Chereads / Happy Ending (LGBT) / Chapter 4 - Chapter 4

Chapter 4 - Chapter 4

..ပြည့်လင်းခန့် ကားကို တက္ကသိုလ် အားကစားရုံရှေ့တွင် ရပ်လိုက်သည်။ နာရီကြည့်တော့ ၈ နာရီထိုးရန် ၁၀ မိနစ်အလို...

အားကစားသမားအချို့က လေ့ကျင့်မှုပြုလုပ်နေကြပြီး အားကစားရုံ၏ ထိပ်ဆုံးပိုင်းတွင်တော့ Chemistry queen ပိုး​ငြိမ်းစံ က ခုံတစ်လုံးတွင်ထိုင်နေပြီး သူမရှေ့တွင်တော့ Physics က Badminton champion ဘုန်းမင်းခန့်...

အားလုံးက သူ့အာရုံနှင့်သူ ကစားနေကြပြီး သူကတော့ ပိုးငြိမ်းစံ ရှိရာသို့ လျှောက်လာခဲ့သည်။

ပိုးပိုးက ကျောင်းချိန်နီးနေပြီမို့ မိမိကိုယ်ကိုပြင်ဆင်ရင်း အလုပ်များနေသောကြောင့် King Pyae ကို သတိမထားမိ..မနက်ကစောစောထလာရသဖြင့် အလှပြင်ချိန်ပင်မရ..နှုတ်ခမ်းနီလေးဖြစ်ဖြစ်ဆိုးပြီး ကိုယ့်ရုပ်ကို ထိန်းရမည်လေ...

" အာ..ဆံပင်တွေ ပွနေတာပဲ"

အိတ်ထဲမှ ခေါင်းဖြီးကိုရှာနေသော သူမရှေ့သို့ ခြေတစ်စုံလာရပ်သည်ကို တွေ့လိုက်သည်။ ခေါင်းကိုမော့ကြည့်လိုက်တော့..

" ဗုဒ္ဓေါ... King Pyae.. "

ပါစပ်က အသံထွက်သွားသလို လက်ကလည်း လန့်ပြီး အိတ်ကိုပစ်ချလိုက်မိသည်။ အိတ်ထဲမှပစ္စည်းအစုံ ထွက်ကျလာပြီး. သူမ၏ mascara တောင့်လေးက လိမ့်ကာလိမ့်ကာ King Pyae ၏ခြေထောက်နားသို့ ရောက်သွားလေသည်။

King Pyae က mascara တောင့်လေးကို ကောက်ယူလိုက်ပြီး ပိုးပိုးဆီ ကမ်းလိုက်၏။ ချိုချိုကြည်ကြည်အပြုံးလေးနှင့် ပင်...

ရှည်သွယ်သွယ်လက်ချောင်းလေးများအကြားမှ mascara တောင့်လေး..မျက်နှာကိုမော့ကြည့်တော့..ထူထူတန်းတန်းမျက်ခုံးလေးအောက်က မျက်လုံးဝိုင်းနက်နက်ကလေး..ပြီးတော့ အပြုံးချိုချိုလေးနဲ့ ဆိုတော့ ပိုးပိုးမတို့ ကမ္ဘာ့အပြက်ဘက် လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

" ဒီမှာ.. အမပစ္စည်း.."

အသံကြားမှ လူနှင့်စိတ်နှင့် ကပ်ပြီး ပိုးပိုး သူ့လက်ထဲမှ mascara ဆီလှမ်းလိုက်သည်။ မတော်တဆ ထိမိသွားသော လက်ချောင်းလေးများကတော့ တုန်ယင်သွားသလို..ရင်ခုန်သံတွေကလည်း တဒုတ်ဒုတ်...

" ကျေး..ကျေးဇူး"

" မပိုးငြိမ်းစံ..အားကစား လာလုပ်တာလား.."

" အာ..မဟုတ်ဘူး..သူငယ်ချင်းကို လာကူစောင့်ပေးတာ..ပိုးက အားကစားလုပ်ရတာ ဝါသနာမပါဘူး.အဟဲ..&

King Pyae က ဘုန်းလေးကိုလှမ်းကြည့်လိုက်တော့ ဦးနှောက်ထဲ မှ အချက်ပေးခေါင်းလောင်းသံက မြည်လာသည်။ ငါနဲ့ ဘုန်းလေးကိုများ အထင်လွဲသွားသလား...

" ကျွန်တော်လည်း ဝါသနာမပါဘူး..ဒါပေမယ့် ကျန်းမာရေးအတွက် နည်းနည်းကစားကြည့်မလားလို့.. ကျောင်းအားကစားရုံမှာ မနက်ပိုင်းအားကစားလာလုပ်လို့ ရတယ်ဆိုလို့..ရောက်လာတော့လည်း ဘာအားကစားလုပ်ရမှန်းမသိ..ခင်တဲ့လူလည်း မရှိလို့...ကျွန်တော် ဒီမှာ ထိုင်လို့ရတယ်မလား.."

ပြောရင်းဆိုရင်း..King Pyae က သူမနား ဝင်ထိုင်သည်။ ခြေဖျားလက်ဖျားတွေပါ အေးစက်သွားသလိုပင်..ခံစားရသည်။

" မပိုးငြိမ်းစံ ကိုတွေ့လို့ အားကစားလာလုပ်တယ် ထင်တာ.."

" King Pyae ဘာ အားကစား လုပ်ရမှန်းမသိရင် ကြက်တောင်ဖြစ်ဖြစ်ရိုက်ပါလား. ပိုး..သင်ပေးမယ်လေ..အရမ်းတော့မကျွမ်းပေမယ့် ဘုန်းလေးနဲ့ ဆော့ဖြစ်တော့ နည်းနည်းပါးပါးသိတယ်.."

" တကယ်လား. အဲ့ဒါဆို.. ကျွန်တော် မပိုးငြိမ်းစံ ဆီက သင်မယ်လေ..."

" အင်း..ပိုးသင်ပေးမယ်နော်..King Pyae ကို.. "

အပျော်တွေစုပြီး သူမပါးစပ်က နားရွက်တက်ချိပ်တော့မတက်ပင်..

" King Pyae က ဘာလာလုပ်တာလဲ. "

ခပ်တည်တည်မျက်နှာထားနှင့် ဘုန်းလေး၏ မေးသံ..

" ကျွန်တော် ကြက်တောင်ရိုက် သင်ချင်လို့ပါ. ကိုဘုန်းမင်းခန့်..အဲ့ဒါ မပိုးငြိမ်းစံ က သင်ပေးမယ်ပြောလို့..."

"သူက..မင်းကို..သင်ပေးမယ်..သူက ဘာတက်လို့လဲ"

အံဩတကြီးဖြစ်သွားဟန်..

" အာ...ဘုန်းလေးကလည်း..နင်တို့လိုမကျွမ်းပေမယ့်..အခြေခံတော့ ငါသင်ပေးလို့ ဖြစ်ပါတယ်ဟ..ပြီးတော့ နင့်ကိုသင်ခိုင်းလို့လည်း မရဘူးလေ..နင့် traning ချိန်တွေနဲ့ ပြည့်နေတော့ ..အာ့ကြောင့်..ငါပဲ သင်ပေးမလို့. အဟီး..ဖြစ်ပါတယ်.. ဖြစ်ပါတယ် "

အချိုသားဆုံးနှင့် အနူးညံ့ဆုံးပုံဖမ်းပြီးပြောနေသော သူမ..

ဘုန်းလေး စိတ်ထဲမှာတော့ တိတ်တိတ်လေး ကျိန်ဆဲလိုက်၏..

နှာဘူးမ..သူ့အကောင်ရှေ့မှာတော့. ငါ့ကို ချိုသာပြနေလိုက်တာ..

" အေးအေး. ပြီးရော. နောက်မှ ငါ့ကို အပူလာမကပ်နဲ့ "

ဘုန်းလေး လှည့်ထွက်သွားပြီးနောက် King Pyae ဘက်သို့ပြန်လှည့်လိုက်ပြီး..

" အာ့ဆို ပိုးတို့ စ လေ့ကျင့်ကြမလား.."

သူမ ကမ္ဘာကတော့ နေ့တိုင်းစိမ်းစိုနေတော့မှာ အမှန်ပင်..

...

Chemistry ဆောင် ကန်တင်း...

ရွှေနုနှင့် ဒီဒီ၊ ရွှေနုက မလှမ်းမကမ်းဝိုင်းရှိ စည်သူရဲကို ကြည့်နေပြီးနောက် ဒီဒီကတော့ ဖုန်းတစ်လုံးနှင့်..ထိုစဥ်. ဆူညံနေသော ကန်တင်းက အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ကန်တင်းရှိလူအားလုံး၏ အကြည့်က ကန်တင်းအဝသို့ ရောက်ရှိသွားသည်။

Chemistry queen ပိုးငြိမ်းစံ နှင့် Maths King ပြည့်လင်းခန့် တို့က ကန်တင်းအတွင်းသို့ တူယှဥ်တွဲ၍ ဝင်လာခဲ့သည်။

ရွှေနုနှင့် ဒီဒီက မျက်လုံး အပြူးသားနှင့် ကြည့်နေမိချိန် ပိုးပိုးကတော့ အောင်နိုင်သူအပြုံးနှင့် ဝင်လာခဲ့လေသည်။ ဝိုင်းတော်တော်များများမှ တီးတိုး တီးတိုး သဖန်းပိုး အသံတွေလည်း ထွက်ပေါ်လာခဲ့သည်။

" wow..chemistry queen နဲ့ maths king..သတင်းထူးပဲဟ.."

" သူတို့နှစ်ယောက် တွဲနေတာလား.."

" king pyae ကို နှမျောလိုက်တာ.."

" ငါ့ ရဲ့ အလှနတ်သမီးလေး ပါသွားပြီ.."

ကန်တင်းတစ်ခုလုံးမှ တီးတိုးပြောသံတွေကို မကြားချင်ယောင်ဆောင်ပြီး ပိုးပိုးနှင့် King Pyae က ဝင်ထိုင်လိုက်ကြသည်။ မယ်မင်းကြီးမနှစ်ယောက်ကတော့ မျက်လုံးအပြူးသား...

" King Pyae..မိတ်ဆက်ပေးမယ်.."

" ဟုတ်..မမပိုး.."

" မမပိုး.."

ရွှေနုနှင့် ဒီဒီ၏ တစ်ပြိုင်နက် ရေရွတ်သံ..ကြည့်စမ်း..ဒီမိန်းမ ဘယ်တုန်းက အကွက်ရွှေ့လိုက်ပါလိမ့်..ငါတို့လည်း မသိရပါလား ဟူသည့် အကြည့်တို့က ပိုးပိုးထံသို့...

" King Pyae..ဒါက ရွှေနုရည် တဲ့...သူက စန္ဒီမြင့်.. ဒီဒီလို့ခေါ်..နှစ်ယောက်လုံး chemistry ကပဲ.."

ရွှေနု - king pyae ကဘယ်လိုလုပ်...

သူ၏ မေးခွန်းက အဆုံးမသတ်လိုက်ရ..ပိုးပိုးမက လက်ကာတားလိုက်ပြီးနောက်..

ပိုးပိုး - အေးဆေးပေါ့..ဖြေမှာပေါ့..မုန့်လေးဘာလေး မှာပါရစေဦး..

သူမက စကားစကို ဖြတ်လိုက်ပြီး လာရပ်နေသော စားပွဲထိုးလေးဆီ အစားအသောက်များ မှာလိုက်သည်။

ပိုးပိုး- ဒီလို..King Pyae က ကြက်တောင်ရိုက်သင်ချင်တာ..အဲ့ဒါ ငါသင်ပေးမလို့..ပြီးတော့ King Pyae က ကျောင်းမှာ သူငယ်ချင်းရင်းချာ မရှိဘူးလေ..အဲ့ဒါနဲ့ ငါတို့နဲ့ ခင်ခင်မင်မင်နေရင် ကောင်းမှာပဲ ဆိုပြီး ခေါ်လာတာ..နင်တို့တွေနော်..နောက်ဆို အငယ်ဆုံးမောင်လေးကို အနိုင်မကျင့်ရဘူးနော်..

သူမက ဂုဏ်ယူဝံ့ကြွားစွာ မိတ်ဆက်ပေးပြီးနောက် အပျော်တွေစုပြီး ကောင်းကင်ကို ပျံတက်သွားတော့မည်ဟန်...

Thanks all my readers and love u 😘😘😘 ဇာတ်လမ်းလေးရဲ့အရေအသားပိုင်းလိုအပ်တာတွေကို ထောက်ပြဝေဖန်နိုင်ပါတယ်..ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ကြယ်ကလေးကို နှိပ်ပြီး စာရေးသူကို အားပေးနိုင်ပါတယ်နော်.. 😍😍😍

#သစ်ရွက်စိမ်းလေး