ရော့ခ်ရဲ့ မျက်လုံးတွေက ကျောက်တုံးကို မြင်လိုက်တာနဲ့ ကျောက်တုံးက သူမျက်ခုံးနှစ်ခုကြားကို အတင်းတိုး၀င်လာပါတယ်။ မခံမရပ်နိုင်လောက်အောင် နာကျင်ပြီး ပြီးခဲ့တဲ့တစ်ခါက နာကျင်မှုက ရေခဲစမ်းချောင်းလေးတစ်ခု သူ့ဦးနှောက်ထဲကို စီး၀င်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင်နာကျင်စေတာဆိုရင် ဒီတစ်ခေါက်က ရေခဲတောင်ကြီးတစ်ခုလုံးနဲ့ သူ့တစ်ကိုယ်လုံး ၀င်ဆောင့်မိသလိုပါပဲ။
အပြာရောင်သစ်တောမြို့ကဘယ်သူမှ
အရာအားလုံး တစ်ခဏတာရပ်တန့်သွားတာကို သတိမထားမိကြပါဘူး ။တြိဂံပုံကျောက်တုံးလေးက ရော့ခ်ရဲ့မျက်ခုံးနှစ်ခုကြားကို ၀င်ရောက်လာတာနဲ့ သူတို့တွေအကုန်လုံးပုံမှန်အခြေအနေကို ပြန်ရောက်သွားပါတယ်။
ဒါပေမယ့် အထူးဆန်းဆုံးက ရော့ခ်ရဲ့ ခေါင်းထဲကျောက်တုံး၀င်လာတုန်းက သွေးတစ်စက်မှ မထွက်ခဲ့တာလဲ မဟုတ်ပါဘူး။အမာရွတ်လေးတစ်ခု သို့မဟုတ် အသေးငယ်ဆုံးအရာလေးတောင် မကျန်ခဲ့တာလဲမဟုတ်ပါဘူး။မကြာခင်ကမှ ဒါဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်မြန်တဲ့နှုန်းနဲ့ သူ့အလိုလို မှော်ဆန်စွာကုသပျောက်ကင်းစေတာပါ။
သူ့လက်မောင်းနဲ့ ခြေထောက်ကကျိုးနေတဲ့ အရိုးတွေကို တြိဂံပုံကျောက်တုံးက ထုတ်လွှင့်နေတဲ့အပြာရောင်အလင်းတန်းက ပြန်ဆက်ပေးသွားပါတယ်။သူ့၀ိညာဥ်ကခံစားနေရတဲ့ နာကျင်မှုကို ပယ်ပျောက်စေပြီး ဒဏ်ရာတွေအားလုံးကို ကုသရင်းနဲ့ သူ့ခန္ဓာကိုယ်ကိုအားဖြည့်ပေးပါတယ်။
သူ့ရင်ဘက်ပေါ်က ဆိုးဆိုးရွားရွား ဒါဏ်ရာနဲ့အတူ အတ်နေတဲ့နံရိုး၃ချောင်းပါ ပြန်ကောင်းလာပါတယ်။ရင်ဘက်ပေါ်မှာရှိတဲ့ အသားတွေကို ကုသတဲ့ဖြစ်စဥ်က အလွန်လျှင်မြန်တာကြောင့် သာမန်မျက်စိနဲ့တောင် မြင်နေရပါတယ်။ တစ်စုံတစ်ယောက်ကသာ ဒီမြင်ကွင်းကိုတွေ့သွားမယ်ဆိုရင် သူတို့ပါးစပ်တွေ အကျယ်ကြီးဟပြီး ဒီလောက်စုတ်ပြတ်သပ်နေတဲ့ခန္ဓာကိုယ်ကို လုံး၀ပျောက်ကင်းသွားအောင် နတ်ဘုရားတွေကိုယ်တိုင် ကုသပေးလိုက်တာလားလို့ တွေးမိမှာဖြစ်ပါတယ်။
သစ်တောပြာမြို့က အတော်ဆုံး သမားတော်လုတောင် ဒဏ်ရာတွေကို မျက်တောင်တစ်ခတ်အတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးမျိုး မဖော်စပ်နိုင်ပါဘူး။မျက်တောင်တစ်ခတ်အတွင်းကုဖို့ မပြောနဲ့။ သမားတော်လုကိုယ်တိုင် သူ့ရဲ့အကောင်းဆုံးဆေးကို ကြိုးစားဖော်စပ်မယ်ဆိုရင်တောင် ဒဏ်ရာတစ်ခုပျောက်ဖို့ ၁လခွဲလောက်ကြာပါတယ်။အတွင်းဒဏ် ဒါမှမဟုတ် ရော့ခ်လိုမျိုး အရိုးကျိုးတာမျိုးဆိုရင် ပျောက်ကင်းဖို့ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ကြပါဘူး။
သမားတော်လုထက်သာလွန်တဲ့ ပညာရှင်မျိုးကသာ သူတို့ကို လုံး၀ပြန်လည်ကောင်းမွန်လာအောင် ကုသပေးဖို့ စွမ်းဆောင်နိုင်ပဲ ဖြစ်ပါတယ်။
တစ်ခဏတာကုန်လွန်သွားပြီး ရော့ခ်ရဲ့ အတွင်းဒဏ်ရာတွေရော အပြင်ဒဏ်ရာတွေပါကုသပြီးသွားပါပြီ။ဒါပေမယ့် သူက အခုချိန်ထိ မျက်လုံးဖွင့်မကြည့်ရသေးပါဘူး။
သူ့ရဲ့နာကျင်မှုတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သတင်းအချက်အလက်အများကြီး သူ့စိတ်ထဲကို စတင်၀င်ရောက်လာခဲ့ပါတယ်။အဲ့ဒီခါမှ ပထမဆုံးအကြိမ်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပါတယ်။
ဒီခန္ဓာကိုယ်က ကမ္ဘာပေါ်ကသူ့ရဲ့ခန္ဓာကိုယ်နဲ့မတူဘူးဆိုတာကို ရော့ခ်က အခုမှသတိထားမိပါတယ်။
သူ့ဦးနှောက်ထဲကနေ သူ့ခန္ဓာကိုယ်နဲ့ သူ့မျက်နှာအကြောင်း မှတ်ဉာဏ်အသစ်တွေ ရောက်ရှိလာပါတယ်။
သူ့မှာ အာဟာရချို့တဲ့နေတဲ့ခန္ဓာကိုယ်မျိုးမရှိပါဘူး။သူ့ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ကြီး မဟုတ်ပေမယ့် သူ့ရဲ့မျက်နှာ၊သူ့အရပ်အမောင်းနဲ့ လိုက်လျောညီထွေရှိပါတယ်။
သူ့အရပ်က ၁၇၃မီတာ (၅ပေ ၈လက်မ)လောက်ရှည်ပြီး သူ့မျက်နှာ အစိတ်အပိုင်းတွေက ထင်ရှားပေါ်လွင်နေတာကြောင့် တော်တော်လေးချောမောတဲ့ ရုပ်ရည်ရှိပါတယ်။
ခေါင်းကိုက်တာ လုံး၀ပျောက်ကွယ်သွားတဲ့အချိန်မှာ မှတ်ဉာဏ်အသစ်တွေက သူ့မှတ်ဉာဏ်အဟောင်းတွေနဲ့ ေပါင်းစပ်သွားပြီး လက်ရှိခန္ဓာကိုယ်အသစ်အကြောင်းကို လုံး၀နားလည်လာပါတယ်။
ဒီခန္ဓာကိုယ်ရဲ့ မူရင်းပိုင်ရှင်က ရှန်လုံလို့ခေါ်ပြီး သူ့ဖခင် ရှန်ဖုန်းက ကောင်းကင်ကြမ္မာနိုင်ငံတော်နဲ့ သစ်တော်ပြာမြို့တစ်ခုလုံးမှာ စွမ်းအားကြီးမားတဲ့ အစီအရင်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မှတ်ဉာဏ်တွေတစ်ခုပြီးတစ်ခု ခေါင်းထဲကို၀င်ရောက်လာတာကြောင့်
ရော့ခ်က ကောင်းကင်ကိုမျက်နှာမူရင်း မြေပြင်ပေါ်မှာ လှဲလျောင်းနေပါတယ်။
သူ့ရဲ့ လက်ရှိတည်ရာက အပြာရောင်တောအုပ်နဲ့ ၃မိုင်အကွာမှာရှိပါတယ်။ အပြာေရာင်သစ်တောမြို့ဆိုတဲ့နာမည်က အပြာရောင်တောအုပ်ကို အစွဲပြုပြီးပေးထားတာပါ။
အပြာရောင်တောအုပ်က ကောင်းကင်ကြမ္မာနိုင်ငံတော်မှာ အတော်လေးကျော်ကြားပါတယ်။၎င်းက တစ်ချိန်ထဲမှာပဲ ကောင်းကင်ဘုံနဲ့ ငရဲကိုအတူတကွပေါင်းစည်းထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သစ်တောထဲမှာ ရတနာတွေအများကြီးရှာတွေနိုင်တာကြောင့် အတော်လေးထူခြားတယ်လို့ ယူဆနိုင်ပါတယ်။ မင်းသာလုံလောက်အောင်ကံကောင်းခဲ့မယ်ဆိုရင် ဆေးဖက်၀င်ပစ္စည်းတွေ၊အစီအရင်တည်ဆောက်ရာမှာလိုအပ်တဲ့ ရှားပါးပစ္စည်းတွေနဲ့ ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်ပေးနိုင်တဲ့ရတနာတွေအပြင် အရာဝတ္ထုတိုင်းကို
သစ်တောထဲမှာ ရှာဖွေတွေရှိနိုင်ပါတယ်။ဒါပေမယ့် အထဲ၀င်သွားတဲ့လူတိုင်းက ဒီအရာတွေကို ရရှိနိုင်တာ မဟုတ်ပါဘူး။ လူတိုင်းက အပြာရောင်သစ်တောထဲ၀င်ရောက်မယ်လို့မစဥ်းစားခင် သန်မာတဲ့အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးမှ ၀င်ရောက်ကြပါတယ်။ဒါတောင် သေဆုံးမှုနှုန်းက ၅၀% အထက်မှာရှိပါတယ်။ ရတနာတွေကိုရယူဖို့တာ ဘယ်လွယ်ပါ့မလဲ။တကယ်လို့ အပြာရောင်တောအုပ်က ဒီအရာတွေကိုယူဖို့ အဲ့လောက်လွယ်ကူနေမယ်ဆိုရင် အပြာရောင်တောအုပ်က အရင်အချိန်တွေကတည်းက အဲ့ဒီလူတွေကြောင့်ပြောင်သလင်းခါသွားမှာ အသေအချာပါပဲ။
အပြာရောင်သစ်တောက ရတနာတွေနဲ့ချည်းပြည့်နှက်နေတာမဟုတ်ပါဘူး။အဲ့ဒီမှာနေရာမှာ နေထိုင်ကြတဲ့ မှော်သားရဲတွေလဲရှိပါတယ်။တကယ်လို့ မင်းကအဲ့ဒီနေရာမှာ စွန့်စားသွားလာပြီး ရတနာရှာဖွေရင်း ကံစမ်းချင်တယ်ဆိုရင် လုံလောက်အောင်သန်မှာဖို့ လိုအပ်ပါတယ်။ အပြာရောင်သစ်တောရဲ့ အတွင်းဘက်နက်ရှိုင်းတဲ့နေရာမှာ ကောင်းကင်ကြမ္မာနိုင်ငံရဲ့ အသန်မာဆုံးစစ်သည်တွေကိုတောင် သတ်ပစ်နိုင်လောက်အောင်သန်မာတဲ့ မှော်သားရဲတွေက လှဲလျောင်းတည်ရှိနေကြပါတယ်။ တချို့သားရဲတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်နယ်နမိတ်ကို သတ်မှတ်ထားကြပါတယ်။ ဒါပေမယ် တချို့ရတနာတွေက စွဲမက်ဖွယ်ကောင်းတာကြောင့် လူတချို့က သူတို့အသက်နဲ့လဲပြီး ရတနာတွေရရှိအောင်စွန့်စားကြပါတယ်။တကယ်လို့ သူတို့သာ
တန်ဖိုးကြီးရတနာတစ်ခုလောက်ရခဲ့မယ်ဆိုရင် ပြန်ရောင်းပြီး တစ်ဘ၀လုံးချမ်းချမ်းသာသာနေရမယ်လို့ တွေးဆထားကြပါတယ်။
ရှန်လုံမှာ တစ်ချိန်လုံးသူ့ကို ကာကွယ်ပေးဖို့ သူ့ဖခင်ကိုယ်တိုင်ခန့်အပ်ထားတဲ့ သက်တော်စောင့်နှစ်ယောက်ရှိပါတယ်။
ဒီတစ်ကြိမ်သစ်တောပြာတောအုပ်ကို ခရီးထွက်လာတဲ့အခါမှာ သူ့သက်တော်စောင့်နှစ်ယောက်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာခဲ့ပါတယ်။
ပုံမှန်အားဖြင့် ရှန်လုံက အပြာရောင်သစ်တောထဲကို သူကိုယ်တိုင်သွားရောက်ပြီး ရူးမိုက်တဲ့အလုပ်မျိုးလုပ်မှာ မဟုတ်ပါဘူး။ ဒါကသူ့ကိုယ်သူ သေကြောင်းကြံတာနဲ့ အတူတူပါပဲ။
ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကွဲပြားပါတယ်။သူ့ရဲ့ ပိတ်ဆို့နေတဲ့ မက်ဒရီဒန်တွေကိုဖွင့်လှစ်ပေးနိုင်ပြီး စတင်ကျင့်ကြံနိုင်အောင်ကူညီပေးနိုင်တဲ့အလားအလာရှိတဲ့ အဖိုးတန်ရတနာတစ်ခုအကြောင်း အပြာရောင်သစ်တောမြို့မှာ ကောလဟာလတွေစတင်ပြန့်လွင့်လာပါတယ်။
သို့သော်လည်း အပြာရောင်တောအုပ်ဆီကို သွားတဲ့လမ်းမှာ ရှန်လုံတို့အုပ်စုကို အနက်ရောင် ၀တ်စုံနဲ့မျက်နှာဖုံး၀တ်လူ၅ယောက်ရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရပြီး အဆုံးသတ်မှာတော့ ရှန်လုံရဲ့ သတ်တော်စောင့်နှစ်ယောက်လုံးရော မြင်းတွေပါသတ်ဖြတ်ခံရပါတယ်။သူကိုယ်တိုင်ကတော့ သေလုမြောပါးအရိုက်ခံထားရပြီး ကောင်းကင်မှာမိုးကြိုးမုန်တိုင်းပေါ်ပေါက်လာတဲ့အခါမှာ သူ့ကိုတိုက်ခိုက်သူတွေက ကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်။နောက်ဆုံးမှာတော့ရှန်လုံက ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပါတယ်။
သို့သော်လည်း သူ့၀ိဉာဏ်လုံး၀ပျောက်ကွယ်မသွားခင် ရော့ခ်ရဲ့၀ိဉာဏ်က သူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာခဲ့ပြီး သူမသေခင်ကခံစားချက်တွေနဲ့မှတ်ဉာဏ်တွေကို ဆက်ခံနိုင်ခဲ့ပါတယ်။
နောက်ဆုံးတော့ ရော့ခ်က သူ့အတွေးတွေကို စုစည်းလိုက်ပြီး မြေပြင်ကနေ ဖြေညှင်းစွာထလာပါတယ်။
အဲ့ဒီနောက် ရော့ခ်က အသက်ကိုတစ်၀ကြီးရှူသွင်းရှူထုတ်လုပ်လိုက်ပါတယ်။ သူကိုယ်သူပြောနေတာလား အခြားတစ်ယောက်ကိုပြောနေတာလားဆိုတာမသဲကွဲတဲ့ အသံတိုးတိုးလေးနဲ့
``မင်း၀ိဉာဏ်သေဆုံးသွားပေမယ့် မင်းမှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေက ငါ့ကိုယ်ထဲမှာရှင်သန်နေတုန်းပါပဲ။ငါဟာ ငါကိုယ်တိုင်ပဲဖြစ်သလို ငါဟာမင်းလည်းဖြစ်တယ်။ငါက နှစ်ပေါင်း၂၀နီပါးလောက် နာကျင်ပြီးဒုက္ခရောက်ခဲ့တယ်။ မင်းကလဲ ၁၆နှစ်လုံးလုံး သက်တူရွယ်တူတွေရဲ့ အထင်သေးကဲ့ရဲ့ တာခံခဲ့ရတယ်။´´
သူ့ရဲ့အသံဟာ စက္ကန့်နဲ့အမျှပိုမို ကျယ်လောင်လာပါတယ်။
``ဒီနေ့ကစလို့ ရှေ့ဆက်ပြီး ငါ `ရှန်လုံ´ က အတိတ်ကလိုနာကျင်မှုမျိုး ဘယ်တော့မှမခံစားရစေဘူး။ ဘယ်တော့မှ ထပ်ပြီးဆာလောင်စရာမလိုလောက်အောင် အရမ်းချမ်းသာလာစေရမယ်။ဒါက အရင်တုန်းငါ့ရဲ့ ကျိန်ဆိုချက်ပဲ!!
ငါ `ရှန်လုံ´ ကလွတ်လပ်စွာပျံသန်းနိုင်အောင်သန်မာလာပြီး ဘယ်သူကမှ ဘယ်အရာကမှ ငါ့ကိုမတားဆီးနိုင်စေရဘူး။ ဘယ်သူကမှ ငါ့ကိုမချုပ်နှောင်နိုင်ဘူး ၊ငါမလုပ်ချင်တာကို ဘယ်သူမှ အတင်းအကျပ်လုပ်ခိုင်းလို့မရဘူး။ ဒီပိတ်ဆို့နေတဲ့ မယ်ရီဒန်တွေကြောင့် မကျင့်ကြံနိုင်တော့ရင်တောင်မှ ငါ့ကိုယ်ငါ နောက်တစ်ကြိမ်အသက်ခံရဖို့ ခွင့်မပြုနိုင်ဘူး။ဒီနေ့ကစလို့ ရှေ့ဆက်ပြီး ငါ့ဘ၀ကြီးတစ်ခုလုံး ပျက်စီးချင်ပျက်စီးပါစေ ငါဘယ်သူ့ကိုမှဦးညွှတ်လိမ့်မှာမဟုတ်ဘူးလို့ ကျိန်ဆိုတယ်။ဒီကနေ့ကစပြီး ငါဟာရှန်လုံပဲဖြစ်တယ်။ဒါက ကောင်းကင်နဲ့မြေကြီးကို သတ်သေထားတဲ့ ငါ့ရဲ့သစ္စာကျိန်ဆိုမှုပဲ´´
၂ဘ၀ဆက်တိုက်သေဆုံးပြီးတဲ့ နောက်မှာတော့ ရှန်လုံဟာ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားခံရတဲ့ ခံစားချက်တွေကို ထိန်းသိမ်းမထားနိုင်တော့ဘဲ ပေါက်ကွဲထွက်လာပါတယ်။တြိဂံပုံကျောက်တုံးလေးကလည်း သူ့စကားလုံးတွေနဲ့ လွှမ်းမိုးခြင်းခံရသလိုမျိုးတုန်ခါလာပြီး သူ့စိတ်ထဲမှာ တုန်လှုပ်ဖွယ်ရာပုံရိပ်တစ်စုံ ပေါ်ပေါက်လာပါတယ်။
translated by VIntage
Power stonesတွေနဲ့ အားပေးခဲ့ပါဦး...