Chapter 8 - Ch4

ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသော အရာများအားလုံးကို ဂရုမပြုမိဘဲ ယွမ်သည် ရှောင်ဟွာ နှင့်တစ်ညလုံးဆက်လက်ကစားခဲ့သည်။ တစ်ချိန်တည်းတွင်အခြားကစားသမားများသည်မိမိတို့ကိုယ်ကိုအားကောင်းရန်အကောင်းဆုံးနည်းလမ်းရှာရန်ကြိုးစားနေကြသည်။ ကစားသမားများအနေဖြင့် ကျောက်တုံးကို လက်သီးဖြင့် ချေမွနိုင်ခြင်းနှင့်မီတာအကွာအဝေး အတော်တော်များများကို ခုန်ကျော်နိုင်ခြင်း စသည့် အစွမ်းများကြောင့် ကစားသမားများသည် သူတို့၏ စွမ်းအားများတိုးတက်လာအောင် ပြုလုပ်ရခြင်းကို ပိုမိုစွဲလမ်းလာကြသည်။ အဲဒါကသူတို့ကို တခြားသူများထက်သာလွန်ထူးကဲစေခဲ့ပြီး သူတို့ကိုယ်သူတို့ ကောင်းမွန်တဲ့ခံစားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

သို့သော်တကယ့်ကမ္ဘာမှာ ​မသန်မစွမ်း မျက်စိမမြင်တစ် ဦး ဖြစ်သူ ယွမ် ကမူသူ၏ညီမလေးနှင့် များစွာတူသော ရှောင်ဟွာနှင့် ကစားပြီး အချိန်ဖြုန်းခြင်းကိုစိတ်ထဲမထားပါ။ ညကောင်းကင်ယံအောက်ရှိကမ္ဘာကြီးသည်ငြိမ်သက်နေသော်လည်း အရိပ်နှစ်ခုနှင့်ဘောလုံးတစ်လုံးက အဆက်မပြတ်လှုပ်ရှားနေသည်။

"ရှောင်ဟွာ, နောက်ကျတဲ့အထိ ဒီနေရာမှာ ကစားရတာအဆင်ပြေရဲ့လား။ မင်းမပြန်သေးဘူးဆိုရင် မင်းရဲ့မိဘတွေစိတ်ပူမနေဘူးလား။ " ယွမ် ကသူမသည် တစ်နေ့လုံးနီးပါးသူနှင့်သာ ကစားနေခြင်းကိုသတိပြုမိပြီးနောက်သူမအားမေးမြန်းခဲ့သည်။

"ဒါအဆင်ပြေပါတယ်။ ရှောင်ဟွာ ကဒီမှာအမြဲတမ်း တစ်ယောက်ထဲကစားရတာ အသားကျနေပါပြီ။"

"... " ယွမ်သည် သူမနှင့်အတူအချိန်ကုန်လာသည်နှင့်အမျှသူမအပေါ်ထားရှိသောသနားညှာတာလိုစိတ်တိုးပွားလာသည်။ "ရှောင်ဟွာ ငါတို့ကစားတာကို ခဏနားထားပြီး နောက်ထပ်ပုံပြင်တွေပြောပြမယ်ဆိုရင်ရော။ "

"ပုံပြင်တွေလား?" မှော်ဆန်သော စကားလုံးများ ကြားလိုက်ရသကဲ့သို့ သူမ၏မျက်လုံးများသည် ကောင်းကင်ယံထက်မှကြယ်ပွင့်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ်လင်းလက်လာပြီး ချက်ချင်းပင်သစ်ပင်အနားတွင် နေရာယူလိုက်သည်။

ယွမ်သည် သူမနောက်မှလိုက်လာပြီးဘေးနားတွင် ၀င်ထိုင်လိုက်သည်။ "ဒီနေ့ငါပြောမယ့်ပုံပြင်တွေက ငါ့မွေးရပ်မြေမှာ လူကြိုက်များတဲ့နတ်သမီးပုံပြင်တွေပဲ။ "

"နတ်သမီးပုံပြင်တွေလား။ ရှေးခေတ်ဒဏ္ဍရီလာ မျိုးနွယ်စုတွေအကြောင်းလား "

"ကောင်းပြီ၊ အတိအကျတော့ မဟုတ်ဘူး။ နတ်သမီးပုံပြင်တွေက ဒဏ္ဍရီထဲကပုံပြင်တွေလို မဟုတ်ဘဲ သူတို့ကိုဖျော်ဖြေရေးသက်သက် ရေးသားထားတာဖြစ်ပြီး ဇာတ်လမ်းက တိုတိုလေးပဲ။ သူတို့က စိတ်ကူးယဉ်ရေးဖွဲ့ ထားတာကြောင့်မလို့ ဖြစ်ရပ်မှန်မဟုတ်ဘူး။ "

"ခြားနားချက်ကဘာလဲ"

"... ကြားတဲ့အခါမင်းသိလိမ့်မယ်။ " ယွမ်သည် ငယ်စဉ်ကပင် သူကြားဖူးသော ပင်လယ်ဓါးပြ ဂျက်စပဲရိုးပုံပြင်များ၊ကျိန်စာကြောင့်မေ့မြောနေသော အော်ရိုရာမင်းသမီးလေးအား မင်းသား၏စစ်မှန်သောအနမ်းတစ်ပွင့်မှနိုးထစေခဲ့စေခြင်း၊ ပင်လယ်ထဲက ရေသူမလေး အေရီယယ်ကဲ့သို့သောငယ်စဉ်ကသူကြားခဲ့ဖူးသော ကမ္ဘာမြေမှကျော်ကြားပြီးဂန္ထဝင်ပုံပြင်များကိုယွမ်ကစတင်ပြောပြခဲ့သည်။

ယွမ်သည် ဤအဖြစ်အပျက်များအကြောင်းကို နှစ်ပေါင်းများစွာအကြာက ကြားဖူးခဲ့ခြင်းဖြစ်သော်လည်း သူသည် ဤကဲ့သို့သော ပုံပြင်များနှင့် မရင်းနှီးသော ရှောင်ဟွာအားရှင်းရှင်းလင်းလင်းပြန်ပြောပြနိုင်ခဲ့သည်။

"ဒီပုံပြင်ထဲက လူတွေအားလုံးက သေမျိုးတွေချည်းပဲလား။" သူမသည်ရုတ်တရက်သူ့ကို ထမေးခဲ့သည်။

"ငါသိသလောက်ကတော့, ဟုတ်တယ်။ "

"ဒါကကမ္ဘာကိုအုပ်စိုးနေတဲ့ ဒဏ္ဍရီလာသားရဲတွေနဲ့ ကောင်းကင်ကိုမှောက်လှန်နိုင်တဲ့ အင်မော်တယ်တွေရဲ့ ဇာတ်လမ်းနဲ့လဲမတူဘူး။ ဒါဟာ ရိုးရှင်းတယ်ဆိုပေမယ့် ဒီပုံပြင်တွေက ပျော်စရာတွေအများကြီးယူဆောင်လာခဲ့တယ်။ " သူမက ဇာတ်လမ်းတွေကိုသာ အဓိကအာရုံစိုက်ထားပြီး သေမျိုးတွေရဲ့ဘ၀က အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ သူမမသိခဲ့ပါဘူး။

"ရှောင်ဟွာ ကိုပြောပြဖို့နတ်သမီးပုံပြင်တွေထပ်ရှိသေးလား?" သူမကမေးလိုက်သည်။

"ကံမကောင်းနဲ့စွာပဲ၊ ဒါက ငါမှတ်မိတာအကုန်ပဲ။ ဒါပေမယ့် နောက်ကျရင် ပြောဖို့နောက်ထပ်နည်းနည်းလောက်ထပ်ရှာ ဦး မှာပါ"

"ဒါကကတိပဲ!"

"ဒါကကတိပဲ။ " ယွမ်ကပြုံးလိုက်သည်။

"အိုကေ၊ ရှောင်ဟွာ စာဖတ်ဖို့အလှည့်ပဲ" သူမသည် သူအား ကောင်းကင်ဘုံ၏လျှို့၀ှက်ပညာရပ်ကို သင်ကြားပေးခဲ့သော ထိုစာအုပ်ကိုပင်ထပ်ဖွင့်လိုက်သည်။

"ဒါက ... " ယွမ်သည် သူမက သူ့ကိုအခြားစွမ်းရည်တစ်ခုသင်ပေးမလားဟုတွေးခဲ့သည်။

"အစ်ကိုယွမ်ဟာဒီနည်းစနစ်ကိုလေ့လာပြီးပြီဖြစ်ပေမယ့် အပြည့်အဝကျွမ်းကျင်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ကိုကြီးယွမ်ရဲ့ ပြည့်ဝတဲ့နားလည်မှုစွမ်းရည်ကြောင့် ရှောင်ဟွာက အစ်ကိုယွမ်ဟာအချိန်တိုအတွင်းမှာကျွမ်းကျင်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။ " ထို့​နောက် သူမစတင်ဖတ်ရှုခဲ့သည်။ သို့သော်ယခုတစ်ကြိမ်တွင်ယွမ်သည်အစပိုင်းသာ နားလည်ပြီး အဆုံးပိုင်းကိုရောက်လေ နားမလည်လေဖြစ်လာသည်။ သူက အဆုံးရောက်လေ ပိုရှုပ်လေဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုနားထောင်နေရသလိုပါပဲ။

-

စာမျက်နှာတစ်ဒါဇင်ခန့်သာရှိသောစာအုပ်ကိုဖတ်ရန် ရှောင်ဟွာ သည်တစ်နာရီနီးပါးကြာသည်။ သူမသည် ပြီးဆုံးသောအခါ ယွမ်၏အခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။ ယွမ်သည်သူ၏မျက်လုံးများကို ပိတ်ပြီးငြိမ်ငြိမ်လေးထိုင်နေသည်။ သူ၏မျက်နှာပေါ်တွင်အေးဆေးတည်ငြိမ်သော ပြီးစျာန်၀င်စားနေသော အမူအရာတစ်ခုရှိ​ေနသည်။

သူမကိုယ်သူမတီးတိုးပြောလိုက်သည်။ 'အစ်ကို ယွမ်က အစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ' တခြားသူတွေနှစ်ပေါင်းများစွာသင်ယူရတာကို သူက နာရီအနည်းငယ်အတွင်းမှာပဲသင်ယူလိုက်တယ်။ ' သူမသည် သူ၏မျက်နှာကိုမရပ်မနားငေးကြည့်နေမိသည်။ 'သူတကယ်ဘယ်သူလဲ'

-

« ကောင်ကင်ဘုံ၏လျှို့၀ှက်ပညာရပ်ကိုသင်ပိုမိုနားလည်လာသည်။

«ကောင်းကင်ဘုံ၏လျှို့ဝှက်ပညာရပ်ကျွမ်းကျင်မှုအဆင့်ကိုတိုးမြှင့်ခဲ့သည် (အဆင့် ၁ - မှ ၂) »

«ကောင်းကင်၏ဒုတိယမြောက်လျှို့ဝှက်ပညာရပ် - ကောင်းကင်ကွဲပြတ်ဓားချက်» [သူက skillပါ]

«အဆင့်: နတ်ဘုရားအဆင့်»

«ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် - ၁ »

«ဖော်ပြချက်: ချီ 10,000 စားသုံးသည်။ အသက်သွင်းဖို့ဓားကိုကိုင်ထားရမည်။ ၎င်း၏လမ်းကြောင်းကိုပိတ်ဆို့ရဲ့သော အရာများအားလုံးဖျက်ဆီးပစ်မည့်အလင်းတန်းတစ်ခုကိုဖန်တီးသည်။ »

-

ယွမ်သည် မျက်စိဖွင့်လိုက်သောအခါ ရှောင်ဟွာလေး သည် ပေါင်ပေါ်တွင်သူမ၏ခေါင်းကိုတင်လျက် အိပ်နေသည်။

"ဒါက နံနက်တောင်ရောက်နေပြီလား?" သူစျာန်၀င်စားနေတာ အချိန်မည်မျှကြာသွားသလဲဟု တွေးမိလိုက်သည်။

" အိုး…နိုးနေပြီပဲ အစ်ကိုယွမ်က" ရှောင်ဟွာ ကသူမရဲ့မျက်လုံးတွေကိုပွတ်သပ်ရင်းထိုင်လိုက်သည်။

"မင်းရဲ့ဉာဏ်အလင်းပွင့်တဲ့အခြေအနေမှာအသစ်တခုခုသင်ယူခဲ့သေးလား" "ဉာဏ်အလင်း၊ငါရလိုက်တဲ့ခံစား ချက်ကို အဲ့လိုခေါ်တာလား"

"အင်း။ "

"မှန်တယ် ကြည့်ကြည့်တာပေါ့၊ ကောင်ကင်ဘုံလျှို့ဝှက်ပညာရပ်ရဲ့ ဒုတိယအဆင့်ကိုရောက်ပြီးကောင်းကင်ကွဲပြတ်ဓားခုတ်ချက်ကိုသင်ယူခဲ့တယ်။ " ရှောင်ဟွာ က သူကို ပုံမှန်ထက် အနည်းငယ် ပြူးကျယ်နေသောမျက်လုံးများနှင့်ကြည့်လာပြီးအံ့အားသင့်သွားပုံရသည်။

"ယွမ်က ကောင်းကောင်းလုပ်ခဲ့တာပဲ။" သူမသည်သူ့ကိုခဏအကြာတွင် လက်မထောင်ပြလာသည်။

"ဒါပေမယ့်မင်းရဲ့ကျင့်ကြံခြင်းအခြေခံကအားနည်းနေတယ်၊ ​​ဒါကြောင့်ချက်ချင်းသုံးလို့မရသေးဘူး"

"ဟုတ်တယ်၊ အဲဒါကို သုံးဖို့အတွက် ငါ ချီ 10,000 လိုတယ်။ အဲဒါက ငါကျင့်ကြံတဲ့အချိန်မှာစုပ်ယူထားတဲ့ ချီနဲ့အတူတူပဲလား"

သူမသည်သူ၏မေးခွန်းကိုခေါင်းညိတ်ပြသည်။

"အခုငါ့မှာ 5,010 / 10000 ချီရှိတယ်လို့ဆိုတယ်။ ငါအဲဒါကိုအပြည့်အ ၀ အသုံးချပြီး ဓားချက်ကိုထုတ်သုံးမယ်ဆိုရင်ငါ့ရဲ့ ချီတွေ ကုန်ခမ်းမသွားဘူလား ပြီးတော့ ငါရဲ့ချီပြန်ပြည့်မယ့်အချိန်အထိငါပြန်ကျင့်ကြံရအုံးမှာလား"

"မင်းရဲ့ကုန်ခမ်းသွားတဲ့ ချီတွေက မူလအခြေအနေအထိသဘာဝအတိုင်း ပြန်ပြည့်လာလိမ့်မည်။ ဒါ့ကြောင့်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်တိုင်း ပြန်ကျင့်ကြံစရာမလိုအပ်ဘူး။ ဒါပေမယ့် ချီ ကိုသဘာဝအတိုင်း ပြန်လည်ဖြည့်တင်းခြင်းက အချိန်ယူရတာကြောင့် မင်းရဲ့ကျင့်ကြံခြင်းကိုနှေးကွေးစေလိမ့်မယ်။ ဒါ့ကြောင့် မင်းရဲ့ချီကို အကြောင်းမရှိဘဲနဲ့ မသုံးပါနဲ့။ " ရှောင်ဟွာက သူမကိုယ်သူမ ကျွမ်းကျင်သူတစ် ဦး အနေဖြင့် ရှင်းပြခဲ့သည်။ "ဒါ့အပြင်မင်းရဲ့ ချီက သတ်မှတ်ထားတဲ့အမှတ်အောက်ကို ကျရောက်သွားမယ်ဆိုရင် မင်းရဲ့ချီ ကိုပြန်လည်မဖြည့်မချင်း မင်းရဲ့ခန္ဓာကိုယ်ကအားနည်းတဲ့ အနေအထားမှာရှိနေလိမ့်မယ်။ပြင်းထန်တဲ့ အခြေအနေမှာဆိုရင် မကျင့်ကြံနိုင်တော့ဘဲ မေ့မြောသွားတက်တယ်"

ယွမ်သည်သူရရှိလာသောသတင်းအချက်အလက်အားလုံးကိုခြေဖျက်ခဲ့သည်။ "ဒါဆိုရင်ငါ့မှာ ချီ ၁၀၀ ရှိပြီး ချီ၁၀ လိုအပ်တဲ့ကျွမ်းကျင်မှုတစ်ခုကိုငါသုံးမယ်ဆိုရင်ကျန်တဲ့ ချီ၉၀ ဟာသဘာဝအတိုင်း ပြန်လည်ကျင့်ကြံစရာမလိုဘဲ 100 ပြန်ပြည့်မှာလား" သူကပဲလိုရမယ်ရသူမကိုမေးထားလိုက်သည်။

သူမက ခေါင်းညိတ်ပြတာကို ကြည့်ရင်း ယွမ်သည်စနစ်ကိုအပြည့်အဝနားလည်လာသည်။ "ဒါ​ဆို ဒီဟာကတခြားဂိမ်းတွေနဲ့ဆင်တူပေမယ့်လှည့်ကွက်နည်းနည်းနဲ့စီမံခန့်ခွဲဖို့ပိုလိုတယ်။ ချီ ဟာ တိုက်ကွက်တွေထုတ်သုံးဖို့အတွက်လိုအပ်သလို၊ ကျင့်ကြံခြင်းမှာအဆင့်ချိုးဖြတ်တက်ဖို့လည်းလိုအပ်တယ်။

"ကျေးဇူးတင်ပါတယ်။ ရှောင်ဟွာ ။ မင်းသာရှင်းမပြဘူးဆိုရင်ငါအခုထိသံသယမကင်းဖြစ်နေမှာ။ "

"အစ်ကိုယွမ် ကျေးဇူးတင်ကြောင်းကပါးစပ်နဲ့ပြောရတာမဟုတ်ဘဲ လက်နဲ့လုပ်ပြရတယ်။" သူမသည်သူမကိုယ်ပိုင်ခေါင်းကို ပုတ်ပြခြင်းဖြင့်, သူ့ကိုရယ်မော။

" ဟုတ်တယ်၊ ဟုတ်တယ်။ ကျေးဇူးတင်ပါတယ်။ " သူက သူမခေါင်းကို ပုတ်ပေးရင်းပြန်ပြောလိုက်သည်။

-

ရှောင်ဟွာသည် ကျေနပ်သွားပြီးနောက်တော့ ယွမ် သည်မတ်တပ်ရပ်လိုက်သည်။

" ငါပြန်ဖို့အချိန်ရောက်ပြီ၊ ဒါပေမယ့်နောက်ကျရင်ပြန်လာခဲ့ပါ့မယ်။ "

ရှောင်ဟွာ ကသူ့ကိုဒီတစ်ခါမတားတော့ဘဲခေါင်းညိတ်ပြလိုက်သည်။

"ယွမ် ကိုနုတ်ဆက်ပါတယ်။ ယွမ် မင်းပြန်လာရင် ရှောင်ဟွာနဲ့ပြန်ကစားပါ။ အဆင်ပြေလား။ ဒီမှာငါ့ကိုခေါ်ဖို့ ဒါလေးကိုအသုံးပြုနိုင်တယ်။ " သူမသည်သူ့ကိုသူမလည်ပင်းမှလည်ဆွဲကိုချွတ်ပေးခဲ့သည်။ ယွမ်သည် အများကြီးမစဉ်းစားဘဲလည်ဆွဲကိုလက်ခံခဲ့သည်။ နောက်မှတွေ့မယ်။ နေရောင်ခြည်အောက်တွင်တစ္ဆေတစ်ကောင်လိုမပျောက်သွားခင်သူမသည်သူ့ကိုလက်များဝှေ့ယမ်းပြလိုက်သည်။ ယွမ်ထွက်ခွာသွားပြီးနောက် ရှောင်ဟွာသည် သူမထွက်ခွာသွားခင် မှီရပ်နေသောနေရာကိုငေးကြည့်နေမိသည်။ "ရှောင်ဟွာ နဲ့ကစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ " သူမရဲ့ခန္ဓာကိုယ်ကရုတ်တရက်တုန်ခါလာပြီးသူမရဲ့ခန္ဓာကိုယ်ကအလင်းရောင်တွေနဲ့တောက်ပလာသည်။

"ကစားရတာ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်"

သူမခန္ဓာကိုယ်သည် မီးစလေးများအဖြစ် ပြိုကွဲသွားပြီး တိမ်တိုက်များဆီသို့မျောပါသွားပြီးပျောက်ကွယ။

«ဂုဏ်ယူပါတယ်! ကစားသမားယွမ်သည်ကမ္ဘာ့ပထမဆုံး ဖုန်းကွယ်ထားတဲ့တာ၀န်ကို ပြီးစီးခဲ့ပါပြီ။ »

" အစ်ကိုယွမ်…" ထိုညတွင် ချိုမြိန်ပြီးကလေးဆန်သောအသံကလေးသည် ကြယ်တွေစုံသောကောင်းကင်တစ်၀ှမ်းတွင် ပဲ့တင်ထပ်နေခဲ့သည်။

Fan To Read