Chereads / အချိန် အုပ်စိုးသူ / Chapter 5 - အပိုင်း(၄) အုပ်စိုးသူရဲ့သဲနာရီ

Chapter 5 - အပိုင်း(၄) အုပ်စိုးသူရဲ့သဲနာရီ

ရွှမ်လုံရဲ့ စကား​လုံးတွေပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် တြိဂံပုံကျောက်တုံးလေးကလည်း သူ့စကားလုံးတွေနဲ့ လွှမ်းမိုးခြင်းခံရသလိုမျိုးတုန်ခါလာပြီး သူ့စိတ်ထဲမှာ တုန်လှုပ်ဖွယ်ရာပုံရိပ်တစ်စုံ ပေါ်ပေါက်လာပါတယ်။

အဲဒီပုံရိပ်က စကားလုံးတွေ မပါရှိဘဲ လူတစ်ယောက်က ထူးဆန်းတဲ့ပုံစံနဲ့ အသက်ရှူနေတဲ့ အလွန်ရှေးကျတဲ့ပုံရိပ်တစ်စုံပဲဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ အဲ့ဒီလူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်တော့ သက်ပြင်းငယ်လေးတွေ၅ခါ၆ခါလောက် ဆက်တိုက် ရှူထုတ်လိုက်ပါတယ်။ မြင်ကွင်းတွေထတဖန်ပြောင်းလဲသွားပြီး အဲ့ဒီလူကြီးက သက်ပြင်း၆ကြိမ်၇ကြိမ်လောက်ကို တစ်ခါတည်းနဲ့ ရှူသွင်းလိုက်ပြီး အဲဒါတွေအားလုံး သက်ပြင်းငယ်လေးတွေနှစ်ကြိမ်ခွဲပြီးရှူထုတ်ပစ်လိုက်ပါတယ်။

ကြည့်ရတာ အဲ့ဒီလူကြီးက အသက်ရှူနည်းပုံစံတစ်စုံကို ပြုလုပ်နေပုံပေါ်ပါတယ်။ (ခိုးမကျင့်ကြပါနဲ့ readerတို့😂😂)နောက်တော့ ရုပ်ပုံတွေကဖြေးညှင်းစွာ ပြောင်းလဲလာပါတယ်။ လူကြီးက မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ဘေးနားကမြေပြင်ပေါ်မှာရှိတဲ့ လုံး၀န်းတဲ့တောင်ဖြူကြီးကို သူ့ခေါင်းအထက်က လေထဲ

ကို ဖြေးညှင်းစွာမြှင့်တင်လိုက်ပါတယ်။

အဲဒီနောက် အရာအားလုံးလှုပ်ခတ်လာပြိီး မြင်ကွင်းတွေက မှုန်၀ါးပျောက်ကွယ်သွားပါတယ်။ "အုပ်စိုးသူရဲ့သဲနာရီ" စကားလုံးအချို့က ရှန်လုံရဲ့စိတ်၀ိဥာဏ်အတွင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် စွဲထင်ကျန်ရစ်ခဲ့ပါတယ်။ ဒီစာလုံးတွေက ရှန်လုံရဲ့ယခုဘ၀နဲ့အရင်ဘ၀က ကြုံတွေ့ဖူးတဲ့ စကားလုံးတွေနဲ့ မတူဘဲ အနည်းငယ်မှုန်မွှားနေပြီး ရှေးကျတဲ့အချိန်တုန်းကထင်ရှားခဲ့တဲ့ အက္ခရာတွေဖြစ်ပုံပေါ်ပါတယ်။ ရှန်လုံက အဲ့ဒီစကားလုံးတွေကို မသင်ယူဖူပေမယ့် "အကြီးအကဲရဲ့ သဲနာရီ"ဆိုတဲ့စကားလုံးကိုသူ့ရဲ့၀ိဥာဏ်ထဲမှာ ထွင်းထုထားသလိုမျိုးနားလည်နေပါတယ်။

ရှန်လုံရဲ့ အသိစိတ်က သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာတဲ့နောက်မှာတော့ အလျှင်အမြန်ပဲ သူ့ဦးခေါင်းနောက်ကို စစ်ဆေးကြည့်လိုက်ပါတယ်။ သူ့ခေါင်းအနောက်ဖက် တစ်နည်းအားဖြင့် နောက်စေ့ကို အရိုက်ခံထားရတာကိုမှတ်မိလိုက်ပါတယ်။ဒါပေမယ့် အခုတော့ ၎င်းကသွေးတိတ်ရုံတင်မကဘဲ သူအရိုက်ခံခဲ့ရတယ်ဆိုတာကို သတ်သေပြဖို့ အဖုလေးတစ်ဖုတောင်မကျန်ခဲ့ပါဘူး။မြက်ခင်းပြင်ပေါ်မှာစွန်းထင်းခဲ့တဲ့ အနီရောင်သွေးကွက်တွေလည်း တြိဂံပုံကျောက်တုံးလေးက အပြာရောင်အလင်းတန်းတွေထုတ်လွှတ်ပြီး လျှပ်စီးတွေကနေကာကွယ်ပေးတဲ့ အခိုက်အတန့်မှာကတည်းက ပျောက်ကွယ်သွားခဲ့တာပါ။ ဒါပေမယ့် ရှန်လုံနဲ့ တစ်မိုင်အကွာအတွင်းမှာ ပေါက်ရောက်ခဲ့တဲ့ မြေပြင်ပေါ်ကပန်းပွင့်တွေနဲ့အပင်တွေအကုန်လုံးဟာ ကျက်တီးမြေအဖြစ်ပြောင်းလဲသွားပါတယ်။

အဲ့ဒါက ရှန်လုံအနီးအနားမှာရှိတဲ့ ရှင်သန်နေတဲ့အရာအားလုံးကို တစ်စုံတစ်ခုကလုံး၀ဖျောက်ဖျက်ပစ်လိုက်သလိုပါပဲ။

ရှန်လုံရဲ့ သက်တော်စောင့်၂ယောက်နဲ့ မြင်း၃ကောင်ရဲ့အလောင်းတွေတောင် ခြွင်းချက်မရှိပါဘူး။

ရှန်လုံကတော့ သူ့အကျီပါပျက်စီးမသွားလို့ ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ ဒါပေမယ့်သူ့အကျီက အစော

တုန်းက တိုက်ခိုက်ခဲ့တဲ့ လုပ်ကြံသူတွေကြောင့် စုတ်ပြဲနေပြီသားဖြစ်နေပါပြီ။ သူအခု၀တ်ထားတဲ့ ၀တ်ရုံက စုတ်ပြတ်နေပြီး ဘယ်ဖက်ရင်အုပ်ကို လှစ်ဟာပြထားပါတယ်။အကျီညာဖက်လက်ကလုံး၀ ပြတ်တောက်နေပြီး လုပ်ကြံသူတွေရဲ့ ပြောင်မြောက်တဲ့ ဓါးချက်တွေကြောင့် ၀မ်းဗိုက်က အ၀တ်စတွေအကုန်လုံး စုတ်ဖြဲခံထားရပါတယ်။

ရှန်လုံကတော့ သူဒဏ်ရာတွေ မှော်ဆန်ဆန်ပျောက်ကင်းကုန်တာ တြိဂံပုံကျောက်တုံးလေးကြောင့်ပဲ ဖြစ်ရမယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီအတွက် အကြိီးအကျယ် ၀မ်းသာနေပါတယ်။ မဟုတ်လို့ကတော့ ဘ၀အသစ်လေးမစတင်ရ

သေးခင် သေဆုံးသွားနိုင်ပါတယ်။

အပြင်လူတွေကတော့ သူ့အ၀တ်တွေကိုကြည့်ပြီး အခြေအနေမကောင်းဘူးလို့ ထင်ကြမှာဆိုပေမယ့် အမှန်တော့သူ့ခန္ဓာကိုယ်က ဒဏ်ရာတစ်ခုလေးတောင်မရှိဘဲ အားအင်တွေနဲ့ချည်းပြည့်နှက်နေတာဖြစ်ပါတယ်။

နောက်တော့ ရှန်လုံဟာမတ်တပ်ထရပ်လိုက်ပြီး တောအုပ်ရဲ့အရှေ့တောင်ဖက်ကို အပြည့်အ၀အရှိန်ယူပြီး ပြေလွှားပါတော့တယ်။ တစ်နာရီခွဲလောက်ပြေးပြီးမှ အမောဆို့ပြီးရပ်တန့်သွားခဲ့ပါတယ်။

သစ်တောပြာမြို့က အပြာရောင်တောအုပ်ရဲ့တောင်ဘက်မှာတည်ရှိပါတယ်။ သူမှတ်မမသလောက်ဆိုရင် မိုးကြိုးမုန်တိုင်းကြောင့်လုပ်ကြံသူတွေက သစ်တောရဲ့အနောက်တောင်ဘက်ကို ထွက်ပြေးသွားတာပါ။ တောအုပ်ရဲ့တောင်ဖက်ကိုတဖြောင့်တည်းသွားရင်

အပြာရောင်သစ်တောမြို့နဲ့ ပိုနီးတယ်ဆိုပေမယ့် သူ့ရည်မှန်းချက်က အသက်ရှင်ဖို့ ဖြစ်တာကြောင့် အရှေ့တောင်ဘက်ကနေထွက်ပြေးလာခဲ့တာပါ။

ရှန်လုံက အရူးမဟုတ်ပါဘူး။ လုပ်ကြံသူတွေကသူ့ကို ဒဏ်ရာတွေကြောင့်သေဆုံး သွားပြီလို့ပဲ ယူဆထားကြမှာပါ။ တကယ်လို့ မသေခဲ့ဘူးဆိုရင်တောင်မှ မိုးကြိုးမုန်တိုင်းထဲကနေလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရှန်လုံက မစွန့်စားချင်ပါဘူး။

တကယ်လို့များ လုပ်ကြံသူတွေကပြန်လာပြီး သူသေဆုံးခဲ့တာကိုအတည်ပြုတဲ့အခါမှာသာ သူ့ကိုရှာတွေ့သွားရင် သူတို့က ရှန်လုံကိုတစ်ခါတည်း အဆုံးသတ်သွားပါလိမ့်မယ်။

-----------------------

သစ်တောပြာမြို့ကိုရောက်ဖို့၅နာရီလောက်ကြာပါတယ်။ ဒါဟာ အရင်တုန်းက ရှန်လုံနေခဲ့တဲ့နေရာဖြစ်ပေမယ့် သူကမှတ်ဥာဏ်ထဲမှာပဲ မြင်ဖူးခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ပထမဆုံးအကြိမ် အပြာရောင်သစ်တောမြို့ကို အမှန်တကယ်မြင်ဖူးတာဖြစ်ပါတယ်။ မြို့တော်ရဲ့နယ်နမိတ်က ကြီးမားပြီး လူတွေက မြို့တော်ကနေ အုပ်စုလိုက် ၀င်ချည်ထွက်ချည်သွားလာနေပါတယ်။

ညအချိန်ရောက်နေပေမယ့် အပြာရောင်သစ်တောမြို့က လမ်းမပေါ်တွေနဲ့ တည်းခိုဆောင်တွေမှာ လူတွေနဲ့ပြည့်နှက်နေပြီး နေ့ခင်းဖက်ကဲ့သို့ စည်ကားနေပါတယ်။

မြို့တော်ဟာ အပြာရောင်တောအုပ်နဲ့ အနီးကပ်ဆုံးဖြစ်တာကြောင့် ၎င်းရဲ့နံရံတွေဟာ ၁၀မီတာ(၃၃ပေ)မြင့်ပြီး ၃မီတာ(၁၀ပေ)ထူပါတယ်။ တကယ်လို့

မြေကမ္ဘာအဆင့် မှော်သားရဲတစ်ကောင်က လာရောက်တိုက်ခိုက်ခဲ့ရင်တောင် နံရံရဲ့ထူးခြားတဲ့အစီအရင်တွေကြောင့် အနည်းငယ်လေးတောင် လှုပ်ခတ်နိုင်မှာမဟုတ်ပါဘူး။

မြို့တော်ရဲ့၀င်ပေါက်ထဲကို ခြေချင်လမ်းသွားလမ်းလာတွေ မြင်းလှည်းတွေ ၀င်ရောက်နေတာ တွေ့မြင်နိုင်ပြီး ရှန်လုံလဲအဲ့ဒီလူတွေနောက်ကလိုက်၀င်ရင်း သူ့ဦးနှောက်ထဲကမှတ်မိတဲ့အတိုင်းအိမ်ပြန်လမ်းကို ဦးတည်ခဲ့ပါတယ်။ မြို့တော်လူတွေထဲကဘယ်သူမှ သူ့ကို ဒုတိယအကြိမ်တောင်လှည့်တောင်မကြည့်ပါဘူး။ အပြာရောင်တောအုပ်ကပြန်လာတဲ့ လူတိုင်းအ၀တ်အစားတွေ စုတ်ပြတ်နေလေ့ရှိပါတယ်။တချို့လူတွေဆိုရင် အ၀တ်တောင်ပြန်မပါလာပါဘူး။

နောက်ဆုံးတော့ အစုတ်အပြတ်တွေ ၀တ်ထားတဲ့ မြို့တော်ကအစွမ်းထက်ဆုံး အစီအရင်ပညာရှင်ရဲ့သားကို ဘယ်သူကမှ အဖတ်မလုပ်ကြပါဘူး။

အနည်းငယ်ကွေ့ပတ်သွားပြီးတဲ့နောက်မှာတော့ ရှန်လုံက အဓိကလမ်းမကြီးပေါ်မှာတည်ရှိပြီး ၄မီတာ(၁၃ပေ)မြင့်တဲ့နံရံရှိတဲ့ မြေကွက်တစ်ခုရှေ့မှောက်ကိုရောက်လာပြီး အစောင့်၂ယောက်က အိမ်တော်ရဲ့ အဓိက၀င်ပေါက်ကို စောင့်ကြပ်နေပါတယ်။ အစောင့်နှစ်ယောက်ဟာ အသက်၂၅ /၂၆လောက်ရှိပြီး ရှန်လုံသာစတင် ကျင့်ကြံခဲ့မယ်ဆိုရင် သူတို့ထုတ်လွှင့်နေတဲ့ အော်ရာတွေက ချီစုဆောင်းခြင်း အထွပ်အထိပ်နယ်ပယ်ရှိတယ်ဆိုတာ သိနားလည်မိပါမှာ။

အစောင့်တွေက စုတ်ပြတ်နေတဲ့လူငယ်တစ်ယောက် အိမ်နားကိုချည်းကပ်လာတာတွေ့တဲ့အခါမှာ အစောင့်နှစ်ယောက်ထဲက တစ်ယောက်က ရှေ့ကို ခြေတစ်လှမ်းတိုးလာရင်း ဘယ်ဘက်လက်ကိုမြှောက်ပြီး `ရပ်စမ်း´ လို့အော်လိုက်ပါတယ်။ ညာဘက်လက်ကတော့ ဓါးရိုးပေါ်မှာအသင့်ထားပြီး တကယ်လို့ လူငယ်လေးကရှေ့ဆက်တိုးမယ်ဆိုရင် ခုတ်ပိုင်းပစ်ဖို့အသင့်ပြင်ထားပါတယ်။

ရှန်လုံက အစောင့်ကို စိတ်ထဲမထားဘဲရှေ့ဆက်တိုးလာပါတယ်။အစောင့်က လူငယ်လေးရဲ့မျက်နှာကို သတိထားမိသွားပြီး သူတို့သခင်လေးရဲ့မျက်နှာနဲ့တူနေတာကို အမှတ်ရသွားပြီး အလျင်စလို ဒူးထောက်အရိုအသေပးလိုက်ပါတယ်။ အိမ်တော်ထဲ၀င်တော့မယ့် အခိုက်အတန့်မှာပဲ ရှန်လုံက သူ့နောက်ကနေ အိမ်တော်နဲ့မီတာအနည်းငယ်အကွာက ဒေါသထွက်နေတဲ့အသံကြီးကြားလိုက်ရပြီး သူ့ခြေထောက်တွေကို တုန့်ဆိုင်းသွားစေပါတယ်။

power stoneတွေနဲ့ အားပေးခဲ့ပါဦး ;)