တရုတ်ပြည်နယ် ကွမ်းတုန်ခရိုင်တွင် တဖြည်းဖြည်းနေထွက်လာသည်။
ညစ်ပတ်ရှုပ်ထွေးနေပြီး ဖြိုချခံရတော့မဲ့ တိုက်ခန်းများမှ မနက်6နာရီတွင် နှိုးစက်သံမြည်နေသည်။
အသံသည် ပြိုကျလုနီးပါးဖြစ်နေပြီး
ဘယ်လောက်တွန်းတွန်း တံခါးတောင် ကောင်းကောင်းပိတ်လို့မရဘဲ တံခါးနောက်တွင် ထိုင်ခုံနှင့်ထိမ်းပိတ်ထားရသော တိုက်ခန်းတစ်ခုမှ လာခြင်းဖြစ်သည်။ အခန်းသည် 80စတုရန်းမီတာလောက်ရှိပြီး အတော်အတန်ကျယ်ဝန်းသော်လည်း အခန်းသည် ဗလာကျင်းနေသည်။ အိပ်ယာသည် ဧည့်ခန်းတွင်တည်ရှိပြီး ၎င်းဘေးတွင် စားပွဲခုံအေသးလေးပေါ်တွင် နာရီကို တင်ထာသည်။ အခန်းဘေးတွင် အသင့်စားခေါက်ဆွဲထုပ်များနှင့်အတူ ရေဘူးကြီး10ဘူးကို စီထားသည်။အိပ်ယာခင်းအောက်မှာ စောင်ခြုံထားတဲ့ ခန္ဓာကိုယ်တစ်ခုက လှုပ်ရှားနေပြီး စားပွဲပေါ်က နာရီဆီကို လက်လှမ်းလိုက်ပါတယ်။
"အား" စားပွဲပေါ်ကနာရီကို ပိတ်ပြီးတော့ အဲ့ဒီလူက ညည်းညူနေပါတယ်။
အိပ်ယာက ထလာတာနဲ့ စောင်အောက်မှာ အာဟာရချို့တဲ့နေတဲ့ ခန္ဓာကိုယ်တစ်ခု ေပါ်လာပါတယ်။
၁၆/၁၇လောက် လူငယ်လေးတစ်ယောက် အိပ်ယာကထလာပြီး ရေချိုးခန်းကိုလျှောက်လာပါတယ်။တိုက်ခန်းက စွန့်ပစ်ထားခံရကတည်းက ရေမလာတော့ပါဘူး။ဒါကြောင့် လူငယ်လေးဟာ မနက်ခင်းမှာရေချိုးလို့မရပါဘူး။
သူက နှိုးစက်နာရီရှိတဲ့ စားပွဲေပါ်က ရေတစ်ဝက်ဘဲကျန်တဲ့ရေဘူးကိုယူပြီး သွားတိုက်ပလုတ်ကျင်းပါတယ်။
ရေဘူးထဲကသုံးပြီး ကျန်တဲ့ရေကိုတော့ သောက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်စားပွဲပေါ်က အဝတ်တွေကိုကောက်ဝတ်ပြီး တိုက်ခန်းကနေထွက်လာလိုက်သည်။
"အန္တရာယ်ရှိသည်" "ဆောက်လုပ်ရေးမပြီးသေးပါ" အစရှိသည့် သတိပေးဆိုင်းဘုတ်များနှင့် ပြည့်နှက်နေသော တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုသို့ရောက်ရန် သူ့ရဲ့ရှုပ်ပွနေတဲ့ တိုက်ခန်းကနေ မိနစ်၂၀လောက် လမ်းလျှောက်ရပါတယ်။
တစ်၀က်တပျက် တည်ဆောက်ဆဲ၈ထပ် အဆောက်အအုံရှေ့ ရောက်ရောက်ချင်းမှာဘဲ သူ့နောက်က အသံတစ်သံကြားလိုက်ရပါတယ်။ "အာ....ရော့ခ်" အသံက အသက်၄၅အရွယ်လူကြီးတစ်ယောက်ရဲ့ အသံပါ။
"ကောင်းသောနံနက်ခင်းပါ ဦးလေး" ရော့ခ်က ပြန်နှုက်ဆက်လိုက်ပါတယ်။
"ရော့ခ်"ဒါက သူ့နာမည်မဟုတ်တာ ကျိန်းသေပါပဲ။သူက စကားအများကြီးပြောရတာမကြိုက်လို့ ဆောက်လုပ်ရေးအလုပ်သမားတွေက နာမည်ပြောင် ပေးထားတာပါ။(Note-ကျောက်တုံးက စကားမပြောတက်ပါဘူး😃)
သူ့မှာ မိဘတွေပေးထားတဲ့ နာမည်အမှန်မရှိပါဘူး။သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး ရှပ်ယှက်ခက်နေတဲ့ အစိုးရပိုင်တိုက်ခန်းတွေထဲမှာ ကြီးပျင်းခဲ့ပါတယ်။အစိုးရက တိုက်ခန်းတွေကို တစ်ပတ်တစ်ခါ အစာပို့ပေးပင်မဲ့ အဲ့ဒီနေရာက ကလေးတွေအတွက်တော့ မလောက်ငှပါဘူး။ မိဘမဲ့ကလေးငယ်တွေ များပြားနေတာကြောင့် အစိုးရဒီတိုက်ခန်းတွေကို တည်ဆောက်ခဲ့တာပြီး အစားအစာပို့ပေးခဲ့ပါတယ်။ဒါပေမယ့် ဆာလောင်မှုနဲ့ ဖျားနာမှုတွေကြောင့် ကလေးတွေအများကြီးသေဆုံးခဲ့ပါတယ်။ရော့ခ်က အသက်၁၂နှစ်အထိ အဲ့ဒီမှာနေခဲ့ပြီး အစားအစာအတွက် တခြားကလေးတွေနဲ့ရန်ဖြစ်ခဲ့ပါတယ်။
ဒါတောင် သူ့အတွက်မလောက်ငှတာကြောင့် အဲ့ဒီနေရာကနေထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့အိမ်နဲ့သိပ်မေ၀းတဲ့ အထက်တန်းကျောင်းတစ်ကျောင်းကိုတက်ရောက်ခဲ့ပါတယ်။သူက မနက်မှာ ကျောင်းတက်ပြီး နေ့လည်မှာ ဆောက်လုပ်ရေးလုပ်ပါတယ်။
များသောအားဖြင့် ဆောက်လုပ်ရေးတွေမှာ ကလေးတွေလက်မခံပါဘူး။ဥပဒေနဲ့မကိုက်ညီဘူးဆိုပေမယ့် လူတချို့က လာလျှောက်ကြတုန်းပါပဲ။အဲ့ဒီလို လူတွေကို လုပ်ခနဲနဲပဲပေးရပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးမန်နေဂျာတွေက ရော့ခ်လိုမျိုး ပိန်ပိန်ကပ်ကပ် ကလေးတွေကိုတောင် အလုပ်ပေးပါသည်။ဒါပေါ့သူက လုပ်အားခအဖြစ် သနားစရာကောင်းလောက်အောင်နည်းပါးတဲ့ ပမာဏလေးပဲ ရတာပါ။ဒီပမာဏလေးကပဲ သူ့ကိုယ်သူ ဗိုက်၀အောင်ကျွေးဖို့လုံလောက်နေပါပြီ။ ရော့ခ်အတွက်တော့ အထက်တန်းကျောင်းမအောင်မချင်း ဒီအတိုင်းပဲဆက်ဖြစ်လုပ်နေခဲ့ပါတယ်။ဒီအလုပ်ကသာ သူ့အတွက် ငွေရ
စေတဲ့နည်းလမ်းပါ။
သူအတွက်နစ်နာတယ်လို့မခံစားရဘူးလို့ဆိုရင် ဒါဟာလိမ်ညာတာပါ။ဒီနေ့ခေတ်မှာ အစားအစာအတွက်ဆောက်လုပ်ရေးဆိုဒ်တွေမှာအကာအကွယ်ပစ္စည်းမပါဘဲ အလုပ်လုပ်တာကို ပုံမှန်ဘ၀ပဲလို့ ယူဆကြပေမယ့် ရော့ခ်ကတော့ တစ်နေ့မှာကံကောင်းပြီး သူ့ဘ၀ရဲ့ ကောင်းမွန်တဲ့အလှည့်အပြောင်းနဲ့တွေ့ကြုံနိုင်မယ်လို့ ယုံကြည်ပါတယ်။လွန်ခဲ့တဲ့နှစ်၀က်ကစလို့ ဒီဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်လုပ်ခဲ့ပြီး သူ့ရှေ့က ဒီ"ဦးလေးကြီး"က
သူနဲ့အတူ အစားအစာတွေ ေ၀မျှစားသောက်ရင်း အကူအညီလိုတဲ့အခါ သူ့ကိုအကြိမ်ကြိမ် ကူညီပေးတာေကြာင့် ရော့ခ်က ဒီလူကြီးကို အရမ်းကျေးဇူးတင်တာကို ပြောစရာတောင်မလိုပါဘူး။
"ဟဟ...ကလေး မနက်စာမစားခဲ့ပြန်ဘူးမလား?ငါ့မိန်းမက ငါ့အတွက်ပိုလုပ်ပေးထားတယ်။ဒါကြောင့် အတူတူစားရအောင် " စကားပြောပြီးတာနဲ့ ပလတ်စတစ်အိတ်တစ်လုံးကို ဆွဲထုတ်ရင်း ရေသန့်ဘူးနှစ်ဘူး ဆင်းဒဝှစ်နှစ်ခုနဲ့ ထမင်းဆုပ်လေးလုံးကို ထုတ်ယူလိုက်ပြီး ရော့ခ်ကို စားစရာတွေတဝက်ခွဲပေးပါတယ်။
ရော့ခ်က လူကြီးစကားထပ်မပြောခင်အထိ ဘာမှမတုန့်ပြန်ပါဘူး "ကလေး မင်းလုပ်အားခရမှ ငါ့ကို ပြန်ဝယ်တိုက်ပေါ့။အခုတော့ စားကြရအောင်" အဲ့နောက်တော့ ရော့ခ်ကိုတောင်မကြည့်တော့ပဲ လူကြီးကစပြီးစားသောက်ပါေတာ့တယ်။
ရောခ့်က ဘာမှပြန်မပြောဘဲ လူကြီးရဲ့
အပြုအမူကို သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းမှတ်သားထားပါတယ်။ဒီသက်လတ်ပိုင်းအရွယ်လူကြီးက သူ့ဘ၀ရဲ့လွန်ခဲ့တဲ့နှစ်၂၀အတွင်းမှာ သူ့အပေါ်ဂရုစိုက်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး ရော့ခ်က သူရဲ့ကြင်နာမှုတွေကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး။စားသောက်ပြီးနောက်မှာတော့ သူတို့ရဲ့နေစဥ်လုပ်ငန်းတွေကို စတင်ပါတော့တယ်။ဒါပေမယ့် ဒီနေ့က ရော့ခ်ဘ၀ရဲ့ နောက်ဆုံနေ့ရက်ဆိုတာကို ဘယ်သူမမသိခဲ့ကြပါဘူး။