Chapter 9 - ch 5

"မင်္ဂလာနံနက်ခင်းပါ, အစ်ကို။ "

"မင်္ဂလာနံနက်ခင်း။ "

"ငါတစ်ယောက်ထဲနံနက်စာစားခဲ့တယ်" ဟု သူမကဆိုရင်း ဟင်းချိုပန်းကန်ပြားကို အိပ်ရာထက်ရှိစားပွဲပေါ်တင်လိုက်သည်။

"ယုရို၊ မင်းကို တစ်ခုလောက်တောင်းဆိုလို့ရမလား" ယွမ်သည် သူမကသူ့ကိုဆေးရုံပေါ်က လူနာတစ်ယောက်လိုအစာကျွေးနေချိန်မှာသူ့မကိုမေးခဲ့သည်။

"အဲဒါဘာတောင်းဆိုမလို့လဲ?"

"ဒီည နတ်သမီးပုံပြင်လေးတွေ နားထောင်ချင်တယ်။ " သူ၏စကားများကသူမကိုအံ့အားသင့်စေခဲ့သည်။ "ဘာလို့ နတ်သမီးပုံပြင်လဲ?" သူမကစိုးရိမ်ပူပန်နေတဲ့အသံနဲ့မေးလိုက်တယ်၊ နေမကောင်းမှုကြောင့် နောက်ဆုံးမှာသူ့အစ်ကိုစိတ်ဖောက်သွားမှာကြောက်ရွံ့နေသည်။

"ငါဂိမ်းထဲမှာသူငယ်ချင်းတစ်ယောက်ရခဲ့တယ်။ သူမဟာ NPC ငယ်ငယ်လေးတစ်ယောက်ပါ။ သူမကို နတ်သမီးပုံပြင်တွေ ပိုပြောပြမယ်လို့ကတိပေးခဲ့တယ်" ဟုသူကရှင်းပြလိုက်သည်။

"အကိုက NPC တွေကိုနတ်သမီးပုံပြင်တွေပြောနေတာလား။ အစ်ကို၊ မင်းဘာလုပ်နေလဲ၊ တကယ်ကြီးလား?" ယုရို ဟာသူမအကို ဘယ်လောက်တောင် အရူးထနေလဲလို့တွေးပြီးသက်ပြင်းချလိုက်သည်။

"သူတို့က NPCတွေ ဆိုတဲ့အချက်ကြောင့် မင်းနဲ့အချိန်ဖြုန်းဖို့ မထိုက်တန်ဘူးဆိုပြီး သူတို့ကိုမလှည့်ဖြားပါနဲ့။ သူတို့က တကယ့်ကစားသမားအစစ်တွေလိုလှုပ်ရှား တွေးခေါ် တယ်။တုံ့ပြန်ပြောဆိုကြတယ်။ သူတို့ကို မေးမကြည့်ဘဲနဲ့ NPC လား၊တကယ့်ကစားသမားလားတိုတာ သိရမှာမဟုတ်ဘူး"

``ဟုတ်တယ်မလား။အကို သူမကိုနင်ထူးထူးဆန်းဆန်းတွေ ဘာမှမလုပ်ခဲ့ဘူးမလား"

"ထူး ...ထူးဆန်းတာလား ။ ဘာလို့ငါကထူးဆန်းတွေလုပ်ရမှာလဲ။ " ယွမ်မေးလိုက်သည်။"

"မင်းမကြားဖူးဘူးလား။ NPCတွေ ကိုမသင့်လျော်စွာ ထိပါးဖို့ကြိုးစားတာကြောင့် နှာဘူးကောင်တွေအများကြီး သေဒဏ်ပေးခံရတယ်ဆိုတာ။ ငါကြားခဲ့ရသလောက်တော့ဒီဂိမ်းမှာ သေဒဏ်ပေးခံရတာကအရမ်းကိုပြင်းထန်တဲ့ ပစ်ဒဏ်ဘဲ"

"NPCs ကိုမကောင်းကြံတာလား။ ဒီဂိမ်းထဲမှာ အဲလိုတွေလုပ်လို့ရတယ်ပေါ့" ယွမ်သည်သူ၏မျက်ခုံးများကိုပင့်၍ အံ့အားသင့်နေခဲ့သည်။ တကယ့်ကိုလေးနက်တဲ့ဂိမ်းဘဲ။

"ဟေး၊ မင်းမသင့်တော်တဲ့အရာတစ်ခုခုလုပ်ဖို့စဉ်းစားနေတယ်မဟုတ်လား။ အင်း၊ ဒါကိုလုပ်ဖို့ စဥ်းတောင်မှမစဉ်းစားနဲ့။ မင်းရဲ့ညီမတစ်ယောက်အနေနဲ့ မလုပ်ဖို့ငါတားမြစ်တယ်!"

"ဒိီလို စကားမျိုးက မင်းထက်အကြီးတွေက မင်းကိုပြောရမှာလေ?" သူပြုံးလိုက်သည်။

"အဲ့ဒါဆိုလဲ ... မင်းကိုဂရုမစိုက်တော့ဘူး! ဟမ့်!"

"အာ... မင်းရဲ့အစ်ကိုကို NPCတွေကိုထိပါးနေတဲ့နာဘူးလို့ ထင်နေတာလား။ တခြားလူတွေနဲ့မတူဘဲငါမှာကိုယ်ကျင့်တရားရှိတယ်။ " သူကသက်ပြင်းချလိုက်ပြီး" ဘာပဲဖြစ်ဖြစ်ကွာ...ဒီသေဒဏ်ဆိုတာကဘာလဲ၊ မင်းသေရင်ဘာဖြစ်သွားမှာလဲ" သူကဂိမ်းထဲမှာရှိတဲ့နာဘူးကောင်တွေထက် ဒီအကြောင်းကို ပိုမိုစိတ်ဝင်စားပါသည်။ ``သေဆုံးသွားသူများ၏အဆိုအရအချို့က သေဆုံးပြီးနောက်မှာ ကျင့်ကြံနိုင်ခြင်းမရှိတော့ဘူး အချို့ကျတော့သူတို့ရဲ့ ကျင့်ကြံမှုအခြေခံကိုလုံးလုံးဆုံးရှုံးခဲ့ကြရပြီး ပြန်လည်စတင်ကျင့်ကြံရန်လိုအပ်တယ်။´´

ယွမ်စဉ်းစားနေသည် "ဒါဆိုရင် မင်းကအခြေခံအားဖြင့် အစကနေပြန်ကစားရမှာဘဲ။ ဒါကဂိမ်းကစားသူတွေအတွက်အရမ်းကိုခက်ခဲတယ်"

"ဒါ့အပြင်အချို့လူတွေက အစကနေအသစ်ပြန်ဆော့ဖို့ ဂိမ်းစက်အသစ် ၀ ယ်ရန်ကြိုးစားပေမယ့်လည်း ဘာဆက်ဖြစ်တယ်ထင်လဲ။ သူတို့က အရင်ဂိမ်းထဲက သူတို့ဇာတ်ကောင်နဲ့အတူတူပဲ ဖြစ်နေတယ်။"

"ဒါဆိုငါတို့က ဘာဘဲဖြစ်ဖြစ်ဇာတ်ကောင်တစ် ဦး တည်းအဖြစ်ကန့်သတ်ခံထားရတာပဲ။ " ယွမ်သည်ထိုကဲ့သို့သောစနစ်တစ်ခုဖန်တီးထားသည့် ဂိမ်းတီထွင်သူများ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပါ။ ဒါကသူတို့က လူသားတွေကိုဖြစ်နိုင်သလောက် အတတ်နိုင်ဆုံး လက်တွေ့ကျတဲ့ အခြားကမ္ဘာတစ်ခုမှာနေထိုင်စေလိုသလိုပါပဲ။

[T/L ပြောရမယ်ဆိုရင် ဒီ cultivation online ဂိမ်းမှာ လူတစ်ယောက်က အကောင့်ခုထဲနဲ့ပဲဆော့ရမှာပါ နောက်တစ်ကောင့်ထပ်ဖွင့်လို့မရပါဘူး။ သေဒဏ်ပေးခံရတဲ့ သူတွေက စက်အသစ်နဲ့ အကောင့်သစ်ဖွင့်ပြီးဆော့ဖို့ ကြိုးစားတာပါ ဒါပေမယ့်မရပါဘူး။ အရင်အကောင့်ထဲက လူအဖြစ်နဲ့ပဲ ဂိမ်းထဲကိုပြန်ရောက်လာတာပါ]

သူမ မထွက်ခွာမီတွင် သူမက" အစ်ကို၊ ငါကျောင်းသွားရမယ့်အချိန်ရောက်ပြီ။ အိမ်ကိုပြန်လာတဲ့အချိန်ကျရင် နတ်သမီးပုံပြင်အချို့ ရွေးယူလာခဲ့မယ်" ဟုပြောလိုက်သည်။

"ကျေးဇူးပဲ။"

-

" သူမဒီမှာမရှိဘူး။ " ယွမ်ကပုံရိပ်သေးသေးလေးကိုလှည့်ပတ်ရှာဖွေကြည့်သည့်။ ဒါပေမယ့် ရှောင်ဟွာ ကိုရှာမတွေ့ပါဘူး။ "ငါခန့်မှန်းကြည့်ရမယ်ဆိုရင်..သူမအိမ်ပြန်သွားတဲ့ပုံဘဲ။ "

ယွမ်သည် ထိုင်ပြီးကျင့်ကြံရင်း သူမစောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ စက္ကန့်မိနစ်များ၊ မိနစ်များသို့နာရီများသို့ပြောင်းလဲသွားသည်။ ညရောက်သည့်တိုင်အောင်ယွမ်သည်ကျောက်တုံးတစ်တုံးကဲ့သို့ထိုင်ပြီး ကျင့်ကြံနေရင်း အချိန်သည်အလွန်လျင်မြန်စွာကုန်လွန်သွားသည်ကိုသတိမပြုမိပေ။

10,000 / 10,000

«နောက်တစ်ဆင့်ချိုးဖြတ်နိုက်ရန်အတွက် သင်သည် ချီ အလုံအလောက်စုစည်းခဲ့ပါသည်»

«သင်သည် ဒုတိယ​အဆင့် ဝိညာဉ်စတင်ကျင့်ကြံသူအဖြစ်သို့ရောက်ရှိသွားပါသည်»

«အချက်အလက်များအားလုံး +150 »

10,005 / 20,000

20,000 / 20,000

«နောက်တစ်ဆင့်အတွက် ချီ အလုံအလောက်ကိုသင် စုဆောင်းခဲ့ပါသည်»

«သင်တတိယအဆင့် ၀ ိညာဉ်ကျင့်ကြံသူအဖြစ်သို့ရောက်ရှိသွားပါသည်>>

«စာရင်းအားလုံး +200 »

20,005 / 40,000

40,000 / 40,000

«နောက်တစ်ဆင့်အတွက် ချီ အလုံအလောက်ကိုသင်စုဆောင်းခဲ့ပါသည်»

«သင်သည်စတုတ္ထအဆင့်ဝိညာဏ်ကျင့်ကြံသူအဖြစ်သို့ရောက်ရှိခဲ့ပါသည်» «အချက်အလက်များအားလုံး +250 »

80,000 / 80,000

«နောက်တစ်ဆင့်အတွက် ချီ အလုံအလောက်ကိုသင်စုဆောင်းခဲ့ပါသညါ»

«သင်ပဉ္စမအဆင့်ဝိညာဏ်ကျကျင့်ကြံသူအဖြစ်သို့ရောက်ရှိသွားပါသည်» «အချက်အလက်များအားလုံး +300 » 148,550 / 160,000

ယွမ်သည်ညစာစားရန်အချိန်မရောက်မှီအထိ ကျင့်ကြံခြင်းကိုမရပ်တန့်ခဲ့ပါ။ "ငါတို့ကဒီနေ့မကစားလိုက်ရဘူး။ ဒါပေမယ့်အဆင်ပြေပါတယ်။ အနည်းဆုံးတော့ငါတို့ နောက်တစ်ကြိမ်တွေ့ရင်ပြောစရာပုံပြင်တွေရှိသေးတာပဲ။ " သူသည်ညကောင်းကင်သို့ခဏငေးကြည့်နေခဲ့သည်။

-

ယွမ်ကိုထမင်းကျွေးပြီးနောက်သန့်ရှင်းစေပြီးသောအခါ ယုရိုက မိခင်သည်အိပ်ရာမ ၀ င်ခင် ကလေးအတွက်ပုံပြင်များပြောပြသကဲ့သို့ သူမ၏ပုံပြင်များကိုစတင်ဖတ်ရှုခဲ့သည်။ သို့သော်သူမ၏အသံမှာမူမိခင်တစ် ဦး ကဲ့သို့အသံမထွက်ဘဲ မရင့်မကျက်သောအသံကလေးဖြစ်နေသည်။

"ငါ့ဇာတ်​လမ်းကဘယ်လိုနေလဲ" သူမကသူ့ကို ဘ၀င်မြင့်နေသည့်အသံဖြင့်မေးလိုက်သည်။

"ဇာတ်လမ်းက အရမ်းရိုးလွန်းတယ် ... "

" ဘာ.. ကောင်းပြီ၊ နောက်တစ်ခါကျရင် မင်းကိုယ်တိုင်ဖတ်နိုင်တယ်!"

" အိုး! ငါတောင်းပန်ပါတယ်၊ ယုရိုရယ်။ ငါကနောက်နေတာပါ" ယွမ်သည်မိမိကိုယ်ကိုအလျင်အမြန် ပြုပြင်လိုက်သည်။

"မင်ရဲ့အသံက ကောင်းကင်ဘုံရောက်သလို ချိုသာလွန်းတယ်။မင်းက နတ်သမီးလေးများလားလို့တောင်တွေးမိတယ်"

ယုရို ရှက် သွေးဖြန်းသွားပြီး "ဒီကလေးဆန်တဲ့ပုံပြင်တွေကို အသံကျယ်ကျယ်နဲ့ ဖတ်ရတာ ရှက်စရာကောင်းတယ်ဆိုတာ မင်းသိရဲ့လား" သူမကဆက်ပြီး "မင်းငါ့ကို နောက်တစ်ကြိမ်အကြွေးတင်သွားပြီဆိုကို မှတ်ထားတယ်" လို့ပြောလိုက်သည်။

"ဟုတ်တာပေါ့ ငါမင်းကိုငါ့ရဲ့ဘဝတစ်ခုလုံးနဲ့ပေးဆပ်ရမယ်၊ ဒါ့အပြင်ငါ့ကိုနောက်ထပ်ပုံပြင်အနည်းငယ်ရှာပေးပါ ဦး ။ "

"...."

"ယုရို?" သူကအဖြေမရရှိသဖြင့်သူ့ညီမကိုခေါ်ကြည့်လိုက်သည်။ ယုရိုက" အကို အဲလိုမျိုးစကားမျိုးထပ်မပြောပါနဲ့တော့" ဟု သူမမျက်နှာကလေးနက်နေပြီးသူမ၏အသံကအတော်လေးဝမ်းနည်းနေသည်။ ယွမ်သည်သူလွန်သွားပြီဆိုတာချက်ချင်းသဘောပေါက်လိုက်သည် "စိတ်မကောင်းပါဘူး ... " သူချက်ချင်းတောင်းပန်လိုက်သည်။

" အကိုနားလည်ရင်ပြီးတာပါပဲ…" ယုရိုကမီးပိတ်ရန် သူ၏ဘေးမှထလာပြီး" အကို နောက်ကျနေပြီ၊ အခုကအိပ်ရမယ့်အချိန်ပဲ"

"အန်း ။ ကောင်းသောညပါ။ "

"ကောင်းသောညပါ, အစ်ကို။ "

-

သူမအခန်းထဲမှာ ယုရိုဟာအိပ်ယာမ ၀ င်ခင် အချိန်အတန်ကြာသည်အထိ သူမရဲ့ဖုန်းဖြင့်အင်တာနက်သုံးခဲ့သည်။

"ဒီကစားသမားယွမ်ဟာအလွန်လျှို့ဝှက်ဆန်းကြယ်ပြီးရှုပ်ထွေးပွေလီပါတယ်။ ဂိမ်းစတင်ပြီးနှစ်ရက်အကြာမှာတင်သူဟာနတ်ဘုရားအဆင့်တိုက်ကွက်နဲ့ ဖုံးကွယ်ထားတဲ့တာ၀န်ကိုရယူနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်။ သူကလူမှဟုတ်သေးရဲ့လား?" ကျောင်းတက်ရခြင်းနှင့်ယွမ် ကြောင့်ဂိမ်းကိုကစားနိုင်ခြင်းမရှိသော်လည်းသူမသည်ဂိမ်းနှင့်ပတ်သက်သည့်နောက်ဆုံးပေါ်သတင်းအချက်အလက်များကိုဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။ "ဒီလိုအချိန်မှာတောင် ငါ့အကိုက NPC ငယ်ငယ်လေးကိုလှည့်စားနေတယ်" ... သူမထိုအတွေးကြောင့်ခါးခါးသီးသီးပြုံးလိုက်မိသည်။

"Wow, သူ့ကို ကမ်းလှမ်းတာ ဆုငွေငါးသန်းအထိတိုးပွားလာခဲ့တာပဲ!" သူ့ကိုရှာဖွေရန် ကြိုးစားအားထုတ်မှုကို သူမမျက်လုံးများ ပြူးကျယ်စွာဖြင့်ကြည့်ရှုခဲ့သည်။ကစားသမားတစ် ဦး ကိုရှာဖွေရန် ဆန္ဒရှိသည့်ငွေများ။

"အရမ်း​နာမည်ကြီးနေတာပဲ...ဘယ်လောက်တောင်မနာလိုစရာကောင်းလိုက်သလဲ"

သူမဖုန်းကိုပိတ်ပြီးမျက်လုံးများကိုမှိတ်လိုက်သည်။ "အစ်ကိုလည်း ... သတင်းတွေရဲ့မီးမောင်းထိုးပြမှုအောက်မှာတောက်ပခဲ့ဖူးတာပဲ။ " သူမသည် သက်ပြင်းချရင်းအိပ်ပျော်သွားသည်။