သူမရဲ့မျက်နှာဟာ အပြစ်အနာအဆာမရှိဘဲ အချိုးအစားကျနပါတယ်။ဒါပေမယ့် သူမရဲ့ပြီးပြည့်စုံတဲ့အလှတရားကိုထားလိုက်ပါအုံး သူမရဲ့အကြည့်တောင်မှ ရင်နှီးဖော်ရွေတဲ့ပုံပါတယ်။
သူမက သူ့ကိုရွှေအိုရောင်မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။အဲ့မျက်လုံးတွေက သြဇာအာဏာကြီးမားပြီး လွှမ်းမိုးနိုင်တယ်လို့ ခံစားရစေပါတယ်။သူမထုတ်လွှတ်နေတဲ့အော်ရာတွေအာဏာရှင်ဆန်ပြီး လူငယ်လေးတောင်တောင့်မခံနိုင်ပါဘူး။
"သေမျိုး မင်းရဲ့လက်ကို ဒီပေါ်တင်လိုက်" အလှလေးက နိုင်ငံ့အုပ်ချုပ်သူတစ်ယောက်လိုမျိုး အေးအေးစက်စက်အသံနဲ့ ပြောလိုက်ပါတယ်။နောက်တော့ လူငယ်လေးက ပါးလွှာတဲ့လေထုထဲကနေ ဖန်ဘောလုံးလေးထွက်ပေါ်လာတာကိုစောင့်ကြည့်နေပါတယ်။
"ကောင်းပြီလေ" သူမက NPCမှန်းသေချာနေတာမို့ အများကြိီးမစဥ်းစားဘဲ ညွှန်ကြားချက်အတိုင်း လက်ကို
ဖန်ဘောလုံးပေါ်တင်လိုက်ပါတယ်။အဲ့ဒီနောက် ဖန်ဘောလုံးပေါ်မှာ အောက်ပါအတိုင်းစာတွေပေါ်လာပါတယ်။
အမည် : ???
ကျင့်ကြံမှု : မရှိ
နိုင်ငံသား : မရှိ
သွေးမျိုးဆက် : မရှိ
ခန္ဓာကိုယ် : ကောင်းကင်ကို သန့်စင်နိုင်စွမ်းရှိသောခန္ဓာကိုယ်
ရုပ်ပိုင်ဆိုင်ရာခွန်အား : 34
စိတ်ပိုင်းဆိုင်ရာခွန်အား : 275
၀ိဉာဏ်စွမ်းအား : 1210
ရုပ်ပိုင်းဆိုင်ရာခုခံမှု : 10
စိတ်ပိုင်းဆိုင်ရာခံနိုင်ရည် : 1121
"?!?!" ဖန်လုံးပေါ်က အချက်အလက်ထွေကို ကြည့်ပြီး အလှလေးကစိတ်ရှုပ်ထွေးသွားပါတယ်။ သူမရဲ့ မျက်လုံးတွေကလည်း မယုံကြည်နိုင်မှုနဲ့ ပြည်နှက်နေပါတယ်။
"ကောင်းကင်ကိုသန့်စင်နိုင်တဲ့ခန္ဓာကိုယ်လား" အလှလေးရဲ့လက်တွေက ဖန်လုံးကိုကိုင်ထားရင်းတုန်လှုပ်နေပါတယ်။ "ကျင့်ကြံသူတစ်ဦးမဟုတ်ဘဲနဲ့ သူ့၀ိဥာဏ်စွမ်းအားက ဝိဥာဏ်စစ်သည်အဆင့်ရောက်နေတာကိုထားလိုက်အုံး သူ့ခန္ဓာကိုယ်က အဲ့အဆင့်နဲ့တောင်နှိုင်းရှင်ဖို့
မဖြစ်နိုင်ဘူး။"
အလှလေးက တစ်ခါမှသူမခန္ဓာကိုယ်တစ်ခုလုံး ဒီလောက်ကြိီးမတုန်လှုပ်ဖူးပါဘူး။
"တစ်ခုခုမှားနေလို့လား?" သူမရဲ့တိတ်ဆိတ်ပြီး စိတ်လှုပ်ရှားနေတဲ့ပုံစံကိုမြင်ပြီး လူငယ်လေးက မေးလိုက်ပါတယ်။
"တခြားလူတွေသူ့ကိုရှာမတွေ့ခင် ငါ့ဂိုဏ်းသားဖြစ်လာအောင် ကြိုတင်ချည်နှောင်ထားရမယ်"သူမက စိတ်ထဲမှာတွေးရင် သူ့ကိုမော့ကြည့်လာပါတယ်။
"မင်းနာမယ်ဘယ်လိုခေါ်လဲ" သူမက လေးနက်တဲ့ အမူအရာနဲ့မေးလိုက်တယ်။
"ငါ့ကိုယွမ်လို့ခေါ်လို့ရပါတယ်"
"ငါ့တို့နောက်တစ်ကြိမ်မတွေ့ခင်အထိ ဒီတံဆိပ်ပြားကို မင်းနဲ့အတူသိမ်းထားပါ။" အလှလေးက လေထဲကနေကျောက်စိမ်းတံဆိပ်ပြားလေးတစ်ခု ထုတ်ယူပြီး သူ့ကိုပေးလိုက်ပါတယ်။ "ငါ့မှာ အချိန်မရှိတော့ဘူး။ဒီကျောက်စိမ်းပြားကို မပျောက်စေနဲ့။ ငါတို့ မကြာခင်ထပ်တွေ့ရဦးမှာပါ။"
"အမ်..နေဦးလေ! ငါ့မှာမေးစရာ ..."ယွမ်က သူမကိုမေးခွန်းလေးတစ်ခုတောင် မမေးရသေးဘဲ သူမ လာခဲ့တဲ့အတ်ကြောင်းထဲ၀င်ရောက်ပြီး ပျောက်ကွယ်သွားပါတယ်။
"ဘယ်လောက်တောင် ထူးဆန်းတဲ့ NPC လဲ။အခုတော့ တစ်ယောက်ထဲဘာဆက်လုပ်ရမှာလဲ? " သူကနေရာလွတ်ထဲမှာ လျှောက်ပတ်ကြည့်နေပါတယ်။
< ဇာတ်ကောင်ကို ဆုံးဖြတ်ပြီးပါပြီ။ ဆယ်စက္ကန့်အတွင်း အခြားနေရာကို ပို့ဆောင်ပါမယ်။ >
<00:01>
<00:00>
ရေတွက်လို့ပြီးသွားတာနဲ့ ယွမ်ရဲ့အမြင်အာရုံတွေဝေ၀ါးလာပြီး သူ့ကို ခေါင်းအနည်းငယ်ကိုက်စေပါတယ်။ သူ့မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ သူ့လိုမျိုးတူညီတဲ့၀တ်ရုံတွေ၀တ်ထားတဲ့လူငယ်တွေအားလုံး စတိတ်စင်ရှေ့က နေရာလွတ်အကျယ်ကြီးမှာ စုရုံးနေတာတွေ့ရပါတယ်။
"ဒါက Cultivation Online လား?"