ဒီဒီ- တွေ့ရတာ ဝမ်းသာပါတယ်နော် King Pyae..ဒီဒီတို့က ဒီကန်တင်းမှာပဲ အမြဲတမ်းထိုင်တာ နောက်ဆို ဒီမှာပဲတွေ့မယ်နော်..
King Pyae - ဟုတ်ကဲ့ ကျွန်တော့်ကို ရင်းရင်းနှီးနှီး ပြောလို့ရပါတယ်..အားလုံးထက်လည်း ကျွန်တော်က အငယ်ဆိုတော့..
ရွှေနု - ကဲကဲ..ဟုတ်ပြီ.အားလုံးလည်း ရင်းနှီးခင်မင်သွာအောင် King Pyae အကြောင်းတွေ နည်းနည်းစပ်စုကြည့်မယ်လေ ရမလား..အဟဲ..
King Pyae- အဟား..စပ်စုပါ..စပ်စုပါ..ကျွန်တော်ဖြေပါ့မယ်..
ပိုးပိုးက ရွှေနုကို မျက်ရိပ်လှမ်းပြလိုက်သည်။
ရွှေနု - King Pyae က ဒီကျောင်းမှာ ပုံမှန်တွဲတဲ့ သူငယ်ချင်းမထားဘူးဆို..
King Pyae - အဲ့ဒါက... ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းဘူးဗျ..
ဒီဒီ - ပေါင်းသင်းဆက်ဆံရေး ကောင်းပုံပေါ်ပါတယ်..
King Pyae- ထင်လို့ပါ..
ရွှေနု - ဒါဆို ရည်းစားရော...ရှိလား..
King Pyae - အင်း.. ရည်းစားတော့မရှိသေးဘူး...သဘောကျတဲ့ သူတော့ရှိတယ်..
ပိုးပိုး - သဘောကျတဲ့လူ ရှိတယ်.
ပိုးပိုး၏ မျက်လုံးတို့အရောင်လက်သွားသည်။ ရွှေနုနှင့် ဒီဒီကလည်း ပိုးပိုးဆီသို့ အကြည့်ကို ပြိုင်တူရွှေ့မိလိုက်ကြသည်။ တစ်ချိန်လုံး စကားဝင်မပြောခဲ့သည့် ဘုန်းလေး၏ မျက်နှာကတော့ တင်းမာမှုတွေနဲ့ ပြည့်နှက်နေတော့သည်။
ရွှေနု - သဘောကျနေတဲ့သူက.. ဘယ်သူလဲ.. ပြောပြပါလား.
King Pyae - arr..အဲ့ဒါ က..နောက်မှပြောပြိလို့ မရဘူးလား..ကျွန်တော် မသေချာသေးလို့..
King Pyae က အဖြေကို မလုံမလဲဖြေရင်း ဘုန်းလေးကို တစ်ချက် ပိုးပိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကန်တင်းအတွင်းသို့ အကြည့်လွှဲလိုက်လေ၏။
ပိုးပိုး ကတော့ရင်ခုန်စိတ်လှုပ်ရှားမှုများကို ထိန်းမထားနိုင်သလိုပင် သူမအကြည့်တွေက King Pyae ဆီမှ မခွာနိုင်ခဲ့..
ရွှေနု - practical နီးနေပြီဟ..သွားရအောင်.
ဒီဒီ - အေးအေး သွားကြမယ်..
ပိုးပိုး - အင်း..ငါတို့ practical ရှိလို့ သွားလိုက်ဦးမယ်..ဘုန်းလေး. King Pyae နဲ့ နေပေးလိုက်ဦး..King Pyae အေးဆေးနေခဲ့နော်..
King Pyae - ဟုတ်မမပိုး..ကျွန်တော် ကိုဘုန်းလေးနဲ့ ဒီမှာစောင့်နေမယ်နော်
King Pyae နဲ့ ဘုန်းလေး ကို နှုတ်ဆက်ပြီး ပိုးပိုးတို့ ထွက်လာခဲ့သည်။
King Pyae - ကိုဘုန်းလေး မမပိုးတို့ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား..
ဘုန်းလေး - မဟုတ်ဘူး..သူတို့စ်တ်ဆိုးရင် အဲ့လိုပုံမဟုတ်ဘူး..ခုက တကယ် practical ရှိလို့..
King Pyae - အော်..တော်သေး..ကျွန်တော်က သူတို့မေးတာ မဖြေလို့ စိတ်ဆိုးသွားတယ် ထင်တာ..
King Pyae က သူ့အတွေးကို ပြောနေရင်းမှ သူ့ကို စူးစိုက်ပြီး တင်းမာသော မျက်နှာထားနှင့် ကြည့်နေသော ဘုန်းလေးကြောင့် လန့်သွားသည်။
" ဘာ..ဘာဖြစ်လို့ လဲ ကိုဘုန်းလေး. "
" ဘာမှ မဖြစ်ပါဘူး မင်းသဘောကျတဲ့ သူက ဘယ်သူလဲလို့ စဥ်းစားနေတာ.."
ဘုန်းလေးက သူ့ပုံစံ ကြောက်စရာကောင်းသွားသည်ကို သတိပြုမိလိုက်ပြီး အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်၏။
" တကယ်..တကယ်..သေချာရင် ကျွန်တော် ပြောပြပါ့မယ်..ခုက မသေချာပဲနဲ့ ပြောရင် မကောင်းဘူးလေ.."
" ထားလိုက်ပါ.. မင်းကိစ္စ ငါ စိတ်မဝင်စားဘူး..တစ်ခုပဲ မင်းဘယ်သူ့ကိုပဲ သဘောကျကျ အဲ့လူကို မင်းတာဝန်ယူနိုင်မှ ဖွင့်ပြော.."
" စိတ်ချပါ..ကျွန်တော့်စကား ကျွန်တော် တာဝန်ယူနိုင်မှ ဖွင့်ပြောမှာပါ."
စိမ်းသက်သက် ခံစားချက်တစ်ချို့က သူတို့နှစ်ယောက်ကို ဖုံးလွှမ်းထားလျက်...
.....
ပိုးပိုး ရွှေနု နှင့် ဒီဒီတို့ chemistry အဆောင်သို့ လျှောက်လာခဲ့သည်။
ပိုးပိုး - ငါလေ..ဘယ်လို ခံစားချက်ကြီးမှန်း မသိဘူး..
ရွှေနု - King Pyae ကြိုက်နေတာက နင် ဖြစ်နိုင်တယ်.
ဒီဒီ - မဟုတ်ရင်ရော..
ရွှေနု - King Pyae က ရုတ်တရက်ကြီး ပိုးပိုးကို လာခင်တာလေ..တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး..ပိုးပိုးကို ကြိုက်လို့သာ လာကပ်တာပေါ့..သူက ဒီအချိန်ထိ ဘယ်သူနဲ့မှ မယ်မယ်ရရပေါင်းတာ မဟုတ်ဘူး..ခုမှ ရုတ်တရက်ကြီး..ပိုးပိုးမရေ congratulations နော် သယ်ရင်း..နင့် crush က နင့်ကိုကြိုက်နေတာ..ငါယုံတယ်..ဟိီ..ဟိ..
ဒီဒီ - တစ်ထစ်ချ ပြောလို့မရသေးပါဘူး..ဆက်စုံစမ်းရဦးမှာ..
ပိုးပိုး - ငါလည်း မယုံရဲသေးဘူးဟ..ဆက်စုံစမ်းကြည့်ရဦးမှာ.
ရွှေနု - အားယား..ငါထင်တာ မှန်ပါတယ်ဆို ပိုးပိုးကို ကြိုက်နေတာ သေချာတယ်..ငါ မှန်းရင် လွဲခဲပါတယ်..ပိုးပိုးမ အခုကတည်းက ကြိုပြောမယ်နော်..ဟိုက ဖွင့်ပြောရင် နည်းနည်းပါးပါးလေး အိုက်တင်ခံဦး..တစ်ခါတည်း ပစ်မဝင်သွားနဲ့ဦး..
ပိုးပိုး - အေးပါဟယ်..ရွှေနုရယ်..နင်ပြောသလိုဖြစ်ပါစေ..ဟိဟိ..
သူမတို့ ၃ ယောက်က ပျော်ရွှင်စွာနှင့် ရယ်မောလိုက်ရင်း အဆောင်ထဲသို့ဝင်သွားလေ၏။
ပိုးပိုးတို့ အဖွဲ့အနောက်မှာတော့ စည်သူရဲတို့အဖွဲ့ကလည်း practical လုပ်ဖို့ ထွက်လာခဲ့ပြီး သူတို့အရှေ့မှ စာကလေးတစ်သိုက်ကဲ့သို့ ပူညံဆူညံစွာ ပြောဆိုရယ်မောနေသော ပိိုးပိုးတို့ကို ကြည့်ပြီး စည်သူရဲတစ်ယောက် မျက်စိကန့်လန့်ဖြစ်နေခဲ့သည်။
စည်သူရဲ - ဒီ ပိုးငြိမ်းစံ ဆိုတာကလေ..chemistry queen အဖြစ် ဘယ်လိုရွေးခံရမှန်းမသိဘူး..မိန်းကလေးဖြစ်ပြီး အိန္ဒြေသိက္ခာမရှိ. စကားပြောရင်လည်း အာကျယ်အာကျယ်..ရယ်ရင်လည်း ဝါးလုံးကွဲ..ဒီကြားထဲ.LGBT တွေကို support ရတာနဲ့ တစ်နေ့တစ်နေ့ အမြင်ကပ်ဖို့တော်တော်ကောင်းနေပြီ..နင်နဲ့လောင်းထားတာ ရှုံးရင် ကန်တင်းမှာ လာတောင်းစားတဲ့ သူတောင်းစားနဲ့ ပေးတွဲပစ်မယ်..
စည်သူရဲ အပြောကြောင့် ဘေးနားက သန့်ဇင်မှ
" ဟာ..မင်းကလည်းကွာ..ပိုးပိုးက ဒီလောက်လှတာကို အဲ့လိုအရူးနဲ့တော့ မတွဲပေးပါနဲ့..ငါရှိတယ်လေကွာ..ဟဲ.ဟဲ.."
" အဲ့ဒိ့ ဆစရက ဆရာမကြီးနဲ့ မင်းက တွဲချငိသေးလား..ရုပ်ကလေး လှတာပဲရှိတယ်..သူ့ကိုဘာလို့ လူကြိုက်မများလည်း သိသားနဲ့.."
" သိပါတယ်ကွာ.. ဒါပေမယ့်..ရုပ်လေးက နှမျောစရာလေးလေ.."
စည်သူရဲ သန့်ဇင် ကို မျက်ထောက်နီနှင့် လှမ်းကြည့်လိုက်တော့မှ ပါးစပ်ပိတ်သွားသည်။ စည်သူရဲ ဒေါသအကြောင်းကို သူတို့တဖွဲ့လုံး ကောင်းကောင်းသိတယ်လေ..
ပိုးငြိမ်းစံ ဆိုသည့်မိန်းကလေးက LGBT Supporter တစ်ယောက်အဖြစ်နာမည်ကြီးသည်။ LGBT နှင့်ပတ်သပ်သည့် events တိုင်း သူပါသည်။ BL GL စုံနေအောင်လေ့လာပြီး တော်တော်များများက သူမနှင့် သူမ သူငယ်ချင်း ရွှေနုရည်ကို အတွဲဟုပင် သတ်မှတ်ထားကြသည်။ သူတို့ အောင်သွယ်ပေးထားသော Bl အတွဲများပင်ရှိသေးသည်။ ထိုအကြောင်းအရာများကြောင့် queen တစ်ယောက်ဖြစ်သော်လည်း ယောကျာ်းလေးများ ရှောင်သည့် အထဲ ပါဝင်လာခဲ့သည်။
" ငါ ကတော့ ဘယ်လိုမှ LGBT တွေကို လက်မခံနိုင်ဘူး.. လောကဝတ်နဲ့ သွေဖီနေတဲ့ဟာတွေ.."
..×××
ရှုပ်ထွေးလှပြီး အလုပ်လောဘကြီးတဲ့ စာရေးသူက တစ်နေ့တစ်နေ့ အချိန်တွေကို မနည်းစီစစ်နေရတယ်..complete ဖြစ်ပြီးသား ဇာတ်လမ်းပေမယ့် စာပြန်ရိုက်ရတာလည်း အချိန့ပေးနေရသေးတော့ စောင့်ဆိုင်းနေရတဲ့အတွက် တောင်းပန်ပါတယ် sorry..update မှန်မှန်လေး ဖြစ်ဖို့ကြိုးစားပါ့မယ်..readers လေးတို့ရဲ့ like လေးတစ်ချက် cmt လေးတစ်ကြောင်းကလည်း စာရေးသူအတွက် အားဖြစ်စေတာမို့ ကြယ်ကလေးကို နှိပ်ပြီး အားပေးစေချင်ပါတယ်...
ချစ်သော..
#သစ်ရွက်စိမ်းလေး