မနက်ခင်းနေရောင်ခြည်သည် တောက်ပနေပြီး မိုးကုန်စ ဆောင်းအဝင်မို့ နေပူသော်လည်း လေကတော့ အေးနေခဲ့သည်။
ဘုန်းလေး နှင့် ပိုးပိုး ယှဥ်လျှောက်လာရင်း chemistry ဆောင် ကန်တင်းသို့ ဝင်ထိုင်လိုက်သည်။ စားပွဲထိုးလေး အပြေးလာပြီး...
" မမပိုးပိုးတို့ ဒီနေ့ အစောကြီးပါလား..ဘာမှာမလဲခင်ဗျ"
ဝှါး...
ပိုးပိုး က သန်းဝေမှုပြုလိုက်ရင်း
" ဒီမှာလေး ကိုကိုဘုန်းတို့..အစောကြီးဘာလို့လာခေါ်မှနိးမသိဘူး..အိပ်ရေးပျက်အောင်..ငါ့ကို နှပ်ကော်ဖီတစ်ခွက်နဲ့ ကြာဆံဆီချက်တစ်ပွဲပေး.."
သူမက ရှင်းလည်းရှင်း မှာလည်းမှာရင်း စားပွဲထိုးလေးကို ဖြေလိုက်သည်။
" ငါက ထမင်းကြော်နဲ့ နှပ်ကော်ဖီ"
ဘုန်းလေး မှာအပြီးမှာတော့ စားပွဲထိုးလေးပြန်လည် ထွက်ခွာသွား၏။
" ဘုန်းလေး..နောက်နေ့ကြရင် အဲ့လောက်အစောကြီး မလာရအောင်..ငါ.အိပ်ရေးပျက်တယ်ဟ."
" ငါ ဒီနေ့ မနက်ပိုင်း training ရှိလို့ပါဟ..နင့်ကို မခေါ်ပဲ ထားခဲ့ပြန်ရင်လည်း နင်ပဲစိတ်ကောက်ဦးမယ်၊ အားကစားပွဲတွေက ပြန်စတော့မှာ..ဒီတစ်ခေါက် သူရဲက လက်ရေအရမ်းတက်လာတာ..ငါရှုံးလို့မဖြစ်ဘူး..ခုကတည်းက ကြိုလေ့ကျင့်ထားမှ."
စားပွဲထိုးလေး မှာထားသည်များကို လာရောက်ချပေးသွားသဖြင့် စကားစပျက်သွားသည်။ ပိုးပိုးကိုကြည့်တော့ ဖုန်းကို ကြည့်ပြီးပြုံးနေသည်။ သူပြောတာတောင် ကြားရဲ့လားမသိ...ဘုန်းလေး ဆက်မပြောတော့ပဲ ပိုးပိုးရှေ့မှ ကြာဆံဆီချက်ပန်းကန်ကို ယူကာ မွှေပေးလိုက်သည်။ အဆင်သင့် စားလို့ရအောင်ပြုလုပ်ပေးပြီးနောက် ပိုးပိုးရှေ့ပြန်ချထားပေးလိုက်ပြီး ဖုန်းကြည့်မပျက်သည့် မမချောကို သတိလှမ်းပေးရသည်။
" ဆီချက်က အေးသွားရင်စားမကောင်းဘူး..စားတော့ "
" အင်း..အင်း..စားမယ်..စားမယ်." ဖုန်းကို အကြည့်မခွာပဲ တူကိုလှမ်းယူသောကြောင့် တူကို မစမ်းမိ...
ဟူး...
ဘုန်းလေး သက်ပြင်းချရင်း ပိုးပိုးလက်ကို လှမ်းဆွဲကာ တူကိုလက်ထဲထည့်ပေးလိုက်သည်။ သူမကတော့ ဖုန်းကြည့်မပျက် တူနှင့် ဆီချက်ကို ပါတစ်ချက် မပါတစ်ချက် ယူစားနေသည်။ ဘုန်းလေး သူမကို လစ်လျူရှုရင်း သူ့ထမင်းကြော်ကိုသာ စားနေလိုက်တော့သည်။
" ဟဲ့..နင်တို့နှစ်ယောက်က အစောကြီးရောက်နေတာလား.." အသံစာစာနှင့် ကန်တင်းထိပ်မှပင် လှမ်းအော်သံ...ရွှေနု နှင့် ဒီဒီက တစ်အိမ်တည်းနေကြသည်မို့ အတူတူလာကြသည်။
" အေးဟ..ငါ.ဒီနေ့ training ရှိလို့. "
" ရွှေနု..ရွှေနု. နင် ဒီ video ကြည့်ပြီးပြီလား.."
" ဘာ video လဲ.မကြည့်ရသေးဘူး..ငါ့ ပြဦး" ပြောပြောဆိုဆို ပိုးပိုးဘေး အလုအယက်ဝင်ထိုင်ကြကာ မိန်းကလေး ၃ ယောက်ပေါက်ပေါက်ဖောက်နေကြသည်။
ဘုန်းလေး စားသောက်ပြီးသည့်အချိန်ထိ သူတို့စကားစက မပြတ်သေးပေ၊ kpop idol တွေ အကြောင်း..တရုတ်မင်းသားတွေ..ဂျပန်မင်းသားတွေ..ထိုင်းမင်းသားတွေ..စုံနေအောင် ပြောနေကြသည့် မိန်းကလေး ၃ ယောက်စကားဝိုင်းထဲ ဘုန်းလေး အသံတိုးမပေါက်...
" ငါ..သွားတော့မယ်နော်..ဟဲ့..ငါသွားတော့မယ်လို့.." သူ့ကို အဖတ်မလုပ် လက်ကိုခါယမ်းပြပြီး ဝတ်ကျေတန်းကျေနှုတ်ဆက်သော ထို ၃ ယောက်ကို ကြည့်ပြီး ဘုန်းလေး ခေါင်းကိုခါယမ်းကာ ထွက်လာခဲ့သည်။ အတွေးထဲမှာတော့ ၃ ယောက်လုံးကို လည်ပင်းညှစ်ချင်စိတ်ပေါက်နေလေသည်။
ရွှေနု - ဟဲ့ ဘုန်းလေးက ဘာလို့ Training အစောကြီး လာဆင်းတာလဲ..အားကစားပွဲတွေက လိုသေးတယ်မလား?
ပိုးပိုး- စည်သူရဲ လက်ရေတွေပိုတက်လာတယ်တဲ့..သူရှုံးလို့မဖြစ်ဘူး ဆိုပြီး...
ရွှေနု - အံမယ် ရှုံးတော့လည်း ဘာဖြစ်လဲ..ငါ့ သူရဲလေးကိုရှုံးလို့ သူ သိက္ခာမကျပါဘူး...
ပိုးပိုး- ကောင်မ..ကြည့်စမ်း..သူ့လင်နဲ့ယှဥ်တော့ သူငယ်ချင်းကို ရှုံးစေချင်နေတယ်ပေါ့..
ရွှေနု - လင်နဲ့ယှဥ်ရင်တော့ သူငယ်ချင်းရှုံးတာ ပိုကောင်းတာပေါ့..ငါ့ သူရဲလေးကို ဒီကိစ္စ သတိပေးရမယ်..ဘုန်းလေး လေ့ကျင့်နေတယ်ဆိုပြီး..ခိ..ခိ
ဒီဒီ- နင်သတိပေးတော့ကော ဟိုက နင့်ကို အဖတ်လုပ်လို့လား..မာနတခွဲသားနဲ့ ကောင်ကိုများ..ငါကတော့ ဘုန်းလေးဘက်ကိုပဲ အားပေးမှာ..ဟုတ်တယ်နော် ပိုးပိုး..
ပိုးပိုး- ဟုတ်တယ်..ဟုတ်တယ်..ငါတို့ကတော့ သူငယ်ချင်းကိုပဲအားပေးမှာ လင်ကို...အဲ...King Pyae.
ရွှေနု- ဟဲ့ King Pyae လာတယ်ဟ...ဒီကန်တင်းက သူထိုင်နေကြမှ မဟုတ်တာ..
ဒီဒီ နှင့် ရွှေနု ပိုးပိုးကို လှမ်းကြည့်လိုက်သည်။ King Pyae က သင်္ချာမေဂျာ ဒုတိယနှစ် King ဖြစ်ပြီး ပိုးပိုးက ကြိတ် crush နေခဲ့သည်။ သူတို့နှစ်ယောက် သတိပေးစရာမလိုအောင်ပင် ပိုးပိုး၏ အကြည့်တွေက King Pyae ထံ စွဲမြဲနေပြီဖြစ်သည်။
King Pyae က တစ်ယောက်တည်းလာခြင်းဖြစ်ပြီး နည်းနည်းကြောင်တောင်တောင်ဖြစ်နေသည့်ပုံ..ကန်တင်းထဲတွင် လူများများစားစားမရှိသော်လည်း အကုန်လုံး၏အကြည့်တွေကတော့ သူ့အပေါ်မှာပင်။
ပြည့်လင်းခန့် ကန်တင်းကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ပြုံးယောင်သန်းနေသောမျက်နှာနှင့် မေးထောက်ပြီးကြည့်နေသော အကြည့်စူးစူးလေးတစ်ခုနှင့် မျက်လုံးချင်းဆုံမိသွားသည်။ သူက အကြည့်လွှဲလိုက်ပြီးနောက် ကန်တင်း၏ အစွန်ဝိုင်းတစ်ဝိုင်းကို ရွေးထိုင်လိုက်သည်။
ဒီဒီ - King Pyae က ဒီကိုဘာလာလုပ်တာလဲ..တစ်ယောက်ထဲ
ပိုးပိုး- သူက အမြဲတစ်ယောက်တည်းပဲလေ..ကိစ္စ ရှိလို့နေမှာပေါ့..ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ့ရဲ့ lucky day ပဲ..ခိ..ခိ..
ရွှေနု- အေး..ဒီနေ့တော့ နင်သွားကြည့်စရာမလိုတော့ဘူး..သူကိုယ်တိုင် နင့်ရှေ့ရောက်ချလာတာဆိုတော့..အကြိုက်သာ ငမ်းပေတော့..
ပိုးပိုးက King Pyae ကို ထိုင်ငမ်းကာ ရွှေနုနှင့် ဒီဒီက ph တစ်လုံးဆီနှင့် အလုပ်ရှုပ်နေတော့သည်။ ခဏအကြာမှာတော့ စည်သူရဲ နှင့် သူ့သူငယ်ချင်းများ ကန်တင်းအတွင်းဝင်လာခဲ့သည်။ စည်သူရဲ သူငယ်ချင်းများက စကားပြောပြီး ဆူညံစွာ ဝင်လာကြသော်လည်း သူရဲ ကမူ သူ့ထုံးစံအတိုင်း မာနတခွဲသားနှင့် မျက်နှာထားတည်တည်ထားကာ..drama တွေထဲမှ အင်အားကြီးဇာတ်လိုက်တစ်ယောက်ပုံ ယူထားလေသည်။ စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေသော King Pyae က သူရဲတို့အဖွဲ့ကို လှမ်းကြည့်ရင်း သူရဲနှင့် အကြည်ချင်းဆုံသွားသည်။ မာနမင်းသား အချေကောင် စည်သူရဲကတော့ အကြည့်လွှဲကာ ပိုးပိုးတို့စားပွဲဝိုင်းသို့ ဦးတည်လျှောက်လှမ်းလာသည်။
ပိုးပိုးက သူတို့ဝိုင်းကို စည်သူရဲလျှောက်လာသည်ကို သတိမပြုမိ..သို့သော် စည်သူရဲ ကိုလိုက်ကြည့်နေသော King Pyae က သူမတို့ဖက်ကို တဖြည်းဖြည်း လှည့်လာခဲ့သည်။
ရွှေနု- ဟဲ့ ပိုးပိုး..သူရဲ ငါတို့ဆီလာနေတယ်..
ရွှေနု၏ တီးတိုး သတိပေးသံကြားမှ သူမရှေ့မှာ စည်သူရဲရောက်နေမှန်းသိသည်။
ပိုးပိုး - ဘာလဲ...
စည်သူရဲ - ဘုန်းမင်းခန့်နဲ့တွေ့ချင်လို့..ဘယ်မှာလဲ
ရွှေနု - သူ training သွားဆင်းတယ် ဘာပြောပေးရမလဲ..ပြောခဲ့လေ..
ရွှေနုက အပြုံးမျက်နှာနှင့် ဝင်ရောလိုက်ပေမယ့် စည်သူရဲကတော့ တစ်ချက်တောင် လှည့်မကြည့်ပေ။
စည်သူရဲ - ပိုးငြိမ်းစံ ကိုပဲ ပြောခဲ့တော့မယ်..ဘုန်းမင်းခန့် ကိုပြောလိုက်..အသေအကြေလေ့ကျင့်ထားလို့..အောက်တန်းကျတဲ့ နည်းလမ်းတွေ ထပ်သုံးဖို့မကြိုးစားနဲ့တော့လို့..
ပိုးပိုး - ဘယ်လိုတောင်ပြောလိုက်တာလဲ..ဘုန်းလေးက နင့်အပေါ်တစ်ခါမှ မကြံစည်ဖူးဘူး..နင့်ဘာသာနင် ဂရုမစိုက်ပဲဖြစ်တာ သူများကို အပြစ်လာမတင်နဲ့..နင် အကောက်ကြံခံရတာဖြစ်ဖြစ်မဖြစ်ဖြစ်..ဘုန်းလေး လက်ရေက နင့်ထက်အများကြီးသာလို့ နင်နိုင်မှာမဟုတ်ဘူး..ငါ့သူငယ်ချင်းကို နာမည်ဖျတ်ဖို့မကြိုးစားနဲ့..
စည်သူရဲ - စွာလှချည်လား..ပိုးငြိမ်းစံ.နင်က chemistry major ကဆိုတာလည်း သတိထားဦး..Physics major က ယောကျာ်းမပီသတဲ့ မိန်းမလိုမိန်းမရကောင်ကို အားမပေးသင့်ဘူးနော်..ပြီးတော့ နင့်အကောင်က ငါ့ကို အကောက်ကြံတာ တစ်ကျောင်းလုံးသိတယ်ဆိုတာလည်း မမေ့သင့်ဘူး..အေးလေ..အရည်အချင်းမရှိတော့လည်း အောက်လမ်းနည်းတွေ သုံးတာပေါ့...
ပိုးပိုး - အဲ့ဒါက အထင်လွဲခံရတာ..နင့်မှာ သက်သေလည်းမရှိပဲနဲ့..ပြီးတော့ ဘာကို အရည်အချင်းမရှိတာလဲ..ဘုန်းလေးက အရည်အချင်းရှိလွန်းလို့ ဒီနှစ် ချန်ပီယံ ဖြစ်ဖို့ ကျိမ်းသေနေပြီ..သတ္တိရှိရင် လောင်းမလား..နင်နဲ့ ဘုန်းလေး ဘယ်သူ ချန်ပီယံ ဖြစ်မလဲဆိုတာ..
စည်သူရဲ - ဟား..ဟား..ဟား..ဟား..ရယ်ရတာ...နင့်ဘက်က စ စိန်ခေါ်တာနော်.ငါကလည်း မငြင်းပါဘူး.လောင်းမယ်..ဘာကြေးလဲ..အခုလို ကန်တင်းတစ်ခုလုံးအရှေ့မှာ တရားဝင် လောင်းကြေးထပ်ကြတာပေါ့...ပြော..လောင်းကြေးက ဘာလဲ...
ပိုးပိုး၏ မျက်နှာတွင် ကောက်ကျစ်သည့် အပြုံးတစ်ခုပေါ်လာပြီး...
ပိုးပိုး - နင်ရှုံးရင် ငါ တွဲပေးတဲ့လူနဲ့ ၁ နှစ်တိတိ တွဲရမယ်..
သူမက အသံကို မြင့်ပြီး ပြောလိုက်သောကြောင့် ကန်တင်းတစ်ခုလုံး ကောင်းကောင်းကြားလိုက်ရသည်။ လူအများက တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြလေပြီ။ သိသည့်အတိုင်း ပိုးပိုး ဆိုသည်မှာ fujioshi အကြီးစားတစ်ယောက် သူမလို လှပထက်မြတ်သည့် queen တစ်ယောက်အနား မည်သို့သောယောကျာ်းလေးမှ မကပ်ကြသည်မှာလည်း ထိုအချက်ကြောင့်ပေ...အခု သူမတွဲပေးသည့်လူဆိုတော့ ကျိမ်းသေပေါက် မိန်းကလေးနဲ့တော့ ဘယ်ဟုတ်မလဲ..ယောကျာ်းချင်းပဲ တွဲပေးမှာပဲလေ..စည်သူရဲ ဆိုတာကရော..ကျောင်းတွင်းနာမည်ကြီး Lgbt unsupporter လေ..gay တွေကို မုန်းလွန်းပါတယ်ဆိုတဲ့လူ..သူသာ ယောကျာ်းချင်းတွဲရမယ်ဆို ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သေသွားလောက်တယ်...
စည်သူရဲ - cool..ရတယ်..အဲ့ဒါဆို နင်ရှုံးရင်လည်း ငါတွဲပေးတဲ့လူနဲ့ ၁ နှစ်တိတိ တွဲရမယ်..ငါ..ဘယ်လိုလူမျိုးနဲ့ တွဲပေးမယ်ဆိုတာတော့ အချိန်ရောက်ရင် သိရမှာပေါ့...
အေးစက်စက်လေတစ်ဝှေ့က သူတို့ကြားကို ဖြတ်တိုက်သွားပြီးနောက်.
စည်သူရဲ တို့က တခြားဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ အရာရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် လူတချို့က ကွက်ကြည့်ကွက်ကြည်လြုပ်နေဆဲ..ပိုးပိုးတို့ကခေါင်းချင်းဆိုင် ဆွေးနွေးနေကြပြီး...စည်သူရဲ တို့ဝိုင်းကတော့ စကားပြောသံဆူညံဆူညံနှင့် ထိုအရာအားလုံးကို အစွန်ဝိုင်းလေးမှ ပြည့်လင်းခန့်တစ်ယောက် ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။
Thanks all my readers.😘😘😘 ကြိုက်နှစ်သက်ရင် like လေးပေးပြီး author ကို အားပေးနိုင်ပါတယ်နော်..
#သစ်ရွက်စိမ်းလေး