Chereads / Happy Ending (LGBT) / Chapter 6 - Chapter 6

Chapter 6 - Chapter 6

Practical ပြီးတော့ သူတို့အားလုံး ကန်တင်းကိုပြန်လာကြသည်။ ထုံးစံအတိုင်း စည်သူရဲ က ကမ္ဘာပေါ်မှ အတင်းမာဆုံးသောမျက်နှာထားနှင့် စတိုင်အပြည့် ဝင်လာခဲ့တယ်။ ဘုန်းမင်းခန့် နှင့် ပြည့်လင်းခန့် ထိုင်နေတဲ့ စားပွဲဝိုင်းနား ဖြတ်အသွားမှာပဲ..

ဟာ..သွားပြီ..

စိတ်ကတွေးထင်မှုနှင့်အတူ သူ့ခြေထောက်က တစ်စုံတစ်ခုကို တက်နင်းမိလိုက်ပြီး လူက နောက်ပြန်လဲကျသွားသည်။

ကျောကုန်းနဲ့ ကြမ်းပြင်နဲ့ ရိုက်မိတော့မည်ဟု ထင်လိုက်ပေမယ့် မြေကြီးပေါ်ထိမကျသွားပဲ သူ့ခန္ဓာကိုယ်ဟာ လေထဲမှာတင်ရပ်တန့်သွားတယ်။ သူရဲ့ နောက်ကျောကို တစ်ယောက်ယောက်က ပွေ့ယူ ဖမ်းဆီးပေးခြင်းကို ခံထားရပြီး သူ့ကို ပွေ့ဖမ်းထားပေးတဲ့ လူရဲ့မျက်နှာ.မျက်ခုံးထူထူတန်းတန်း.မျက်ဝန်းနက်နက် တို့က သူ့အပေါ်မှ အုပ်မိုးကြည့်နေခဲ့တယ်။

Math's King ..

အသိပြန်ဝင်ပြီး လေထဲမှာတိုးလို့တန်းလန်း တခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်နေသော သူ့ပုံစံကို ပြန်မြင်ယောင်ပြိီးနောက် အသည်းအသန်ပြန်ထလိုက်သည်။

ခွပ်..

" အင့်."

သူ့ရဲ့ အသည်းအသန် ကုန်းရုန်းထမှုကြောင့် သူ့ခေါင်း နှင့် Math's king ရဲ့မျက်နှာ ဆောင့်မိသွားသည်။ သူ့ခေါင်း အနည်းငယ်နာသွားပြီး အသေအချာ မတ်တပ်ရပ်လိုက်ပြီး ပြန်ကြည့်တော့မှ Math's King နှာခေါင်းကနေ သွေးတွေ စီးကျလာတာမြင်လိုက်ရသည်။

" ဟာ..သွေးတွေ.."

ဘုန်းလေး၏ အသံ..စည်သူရဲကတော့ ကြောင်ပြီးရပ်ကြည့်နေတုန်း...

ထိုအချိန်.

" ဟယ်..King Pyae. King Pyae မျက်နှာ..သွေးတွေ ထွက်လာပြီ."

နောက်မှ အသံ တစာစာနှင့် သူ့ကို အတင်းတွန်းထုတ်ပြီး ပိုးပိုးတို့အဖွဲ့ဝင်လာသည်။ ဘုန်းလေး နှင့် ပိုးပိုးက King Pyae မျက်နှာကို ကြည့်ပြီး ပျာယာခတ်လျက်...

စည်သူရဲ နှင့် သူ့သူငယ်ချင်းတွေ ဘာပြောရမှန်းမသိသေး...

" ဟဲ့..စည်သူရဲ.. နင်ဘယ်လိုလုပ်လိုက်တာလဲ..နင်ချော်လဲမှာစိုးလို့ ဖမ်းပေးထားတဲ့သူကို ခေါင်းနဲ့တိုက်ပစ်ရလား..နင် တမင်သက်သက် ရန်စတာမဟုတ်လား.."

နှုတ်သီးကောင်း လျှာပါး ပိုးပိုးအသံ

" Sorry ပါ..ငါတမင်လုပ်တာ မဟုတ်ပါဘူး..မတော်တဆ တိုက်မိသွားတာ.."

" မတော်တဆ တိုက်မိတာ ဟုတ်လို့လား.. နင်တမင်လုပ်တာလို့ပဲ မြင်တယ်"

" မမပိုး..မမပိုး.ရတယ် ကျွန်တော် ဘာမှမဖြစ်ဘူး..မတော်တဆိ ထိမိတာပါ"

King Pyae ၏ ဝင်ပြောသံ..

စည်သူရဲကတော့ ဒေါသစိတ်တို့တလိပ်လိပ်တက်လာနေပြီ..

" မြင်တယ်နော် နင့်လူကိုယ်တိုင် မတော်တဆ လို့ပြောတာ..တမင်လုပ်တာဆို ငါကလည်း နင်တို့ကိုမေးရဦးမယ်..ငါ ဒီဝိုင်းနားရောက်မှ ဟောဒီ ဘောပင် တက်နင်းမိပြီး ချော်လဲတာ..အဲ့ ဘောပင်က ဘာလို့ကျနေတာလဲ..ငါလာမှန်းသိလို့ တမင်ထောင်ချောက်ဆင်ထားတာမလား..ဘုန်းမင်းခန့် ငါ့ကို မနိုင်နိုင်မှန်းသိလို့ ငါဒဏ်ရာရအောင် လုပ်ကြံတာ မဟုတ်လား.."

စည်သူရဲ ၏ စကားတို့က ရင့်သီးလွန်းလှသည်။

ဘုန်းလေး - စည်သူရဲ..မင်းပါးစပ်ကို ပိတ်ထားသင့်တယ်..ငါ အားကစားသမားတစ်ယောက် အနိုင်အရှုံးကို လက်ခံနိုင်တယ်.ငါ မင်းကိုကြောက်ရအောင် မင်းက အဲ့လောက်ကောင်လဲမဟုတ်သေးဘူး..ဘဝင်မြင့်မနေနဲ့

စည်သူရဲ - ငါလည်း အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်.ဒါပေမယ့် တိုက်ဆိုင်တယ်ပြောရအောင် အခြေအနေတွေက..ဟင်း.ဟင်း..ထားလိုက်ပါတော့..ငါလည်း ဒဏ်ရာမရဘူးဆိုတော့.. ဒီကိစ္စကို ဒီမှာတင်ပြီးလိုက်မယ်..သွားမယ်..

စည်သူရဲ နှင့် အပေါင်းအပါတသိုက် ပြန်ထွက်သွားခဲ့သည်။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရပ်ကျန်ရစ်ခဲ့သော ဘုန်းလေး..King Pyae ဒဏ်ရာကို ရေခဲကပ်ပေးနေသော ပိုးပိုး နှင့် ဒီဒီ. မျက်နှာမသာမယာဖြစ်နေသော ရွှေနုတို့သာ ကျန်ခဲ့သည်။

ကန်တင်းအတွင်းမှ လူတွေကတော့ မုန်တိုင်းတစ်ခု အစပျိုးလိုက်ကြောင်းကို ပြောနေကြလေရဲ့...

ရွှေနု - ငါတို့တွေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် သလိုဖြစ်နေပြီ.ကိစ္စ တွေက တဖန်ပြန်ကြီးလာပြန်ပြီဟာ.

ဘုန်းလေး  - ငါလည်း ပြန်မကြီးစေချင်ပါဘူး..ဒါပေမယ့် ဒီတစ်ခေါက်တော့ ငါ ငြိမ်ခံနေမှာမဟုတ်တော့ဘူး..

ဒီဒီ - ကန်တင်းထဲမှာ ဖြစ်တာဆိုတော့ ငါတို့တွေတော့ တစ်ကျောင်းလုံးအာရုံစိုက်တာကို ခံရတော့မယ်..သေချာတယ်..မနက်ဖြန်ဆို သတင်းတွေက ပိုကျယ်လာတော့မှာ..

King Pyae - မမပိုး..ဘာဖြစ်လို့လဲ..ဘာလို့ငိုနေတာလဲ.. ကျွန်တော်ဘာမှ မဖြစ်ပါဘူး..သွေးက ခဏနေ တိတ်တော့မှာ.

King Pyae ပြောစကားကြောင့် အားလုံး ပိုးပိုးကိုလှမ်းကြည့်လိုက်သည်။ King Pyae ကို ရေခဲကပ်ပေးနေရင် ပိုးပိုတစ်ယောက် မျက်ရည်ဝိုင်းနေခဲ့သည်။

ပိုးပိုး.- ဘာလို့ ဘာမှ မဖြစ်ရမှာလဲ. သွေးက အခုထိတောင် ထွက်နေတုန်း..နှာခေါင်းရိုးကျိုးသွားပြီလားမသိဘူး. ဆေးခန်းသွားမှ ဖြစ်မယ်.

ငိုသံမပေါက်အောင် ထိန်းပြောလိုက်ရသည်။

King Pyae - hak..hak..ရပါတယ်..မသွားတော့ဘူး..ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်..

ပိုးပိုး - မရပါဘူး..ထ အခုသွားမယ်..ထဆို..

King Pyae - ဟုတ်ပါပြီ..သွားမယ်..သွားမယ်

ဘုန်းလေးက သူတို့နှစ်ယောက် ကိုကြည့်ပြီး မျက်ခုံးတွေကို တွန့်ချိုးလျက်..

Thanks all my readers and love u 😍😘😘