Chereads / အချိန် အုပ်စိုးသူ / Chapter 3 - အပိုင်း(၂)သေရေးရှင်ရေး

Chapter 3 - အပိုင်း(၂)သေရေးရှင်ရေး

ရော့ခ်နဲ့ သက်လတ်ပိုင်းအရွယ်လူကြီးတို့ဟာ နေ့တိုင်း အလုပ်ကို စောစောလာသူများ ဖြစ်ပါတယ်။ လူကြီးရဲ့ဇနီးက ကိုယ်၀န်၆လလောက်ရှိပြီး မကြာမီ သူ့ကို ကလေးတစ်ယောက် မွေဖွားပေးတော့မှာပါ။ဒါ့ကြောင့် သူ့ရဲ့ဇနီးနဲ့ မမွေးရသေးတဲ့သူ့ကလေးတို့ကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ရမှာပဲဖြစ်ပါတယ်။

အချိန်တွေ ကုန်ဆုံးသွားပြီး နေ့လည်ခင်းကိုရောက်ရှိလာပါပြီ။

ရော့ခ်က ၅ထပ်​ေမြာက်မှာ အလုပ်ပြီးတော့မှာမို့လို့ ခဏနားရင်း ရေဓါတ်ပြန်လည်ဖြည့်တင်းနေပါတယ်။(😎အယ့်လယ် အမှန်တော့​ေရသောက်တာပါ😂) ပူပြင်းတောက်ပနေတဲ့ နေရောင်ခြည်အောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာက သူ့လိုအားနည်းတဲ့ ခန္ဓာကိုယ်နဲ့ လူငယ်လေးအတွက် မသင့်တော်ပါဘူး။ တိုက်ဆိုင်စွာဘဲ သက်လတ်ပိုင်းအရွယ်လူကြီးကလည်း အနားယူဖို့ရပ်ဆိုင်းလိုက်ပါတယ်။သူတို့က ၄ထပ်မြောက်နဲ့၅ထပ်မြောက်ကို ဆက်သွယ်ထားတဲ့ ဆောက်လက်စလှေကားကနေ စတင်ဆင်းလာပါတယ်။၄ထပ်မြောက်ကိုရောက်ဖို့ သစ်သားပျဥ်ချပ်တစ်ခုကိုဖြတ်ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက် သစ်သားပြားကနေဖြတ်လျှောက်နေတုန်း မိုခြိမ်းသံလိုမျိုးအသံအကျယ်ကြီး တုန်ဟီးလာပြီး အဆောက်အအုံတစ်ခုလုံး လှုပ်ရမ်းနေပါတယ်။ ဘယ်သူက အဆိုးဆုံးအချိန်မှာ ငလျင်လှုပ်မယ်လို့မျှော်မှန်းနိုင်မှာလဲ။အထူးသဖြင့် အဆောက်အုံတစ်ခုလုံးကို အောက်ခြေအထိလှုပ်ခါနိုင်လောက်တဲ့ ပမာဏရှိတဲ့ငလျင်မျိုးပေါ့။

ရော့ခ်က သတ်လတ်ပိုင်းအရွယ်လူကြီး ငလျင်ကြောင့် ကြောက်ရွံပြီး တုန်တုန်ရင်ရင်နဲ့ အခြားတစ်ဖက်ကို လျှောက်လာတာမြင်နေရပါတယ်။ဒါပေမယ့်ပျဉ်ပြားရဲ့ တခြားတစ်ဖက်ကို မရောက်ခင်မှာပဲ သူ့ရဲ့ညာဖက်ခြေထောက်ချော်ကျပြီး မတည်မငြိမ်ဖြစ်လာပါတယ်။

"မဟုတ်ဘူး!"

သူ့ရဲ့ ၄ထပ်မြောက်ကနေ မြေညီထပ်ကို တိုက်ရိုက်ပြုတ်ကျတော့မလိုအခိုက်အတန့်မှာပဲ ရော့ခ်ကနောက်ကနေပြေး၀င်လာပြီး သူ့ကို အားကုန်စောင့်တွန်းလိုက်ကာ သက်လတ်ပိုင်းအရွယ်လူကြီးကို လွင့်ထွက်သွားစေပြီးအခြားတစ်ဖက်ကို ရောက်ရှိသွားစေပါတယ်။လူကြီး အခြားတစ်ဖက်ကို ရောက်ရှိသွားတာနဲ့ ရော့ခ်ရဲ့ခေါင်းပေါ်ကနေ ပိုပြီးပြင်းထန်တုန်ခါနေတဲ့ အသံကြီး ထွက်ပေါ်လာပါတယ်။အဆောက်အဦရဲ့ တစ်၀က်ကသူဟာသူပြိုကျလာတာဖြစ်ပြီး ကြီးမားတဲ့အပျက်အစီးပုံကြီးတစ်ခုက သူ့ကိုမြေမြှပ်သွားစေပါတယ်။ထူးဆန်းစွာနဲ့ အဆောက်အဦးရဲ့ တခြားဖက်က ပြိုကျသွားပြီး ကျန်တစ်ဖက်ကတော့ ခြေရာလက်ရာမပြတ် အကောင်းအတိုင်းကျန်ခဲ့ပါတယ်။ အခြေအနေတည်ငြိမ်သွားတာနဲ့

သတ်လတ်ပိုင်းအရွယ် လူကြီးဟာ စတင်အော်ငိုပါတော့တယ်။သူက တက်နိုင်သမျှ မြန်မြန်ပြေးဆင်းသွားပြီး ရော့ခ်ကို မြေမြှပ်ထားတဲ့ ဖန်စတွေ၊ကွန်ကရစ်တုံးတွေနဲ့ အုတ်ခဲတွေကို လက်ဗလာနဲ့ ဖယ်ရှားပါတယ်။ဒါပေမယ့် အကျိုးမရှိပါဘူး။ အဆောက်အအုံတစ်၀က်လုံးပြိုကျခဲ့တာမို့ အပျက်စီးတွေကမျှော်စင်တစ်ခုလို စုပုံနေပါတယ်။ အဆောက်အဦးတစ်၀က်က အတူတူပြိုကျမသွားဘဲ အကောင်းအတိုင်း ကျန်ရှိတာကိုက အံ့အားသင့်ဖို့ကောင်းနေပါပြီ။

သက်လတ်ပိုင်းအရွယ်လူကြီးက ငိုနေတုန်းပါပဲ။သူ့လက်က မှန်ကွဲစတွေစိုက်မိပြီး သွေးထွက်နေတာတောင် ရော့ခ်ကယ်တင်ဖို့ မျှော်လင့်ပြီး အပျက်အစီးပုံကို ဖယ်ရှားနေပါတယ်။သူအသက်ရှင်ဖို့ ဒီကလေးက သူ့ဘ၀နဲ့အလဲအထပ်လုပ်သွားတာကြောင့် အပြစ်ရှိသလို ခံစားရပါတယ်။တခြားအလုပ်သမားတွေရောက်လာပြီး မတားဆီးခင်အထိ သူကဒီအတိုင်းဘဲ ဆက်လုပ်နေပါတယ်။

ရော့ခ်က သူ့ခေါင်းပေါ်ကို အပျက်စီးပုံကြီးကျလာတာမြင်လိုက်ရပြီး ဘယ်လောက်တောင်ကံမကောင်းလိုက်လဲလို့ တွေးမိပါတယ်။သူသေမှာသေချာနေပေမယ့် လူကြီးကို ကယ်ခဲ့တာနဲ့ပတ်သက်ပြီး နောင်တမရပါဘူး။

သတ်လတ်ပိုင်းအရွယ်လူကြီးက သူ့ကိုဂရုစိုက်ပေးခဲ့တဲ့ တစ်ဦးတည်းသောလူပါ။ကျောက်တုံးတွေနဲ့အမြှပ်ခံရတဲ့အချိန်မှာ သူက ''ဦးလေးအသက်ရှင်သွားတာကောင်းပါတယ် ဒါပေမယ့် ငါ့ဘ၀က ဒီလိုအဆုံးသတ်သွားတာတော့ တကယ်ကိုမမျှတတာပဲ'' လို့တွေးမိပါတယ်။ အဆောက်အဦက တစ်ခဏလောက် ဆက်လက်ပြိုကျနေပြီး ရော့ခ်ရဲ့အမြင်အာရုံတွေ မှောင်မိုက်သွားပါတော့တယ်။

-------------------------------------------

ရော့ခ်က သတိပြန်ရတာနဲ့ မျက်လုံးဖွင့်ကြည့်ဖို့ကြိုးစားလိုက်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင်နာကျင်ခံစားရပြီး သူ့ခေါင်းကပေါက်ကွဲမတက် ဖြစ်နေတာကိုပဲတွေ့ရပါတယ်။သူ့ စိတ်၀ိဉာဏ်ကို ဆုတ်ဖြဲသလိုမျိုး ပေါက်ကွဲလုနီးပါးခေါင်းကိုက်တာက လွဲပြီး ဘာမှမခံစားရတာကြောင့် ဘယ်ညာလှုပ်ကြည့်ဖို့ ကြိုးစားလိုက်ပါတယ်။ဒါပေမယ့် ရော့ခ်က အုပ်ကျိုးအုပ်ပဲတွေ အပျက်စီးပုံတွေရဲ့အောက်မှာ မြှပ်နှံမခံရဘူးဆိုတာကို သတိမထားမိပါဘူး။အဲ့ဒီအစား သူက​ မြေပြင်ပေါ်ကို မိုးကြိုးလျှပ်စီးတွေရိုက်ခတ်နေတဲ့ မုန်တိုင်းကြီးရဲ့ အလယ်တည့်တည့် အနီရောင်မြက်ခင်းပြင်ပေါ်မှာ လှဲနေတာပါ။သူ့အ၀တ်အစားတွေက စုတ်ပြတ်သပ်နေပြီး သွေးတွေနဲ့ပြည့်နှက်နေပါတယ်။ခြေရောလက်ရော နှစ်ခုလုံးကျိုးနေပြီး

ဦးခေါင်းအနောက်ဖက်မှာ သွေးတွေစီးကျနေပါတယ်။သူ့ရဲ့ ဘယ်ဖက်ရင်အုံမှာ ဒါဏ်ရာအကြီးကြီးရှိနေပြီး အရွယ်အစားကိုကြည့်ရတာ ဓါး သို့မဟုတ် ဆေဘာနဲ့ပိုင်းဖြတ်ခံပုံပေါ်ပါတယ်။ရော့ခ်အတွက် ကံကောင်းတာကတော့ နှလုံးနဲ့လက်မအနည်းငယ်အကွာမှာပဲ ဒါဏ်ရာရထားတာပါ။

တစ်စုံတစ်ခုက သူ့ဦးနှောက်ထဲမှာ အတင်းအကျပ်ပြည့်နှက်နေသလို ခံစားရပြီး အဲ့ဒီအတွက်ဦးနှောက်ထဲမှာ နေရာလွတ်မကျန်တော့လို့ ပေါက်ကွဲထွက်တော့မလိုပါပဲ။လျှပ်စီးတန်းတစ်ခုက သူ့ခေါင်းကိုရိုက်ခတ်ပြီး သူ့ဘ၀ကို ဒုတိယအကြိမ် ဇာတ်သိမ်းပေးတော့မယ့်အခိုက်အတန့်မှာပဲ အာကသအတ်ကြောင်းတစ်ခုပေါ်ပေါက်လာပြီး အဲ့ဒီလျှပ်စီးတန်းကို ၀ါးမျိုပျောက်ကွယ်သွားစေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ အာကသအတ်ကြောင်းပျောက်ကွယ်သွားပြီး လေထဲမှာကျောက်တုံးလေးတစ်တုံး ကျန်ရစ်ခဲ့ပါတယ်။ကျောက်တုံးလေးထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းကင်ရော မြေပြင်ပါတိတ်ဆိတ်သွားပါတယ်။မိုင်အနည်းငယ်အကွာမှာရှိတဲ့ အပြာရောင်သစ်တောမြို့က လူတွေအကုန်းလုံး ရပ်တန့်ကုန်ပါတယ်။ခြေကျင်​ေလျှာက်နေတဲ့ လမ်းသွားလမ်းလာတွေလည်း ရပ်တန့်နေပြီး စားသောက်ဆိုင်ထဲမှာ စကားပြောရင်း ရယ်မောစားသောက်နေတဲ့လူတွေလည်း ရပ်တန့်ကုန်ပါတယ်။သူတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဖို့ စျေးကိုင်နေတဲ့ ဆိုင်ရှင်တွေလည်း မလှုပ်ရှားနိုင်တော့ပါဘူး။မီးဖိုထဲကမီးတောက်တွေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ တည်းခိုခန်း သို့မဟုတ် အရက်ဆိုင်ထဲလူတွေအားလုံးက ရေခဲတုံးထဲမှာပိတ်မိနေသလိုမျိုး ရပ်တန့်ကုန်ကြပါတယ်။ရော့ခ်ရဲ့ ပတ်၀န်းကျင်မှာ ရိုက်ခတ်နေတဲ့ လျှပ်စီးတွေလဲ ပန်းချီကားထဲကနေရာတစ်ခုလိုမျိုး ရပ်တန့်နေပါတယ်။ ကောင်းကင်ဘုံကတောင် ဒီကျောက်တုံးပေါ်ထွက်လာတဲ့ အခိုက်အတန့်မှာ ရွေ့လျားဖို့ ကြောက်ရွံ့နေသလိုပါပဲ။တြိဂံပုံသဏ္ဍန်ကျောက်တုံးက မျက်စိကျိန်လောက်တဲ့မိုးပြာရောင် အလင်းတန်းတွေနဲ့အတူ ထွက်ပေါ်လာပါတယ်။၎င်းက တိမ်မဲတွေကို ပျက်စီးစေပြီး ရော့ခ်ရဲ့အနီးတစ်၀ိုက်က မိုကြိုးတွေနဲ့ အတူ တစ်မိုင်အကွာမှာရှိတဲ့ အရာအားလုံးကို လေထဲမှာရပ်တန့်စေပါတယ်။

ပြင်းပြင်းထန်ထန် ဖိနှိပ်ထားရတဲ့ ဦးခေါင်းပေါက်ကွဲမတက်နာကျင်မှုက တဖြည်းဖြည်းလျော့နည်းလာပြီး သူ့ပတ်၀န်းကျင်ရုတ်တရတ် ပြောင်းလဲသွားတာကို ရော့ခ်ကခံစားမိတာကြောင့် နောက်ဆုံးမှာသူ့မျက်လုံးတွေဖွင့်ကြည့်လိုက်ပါတယ်။အပြာရောင်နဲ့တူတဲ့ အလင်းတန်းတွေ ထုတ်လွှတ်နေတဲ့ တြိဂံပုံကျောက်တုံးတစ်ခုက သူ့မျက်ခုံးနှစ်ဖက်ကြားကနေတစ်ဆင့် သူ့ခေါင်းထဲကို တိုး၀င်လာကို တွေ့ရပါတယ်။

translated by Vintage