Chapter 5 - Chapter1b

"ဒီဟာက ... ကျင့်ကြံခြင်းအွန်လိုင်းဂိမ်းလား?"

မိုးတိမ်များ၏အထက်ကောင်းကင်၌လွင့်မျောနေသည့်တောင်တန်းများနှင့် ၎င်းတောင်တန်းများပေါ်တွင်တည်ဆောက်ထားသောအိမ်ယာများကိုတွေ့မြင်လိုက်ရသောအခါသူ၏မျက်စိများပြူးကျယ်လာသည်။

"ကြိုဆိုပါတယ်သေမျိုးတို့! ငါကအကြီးအကဲစုန့်ပဲ။ ဒီနေရာကိုစွန့်ခွာပြီးကျယ်ပြန့်တဲ့ကမ္ဘာလောကကြီးကိုစွန့်စားမသွားလာခင် ဒီနေရာမှာမင်းစိတ်ထဲကမင်းဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကိုသေသေချာချာချမှတ်ထားပါ။ "

အပြာရောင်ဝတ်စုံဝတ်ထားတဲ့လူအိုကြီးတစ်ယောက်ကလူတိုင်းကိုရုတ်တရက်အသံကျယ်ကျယ်နဲ့နှုတ်ဆက်လိုက်တာကြောင့်ဒီနေရာမှာရှိတဲ့လူတိုင်းကသူတို့ရဲ့ခေါင်းပေါ်ကိုမော့ကြည့်လိုက်ကြတယ်။

"သူကပျံသန်းနေတယ်။ သူတကယ်ဓားပျံပေါ်မှာရပ်ပြီးပျံသန်းနေတာပဲ။"

လူများသည်သိသာသာအော်ဟစ်ကြွေးကြော်လိုက်ကြသည်။ အကြီးအကဲစုန့် သည်ပြုံးလိုက်ပြီး

" မင်းတို့ရဲ့မေးခွန်းတွေကိုနောက်မှငါပြန်ဖြေမယ်၊ ဒါပေမယ့်အရင်ဆုံးဒီကမ္ဘာကြီး ရဲ့ကျင့်ကြံခြင်းလောက အကြောင်းကိုမင်းတို့အားလုံးကိုရှင်းပြခွင့်ပြုပါ။ "

"ပထမ ဦး ဆုံးအနေနှင့်၊ ဒီနေရာကကောင်းကင်တိုက်ကြီးပဲ။ ငါတို့ကအခုလက်ရှိအချိန်မှာတောင်တန်းနံပါတ် ၉၆ မှာရောက်နေတယ်။ မင်းတို့ကိုဒီနေရာမပို့ဆောင်ခင်လူတိုင်းကမင်းတို့ကိုအကဲဖြတ်ပေးမယ့်ငါတို့ကမ္ဘာကကိုယ်စားလှယ်တစ် ဦး နှင့်တွေ့ဆုံရမယ်။ အဲ့ဒါကမင်းဇာတ်ကောင်ရဲ့အခြေအနေ၊ အကြောင်းအရာအားလုံးနီးပါးကိုပြောပြလိမ့်မယ်။ "

"ဒီတော့အခြေခံကျတာကနေစလိုက်ကြရအောင်။ ဒီကမ္ဘာမှာလူသားတွေနဲ့သတ္တဝါတွေဟာသူတို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ၀ိညာဥ်ချီ နဲ့ပျိုးထောင်ကျင့်ကြံပြီးသဘာ၀လွန်စွမ်းအားတွေကိုရရှိနိုင်တယ်။ အဲ့လိုလူတွေကို ကျင့်ကြံသူတွေလို့ခေါ်တယ်။ ဒီကမ္ဘာကြီးမှာကျင့်ကြံခြင်းအဆင့်မြင့်လေ ပိုမိုအစွမ်းထက်လေပဲ။ အမွေအနှစ်တွေနဲ့ သွေးမျိုးဆက်တွေက ထူးခြားတဲ့ အင်္ဂါရပ်တွေဖြစ်ပြီးမင်းသာလုံလောက်အောင်ကံကောင်းပါကနောက်ပိုင်းမှာရရှိနိုင်တယ်။ ခန္ဓာကိုယ်အမျိုးအစား နှင့် ပတ်သက်ပြီး ဒီနေရာကလူတိုင်းမှာအမျိုးအစားတစ်ခုခုရှိသင့်တယ်။ အသုံးမ ၀ င်သည်ဖြစ်စေမ၀င်သည်ဖြစ်စေ ဒါကမင်းတို့ကိုစမ်းသပ်ပေးနိုင်တယ်၊ "

အကြီးအကဲစုန့် သည်သူ၏ရှည်လျားသောအင်္ကျီလက်များကိုလွှဲရမ်းလိုက်ပြီးထောင်နှင့်ချီသောအဆောင်များသည်လူများအားလုံးထံပျံသန်းသွားသည်။

"အဲဒါကိုမင်းရဲ့အတွေးနဲ့အသက်သွင်းလိုက်ပါ"

အကြီးအကဲစုန့် က​ညွှန်ကြားလိုက်သည်။ လူအုပ်သည်သူ၏ညွှန်ကြားချက်ကိုလိုက်နာခဲ့ပြီးမကြာမီတွင်ကျယ်သောစကားပြောသံများကျယ်လောင်လာသည်။

"ဒီအဆောင်ကငါမှာကမ္ဘာမြေအဆင့်ခန္ဓာကိုယ်ရှိတယ်လို့ပြောတယ်! ဒါကဘာကိုဆိုလိုတာလဲ"

အကြီးအကဲစုန့် သည်စကားပြောသောထိုလူငယ်ကိုကြည့်ပြီး

" လူအယောက် ၁သိန်း မှာ ၁ယောက်ကမှမြေကမ္ဘာအဆင့်ရှိတဲ့ကိုယ်ခန္ဓာနဲ့မွေးဖွားလာတက်တယ်။ ဂုဏ်ယူပါတယ်မင်းကိုငါတို့ကမ္ဘာမှာ 'ပါရမီရှင် လို့ခေါ်ကြတယ်။"

"အကြီးအကဲ၊ ခန္ဓာကိုယ်အဆင့်တွေကိုဘယ်လိုခွဲခြားထားလဲ။ "

"ကိုယ်ခန္ဓာဆိုင်ရာအဆင့်သတ်မှတ်ချက်တွေကိုသေမျိုးအဆင့်၊ မြေကမ္ဘာ​အဆင့်၊ ကောင်းကင်အဆင့်နဲ့၊နတ်ဘုရားအဆင့်ဆိုပြီးခွဲခြားထားတယ်"

"အကြီးအကဲ, သေမျိုးအဆင့်ခန္ဓာကိုယ်ဆိုတာဘာကိုဆိုလိုတာလဲ, အဆင့်တွေအကြားခြားနားချက်ကဘာတွေလဲ?"

ပြုံးပြီးစကားပြန်မပြောခင် အကြီးအကဲသည်ခဏမျှတိတ်ဆိတ်စွာနေခဲ့သည်။

" မော်တယ်(သေမျိုး)ခန္ဓာကိုယ် ရှိခြင်းသည်သင်သာမန်လူတစ်ယောက်သာဖြစ်သည်ဟုဆိုလိုသည်။ သို့သော် မြေကြီးအဆင့်ခန္ဓာကိုယ် ရှိခြင်းသည်သင်သည်ပါရမီတစ်ယောက်ဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။ ခြားနားချက်မှာသိသာထင်ရှားပေသည်။မင်းထက်ခန္ဓာကိုယ်ပိုအဆင့်မြင့်လေ! မင်းထက်ပါရမီပိုများလေ၊ကျင့်ကြံသူတစ်ဦးဖြစ်ဖို့ပိုမိုလွယ်ကူလေပဲ"

အကြီးအကဲ၏စကားများကြောင့်သေမျိုးအဆင့်ခန္ဓာကိုယ်ပိုင်ရှင်များ၏မျက်နှာများစွာသည်အတွေးများဖြင့်နစ်မြုပ်သွားခဲ့သည်။

"ငါတို့ရဲ့ကိုယ်ခန္ဓာကိုပြောင်းလဲလို့ရမလား။"

တစ်ယောက်ယောက်ကရုတ်တရက်မေးလိုက်သည်။

"ခန္ဓာကိုယ်အပြောင်းအလဲတွေကိုပြောင်းလို့ရတယ်။ ဒါပေမယ့်လုပ်ငန်းစဉ်ကရှည်လျားပြီးနာကျင်တယ်။ ဒါကြောင့်လူအများစုကသူတို့ရဲ့ကံကြမ္မာကိုပဲလက်ခံလိုက်တယ်။ "

လူအများသည်သူတို့၏သေမျိုးရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပြောင်းလဲနိုင်သည်ဟုကြားရပြီးနောက်စိတ်သက်သာရာရသွားကြသည်။

"ဒီမှာဘယ်သူ့မှဒီဗိုင်းအဆင့်(နတ်ဘုရားအဆင့်)တဲ့ရုပ်ခန္ဓာရှိပါသလား" အကြီးအကဲစုန့်၏မျက်လုံးများသည်မျှော်လင့်ချက်များဖြင့်တောက်ပနေသည်။ ဒါပေမယ့်ဘယ်သူကမှသူ့မေးခွန်းကိုမဖြေတဲ့အခါသူ့မျက်စိထဲရှိအလင်းရောင်သည်မှေးမှိန်လာသည်။ 'နတ်ဘုရားအဆင့်ရုပ်ခန္ဓာကိုယ်ရှိသူတစ် ဦး တစ်ယောက်ဖြစ်ဖို့အခွင့်အလမ်းသည်သန်း ၁၀၀ တွင် ၁ယောက်ဖြစ်သည်။ ပါရမီရှင်များအထက်မှပါရမီရှင်ပုဂ္ဂိုလ်တစ် ဦး ဖြစ်သည်။ ထို့ကြောင့်၎င်းသည်လူထောင်ပေါင်းများစွာကြားတွင်ထွက်ပေါ်မလာသည်မှာအံ့သြစရာမဟုတ်တော့။ ' သူကသူ့စိတ်ထဲတွင် ဦး ခေါင်းကိုခါရမ်းလိုက်သည်။

"အကြီးအကဲ, ငါ့မှာကောင်းကင်အဆင့်အဆင့်ခန္ဓာကိုယ်ရှိတယ်။ "

လူတစ်ယောက်၏အသံသည်ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာပြီးထိုနေရာတွင်ရှိနေသူအားလုံးသည်သူ့ကိုလှည့်ကြည့်ရစေသည် "ဟမ်? ကောင်းကင် ရုပ်ခန္ဓာကိုယ်ပေါ်ပေါက်လာနိုင်တဲ့အခွင့်အလမ်းတွေကတစ်သန်းမှာတစ်ယောက်ဖြစ်တယ်။ မင်းကံကောင်းတဲ့လူငယ်ပဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ"

" ကျွန်တော့်နာမည်က စန်းမင်ပါ" ဟုချောမောသောလူငယ်လေးကပြန်ပြောလိုက်သည်။

"စန်းမင်? စန်းလီ ရဲ့သားအကြီးဆုံးမဟုတ်လား။ သူကတော်၀င် အင်တာတိန်းမန့်ရဲ့ CEO လား?" ထိုနေရာရှိလူအချို့သည်ပြင်ပကမ္ဘာရှိအစစ်အမှန်မျက်နှာနှင့်တူညီဟန်ရှိသောကောင်ချောလေးကိုအသိအမှတ်ပြုခဲ့ကြသည်။

"မင်းရဲ့အကဲဖြတ်စစ်ဆေးမှုကိုတာ၀န်ယူတဲ့ကိုယ်စားလှယ်ဆီကတခုခုရခဲ့လား"

အကြီးအကဲ စုန့် ကသူ့အားအလွန်စိတ်ဝင်စားနေသည်။

"ဟုတ်တယ်ကျွန်တော်ရခဲ့တယ်"

စန်းမင် သည်ထိုအချက်ကိုဖုံးကွယ်မထားဘဲ အမှန်တရားကိုပြောပြခဲ့သည်။ "ကျွန်တော် ကိုယ်စားလှယ်ဆီကဒီအိတ်ကိုလက်ခံရရှိခဲ့တယ်။ "

"အိုး ... ဒါကပစ္စည်းတွေကိုသိမ်းဆည်းဖို့သုံးတဲ့သိုလှောင်အိတ်ပဲ။ အဲဒီထဲမှာမင်းအတွက်အကျိုးရှိမယ့်အရာတွေအများကြီးရှိလောက်တယ်။ ဒါပေမယ့်ကျင့်ကြံသူတွေကသာသုံးနိုင်တယ်။ ဒါ့အပြင်အဲဒီလက်ဆောင်ပေးသူကိုသာပြန်တွေ့နိုင်ရင် သူတို့ကမင်းကိုသူတို့ဂိုဏ်းရဲ့တပည့်တစ် ဦး အနေနဲမင်းကိုခေါ်ယူနိုင်တယ်။"

"ဂိုဏ်းလား...အကြီးအကဲကအစည်းအရုံးတွေကိုဆိုလိုတာလား" "ဂိုဏ်းဆိုတာ လူတစ်ယောက်ဒါမှမဟုတ်လူတစ်စုကတည်ထောင်ထားတာပဲ။ဂိုဏ်းတွေကအရည်အချင်းရှိတဲ့တပည့်တွေကိုများသောအားဖြင့်အစွမ်းထက်တဲ့ကျင့်ကြံသူတွေဖြစ်လာစေဖို့ ရည်ရွယ်ပြီးတည်ထောင်ခဲ့တာဖြစ်တယ်။ "

အကြီးအကဲစုန့်မှရှင်းပြသည်။

"ဒါပဲလား?

ဘယ်သူ့မှာကောင်းကင်အဆင့်ခန္ဓာကိုယ်မှမရှိတော့ဘူးလား?"

တိတ်ဆိတ်နေပြီးနောက် အကြီးအကဲစုန့် သည်ခေါင်းကိုခါလိုက်ပြီး စဥ်းစားနေသည်။ 'ဒီနေရာမှာရင်းနှီးမြှုပ်နှံသင့်တဲ့လူကထောင်ပေါင်းများစွာထဲမှာတောင်တစ်ယောက်ပဲရှိတယ်ဆို​ေတာ့စိတ်မကောင်းပါဘူး။ ဒါပေမဲ့အခုလိုအခြေအနေမှာတောင်မှအဲ့ဒီသိုလှောင်အိတ်ကိုဘယ်သူကပေးခဲ့တာလဲငါမသိဘူး။ သိုလှောင်အိတ်ကို ငါသူတို့ပစ်မှတ်ဆီကခိုးယူမယ်ဆိုရင်ရိုင်းစိုင်းရာကျလိမ့်မယ်၊ ငါမပစ်မှားနိုင်တဲ့သူကိုတောင်စိတ်ဆိုးအောင်လုပ်မိလိမ့်မယ်။ '

"မင်းတို့အားလုံး..ငါမထွက်ခွာခင်ဒီမှာရှိတဲ့လူတိုင်းအတွက်မေးခွန်းတစ်ခုရှိတယ်။ ဒီကမ္ဘာမှာဘယ်လိုအောင်မြင်အောင်လုပ်ချင်လဲ။ စွမ်းအားလား ၊ဂုဏ်ပကာသနလား? ချမ်းသာကြွယ်ဝမှုလား။ ခန့်ငြားတဲ့အမျိုးသားတစ်ယောက်ဖြစ်ချင်တာလား၊ ဒါမှမဟုတ်မိန်းမချောလေးဖြစ်ချင်တာလား။ တခြားကမ္ဘာကသေမျိုးများဖြေပါ"

" ကျွန်တော်အကြီးအကဲလိုပျံသန်းနိုင်ချင်တယ်!"

"ငါကအာဏာလိုချင်တယ်!"

"ငါကျော်ကြားချင်တယ်!"

"ငါငွေတွေတောင်လိုပုံအောင်လိုချင်တယ်!"

" ငါကလှပတဲ့အမျိုးသမီးတွေကိုဘယ်တစ်ဖက်ညာတစ်ဖက်ဖက်ပြီးရှောက်လည်ချင်တယ်!"

"ငါကတော့ချောမောတဲ့ကောင်လေးတစ်ယောက်နဲ့တွဲချင်တယ်!"

လူအများစု၏ဆန္ဒများကိုကြားလိုက်ရသောအခါ အကြီးအကဲစုန့် သည်ပြုံးလိုက်မိသည်။

"အကယ်၍ သင်သည်ဤကဲ့သို့သောကမ္ဘာတွင်ရှင်သန်လိုပါကအာဏာရှိရမည်။ လောကတွင်အားနည်းသူများသည်အုပ်ချုပ်ခံရသည်။ အားကြီးလျှင်ချမ်းသာကြွယ်ဝမှုနှင့်ကျော်ကြားမှုသည်ကြီးမားလာလိမ့်မည်။ အားကြီးလျှင်လူများသည်သင့်ကိုစုရုံး၀န်းရံလာကြမည်။ ငါ့စကားကိုမှတ်ကြလော့။ လူငယ်တို့၊ ဤလောကသည်အားနည်းသောသူတို့ကိုအထင်သေးအောက်မေ့၏။ အားကြီးသောသူတို့ကိုသာရိုသေတတ်၏။"

" ဒီကမ္ဘာပေါ်မှာဘယ်သူကသြဇာအာဏာအရှိဆုံးလို့မင်းတို့ထင်သလဲ။" အကြီးအကဲစုန့်သည်အောက်ရှိလူများအားကျဉ်းမြောင်းစွာကြည့်ရှုလိုက်ပြီးလူများစွာတို့၏ကျောရိုးကိုတုန်လှုပ်စေခဲ့သည်။ "ကျင့်ကြံသူတွေ!ငါတို့လိုကျင့်ကြံသူတွေကသြဇာအာဏာ၊ချမ်းသာ ကြွယ်ဝမှု၊ ဂုဏ်သတင်းကျော်ကြားမှုနှင့်လေးစားခံရမှုရဲ့သင်္ကေတဖြစ်တယ်။ ငါတို့ကပဲဒီလောကကိုအုပ်ချုပ်တယ်"

"ကျင့်ကြံသူတွေ၊အဲ့ဒါက ဘယ်လိုအဆင့်အတန်းမျိုးလဲ" လူများစွာတို့သည်အံ့ သြမိန်းမောသွားကြပြီး "အကြီးအကဲ၊ ကျွန်တော်တို့ဘယ်လိုကျင့်ကြံသူဖြစ်လာနိုင်တာလဲ"

အကြီးအကဲစုန့်ကပြုံးလိုက်သည်။ "ဒါကတကယ်ကိုရိုးရှင်းတယ်။ "

အကြီးအကဲသည်ရုတ်တရက်သူ၏လက်များကိုလွှဲရမ်းလိုက်သည်။ ထောင်နှင့်ချီသောတောက်ပနေသည့် အပြာရောင်အလုံးများပေါ်ထွက်လာကာလူအများ၏နဖူးကိုတိုက်ရိုက်ထိတွေ့သွားပြီး ဦး နှောက်ထဲနစ်မြှပ်သွားသည်။ " ငါကကျင့်ကြံခြင်းနည်းလမ်းကိုအားလုံးကိုလွှဲပြောင်းပေးလိုက်ပြီ။ မင်းတို့ကျင့်ကြံလိုမလား၊ သေမျိုးတွေအဖြစ်ပဲဆက်နေမလားဆိုတာမင်းတို့သဘောအတိုင်းပဲ။ " အကြီးအကဲစုန့် သည်သူ့လက်များကိုနောက်တဖန်လှုပ်ရမ်းလိုက်ပြီး သူတို့နှင့်မနီးမဝေးတွင်ရှိသည့် ၀င်ပေါက်ပေါ်တယ် လေးခုပေါ်လာသည်။

"ပေါ်တယ်တစ်ခုစီသည်တိုက်ကြီးတစ်တိုက်ကိုကိုယ်စားပြုတယ်။ကောင်းကင်တိုက်ကြီးကဒီကမ္ဘာကတိုက်ကြီးလေးတိုက်ထဲမှာမပါ ၀ င်ဘူး။ မင်းတို့အတွင်းထဲဝင်ပြီးတာနဲ့ပေါ်တယ်တွေကမင်းတို့ကိုမဟာတိုက်ကြီးလေးခုထဲကနေရာတစ်ခုကိုကျပန်းပို့ပေးလိမ့်မယ်၊ မင်းဘယ်မှာဆင်းသက်မှာလဲဆိုတာ ငါလဲမသိဘူး။အဲ့တော့ ကံတရားအတိုင်းပဲပေါ့"

«အခြေခံ ချီစုဆောင်းခြင်းနည်းစနစ်ကိုသင်သည် လေ့လာသင်ယူပြီးပါပြီ »

«အဆင့် - သေမျိုး»

«ကျွမ်းကျင်အဆင့် - ၁ »

«ဖော်ပြချက်: ၁ စက္ကန့်တိုင်းတွင် ချီ၁ခု ကို စုပ်ယူနိုင်သည် ။ သို့သော် ကြာပွင့်ပုံအနေအထားတွင်ထိုင်သည့်အခါမှသာအသက်သွင်းနိုင်သည်။ »

" အခုမှ စိတ်လှုပ်ရှားစရာကောင်းလာတယ်၊ သေမျိုးတွေ ငါရဲ့တန်ဖိုးရှိတဲ့အချိန်တွေကမင်းတို့ကြောင့်နဲ့အချိန်အများကြီးပုပ်ကုန်ခပြီ။ မင်းခရီးသွားရင်းနဲ့ဒီကမ္ဘာအကြောင်းပိုသိလာလိမ့်မယ်။ ကျန်ရှိနေတဲ့ငါ့ရဲ့သက်တမ်းတစ်ခုလုံးကိုသုံးရင်တောင်မှမင်းတို့ကိုဒီကမ္ဘာကြီးအကြောင်းနားလည်အောင်ရှင်းပြနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အင်္ကျီလက်ကိုနောက်တစ်ကြိမ်​ေ၀ှ့ရမ်းမှုနှင့်အတူထိုနေရာတွင်ရှိသူအားလုံးသည်ပေါ်တယ်ဆီသို့ဆွဲခေါ်ခံလိုက်ရသည်။ "Ahhhhh !!!" ထိတ်လန့်တုန်လှုပ်စွာအော်ဟစ်သံများထွက်ပေါ်လာပြီး ပေါ်တယ်သို့ဝင်ရောက်သူများသည် ကြီးမားကျယ်ပြန့်ပြီးအမျိုးအမည် မသိရသောဤကမ္ဘာကြီး၏နေရာအနှံအပြားတွင်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

- -----------

ပေါ်တယ်သို့ထွက်ခွာသွားပြီးနောက်ယွမ်သည်မူး​ဝေခြင်းအနည်းငယ်ကိုတဖန်ခံစားခဲ့ရပြီးသူတောင်သတိမထားမိလိုက်ခင်တောအုပ်ထဲသို့ရောက်ရှိနေသည်။

"ဒါဘယ်နေရာမှာလဲ။ ငါသုံးလို့ရတဲ့မြေပုံရှိလား။ " ရုတ်တရက်ရေများနှင့်ကွဲပြားနေသောတိုက်ကြီးလေးခုပါသောမြေပုံကြီးတစ်ခု သူ့ရှေ့တွင်ပေါ်လာသည်။

အရှေ့ပိုင်းတိုက်ကြီး? ၎င်းသည်မြေပုံမှသူစုဆောင်းနိုင်သည့်တစ်ခုတည်းသောအချက်အလက်ဖြစ်သည်။ ကျန်တဲ့အရာအားလုံးအမည်းရောင်တွေချည်းပဲ။" ယွမ်ကသူ၏ခေါင်းကိုစောင်းပြီးတောက်ပသောကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "ငါရဲ့ခန္ဓာကိုယ်အမျိုးအစားကိုတောင် မမေးကြည့်လိုက်ရဘူး။အကြီးအကဲရဲ့စကားအရ သေမျိုး၊မြေကြီး၊ ကောင်းကင်၊ ဒီဗိုင်းဆိုပြီးအဆင့်လေးခုပဲရှိတယ်လို့ပြောခဲ့တယ်။ ဘာလို့ငါ့ခန္ဓာကိုယ်ကဒီအဆင့်လေးခုထဲမှမပါတာလဲ။ ငါမှာအထူးခန္ဓာကိုယ်ရှိနေတာများလား။ "

သူ၏လက်ထဲရှိအဆောင်လက်ဖွဲ့တွင်အောက်ပါစကားလုံးများဖော်ပြထားသည်။

« ကောင်ကင်ကိုသန့်စင်နိုင်သောခန္ဓာကိုယ် »

«အဆင့် - စကြာ၀ဠာ »

Have Fan!