Chereads / Happy Ending (LGBT) / Chapter 3 - Chapter 3

Chapter 3 - Chapter 3

" နင်တို့ ဘာလို့လောင်းလိုက်တာလဲ..."

ဘုန်းလေး ထိပ်ထိပ်ပျာပျာနှင့် အော်လိုက်မိသည်။

ပိုးပိုး - ဟဲ့ သူက နင့်ကို လာနှိမ်နေတာလေ..ငါတို့က မနိုင်နိုင်အောင်ပြောရင်း...

ဘုန်းလေး - အဲ့ဒါနဲ့ပဲ ဒီလို အဓိပ္ပာယ် မရှိတဲ့ အလောင်းအစားကို လုပ်ခဲ့တာလား...လူသိရှင်ကြား...နင်တို့လည်း သိတာပဲ..ပြီးခဲ့တဲ့နှစ်က ငါဆုရခဲ့တယ်ဆိုတာ ငါကံကောင်းခဲ့လို့လေ..စည်သူရဲသာ accident မဖြစ်ခဲ့ရင် ငါရှုံးမှာလေ..သူအနားယူသွားရလို့ ငါ ဆုရခဲ့တာ..ငါ..စိတ်ညစ်တယ်..ငါစိတ်ညစ်တယ်..ပိုးပိုးတို့ကတော့ဟာ..ပြသနာရှာပြန်ပြီ..နင်​ပြောစမ်း..ရှုံးရင် နင်ဘယ်လိုလုပ်မလဲ..

ပိုးပိုး- အရှုံးစေနဲ့ပေါ့..နင်အရင်ကထက် ပိုကြိုးစားလေ..နင့်ရဲ့အချစ်ဆုံးသူငယ်ချင်း ငါ့ကို ကာကွယ်ပေးလေ...မဟုတ်ဘူးလား...

မျက်တောင်ရှည်ရှည်တွေကို ပုတ်ခက်ပုတ်ခက်လုပ်ရင်း သူမက ပြောလိုက်သည်။ သူမ၏ အညိုရောင်မျက်လုံးတွေနှင့် ပန်းနုရောင်နှုတ်ခမ်းလေးက အစွမ်းကုန်ပြုံးထားပြီး သူ စိတ်ပြေအောင် ချွဲနွဲ့ပြနေသည်။ သတိလက်လွတ်စိုက်ကြည့်မိနေသော သူက

" နော်..နော်..နိုင်အောင်ကစားနော်.."

သူမ၏ အသံကိုကြားလိုက်ပြီး သတိပြန်ဝင်လာကာ မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။

ဟား..တကယ်ကို ကြောင်လေးတစ်ကောင်လို လှလွန်းတဲ့အကြည့်တွေ..

အတွေးပူပူတွေက ဦးနှောက်ကိုသာမက နှလုံးသားကိုပါ ဖြတ်သန်း စီးဆင်းသွားခဲ့သည်။ မာထန်နေသော သူ့အသံတွေလည်း မမာနိုင်တော့...

" အခုမှတော့..ဘာတက်နိုင်မလဲ..နိုင်အောင်ကြိုးစားရမှာပေါ့.."

" ဟေး..ဒါမှ ငါ့သူငယ်ချင်း..နင်သိလား..သူက တော်တယ်ဆိုပေမယ့်.. အားနည်းချက်တော့ရှိမှာပဲ..ငါ သူ့အားနည်းချက်တွေကို...

ဘုန်းလေး၏ လက်ကို ဆွဲခါလှုပ်ယမ်းပြီး ပြောနေသော သူမ၏ စကားသံတို့က သူ့နားထဲမတိုးဝင်နိုင်..သူ့အတွေးထဲမှာတော့ ရှုပ်ယှက်ခက်နေခဲ့တယ်..ငါ.နိုင်အောင်ကစားရတော့မှာပေါ့..နင့်အတွက်ဆို..ငါ အသက်ပဲသေသေ..အောက်တန်းကျတဲ့ လုပ်ရပ်တွေပဲ လုပ်ရလုပ်ရ..နင့်အတွက်ဆိုရင်...

တစ်ချိန်လုံးပွဲကြည့်ပရိသတ်ဖြစ်နေခဲ့သော ဒီဒီရဲ့ မျက်နှာကတော့ အုံ့မှိုင်းလျက်..ရွှေနုကတော့.အစကတည်းက မျက်နှာမသာမယာဖြစ်နေခဲ့တာ...

ရွှေနု- ပိုးပိုး..တကယ်လို့ နင်နိုင်သွားရင်လေ..သူရဲကို ဘယ်သူနဲ့တွဲပေးမှာလဲ..

ပိုးပိုး - ဘာလဲ..နင့်ဟာလေးကို စိုးရိမ်နေတာလား..နင်နဲ့တွဲပေးရမလား..

ရွှေနုက မချိုမချဥ်အပြုံးကို ပြုံးလိုက်ရင်း...သိရင်ပြီးတာပဲ ဆိုသည့်ပုံနှင့် ပခုံးကို တွန့်ပြလိုက်သည်။

ဒီဒီ - ပိုးပိုးနိုင်ရင်ကောင်းမှာဆိုပေမယ့်..သူရဲသာ နိုင်သွားခဲ့ရင် ပြသနာပဲနော်...

ရွှေနု - ဟဲ့ ပါးစပ်ပုတ်ကြီးနဲ့ နင်ဟာလေ..

ဒီဒီ - ဘယ်ပြောလို့ရမလဲ..ပိုးပိုးရှုံးသွားရင် သူရဲ ဘယ်သူနဲ့တွဲပေးမှာလဲဆိုတာလည်း စိတ်ဝင်စားစရာလေ..သူရဲ အကျင့်နဲ့ဆို ဘယ်လိုလူနဲ့ တွဲပေးမလဲ..ကျောင်းထဲက အဆိုးဝါးဆုံးလူနဲ့ တွဲပေးမှာပေါ့နော်..

ဘုန်းလေး - အဲ့လိုမဖြစ်အောင် ငါကြိုးစားမှာပါ...

ရွှေနု - ဟုတ်တယ် ကြိုးစားဘုန်းလေး..အာ့မှ ပိုးပိုးလည်းအဆင်ပြေ..ငါလည်းအဆင်ပြေ..

" တစ်ချက်ခုပ် နှစ်ချက်ပျက်..ဟက်..ဟက်..ဟား.ဟား.."

ရွှေနု နဲ့ ပိုးပိုး က သံပြိုင်အော်လိုက်ပြီး လက်ဝါးချင်းရိုက်လိုက်ကြသည်။

.....

တီ ...တီ...

အိမ်ရှေ့မှ ကားဟွန်းတီးသံကြောင့် ပိုးပိုးထွက်လာခဲ့သည်။ သူမက ကပိုကရိုဆံစများကို သပ်တင်လိုက်ရင်း ဆူပုတ်ပုတ်မျက်နှာထားနှင့် ကားပေါ်တက်လိုက်သည်။

ပိုးပိုး - နင်ကလည်းဟာ..အခုမှ ၆ ခွဲ ပဲ ရှိသေးတာကို..

ဘုန်းလေး - ငါ နင့်ကို မလိုက်ချင်မလိုက်နဲ့လို့ ပြောသားပဲ..မလိုက်ချင့နေခဲ့..

ပိုးပိုး- နင့်ကားနဲ့ လိုက်ချင်လို့များမှတ်နေလား..bus စီးရမှာ စိတ်ညစ်လို့ပါနော်..

ဘုန်းလေး- နင်.စခဲ့တဲ့ ဇာတ်လမ်းကြောင့်လေ..လျှာမရှည်နဲ့..သွားမယ်..ငါ့အချိန်တွေပုတ်တယ်..

သူမက ခန္ဓာကိုယ် ကိုဖြေလျှော့ထိုင်လိုက်ပြီး နှုတ်ခမ်းဆူပြီး ကားပေါ်ပါသွားလေသည်။ မနေ့က လောင်းကြေးစားကြေး ကိစ္စကြောင့် ဘုန်းလေး လေ့ကျင့်ချိန် တိုးလိုက်ရသည်။ သူမကိုလည်း မကျေနပ်မှန်း သူမသိနေသည်။ ဘယ်တက်နိုငိမလဲ..ကိုယ်ကလည်း လျှာရှည်မိတာ ဆိုတော့..

အားကစားရုံကိုရောက်တော့ တစ်ရုံလုံး သူတို့နှစ်ယောက်တည်း..ဘုန်းလေးက သွေးပူလေ့ကျင့်ခန်းလုပ်နေပြီး သူမကတော့ ဘေးက ပွဲကြည့်စင်မှာ ဆက်အိပ်ငိုက်နေလိုက်သည်။

.....

မနက်အိပ်ရာမှ ထလာသော်လည်း ညကတွေးသည့် အတွေးစတို့က နေရာယူထားဆဲ..ပြည့်လင်းခန့် ရေချိုးခန်းမှန်ရှေ့မှာရပ်နေရင်း မှန်ထဲမှ လူကို စိတ်ပျက်အားငယ်စွာကြည့်နေမိသည်။

ငါ..ဘာဖြစ်လို့ သာမာန်လူတစ်ယောက်မဖြစ်ခဲ့တာလဲ..လူတွေနဲ့..ငါ.ပိုဝေးကွာလွန်းနေပြီ...

ခပ်ညစ်ညစ်အတွေးတွေက သူ့ကို သက်ပြင်းရှည်တစ်ချက်ချစေလိုက်ပြီး မှန်ထဲမှ ပုံရိပ်ကို သူ ပြန်ကြည့်လိုက်သည်။ ထိုလူက မဲ့ထေ့ထေ့အပြုံးတစ်ချို့နှင့် စူးရှရှအကြည့်တစ်ခုပိုင်ဆိုင်ထားပြီး ကြည်လင်ဝင်းပသော အသားအရည်ကိုပိုင်ဆိုင်ထားသည်။ ဒါပေမယ့် မှန်ထဲကလူက သူနဲ့တော့ စိမ်းကားနေသလိုပင်...

" နှလုံးသားထဲက မထုတ်နိုင်ဘူးဆိုမှတော့..ဒီလမ်းကိုပဲ ပြတ်ပြတ်သားသားရွေးချယ်ရတော့မှာပေါ့..ငါ့ဘက်ကပဲ..သူ့ကို စတင်ရတော့မယ်.."

ခပ်တိုးတိုး ရေရွတ်သံနှင့် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပြီးနောက် ကျောင်းသွားဖို့ကို ပြင်ဆင်လိုက်သည်။

Thanks all my readers and love u 😘😘😘 ဇာတ်လမ်းလေးရဲ့အရေအသားပိုင်းလိုအပ်တာတွေကို ထောက်ပြဝေဖန်နိုင်ပါတယ်..ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ကြယ်ကလေးကို နှိပ်ပြီး စာရေးသူကို အားပေးနိုင်ပါတယ်နော်.. 😍😍😍

#သစ်ရွက်စိမ်းလေး