"ကိုကြီးယွမ်ဘာမှားနေလို့လဲ" ရှောင်ဟွာက ကောင်းကင်ကိုငေးကြည့်နေရင်း အံ့အားသင့်နေသည့် သူကိုမေးလိုက်သည်။
"အိုး ကြေညာချက်လေ ... " သူကကောင်းကင်၌ပေါ်နေသော စာတန်းများကို ထောက်ပြသည်။
"ငါဘာမှမမြင်ရဘူး" ဟုသူမက ပြန်ပြောလာသည်။
"ဟမ်။ မင်းက ကောင်းကင်ကစကားလုံးတွေကို မမြင်နိုင်ဘူးလား" သူမက ခေါင်းကိုခါလိုက်ပြီး ယွမ် ကိုငေးကြည့်နေသည်။ 'NPC တွေကဂိမ်းရဲ့ ကြေငြာချက်ကိုမမြင်နိုင်တာဖြစ်မယ် ' ယွမ်က တွေးလိုက်သည်။
-
« ကောင်းကင်ဘုံ၏လျှို့၀ှက်ပညာရပ် »
«အဆင့်: နတ်ဘုရားအဆင့်» «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၁ » «ဖော်ပြချက်: ကောင်းကင်ဘုံ၏လျှို့၀ှက်ပညာရပ်အတွက် ကောင်းကင်ဘုံအဆင့် ကိုးဆင့်ရှိသည်။ အဆင့်သစ်တစ်ခုစီသည် စွမ်းရည်အသစ်တစ်ခုစီကို သော့ဖွင့်ပေးလိမ့်မည်။ »
« ကောင်းကင် ရဲ့ပထမဆုံးလျှို့ဝှက်ပညာရပ် - ကောင်းကင်ကို၀ါးမျိုးသောနည်းပညာ»
«အဆင့်: နတ်ဘုရားအဆင့် » «ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၁ » «ဖော်ပြချက်: တစ်စက္ကန့်လျှင် ချီ ၅ ခုစုပ်ယူနိုင်သည် ။ ကြာပွင့်ပုံ အနေအထားတွင်ထိုင်သည့်အခါအသက်သွင်းနိုင်သည်။ »
"ရှောင်ဟွာ ချီ ဆိုတာဘာလဲ" ယွမ်က ဒီကမ္ဘာကြီးနဲ့ပတ်သက်ပြီး ကလေးမကလေးက သူ့ထက်ပိုပြီးဗဟုသုတရှိမယ်လို့ ယုံကြည်တာကြောင့် သူမကိုမေးဖို့ဆုံးဖြတ်လိုက်သည်။
" ချီ ဆိုတာကကမ္ဘာကြီးရဲ့အနှစ်သာရဖြစ်ပြီး လူတွေက အဲ့ဒါကို ကျင့်ကြံတဲ့နေရာမှာ အသုံးပြုကြတယ်"
" ကျင့်ကြံရမယ်..ဟိုးအရင်ကတည်းက ဟိုလူကြီးကလဲ အဲ့လိုပြောတာပဲ…ငါလဲစမ်းကြည့်လိုက် ဦးမယ် …" သူသည်မျက်လုံးကိုမှိတ်ပြီး ကျင့်ကြံခြင်းစွမ်းရည်ကို မဖွင့်ခင်ကြာပွင့်ပုံစံထိုင်၍ နေရာယူလိုက်သည်။
ဒင်!
«သင်သည် ပထမဆုံးအကြိမ် ကျင့်ကြံခဲ့ပြီး ချီစုဆောင်းခြင်း exp ဘား ကိုဖွင့်လှစ်လိုက်ပါသည်»
« ၅ / ၅၀၀၀ »
«၁၀ / ၅၀၀၀ »
« ၁၅ / ၅၀၀၀ »
သူ၏ ချီစုဆောင်းခြင်း exp သည်သူ ကျင့်ကြံခဲ့သောစက္ကန့်တိုင်းအတွက် ၅ ဆတိုးလာသည်။ ထို့အပြင်သူ၏ ကောင်းကင်ကို ၀ါးမျိုသောနည်းပညာကိုစတင်လေ့ကျင့်လိုက်သောအခါသူ၏ရှူရှိုက်ခြင်းသည် အေးဆေးတည်ငြိမ်ပြီး စည်းချက်ညီ လာသည်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံးရှိ မွှေးညှင်းပေါက်များမှ သန့်စင်သောလေကို ရှူရှိုက်နေသကဲ့သို့ဖြစ်၏။ မိနစ်အနည်းငယ်အတွင်းမှာ ပဲယွမ်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးမြသည့်ခံစားမှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူကို ပူပြင်းတဲ့နေ့တစ်နေ့မှာရေအေးထဲကိုပစ်ချလိုက်သလိုပါပဲ။
[သင့်ရဲ့သေမျိုးအချုပ်အနှောင်တွေကိုချိုးဖြတ်ပြီး ဝိညာဏ်စဦးကျင့်ကြံသူတစ်ယောက်ဖြစ်လာပါပြီ!] «အချက်အလက်များအားလုံးကို အမှတ် 100 ထပ်တိုးပေါင်းထည့်ပေးထားသည်»
'ငါလုပ်ရမှာက ဒီနေရာမှာထိုင်ကျင့်ကြံနေပြိီး ပိုသန်မာလာအောင်လုပ်ဖို့ပဲလား။ ဒီဂိမ်းက ပျင်းစရာကောင်းလိုက်တာ! ' ယွမ်ကိုယ်တိုင်ကသူ့ကိုယ့်သူမသိဘဲတွေးနေမိသည်။ `ဒါပေမယ့် ရေနွေးနွေးနဲ့ ရေချိုးလိုက်ရသလိုမျိုး သက်တောင့်သက်သာခံစားရတယ်၊´
-
နာမည်: ယွမ်
ကျင့်ကြံခြင်း : ပထမအဆင့်ဝိညာဉ် စတင်ကျင့်ကြံသူ
အမွေအနှစ် - မရှိပါ
သွေးမျိုးဆက် :မရှိ
ခန္ဓာကိုယ် : ကောင်းကင်ကိုသန့်စင်နိုင်သောခန္ဓာကိုယ်
ရုပ်ပိုင်းဆိုင်ရာခွန်အား - ၁၃၄
စိတ်ပိုင်းဆိုင်ရာခွန်အား - ၃၇၅
၀ိညာဥ်စွမ်းအား: ၁၃၁၀
ရုပ်ပိုင်းဆိုင်ရာကာကွယ်ရေး - ၁၁၀ စိတ်ပိုင်းဆိုင်ရာကာကွယ်ရေး: ၁၂၂၁
-
"ယွမ်က ကျင့်ကြံသူဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ်။ " ရှောင်ဟွာ ကသူ့ကိုပြုံးလိုက်ပြီးပြောလိုက်သည်။ "ဒါတွေအားလုံးကမင်းကြောင့်ဖြစ်ပါ ရှောင်ဟွာလေး။ မင်းကိုကျေးဇူးတင်ပါတယ်။ "
"အဲ့ဒါဆို ဆက်ကစားပေးရမယ်!" သူမသည် အဆင်သင့်အနေအထားနှင့်, ဘောလုံးကိုကိုင်ပြီး မတ်တပ်ရပ်စောင့်နေသည်။ ယွမ်သည်ခါးသီးစွာပြုံးလိုက်သည်။ သို့သော်သူသည်ငြင်းဆန်ခြင်းမရှိဘဲသူမနှင့်ဆက်ကစားခဲ့သည်။ အံ့သြစရာကောင်းတာက သူမတ်တပ်ရပ်လိုက်တဲ့အချိန်မှာပဲ သူကြုံတွေ့ခဲ့ရတဲ့ပင်ပန်းနွမ်းနယ်မှုအားလုံးပျောက်ကွယ်သွားသည်၊၊ ကျင့်ကြံသူဖြစ်လာသည်နှင့် သူ၏ ကုန်ခန်းနေသောစွမ်းအင်များအားလုံး ပြန်လည်ပြည့်၀လာခဲ့သည်။
သူတို့နှစ် ဦး သည်ထပ်မံကစားလိုက်ကြပြန်သည်။ သို့သော်ဘောလုံးပစ်လိုက်သောအမြန်နှုန်းသည် ယခင်ကထက် အဆများစွာပိုမိုမြန်ဆန်လာသည်ဟု ထင်ရသည်။
-
ဤအတောအတွင်းတွင်, ဂိမ်း၏ ကမ္ဘာ့ပထမ ဦး ဆုံး ကြေညာချက်သည် ကမ္ဘာကြီးကိုမငြိမ်မသက် ဂယက်ထစေခဲ့သည်။ အစစ်မှန်ကမ္ဘာရှိ ချမ်းသာကြွယ်ဝပြီး အစွမ်းထက်သောကုမ္ပဏီများသည် ယွမ် အမည်ရှိကစားသမား၏ အစစ်အမှန်အချက်အလက်များကို ရှာဖွေရန် စတင်လှုပ်ရှားခဲ့ကြသည်။ သို့သော်ဂိမ်း၏ ကစားသမားများရဲ့ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ပုံကြောင့် ၎င်းသည်မဖြစ်နိုင်သည့်အလုပ်တစ်ခုဖြစ်သည်။ ကစားသမားများ၏နာမည်ကိုတစ်ချက်ကြည့်ရှုရုံနှင့်သိနိုင်သည့်အခြားဂိမ်းများနှင့်မတူဘဲ Cultivation Online တွင်ထိုနည်းပညာရပ်ကို ထည့်သွင်းမထားပါ။ လူပုဂ္ဂိုလ်တစ် ဦးက ခွင့်မပြုပါက မည်သူကမှ သူတို့၏အမည်များ၊ သူငယ်ချင်းများကိုမြင်နိုင်လိမ့်မည်မဟုတ်ပါ။ အရင်းအမြစ်များစွာနှင့်အချိန်ယူပြီးယွမ်ကိုရှာဖွေပြီးနောက် လူများက ယွမ်သည်မိမိကိုယ်ကိုလိုလိုလားလားမပြသလျှင် သူမည်သူမည်ဝါဖြစ်ကြောင်းကိုအမြဲတမ်းသိရှိနိုင်တော့မည် မဟုတ်ကြောင်းကို သဘောပေါက်လာသည်။ သို့သော်ဤအချက်က အခြားလူများ၏ သူ့ကိုရှာဖွေရန်ကြိုးပမ်းမှုကို မရပ်တန့်နိုင်ခဲ့ပါ။ အင်တာနက်၊ ဂိမ်းဖိုရမ်များနှင့် သတင်းစာများ၌ပင် သူတို့သည်ယွမ်နှင့်ပါတ်သက်သည့်သတင်းအချက်အလက်အတွက် အစစ်အမှန်ငွေကြေးများ စတင်ကမ်းလှမ်းလာကြပြီး သူကိုယ်တိုင်ထုတ်ဖော်ပြသရန် ထောင်နှင့်ချီသောလူများသည် ပွင့်ပွင့်လင်းလင်းကြိုးပမ်းလာကြသည်။ ပုံရိပ်ယောင်ဂိမ်းများ သည်အစစ်အမှန်ကမ္ဘာတွင်အလွန်နက်ရှိုင်းစွာ အရေးပါလာခြင်းကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားများနှင့်ထိပ်တန်းအဆင့်ကစားသမားများသည် ကမ္ဘာပေါ်ရှိထိပ်တန်းနာမည်ကြီးဆယ်လီများထက် ပိုမို၍ကျော်ကြားမှုနှင့်လေးစားခံမှုရှိကြသည် ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ တကယ်တော့ တချို့ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူများသည်တစ်လတွင် ဂဏန်းခုနစ်လုံးစာ ၀င်ငွေရရှိကြသည်။
အမှန်ကတော့ ပေါ့ပေါ့ပါးပါးကစားသမားတွေတောင်မှ ဂိမ်းထဲကပစ္စည်းတွေကို တကယ့်ပိုက်ဆံအစစ်ဖြင့် ရောင်းရုံနဲ့ သာမာန်၀န်ထမ်းတွေထက်ဝင်ငွေပိုမို ရရှိနိုင်သည်။ ဤမျှလောက်ဆွဲဆောင်မှုရှိသောကြောင့် လူများသည် ပျော်စရာကောင်း ပြီး၀ င်ငွေရရှိနိုင်သည့်အလုပ်အတွက် သာမန်အလုပ်ကိုရွေးချယ်မည့်အစား ဂိမ်းကစားသမားသာလုပ်လိမ့်မည်။ ထို့အပြင်ပြီးခဲ့သည့်နှစ်ကပြုလုပ်ခဲ့သော ဂိမ်းအစီရင်ခံစာအရ ကမ္ဘာ့လူ ဦး ရေ၏ထက်ဝက်သည် ပုံရိပ်ယောင် ဂိမ်းကစားသူများဖြစ်ကြသည်။
-
ဘောလုံးကိုနာရီများစွာ ကြာအောင် ချွေးမထွက်ဘဲ ကစားပြီးနောက်တွင်ယွမ်သည် ရုတ်တရက်ရပ်တန့်လိုက်သည်။
"ဘာမှားလို့လဲ။" ရှောင်ဟွာ ကသူ့ကိုမေးလိုက်သည်။
" ငါ့ညီမလေးက ငါ့ကိုခေါ်နေတယ်၊ ညစာစားဖို့အချိန်ရောက်ပြီတဲ့။"
"မင်းထွက်သွားတော့မှာလား" သူမသည် ယွမ်၏စကားများကြားရသောအခါ သူမ၏အမူအရာများ မဲမှောင်လာခဲ့ပြီးသည် သူ့ကိုထွက်ခွာခွင့်ပြုရန်တွန့်ဆုတ်နေခဲ့သည်။ သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ပြန်မလာတော့မှာကို သူမကြောက်ရွံ့ခဲ့သည်။
"ရှောင်ဟွာကို တစ်ယောက်တည်းမထားခဲ့ပါနဲ့!" သူမသည် အလျင်အမြန်မျက်ရည်များ၀ဲလာကာပြောလိုက်သည်။ ယွမ်သည်ပြုံးပြီးသူမ၏ခေါင်းကိုပုက်လိုက်သည်။
" နောက်ကျရင် ငါပြန်လာပြီး မင်းနဲ့အတူကစားပေးမယ်လို့ ကတိပေးတယ်၊ "
"ကတိလား....?"
"အကယ်၍ ငါကတိချိုးဖောက်မယ်ဆိုရင် အပ်ပေါင်းသောင်းချီအထိုးခံရပါစေ!" သူကအသံကျယ်ကျယ်နဲ့ရှင်းရှင်းလင်းလင်းကျိန်ဆိုလိုက်သည်။
"အိုကေ ... ဒါဆို ရှောင်ဟွာ ကဒီမှာဒီမှာ အစ်ကိုယွမ် ကိုစောင့်နေလိမ့်မယ်" သူမကသစ်ပင်တစ်ပင်နားမှာထိုင်ပြီးအနားယူဖို့မျက်လုံးတွေကိုပိတ်လိုက်သည်။
"အကောင့်ကထွက်ခွာမယ်!"
ယွမ်၏အမြင်အာရုံမှုန်ဝါးလာပြီးသူ၏ခြေလက်များတွင်နွေးထွေးမှုသည်တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ အမှောင်ထုသည်သူ၏အမြင်ကိုဝိုင်းရံထားသဖြင့်သူသည်မည်သည့်အရာကိုမျှတွေ့မြင်ခံစားနိုင်ခြင်းမရှိတော့ပါ။
-
"အစ်ကို, ဂိမ်းကဘယ်လိုလဲ" သူ့နားမှာသူ့ညီမအသံက ပဲ့တင်ထပ်နေသည်။ "အဲ့ဒါက ... ပျော်စရာကောင်းတယ်။ " သူကနူးညံ့သိမ်မွေ့တဲ့အပြုံးကိုပြုံးပြလိုက်သည်။ ဒါပေမယ့်သူရဲ့အတွင်းစိတ်ထဲမှာတော့ သူ့ရဲ့အသုံးမကျတဲ့ခန္ဓာကိုယ်ဟာ လှုပ်ရှားလို့ရတဲ့ အရာရာအရောင်တောက်ပနေတဲ့ ကမ္ဘာကြီးကိုစွန့်ခွာရန် တွန့်ဆုတ်နေခဲ့သည်။
"ဒီနေ့ညစာအတွက်က ဘာလဲ?" သူကအဖြေကိုသိနှင့်ပြီးသားဖြစ်သော်လည်း မေးကြည့်လိုက်သည်။
"ကြက်သားဟင်းချို!" ယွမ်ကခါးသီးစွာပြုံးပြသည်။ သူသည်နောက်ဆုံးနှစ်အနည်းငယ်အတွင်း ကြက်သားဟင်းချို မှလွဲ၍ ဘာမှမစားရဘဲနေခဲ့သည်။ "ဒီမှာ ငါကူညီပေးပါရစေ။ "
သူမသည်သူ၏ ဦး ခေါင်းကိုမြှောက်ကာသူ၏ထိုင်ခုံအနေအထားကို မပြောင်းလဲမီသူ၏ ခေါင်းပေါ်မှ ခေါင်းဆောင်း(ဟဲလ်မတ်) ကိုချွတ်လိုက်သည်။ မကြာမီ သူမသည် သူ့ကိုဇွန်းဖြင့်ဟင်းချိုနွေးနွေးကိုစတင်ခွံ့ကျွေးလိုက်သည်။
"အပူချိန်ကဘယ်လိုလဲ?"
"အနေတော်ပဲ ... " ယွမ် ဟင်းချိုသောက်တဲ့အသံဟာတစ်ခုတည်းသောအသံဖြစ်ပြီး အခန်းကတိတ်ဆိတ်နေသည်။ ယွမ်သည်ဟင်းချိုတစ်ပွဲသာဖြစ်သောညစာပြီးဆုံးသွားသောအခါသူမသည်သူ့ကိုအိပ်ရာပေါ်သို့တင်ပေးလိုက်သည်။
"အစ်ကို့ရဲ့သန့်ရှင်းရေးအတွက် ညီမလေးပြန်လာခဲ့မယ်" လို့သူမကပြောလိုက်သည်။ ခဏကြာပြီးတဲ့နောက်သူမက အခန်းကိုပဝါ၊ ရေနွေးနဲ့အဝတ်အသစ်တွေနဲ့ပြန်ရောက်လာသည်။
"အစ်ကို၊ ခွင့်ပြုပါဦး.."သူမသည် သူ့ကို အဝတ်မချွတ်ခင် ပြောလိုက်သည်။ "... ယုရို ... "
"ဘာဖြစ်လို့လဲ?"
"တောင်းပန်ပါတယ်…"
"... " အခန်းကချက်ချင်းတိတ်ဆိတ်သွားသည်။ " အင်း၊ အစ်ကိုအခုဘာတွေပြောနေတာတုန်း၊ မင်းကထူးဆန်းနေတယ်၊ အစ်ကို၊ "
"ငါသိပါတယ်၊ ဒါပေမယ့်ငါက.....၀ူး၀ါး၀ူး၀ါး#$%....?!" သူ၏စကားမဆုံးမီ မျက်နှာကို ရေနွေးပ၀ါဖြတ်သုတ်ပေးခြင်း ခံလိုက်ရသည်။
"အစ်ကို၊ ငါ့အတွက် အားနာစရာမလိုပါဘူး။ တစ်နေ့မင်းရဲ့ရောဂါကိုကုသနိုင်တဲ့အခါ မင်းကငါ့ကိုပြန်ပေးဆပ်နိုင်တယ်။ "
"... အမ် ... " ယွမ် ရဲ့နှလုံးသားထဲမှာမဖော်ပြနိုင်လောက်တဲ့ခံစားမှုတစ်ခုဖြစ်ပေါ်လာတယ်။ 'ဒီလိုနေ့ရက်မျိုးတစ်နေ့ကျရင် ရောက်လာမှာလား' သူကအတွင်းစိတ်ထဲမှာတွေးမိသည်။
"အိုကေ၊ မင်း လုံး၀သန့်ရှင်းစင်ကြယ်သွာပြိီ။ မင်းရဲ့အဖိုးတန်အရာလေးတောင်မှပဲ ဟဲဟဲ ... " ယုရို ကရယ်မောလိုက်သည်။
"အာ! ဒီကောင်မလေးတော့! ငါဘာမှမခံစားနိုင်ဘူးဆိုပြီး ငါ့ခန္ဓာကိုယ်ကိုထိပါးဖို့ မကြိုးစားပါနဲ့!"
"အဲမ်၊ မင်းဘာတွေပြောနေတာလဲ။ ငါဘာမှမထိခဲ့ဘူးနော်။ "
"မင်း ထိခဲ့တယ်မဟုတ်ဘူးလား!" ရယ်မောသံများအခန်းထဲမှာပြည့်နှက်နေသည်။
"ယုရို ကျေးဇူးတင်ပါတယ်။ " ယွမ်ရုတ်တရက်ပြောလိုက်သည်" တစ်နေ့မှာမင်းကိုငါပြန်ပေးဆပ်မယ်၊ ယုရိုကသူ့အဝတ်အစားတွေကိုသူ့အပေါ် ၀န်ပေးလိုက်ပြီး" အဲဒီအချိန်ရောက်ရင်ငါအားနာမှာမဟုတ်ဘူးနော်။ "
----
"ရပြီ ၊ ဒီညတော့ ဒီလောက်ပဲ။ မနက်ကျမှပြန်လာခဲ့မယ်"
" မင်းမသွားခင် ဟဲလ်မတ်ကိုပြန်ဝတ်ပေးလို့ရမလား"
"မင်းဆက်ကစားချင်တယ်လို့လား။ အိပ်ချင်တယ်ဆိုရင်ကော"
" ငါဒီညအိပ်လို့ရမယ်မထင်ဘူး၊ ဂိမ်းကစားခြင်းဟာအိပ်ပျော်နေတယ်လို့သတ်မှတ်ရတယ်မလား။ "
"မင်းက ဒီဂိမ်းကို စွဲလမ်းနေတာပဲ။ဒါပေမယ့် ဒီတစ်ညပဲ ရမယ်နော်"
"အင်း ။ "
-
" အစ်ကိုယွမ်၊ မင်းတကယ်ပြန်လာပြီ!" ရှောင်ဟွာ သည် သရဲတစ်ကောင်ကဲ့သို့ ရုတ်တရပ်ထွက်ပေါ်လာသည့် သူ့ကို မြက်လိုက်ရသောအခါ ချက်ချင်းပင်မတ်တတ်ထရပ်လိုက်သည်။
`` ငါမင်းကိုကတိပေးခဲ့တာပဲ"
သူက သူမကိုပုတ်ပြီးပြောလိုက်သည်။ "ကြယ်တွေမရှိတော့ဘူးဆိုတော့ အခုဘာလုပ်ကြမလဲ" သူကမေးလိုက်သည်။
"ဂိမ်းကစားမယ်!" သူမသည်မဆိုင်းမတွဖြေကြားလိုက်သည်။
"အဲ့လို ပြန်ပြောမယ်လို့ထင်သားပဲ။" သူကပြုံးပြီးခေါင်းညိတ်လိုက်သည်။
HAVE FAN TO READ