းကြီးကွဲထွက်လာပြီး အမှောင်ထုကိုမြင်နေရပါတယ်။အဲ့နောက်မှာတော့ လှပပြီးကျော့ရှင်းတဲ့ခန္ဓာကိုယ်နဲ့ အမျိုးသမီးတစ်ယောက်က တခြားကမ္ဘာက နတ်သမီးလေးတစ်ပါးလိုမျိုး အတ်ကြောင်းထဲကနေ လမ်းလျှောက်ထွက်လာပါတယ်။

"ဒါ..ဒါက..." လူငယ်လေးက အခုလေးတင် တခြားကမ္ဘာကထွက်လာပြီး အေးစက်စက်မျက်နှာထားနဲ့ သူ့ကိုခေါင်းအစခြေအဆုံးကြည့်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး အံ့အားသင့်နေပါတယ်။သူမက သူမရင်းနှီးတဲ့ အနီနဲ့ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး တင့်တယ်ပြီးကျက်သရေရှိနေပါတယ်။သူမရဲ့မျက်နှာ အပြစ်အနာအဆာမရှိဘဲ ထင်ရှားပြီးအချိုအစားကျနပါတယ်။ဒါပေမယ့် သူမရဲ့ပြီးပြည့်စုံတဲ့ အချိုးအစားကလွဲပြီး သူမရင်းနှီးပုံရတဲ့အကြည့်ထဲမှာ ဘာမှမတွေ့ရပါဘူး။